သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲေဆာက္ေရာက္ ျမန္မာအလုပ္သမား ၂၀၀၀ ေက်ာ္ ကိုဗစ္ကာကြယ္ေဆးထိုးၿပီး


မဲေဆာက္ Robinson ေစ်း၀ယ္ကုန္္တိုက္ရဲ့ကားပါကင္မွာကာကြယ္ေဆးထုိးဖို့ေစာင့္ေနႀကတဲ့ျမန္မာအလုပ္သမားမ်ား ။

Zawgyi/Unicode

ထိုင္း-ျမန္မာနယ္စပ္၊ တာ့ခ္ျပည္နယ္ မဲေဆာက္ၿမိဳ႕က ေရႊ႕ေျပာင္းအလုပ္သမားေတြၾကား ကိုဗစ္ ကပ္ေရာဂါ ကူးစက္မႈေတြ အစုလိုက္ အၿပံဳလုိက္ေတြ႔လာေနရတဲ့အတြက္ ၾသဂုတ္လ ၁၇ ရက္ေန႔ကစၿပီး ၃ ရက္ ဆက္တုိက္ တ႐ုတ္ႏုိင္ငံထုတ္ ကာကြယ္ေဆးထိုးေပးေနပါတယ္။ ဒီအေၾကာင္း ထိုင္းအေျခစိုက္ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

ထုိင္းေတာ္ဝင္မိသားစုနဲ႔ပတ္သက္တဲ့အဖြဲ႔တခုရဲ႕အစီအစဥ္နဲ႔ မဲေဆာက္ၿမိဳ႕က ေရႊ႕ေျပာင္းအလုပ္သမား ၂,၀၀၀ ေက်ာ္ဝန္းက်င္ကို ကိုဗစ္ကာကြယ္ေဆး စတင္ထိုးေပးတာျဖစ္ပါတယ္။ ၃ ရက္ဆက္တုိက္ ကိုဗစ္ ကာကြယ္ေဆး ထိုးေပးရာမွာ လူ ၂,၀၀၀ ေက်ာ္ေလာက္ ကာကြယ္ေဆးထိုးခြင့္ရခဲ့ေၾကာင္း ေရာင္ျခည္ဦး အလုပ္သမားအဖြဲ႔က မဲေဆာက္႐ံုးတာဝန္ခံ ဦးမိုးေက်ာ္က ေျပာပါတယ္။

“မဲေဆာက္၊ ထိုင္းေဆး႐ံုႀကီးနဲ႔ပုဂၢလိကအဖြဲ႔အစည္းေတြ စီစဥ္တယ္လို႔ သိရတယ္။ ပထမေန႔မွာ လူဦးေရ ၇၅၀ စာ သတ္မွတ္ထားတယ္။ ေနာက္ရက္ ၁၈ ရက္ေန႔မွာထုိးတယ္။ ေနာက္ ၁၉ရက္ေန႔မွာ ေစ်းထဲမွာ လည္း ထိုးတယ္။ ၁၇၊ ၁၈၊ ၁၉။ ပထမေန႔က ၇၅၀ ၊ ေနာက္ရက္ ၈၅၀။ ေနာက္ရက္ ၉၀၀ အထိ ထိုး တယ္။ အဲဒါေၾကာင့္ လူဦးေရ ၂,၀၀၀ ေက်ာ္ေလာက္က ထိုးခြင့္ရခဲ့တယ္။”

စာရင္းေပးသူေတြမ်ားေပမယ့္ အကုန္လံုးကို ကာကြယ္ေဆးထိုးေပးႏုိင္ဖို႔ကေတာ့ မလြယ္ကူေသးပါဘူး။

စာရင္းသြားေပးထားသူ၊ အေထာက္အထားျပည့္စံုသူေတြ၊ က်န္းမာေရးအေျခအေန ေကာင္းသူေတြ ကို ေသခ်ာစိစစ္ၿပီး ကာကြယ္ေဆးထိုးေပးခဲ့တာျဖစ္ေၾကာင္းလည္း သူက ေျပာပါတယ္။

“လုပ္ငန္းရွင္ေတြက သူတို႔ေတာင္းထားတဲ့ေဖာင္ထဲမွာ ဘာေတြပါသလဲဆိုေတာ့ လက္ရွိ ကိုင္ထားတဲ့ အေထာက္အထားလက္မွတ္ တစံုတရာပါရတယ္။ အသက္ပါရတယ္။ ကိုယ္အေလးခ်ိန္၊ နာမည္နဲ႔ ေရာဂါနဲ႔ပတ္သက္တဲ့ စာရြက္စာတမ္းေတြ၊ ကာကြယ္ေဆးထိုးသင့္တယ္ဆိုတဲ့ က်န္းမာေရးစစ္ေဆးခ်က္ ေတြ ပါရတယ္။”

မဲေဆာက္ၿမိဳ႕မွာေတာ့ ၿပီးခဲ့တဲ့ဇြန္လကစၿပီး ျမန္မာအလုပ္သမားေတြၾကားမွာ အစုလိုက္ အၿပံဳလိုက္ ကူး စက္ေနၿပီး လူ ၂၀ ထက္မနည္း ေသဆံုးခဲ့တာေၾကာင့္ ေရႊ႕ေျပာင္းအလုပ္သမားေတြၾကား ကာကြယ္ေဆး ေပးတဲ့အစီအစဥ္ေတြ ျဖစ္လာတာလို႔ယူဆရေၾကာင္းလည္း ဆက္ေျပာပါတယ္။

“မဲေဆာက္မွာက ကိုဗစ္တတိယလိႈင္းမွာ အစုလိုက္အၿပံဳလိုက္ အလုပ္သမားအုပ္စုေတြ ကူးစက္ခံရလို႔ ေဒသတြင္း ထုိင္းေတြလည္း အေတာ္မ်ားမ်ား ကူးစက္ခံေနရတယ္။ အေသအေပ်ာက္ေတြလည္း တိုးလာတယ္။ မဲေဆာက္ေဆး႐ံုႀကီးက တရားဝင္ထုတ္ျပန္တာကကိုပဲ တေန႔ကို ေလးေယာက္၊ ငါးေယာက္ ေသဆံုးေနတာျဖစ္ပါတယ္။ အဲဒီလိုပဲ ေရႊ႕ေျပာင္းအလုပ္သမားေတြၾကားထဲမွာလည္း မဲေဆာက္ေစ်းထဲကအပါအဝင္ လူဦးေရ ၂၀ ေလာက္က အသက္ေသဆံုးတာေတြ ျဖစ္လာေတာ့ ကာကြယ္ေဆးထိုးဖို႔ေတြ ျဖစ္လာတယ္လို႔ က်ေနာ္တို႔က သံုးသပ္ပါတယ္။”

ကိုဗစ္ကူးစက္မႈေတြ မ်ားလာတာေၾကာင့္ အနီရင့္ေရာင္အဆင့္သတ္မွတ္ၿပီး ညမထြက္ရအမိန္႔အပါအဝင္ ကန္႔သတ္ပိတ္ဆို႔ထားတဲ့ျပည္နယ္ ၂၉ခုထဲမွာ တာ့ခ္ျပည္နယ္လည္း ပါဝင္ပါတယ္။ ထုိင္းႏုိင္ငံမွာ ကိုဗစ္အတည္ျပဳလူနာ ၁ သန္း၊ ၁ ေသာင္းနီးပါးအထိ ရွိလာၿပီး ၾသဂုတ္လ ၂၀ ရက္ေန႔တေန႔တည္း ကူးစက္သူ ၂၀,၀၀၀ နီးပါးရွိၿပီး ေသဆံုးသူ ၂၀၀ ေက်ာ္ ရွိေနပါတယ္။ ေန႔စဥ္လည္း ေထာင္ခ်ီကူးစက္ေနၿပီး လူေတာ္ေတာ္မ်ားမ်ားကေတာ့ ကာကြယ္ေဆးထိုးခြင့္မရၾကေသးပါဘူးရွင္။

======

တိုက္႐ိုက္ လင့္ခ္

Zawgyi/Unicode

မဲဆောက်ရောက် မြန်မာအလုပ်သမား ၂၀၀၀ ကျော် ကိုဗစ်ကာကွယ်ဆေးထိုးပြီး

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ် မဲဆောက်မြို့က ရွှေ့ပြောင်းအလုပ်သမားတွေကြား ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ အစုလိုက် အပြုံလိုက်တွေ့လာနေရတဲ့အတွက် သြဂုတ်လ ၁၇ ရက်နေ့ကစပြီး ၃ ရက် ဆက်တိုက် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးထိုးပေးနေပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းတော်ဝင်မိသားစုနဲ့ပတ်သက်တဲ့အဖွဲ့တခုရဲ့အစီအစဉ်နဲ့ မဲဆောက်မြို့က ရွှေ့ပြောင်းအလုပ်သမား ၂,၀၀၀ ကျော်ဝန်းကျင်ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးတာဖြစ်ပါတယ်။ ၃ ရက်ဆက်တိုက် ကိုဗစ် ကာကွယ်ဆေး ထိုးပေးရာမှာ လူ ၂,၀၀၀ ကျော်လောက် ကာကွယ်ဆေးထိုးခွင့်ရခဲ့ကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က မဲဆောက်ရုံးတာဝန်ခံ ဦးမိုးကျော်က ပြောပါတယ်။

“မဲဆောက်၊ ထိုင်းဆေးရုံကြီးနဲ့ပုဂ္ဂလိကအဖွဲ့အစည်းတွေ စီစဉ်တယ်လို့ သိရတယ်။ ပထမနေ့မှာ လူဦးရေ ၇၅၀ စာ သတ်မှတ်ထားတယ်။ နောက်ရက် ၁၈ ရက်နေ့မှာထိုးတယ်။ နောက် ၁၉ရက်နေ့မှာ ဈေးထဲမှာ လည်း ထိုးတယ်။ ၁၇၊ ၁၈၊ ၁၉။ ပထမနေ့က ၇၅၀ ၊ နောက်ရက် ၈၅၀။ နောက်ရက် ၉၀၀ အထိ ထိုး တယ်။ အဲဒါကြောင့် လူဦးရေ ၂,၀၀၀ ကျော်လောက်က ထိုးခွင့်ရခဲ့တယ်။”

စာရင်းပေးသူတွေများပေမယ့် အကုန်လုံးကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ကတော့ မလွယ်ကူသေးပါဘူး။

စာရင်းသွားပေးထားသူ၊ အထောက်အထားပြည့်စုံသူတွေ၊ ကျန်းမာရေးအခြေအနေ ကောင်းသူတွေ ကို သေချာစိစစ်ပြီး ကာကွယ်ဆေးထိုးပေးခဲ့တာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

“လုပ်ငန်းရှင်တွေက သူတို့တောင်းထားတဲ့ဖောင်ထဲမှာ ဘာတွေပါသလဲဆိုတော့ လက်ရှိ ကိုင်ထားတဲ့ အထောက်အထားလက်မှတ် တစုံတရာပါရတယ်။ အသက်ပါရတယ်။ ကိုယ်အလေးချိန်၊ နာမည်နဲ့ ရောဂါနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ၊ ကာကွယ်ဆေးထိုးသင့်တယ်ဆိုတဲ့ ကျန်းမာရေးစစ်ဆေးချက် တွေ ပါရတယ်။”

မဲဆောက်မြို့မှာတော့ ပြီးခဲ့တဲ့ဇွန်လကစပြီး မြန်မာအလုပ်သမားတွေကြားမှာ အစုလိုက် အပြုံလိုက် ကူး စက်နေပြီး လူ ၂၀ ထက်မနည်း သေဆုံးခဲ့တာကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေကြား ကာကွယ်ဆေး ပေးတဲ့အစီအစဉ်တွေ ဖြစ်လာတာလို့ယူဆရကြောင်းလည်း ဆက်ပြောပါတယ်။

“မဲဆောက်မှာက ကိုဗစ်တတိယလှိုင်းမှာ အစုလိုက်အပြုံလိုက် အလုပ်သမားအုပ်စုတွေ ကူးစက်ခံရလို့ ဒေသတွင်း ထိုင်းတွေလည်း အတော်များများ ကူးစက်ခံနေရတယ်။ အသေအပျောက်တွေလည်း တိုးလာတယ်။ မဲဆောက်ဆေးရုံကြီးက တရားဝင်ထုတ်ပြန်တာကကိုပဲ တနေ့ကို လေးယောက်၊ ငါးယောက် သေဆုံးနေတာဖြစ်ပါတယ်။ အဲဒီလိုပဲ ရွှေ့ပြောင်းအလုပ်သမားတွေကြားထဲမှာလည်း မဲဆောက်ဈေးထဲကအပါအဝင် လူဦးရေ ၂၀ လောက်က အသက်သေဆုံးတာတွေ ဖြစ်လာတော့ ကာကွယ်ဆေးထိုးဖို့တွေ ဖြစ်လာတယ်လို့ ကျနော်တို့က သုံးသပ်ပါတယ်။”

ကိုဗစ်ကူးစက်မှုတွေ များလာတာကြောင့် အနီရင့်ရောင်အဆင့်သတ်မှတ်ပြီး ညမထွက်ရအမိန့်အပါအဝင် ကန့်သတ်ပိတ်ဆို့ထားတဲ့ပြည်နယ် ၂၉ခုထဲမှာ တာ့ခ်ပြည်နယ်လည်း ပါဝင်ပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၁ သန်း၊ ၁ သောင်းနီးပါးအထိ ရှိလာပြီး သြဂုတ်လ ၂၀ ရက်နေ့တနေ့တည်း ကူးစက်သူ ၂၀,၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၂၀၀ ကျော် ရှိနေပါတယ်။ နေ့စဉ်လည်း ထောင်ချီကူးစက်နေပြီး လူတော်တော်များများကတော့ ကာကွယ်ဆေးထိုးခွင့်မရကြသေးပါဘူးရှင်။

#ထိုင်း၊#မဲဆောက်၊#ကိုဗစ်#တာ့ခ်#မြန်မာရွှေ့ပြောင်းအလုပ်သမား#Thai#MyanmarMigrant#Covid-19#Tak#

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG