သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကိုဗစ်ကာကွယ်ဆေးထိုးအစီအစဉ် တိုးချဲ့


Rohingya waiting for Covid-19 Vaccine
Rohingya waiting for Covid-19 Vaccine

ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေရှ့် အစိုးရရဲ့ Covid-19 ကာကွယ်ဆေးထိုးအစီအစဉ် အချိန်တိုးချဲ့လိုက်ကြောင်း ကမ ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က တနလာၤနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Covid-19 ကပ်ဘေးရောဂါကို ထိန်းချုပ်နိုင်ရေး အတွက် တန်းတူညီမျှမှုနဲ့ အားလုံးခြုံငုံပါဝင်စေရေးက အရေးကြီးကြောင်းလည်း တနလာၤနေ့ထုတ် WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံရေး တိုးမြှင့်နိုင်ရေးနဲ့ အခုလို လှုံ့ဆော် ဆောင်ရွက်မှု အတွက် ဘင်္ဂလားဒေရှ့် ခေါင်းဆောင်မှုကို ချီးကျူးကြောင်း WHO ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ Poonam Khetrapal Singh က ပြောပါတယ်။

ဘင်္ဂလားဒေရှ့်ဘက်က ဆောင်ရွက်မှုတွေဟာ ကာကွယ်ဆေးထိုးနှံမှု တန်းတူခွင့် ရရှိရေး ဆိုတဲ့ WHO ရဲ့ တိုက်တွန်းချက် အတိုင်း ဖြစ်ကြောင်း၊ ဒုက္ခသည်တွေလိုမျိုး ဘေးဒုက္ခ ခံရလွယ်တဲ့ လူမှုအသိုင်းအဝိုင်းတွေကို ခြုံငုံမိအောင် ကာကွယ်ပေးခြင်းဟာဆိုရင် ဒုက္ခသည်တွေ၊ နောက် သူတို့ကို လက်ခံထားရှိတဲ့ လူမှုအသိုင်းအဝိုင်းရဲ့ ကျန်းမာရေး ဘေးကင်းလုံခြုံရေး အတွက် အဓိက ကျတယ်လို့လည်း WHO ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးက ပြောပါတယ်။ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာဘက်ကို အခုအချိန်ထိ ဒုက္ခသည်တွေ မပြန်နိုင်သေးချိန်မှာ ဘင်္ဂလားဒေရှ့်ဘက်က အမျိုးသား ကာကွယ်ဆေးထိုး အစီအစဉ်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေကိုပါ ထည့်သွင်းပြီး Covid-19 ကာကွယ်ဆေး ထိုးနှံပေးနေတာ ဖြစ်ပါတယ်။

--------------------------------------------





XS
SM
MD
LG