(Zawgyi/Unicode)
ထိုင္းႏိုင္ငံေျမာက္ပိုင္းမယ္ေဟာင္ေဆာင္ျပည္နယ္မွာရွိတဲ့ မယ္လအူး ဒုကၡသည္စခန္းမွာ ကန႔္သတ္ပိတ္ဆို႔မူေတြလုပ္ထားခ်ိန္မွာပဲ ကိုဗစ္ကူးစက္သူ ဒုကၡသည္ ၅ဦးကိုပထမဦးဆုံးအႀကိမ္အျဖစ္ ေတြ႕ရွိခဲ့ရသလို အနီးက မယ္ရာမူ စခန္းမွာလည္း ၂ဦးေတြရွိခဲ့ေၾကာင္း ကရင္ဒုကၡသည္ေကာ္မတီ KRC က ေျပာပါတယ္ဒီသတင္းကိုဗြီအိုေအသတင္းေထာက္ မေအးေအးမာကေျပာျပေပးပါမယ္။
ထိုင္းႏိုင္ငံေျမာက္ပိုင္း မယ္ေဟာင္ေဆာင္ျပည္နယ္ထဲက မယ္လအူးဒုကၡသည္စခန္းမွာ ကိုဗစ္ေရာဂါကူးစက္ခံရသူ ၅ ဦးေတြ႕ရွိေၾကာင္းစခန္းက ဒီကေန့မွာပဲ အေႀကာင္းႀကားခဲ့တယ္လို့ ကရင္ဒုကၡသည္ေကာ္မတီဥကၠဌ ဦးေရာဘတ္ေထြးကေျပာပါတယ္။
"ဟုတ္တယ္မယ္လအူးမွာ ၅ေယာက္ျဖစ္တယ္။ မယ္ရာမူစန္းကေတာ့ ၂ေယာက္ျဖစ္တယ္အသြားအလာမ်ားလို့လားမသိဘူး စခန္းထဲမွာေတာ့ အနီးနားတ၀ိုက္မွာပဲသြားလာေနႀကတာပဲဒါေပမယ့္ ဘယ္လုိကူးစက္မူျဖစ္လဲေတာ့မသိဘူး။"
ဒါဟာ မယ္လအူးစခန္းမွာ ပထမဆုံးအႀကိမ္ကိုဗစ္ေရာဂါပိုးကူးစက္မႈျဖစ္တယ္လို့လည္းဆိုပါတယ္။
အခုကုိဗစ္ကူးစက္ေနတဲ့ဒုကၡသည္ေတြဟာ လြန္ခဲ့တဲ့တပတ္ေက်ာ္ကစျပီးကုိယ္ပူေတြတက္တာ ဖ်ားနာတာေတြရွိတဲ့အတြက္ စခန္းတြင္းက ေဆးခန္းမွာလာျပႀကျပီး က်န္းမာေရး၀န္ထမ္းေတြေဆးစစ္ျပိီးမွ ဒီေန့မွာပဲအေျဖထြက္ခဲ့တယ္လုိ့လည္း မယ္လအူးစခန္းက ဒုကၡသည္တဦးကေတာ့အခုလိုေျပာျပပါတယ္။
"ကိုဗစ္ျဖစ္တယ္ဆိုတာကေတာ့ဒီေန့မွာအတိအက်သိရတယ္"
ကုိဗစ္ကူးစက္မူေတြ မျဖစ္ဖို့ထိမ္းခ်ဳပ္တဲ့အေနနဲ့ ျပီးခဲ့တဲ့လကစျပိီး မယ္လအူးစခန္းထဲမွာ စာသင္ေက်ာင္းေတြလည္းပိတ္ထားသလို့ ဒီလဆန္းကေန ႀသဂုတ္လ ၁၇ ေနအထိ ကန့္သတ္ပိတ္ဆုိ့မူ့ေတြလည္းလုပ္ထားပါတယ္။ လက္ရွိမွာေတာ့ ကုိဗစ္ကူးစက္မူေတြျဖစ္လာတဲ့အတြက္ စခန္းဥကၠဌက ဒုကၡသည္ေတြ အိမ္ျပင္မထြက္ႀကဖို့ တစ္ရပ္ကြက္နဲ႔တစ္ရပ္ကြက္ တစ္အိမ္နဲ႔တစ္အိမ္ကူးလူးသြားလာမႈမျပဳၾကဖို့ အျပင္ထြက္ရင္လည္း ႏွာေခါင္းစည္း Mask ေတြ တပ္ႀကဖို့ အေရးမႀကီးပဲအျပင္မထြက္ဖုိ့ေတြကိုလည္း စပီကာေတြနဲ့လိုက္လံသတိေပးႏိွုးေဆာ္ေနပါတယ္။
လက္ရွိမွာေတာ့ ကုိဗစ္ကူစက္သူလူနာေတြကို ထားရွိဖို့စခန္းတြင္းမွာပဲ သီးသန့္ေနရာ စီစဥ္ထားပါတယ္။
ကိုဗစ္ကူးစက္တဲ့သူေတြနဲ့ထိေတြ ့ထားတဲ့သူေတြကိုလည္း ကိုဗစ္စစ္ေဆးမူေတြထပ္လုပ္မယ္လို ့စခန္းတာ၀န္ရွိသူေတြကေျပာပါတယ္။
ျမန္မာႏိုင္ငံျပည္တြင္းစစ္ေႀကာင့္ထြက္ေျပးတိမ္းေရွာင္လာသူေတြကိုေတာ့ ထုိင္း-ျမန္မာနယ္စပ္မွာရွိတဲ့ ဒုကၡသည္စခန္း ၉ ခုမွာ ႏွစ္ေပါင္း ၃၀ေက်ာ္ႀကာ ထိုင္းအစိုးရက ခိုလံႈခြင့္ ေပး ထားတာျဖစ္ပါတယ္။ ဒုကၡသည္စခန္း ၉ခုရိွျပီးလူေပါင္းတသိန္းနီးပါးခိုလွံဳေနထုိင္ေနတာပါ ကုိဗစ္ပုိးစတင္ကူးစက္မူျဖစ္တာကေတာ့အုန္းဖ်န္ဒုကၡသည္စခန္း၊ ထမ္ဟင္ဒုကၡသည္စခန္း၊ မယ္လ ဒုကၡသည္စခန္းနဲ့အခု မယ္လအူးနဲ့မယ္ရာမူစခန္းေတြမွာ ကူးစက္မူေတြ ေတြရွိခဲ့တာျဖစ္ပါတယ္။
..........................................................................................
ထိုင်း မယ်ဟောင်ဆောင် ကရင်ဒုက္ခသည်စခန်းမှာ ကိုဗစ်ကူးစက်မှုဖြစ်
ထိုင်းနိုင်ငံမြောက်ပိုင်းမယ်ဟောင်ဆောင်ပြည်နယ်မှာရှိတဲ့ မယ်လအူး ဒုက္ခသည်စခန်းမှာ ကန့်သတ်ပိတ်ဆို့မူတွေလုပ်ထားချိန်မှာပဲ ကိုဗစ်ကူးစက်သူ ဒုက္ခသည် ၅ဦးကိုပထမဦးဆုံးအကြိမ်အဖြစ် တွေ့ရှိခဲ့ရသလို အနီးက မယ်ရာမူ စခန်းမှာလည်း ၂ဦးတွေရှိခဲ့ကြောင်း ကရင်ဒုက္ခသည်ကော်မတီ KRC က ပြောပါတယ်ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာကပြောပြပေးပါမယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ပြည်နယ်ထဲက မယ်လအူးဒုက္ခသည်စခန်းမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၅ ဦးတွေ့ရှိကြောင်းစခန်းက ဒီကနေ့မှာပဲ အကြောင်းကြားခဲ့တယ်လို့ ကရင်ဒုက္ခသည်ကော်မတီဥက္ကဌ ဦးရောဘတ်ထွေးကပြောပါတယ်။
"ဟုတ်တယ်မယ်လအူးမှာ ၅ယောက်ဖြစ်တယ်။ မယ်ရာမူစန်းကတော့ ၂ယောက်ဖြစ်တယ်အသွားအလာများလို့လားမသိဘူး စခန်းထဲမှာတော့ အနီးနားတဝိုက်မှာပဲသွားလာနေကြတာပဲဒါပေမယ့် ဘယ်လိုကူးစက်မူဖြစ်လဲတော့မသိဘူး။"
ဒါဟာ မယ်လအူးစခန်းမှာ ပထမဆုံးအကြိမ်ကိုဗစ်ရောဂါပိုးကူးစက်မှုဖြစ်တယ်လို့လည်းဆိုပါတယ်။
အခုကိုဗစ်ကူးစက်နေတဲ့ဒုက္ခသည်တွေဟာ လွန်ခဲ့တဲ့တပတ်ကျော်ကစပြီးကိုယ်ပူတွေတက်တာ ဖျားနာတာတွေရှိတဲ့အတွက် စခန်းတွင်းက ဆေးခန်းမှာလာပြကြပြီး ကျန်းမာရေးဝန်ထမ်းတွေဆေးစစ်ပြီးမှ ဒီနေ့မှာပဲအဖြေထွက်ခဲ့တယ်လို့လည်း မယ်လအူးစခန်းက ဒုက္ခသည်တဦးကတော့အခုလိုပြောပြပါတယ်။
"ကိုဗစ်ဖြစ်တယ်ဆိုတာကတော့ဒီနေ့မှာအတိအကျသိရတယ်"
ကိုဗစ်ကူးစက်မူတွေ မဖြစ်ဖို့ထိမ်းချုပ်တဲ့အနေနဲ့ ပြီးခဲ့တဲ့လကစပြီး မယ်လအူးစခန်းထဲမှာ စာသင်ကျောင်းတွေလည်းပိတ်ထားသလို့ ဒီလဆန်းကနေ သြဂုတ်လ ၁၇ နေအထိ ကန့်သတ်ပိတ်ဆို့မူ့တွေလည်းလုပ်ထားပါတယ်။ လက်ရှိမှာတော့ ကိုဗစ်ကူးစက်မူတွေဖြစ်လာတဲ့အတွက် စခန်းဥက္ကဌက ဒုက္ခသည်တွေ အိမ်ပြင်မထွက်ကြဖို့ တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက် တစ်အိမ်နဲ့တစ်အိမ်ကူးလူးသွားလာမှုမပြုကြဖို့ အပြင်ထွက်ရင်လည်း နှာခေါင်းစည်း Mask တွေ တပ်ကြဖို့ အရေးမကြီးပဲအပြင်မထွက်ဖို့တွေကိုလည်း စပီကာတွေနဲ့လိုက်လံသတိပေးနှိုးဆော်နေပါတယ်။
လက်ရှိမှာတော့ ကိုဗစ်ကူစက်သူလူနာတွေကို ထားရှိဖို့စခန်းတွင်းမှာပဲ သီးသန့်နေရာ စီစဉ်ထားပါတယ်။
ကိုဗစ်ကူးစက်တဲ့သူတွေနဲ့ထိတွေ့ထားတဲ့သူတွေကိုလည်း ကိုဗစ်စစ်ဆေးမူတွေထပ်လုပ်မယ်လို့်စခန်းတာဝန်ရှိသူတွေကပြောပါတယ်။
မြန်မာနိုင်ငံပြည်တွင်းစစ်ကြောင့်ထွက်ပြေးတိမ်းရှောင်လာသူတွေကိုတော့ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ နှစ်ပေါင်း ၃၀ကျော်ကြာ ထိုင်းအစိုးရက ခိုလှုံခွင့် ပေး ထားတာဖြစ်ပါတယ်။ ဒုက္ခသည်စခန်း ၉ခုရှိပြီးလူပေါင်းတသိန်းနီးပါးခိုလှုံနေထိုင်နေတာပါ ကိုဗစ်ပိုးစတင်ကူးစက်မူဖြစ်တာကတော့အုန်းဖျန်ဒုက္ခသည်စခန်း၊ ထမ်ဟင်ဒုက္ခသည်စခန်း၊ မယ်လ ဒုက္ခသည်စခန်းနဲ့အခု မယ်လအူးနဲ့မယ်ရာမူစခန်းတွေမှာ ကူးစက်မူတွေ တွေရှိခဲ့တာဖြစ်ပါတယ်။