သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗန္းေမာ္မိဘမဲ့ေဂဟာေက်ာင္း ေက်ာင္းသားနဲ႔ဝန္ထမ္း(၄၇ )ဦး ကိုဗစ္ေရာဂါပိုးေတြ႕


ကခ်င္ျပည္နယ္ တနိုင္းေဒသ စစ္ေရွာင္စခန္းတခု (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ကခ်င္ျပည္နယ္ ဗန္းေမာ္ၿမိဳ႕နယ္အတြင္း ေရာဘတ္ႏွစ္ျခင္းခရစ္ယာန္ မိဘမဲ့ေဂဟာ ေက်ာင္းမွာ ေက်ာင္းသားအမ်ားစုနဲ႔ ဝန္ထမ္း တခ်ိဳ႕ ကို ကိုဗစ္ေရာဂါပိုးစစ္ေဆးေတြ႕ရွိၿပီး ေရာဂါပိုးေတြ႕ရွိသူေတြကိုသီးသန႔္ခြဲထားတယ္လို႔ ဘာသာေရးေခါင္းေဆာင္ ေတြက ေျပာပါတယ္။ ဒီမိဘမဲ့ေဂဟာ ေက်ာင္းဟာ ေရာဘတ္စစ္ေရွာင္စခန္းထဲရွိေနတာေၾကာင့္ စစ္ေရွာင္ေတြေရာဂါကူးစက္မွာလဲ စိုးရိမ္ ေနၾကပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ႏိုင္ကြန္းအိန္ကေနသတင္းေပးပို႔ထားပါတယ္။

ဗန္းေမာ္ၿမိဳ႕ ပင္စင္ကုန္းရပ္ကြက္ ေရာဘတ္ႏွစ္ျခင္းခရစ္ယာန္မိဘမဲ့ေဂဟာေက်ာင္းမွာ ေက်ာင္းသားအမ်ားစုနဲ႔ဝန္ထမ္းတခ်ိဳ႕ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွီတယ္လို႔ ဗန္းေမာ္ခ႐ိုင္ဇုံနယ္ ႏွစ္ျခင္းခရစ္ယာန္ လူမႈဖြံၿဖိဳးေရးဌာန တာဝန္ခံ ဦးထိန္မန္ေနာ္ကေျပာပါတယ္။

“ လြန္ခဲ့တဲ့အပါတ္မွာေပါ့ ေဘာ္ဒါအုပ္နဲ႔ ကေလးႏွစ္ေယာက္သုံးေယာက္ဖ်ားတာေပါ့။ ဖ်ားေဆးခန္းသြားျပ ျပေတာ့ ဘယ္က စက္နဲ႔စစ္လဲမသိဘူး။ အဲတာPositive ျပတာေပါ့။ ျပၿပီး အဲဒီေနာက္ရက္မွာဘဲ အဲဒီ Positive ျပတဲ့ကေလးကျပန္ဆုံးသြားတယ္။ ကိုဗစ္နဲ႔ဆုံးတာလား ႐ိုး႐ိုးတုတ္ေကြးဆုံးတာလား။ (၈)တန္းေက်ာင္းသားေပါ့ (၁၄)ႏွစ္ (၁၅)ႏွစ္ေပါ့။ အခုအဲဒီေနာက္ပိုင္း သူတို႔ အခ်င္းခ်င္းဆက္သြယ္ၿပီးမွ Positiveရွိတဲ့သူက စုစုေပါင္း(၄၇)ေယာက္ဗ်။ Positiveေတြ႕တာ မိန္းကေလး(၁၇)ေယာက္ ေယာက်ာၤး ေလး(၂၈)ေယာက္ ဝန္ထမ္းက(၂)ေယာက္ေပါ့။ ”

ေရာဂါပိုးေတြ႕ရွိလူနာေတြကို သီးသန႔္ခြဲထားၿပီးကုသေနတယ္လို႔ေျပာပါတယ္။

“ ေရာဂါစစ္ၾကည့္လိုက္ေတာ့ Positiveျပတဲ့သူကို ကြၽန္ေတာ္တို႔သတ္သတ္ခြဲခဲ့ၿပီးမွ သူတို႔ကို အအိပ္အစားပုံမွန္ျဖစ္ေအာင္ စီစဥ္ထားတာေပါ့ဗ်ာ။ တကယ္လို႔အဖ်ားႀကီးလာရင္ကြၽန္ေတာ္တို႔ သက္ဆိုင္ရာေဆး႐ုံေတြကို ကြၽန္ေတာ္တို႔ ပို႔ဖို႔ေတာ့စီစဥ္ ထားပါတယ္။ ”

ဇူလိုင္လကုန္မွာ ေရာဘတ္ႏွစ္ျခင္းခရစ္ယာန္မိဘမဲ့ေဂဟာေက်ာင္းမွာ ကိုဗစ္ေရာဂါသံသယရွိလူနာတဦးေသဆုံးခဲ့ၿပီး ေက်ာင္းကို စစ္ေဆးခဲ့ရာမွာေတာ့ ကိုဗစ္လူနာေတြကိုေတြ႕ရွိခဲ့တာပါ။

ဒီမိဘမဲ့ေဂဟာေက်ာင္းဟာ ေရာဘတ္စစ္ေရွာင္စခန္းမွာရွိေနတာေၾကာင့္ ေရာဂါကူးစက္မွာစိုးရိမ္ေနရသလို ကာကြယ္မႈေတြ လုပ္ ေဆာင္ထားတယ္လို႔ ဗန္းေမာ္ခ႐ိုင္ဇုံနယ္ ႏွစ္ျခင္းခရစ္ယာန္ လူမႈဖြံၿဖိဳးေရးဌာန တာဝန္ခံ ဦးထိန္မန္ေနာ္ကေျပာပါတယ္။

“ကြၽန္ေတာ္တို႔စစ္ေရွာင္အေနနဲ႔ေတာ့ စိုးရိမ္မႈေတာ့ရွိတာေပါ့။ ဒါေပမဲ့ စစ္ေရွာင္ေတြလဲအျပင္မထြက္နဲ႔ Lockdown ပုံစံခ်ထား တာေပါ့။ အဝင္လမ္းမွာေဆးျဖန္း။ မလိုအပ္လို႔ရွိရင္မထြက္ေအာင္ စခန္းကေနၿပီးေတာ့ႀကီးၾကပ္ထားတာေပါ့။ ေရာဘတ္စခန္းမွာ (၃၀၀၀)ေက်ာ္ေလာက္ရွိတယ္။ အိမ္ေထာင္စုက(၆၀၀)ေလာက္ရွိတယ္။ ”

ေရာဘတ္စစ္ေရွာင္စခန္းမွာရွိတဲ့စစ္ေဘးေရွာင္ေတြဟာ ၂၀၁၁ခုႏွစ္က ျမန္မာစစ္တပ္နဲ႔ကခ်င္လြတ္လပ္ေရးအဖြဲ႕KIAတို႔ တေက်ာ့ျပန္တိုက္ပြဲေတြမွာ ေနရပ္ကေနတိမ္းေရွာင္ေနၾကရတာပါ။ လက္ရွိဗန္းေမာ္ မိုးေမာက္ၿမိဳ႕နယ္အတြင္းမွာ တိုက္ပြဲေတြ ဆက္လက္ရွိေနတာေၾကာင့္ စစ္ေဘးေရွာင္ေတြေနရပ္ျပန္ဖို႔ အခက္ခဲရွိေနဆဲအေျခအေနမွာရွိေနပါတယ္။

.................................................................................................

တိုက္႐ိုက္ လင့္ခ္


ဗန်းမော်မိဘမဲ့ဂေဟာကျောင်း ကျောင်းသားနဲ့ဝန်ထမ်း(၄၇ )ဦး ကိုဗစ်ရောဂါပိုးတွေ့

(Unicode)

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း ရောဘတ်နှစ်ခြင်းခရစ်ယာန် မိဘမဲ့ဂေဟာ ကျောင်းမှာ ကျောင်းသားအများစုနဲ့ ဝန်ထမ်း တချို့ ကို ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိပြီး ရောဂါပိုးတွေ့ရှိသူတွေကိုသီးသန့်ခွဲထားတယ်လို့ ဘာသာရေးခေါင်းဆောင် တွေက ပြောပါတယ်။ ဒီမိဘမဲ့ဂေဟာ ကျောင်းဟာ ရောဘတ်စစ်ရှောင်စခန်းထဲရှိနေတာကြောင့် စစ်ရှောင်တွေရောဂါကူးစက်မှာလဲ စိုးရိမ် နေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ဗန်းမော်မြို့ ပင်စင်ကုန်းရပ်ကွက် ရောဘတ်နှစ်ခြင်းခရစ်ယာန်မိဘမဲ့ဂေဟာကျောင်းမှာ ကျောင်းသားအများစုနဲ့ဝန်ထမ်းတချို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှီတယ်လို့ ဗန်းမော်ခရိုင်ဇုံနယ် နှစ်ခြင်းခရစ်ယာန် လူမှုဖွံဖြိုးရေးဌာန တာဝန်ခံ ဦးထိန်မန်နော်ကပြောပါတယ်။

“ လွန်ခဲ့တဲ့အပါတ်မှာပေါ့ ဘော်ဒါအုပ်နဲ့ ကလေးနှစ်ယောက်သုံးယောက်ဖျားတာပေါ့။ ဖျားဆေးခန်းသွားပြ ပြတော့ ဘယ်က စက်နဲ့စစ်လဲမသိဘူး။ အဲတာPositive ပြတာပေါ့။ ပြပြီး အဲဒီနောက်ရက်မှာဘဲ အဲဒီ Positive ပြတဲ့ကလေးကပြန်ဆုံးသွားတယ်။ ကိုဗစ်နဲ့ဆုံးတာလား ရိုးရိုးတုတ်ကွေးဆုံးတာလား။ (၈)တန်းကျောင်းသားပေါ့ (၁၄)နှစ် (၁၅)နှစ်ပေါ့။ အခုအဲဒီနောက်ပိုင်း သူတို့ အချင်းချင်းဆက်သွယ်ပြီးမှ Positiveရှိတဲ့သူက စုစုပေါင်း(၄၇)ယောက်ဗျ။ Positiveတွေ့တာ မိန်းကလေး(၁၇)ယောက် ယောကျာၤး လေး(၂၈)ယောက် ဝန်ထမ်းက(၂)ယောက်ပေါ့။ ”

ရောဂါပိုးတွေ့ရှိလူနာတွေကို သီးသန့်ခွဲထားပြီးကုသနေတယ်လို့ပြောပါတယ်။

“ ရောဂါစစ်ကြည့်လိုက်တော့ Positiveပြတဲ့သူကို ကျွန်တော်တို့သတ်သတ်ခွဲခဲ့ပြီးမှ သူတို့ကို အအိပ်အစားပုံမှန်ဖြစ်အောင် စီစဉ်ထားတာပေါ့ဗျာ။ တကယ်လို့အဖျားကြီးလာရင်ကျွန်တော်တို့ သက်ဆိုင်ရာဆေးရုံတွေကို ကျွန်တော်တို့ ပို့ဖို့တော့စီစဉ် ထားပါတယ်။ ”

ဇူလိုင်လကုန်မှာ ရောဘတ်နှစ်ခြင်းခရစ်ယာန်မိဘမဲ့ဂေဟာကျောင်းမှာ ကိုဗစ်ရောဂါသံသယရှိလူနာတဦးသေဆုံးခဲ့ပြီး ကျောင်းကို စစ်ဆေးခဲ့ရာမှာတော့ ကိုဗစ်လူနာတွေကိုတွေ့ရှိခဲ့တာပါ။

ဒီမိဘမဲ့ဂေဟာကျောင်းဟာ ရောဘတ်စစ်ရှောင်စခန်းမှာရှိနေတာကြောင့် ရောဂါကူးစက်မှာစိုးရိမ်နေရသလို ကာကွယ်မှုတွေ လုပ် ဆောင်ထားတယ်လို့ ဗန်းမော်ခရိုင်ဇုံနယ် နှစ်ခြင်းခရစ်ယာန် လူမှုဖွံဖြိုးရေးဌာန တာဝန်ခံ ဦးထိန်မန်နော်ကပြောပါတယ်။

“ကျွန်တော်တို့စစ်ရှောင်အနေနဲ့တော့ စိုးရိမ်မှုတော့ရှိတာပေါ့။ ဒါပေမဲ့ စစ်ရှောင်တွေလဲအပြင်မထွက်နဲ့ Lockdown ပုံစံချထား တာပေါ့။ အဝင်လမ်းမှာဆေးဖြန်း။ မလိုအပ်လို့ရှိရင်မထွက်အောင် စခန်းကနေပြီးတော့ကြီးကြပ်ထားတာပေါ့။ ရောဘတ်စခန်းမှာ (၃၀၀၀)ကျော်လောက်ရှိတယ်။ အိမ်ထောင်စုက(၆၀၀)လောက်ရှိတယ်။ ”

ရောဘတ်စစ်ရှောင်စခန်းမှာရှိတဲ့စစ်ဘေးရှောင်တွေဟာ ၂၀၁၁ခုနှစ်က မြန်မာစစ်တပ်နဲ့ကချင်လွတ်လပ်ရေးအဖွဲ့KIAတို့ တကျော့ပြန်တိုက်ပွဲတွေမှာ နေရပ်ကနေတိမ်းရှောင်နေကြရတာပါ။ လက်ရှိဗန်းမော် မိုးမောက်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ရှိနေတာကြောင့် စစ်ဘေးရှောင်တွေနေရပ်ပြန်ဖို့ အခက်ခဲရှိနေဆဲအခြေအနေမှာရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG