သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း ရေနာင္းၿမိဳ႕နယ္တြင္း ကိုဗစ္ကူးစက္မႈတဝက္ဟာ ျမန္မာအလုပ္သမားမ်ားျဖစ္


ထိန္းသိမ္းထားေသာျမန္မာမ်ားအား ထိုင္းေတာ္၀င္စစ္တပ္မွ ကိုယ္အပူခ်ိန္တိုင္းစဥ္ ( ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ထိုင္း၊ျမန္မာနယ္စပ္ ေကာ့ေသာင္းၿမိဳ႕ရဲ႕တဘက္ကမ္း ရေနာင္းၿမိဳ႕ကေထာင္ထဲမွာကိုဗစ္ကူးစက္သူ ထိုင္းနဲ႔ျမန္မာအက်ဥ္းသား ၇၀၀ေက်ာ္ရွိေၾကာင္း ျပည္နယ္က်န္းမာေရးအဖြဲ႕ကသတင္းထုတ္ျပန္ခဲ့ပါတယ္ ။ ျပည္နယ္အတြင္းမွာကိုဗစ္ကူးစက္သူ၄၀၀၀နီးပါးရွိရာမွာ ျမန္မာႏို္င္ငံသား ၂၀၀၀ေက်ာ္ကိုဗစ္ကူးစက္ေနတယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။ဒီသတင္းကိုဗြီအိုေအသတင္းေထာက္မေအးေအးမာကေျပာျပေပးပါမယ္။

ထိုင္းျမန္မာနယ္စပ္ ရေနာင္းၿမိဳ႕က ေထာင္မွာ ျမန္မာနဲ႔ ထိုင္းအက်ဥ္းသားေပါင္း ၁၇၀၀ ေက်ာ္ရွိပါတယ္ ဒီထဲမွာ ထိုင္းနဲ႔ျမန္မာအက်ဥ္းသား၇၀၀ေက်ာ္ဟာကိုဗစ္ကူးစက္ေနေၾကာင္းျပည္နယ္က်န္းမာေရးအဖြဲက သတင္းထုတ္ျပန္ခဲ့ပါတယ္ ။

ျပည္နယ္က်န္းမာေရးအဖြဲ႕က တာဝန္ရွိသူ Dr. Norathep Asawapatcharaေဒါက္တာ ႏိုရာထစ္ အစဝါ ပခ်ာ ယာ ကေတာ့ ရေနာင္းၿမိဳ႕နယ္တြင္း ကူးစက္မႈအေျခအေနကို ထိုင္းဘာသာနဲ႔ အခုလိုေျပာသြားပါတယ္။
"ထိုင္းျမန္မာနယ္စပ္ ရေနာင္းၿမိဳ႕နယ္အတြင္း ကိုဗစ္ေရာဂါပိုးကူးစက္ေနသူေပါင္း ၃၉ ၉ ၄ ဦးထဲမွာျမန္မာႏိုင္ငံသား ၂၁၁၃ ဦး ကူးစက္မူျဖစ္ခဲ့တယ္လို႔ ရေနာင္းျပည္နယ္ ကပ္ေရာဂါထိမ္းခ်ဳပ္ေရးအဖြဲက Dr. Norathep Asawapatcharaေဒါက္တာ ႏိုရာထစ္ အစဝါ ပခ်ာ ယာ ကေျပာဆိုသြားတာပါ ။"

ဒီအေရအတြက္ဟာရေနာင္းေထာင္မွာ ကူးစက္ေနသူ ၇၀၀ ေက်ာ္လည္းပါဝင္ပါတယ္ ။
အခုကူးစက္သူ ၇၀၀ေက်ာ္ထဲကေတာ့ရေနာင္ေထာင္ကျဖစ္ၿပီးျမန္မာေတြကအမ်ားစုျဖစ္ေနပါတယ္ ။

ရေနာင္းေထာင္မွာကူးစက္မူေတြရွိေနတဲ့အေၾကာင္း ထိုင္းေတာင္ပိုင္းအျခစိုက္ပညာေရးနဲ႔ဖြံၿဖိဳးေရးေဖာင္ေဒးရွင္းရဲ႕အလုပ္သမားေရးရာတာဝန္ခံဦးမင္းဦးလည္း ေျပာျပပါတယ္။ အခုေနာက္ဆုံးကူးစက္တာက ၇၀၀ေက်ာ္လို႔ေျပာတယ္ ။အဲဒါကရေနာင္းေထာင္မွာပါ။ ေထာင္မွာလည္းျမန္မာေတြမ်ားတယ္ ဘယ္ႏွစ္ေယာက္ရွိတယ္လို႔ တိတိက်က်ေျပာလို႔မရဘူးေထာင္မွာလည္းေတာ္ေတာ္မ်ားမ်ားရွိတယ္။

ျမန္မာေတြက ရေနာင္းၿမိဳ႕ အုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြက ၾသဂုတ္လ ၁၇ရက္ ကိုဗစ္ကပ္ေရာဂါ ဆိုင္ရာ သတင္းထုတ္ျပန္ ခ်က္မွာ ေတာ့ ရေနာင္းၿမိဳ႕နယ္အတြင္းမွာ ၾသဂုတ္လ ၁၄ရက္ေန႔ကစၿပီး အက်ဥ္းေထာင္ထဲက အက်ဥ္းသား၄၀ ဟာ ေခ်ာင္းဆိုး ၿပီး ကိုယ္အပူရွိန္ ျမင့္တက္လာေနလို႔ နယ္ေျမကပ္ေရာဂါ ထိမ္းခ်ဳပ္ေရးအဖြဲ႕ေတြလာေရာက္ၿပီး ကိုဗစ္ကူးစက္မူ႔ေတြကိုစစ္ေဆးရာမွာ အက်ဥ္းေထာင္အတြင္း အကွ်ဳဥ္းသား ၇၆၈ ေယာက္မွာ ေရာဂါပိုးကူးစက္ေနတာ စစ္ေဆးေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။

ေရာဂါပိုးကူးဆက္ခံေနရတံဲ့အက်ဥ္းသားေတြကို တျခားအက်ဥ္းသားေတြနဲ႔ ခြဲထုတ္ၿပီး ေထာင္တြင္းက အေရးေပၚေဆး႐ုံ အေရးေပၚစီစဥ္ ေပးေနေၾကာင္း ၿမိဳနယ္အုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြက သတင္းစာရွင္းလင္းပြဲလုပ္ၿပီး ထုတ္ျပန္ေျပာဆိုသြားပါတယ္။

ၿမိဳ႕နယ္ေဒသအတြင္းမွာ ေရာဂါပိုးထိမ္းခ်ဳပ္ႏိုင္ဘို႔ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးနဲ႔က်န္းမာေရးအဖြဲ႕ေတြ ပူးေပါင္းၿပီး အပူတျပင္း လုပ္ေဆာင္ေနတဲ့အေၾကာင္း ေဆးဝါး ကုသေရးအတြက္ အေရးေပၚ ေဆး႐ုံေတြလည္း စီစဥ္လုပ္ေဆာင္ေနတယ္လို႔ ေျပာၾကားသြားပါတယ္။

ထိုင္းႏိုင္ငံမွာကိုဗစ္အတည္ျပဳလူနာ၉၄၈၀၀၀ ေက်ာ္ရွိၿပီး ၾသဂုတ္လ ၁၇ ရက္ေန႔တေန႔တည္းကူးစက္သူက၂၀၀၀၀ ေက်ာ္ရွိၿပီး ဒီေန႔မွာပဲ စံခ်ိန္တင္ေသဆုံးသူက ၃၀၀ ေက်ာ္ထိရွိလာပါတယ္ ေသဆုံးသူစုစုေပါင္းကေတာ့ ၈၀၀၀နီးပါးထိရွိၿပီျဖစ္ေၾကာင္း ထိုင္းက်န္းမာေရးဌာနက တရားဝင္သတင္းထုတ္ျပန္ထားပါတယ္။

.................................................................................

ထိုင်း ရနောင်းမြို့နယ်တွင်း ကိုဗစ်ကူးစက်မှုတဝက်ဟာ မြန်မာအလုပ်သမားများဖြစ်

(Unicode)

ထိုင်း၊မြန်မာနယ်စပ် ကော့သောင်းမြို့ရဲ့တဘက်ကမ်း ရနောင်းမြို့ကထောင်ထဲမှာကိုဗစ်ကူးစက်သူ ထိုင်းနဲ့မြန်မာအကျဉ်းသား ၇၀၀ကျော်ရှိကြောင်း ပြည်နယ်ကျန်းမာရေးအဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ် ။ ပြည်နယ်အတွင်းမှာကိုဗစ်ကူးစက်သူ၄၀၀၀နီးပါးရှိရာမှာ မြန်မာနိုင်ငံသား ၂၀၀၀ကျော်ကိုဗစ်ကူးစက်နေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကပြောပြပေးပါမယ်။

ထိုင်းမြန်မာနယ်စပ် ရနောင်းမြို့က ထောင်မှာ မြန်မာနဲ့ ထိုင်းအကျဉ်းသားပေါင်း ၁၇၀၀ ကျော်ရှိပါတယ် ဒီထဲမှာ ထိုင်းနဲ့မြန်မာအကျဉ်းသား၇၀၀ကျော်ဟာကိုဗစ်ကူးစက်နေကြောင်းပြည်နယ်ကျန်းမာရေးအဖွဲက သတင်းထုတ်ပြန်ခဲ့ပါတယ် ။

ပြည်နယ်ကျန်းမာရေးအဖွဲ့က တာဝန်ရှိသူ Dr. Norathep Asawapatcharaဒေါက်တာ နိုရာထစ် အစဝါ ပချာ ယာ ကတော့ ရနောင်းမြို့နယ်တွင်း ကူးစက်မှုအခြေအနေကို ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။
"ထိုင်းမြန်မာနယ်စပ် ရနောင်းမြို့နယ်အတွင်း ကိုဗစ်ရောဂါပိုးကူးစက်နေသူပေါင်း ၃၉ ၉ ၄ ဦးထဲမှာမြန်မာနိုင်ငံသား ၂၁၁၃ ဦး ကူးစက်မူဖြစ်ခဲ့တယ်လို့ ရနောင်းပြည်နယ် ကပ်ရောဂါထိမ်းချုပ်ရေးအဖွဲက Dr. Norathep Asawapatcharaဒေါက်တာ နိုရာထစ် အစဝါ ပချာ ယာ ကပြောဆိုသွားတာပါ ။"

ဒီအရေအတွက်ဟာရနောင်းထောင်မှာ ကူးစက်နေသူ ၇၀၀ ကျော်လည်းပါဝင်ပါတယ် ။
အခုကူးစက်သူ ၇၀၀ကျော်ထဲကတော့ရနောင်ထောင်ကဖြစ်ပြီးမြန်မာတွေကအများစုဖြစ်နေပါတယ် ။

ရနောင်းထောင်မှာကူးစက်မူတွေရှိနေတဲ့အကြောင်း ထိုင်းတောင်ပိုင်းအခြစိုက်ပညာရေးနဲ့ဖွံဖြိုးရေးဖောင်ဒေးရှင်းရဲ့အလုပ်သမားရေးရာတာဝန်ခံဦးမင်းဦးလည်း ပြောပြပါတယ်။ အခုနောက်ဆုံးကူးစက်တာက ၇၀၀ကျော်လို့ပြောတယ် ။အဲဒါကရနောင်းထောင်မှာပါ။ ထောင်မှာလည်းမြန်မာတွေများတယ် ဘယ်နှစ်ယောက်ရှိတယ်လို့ တိတိကျကျပြောလို့မရဘူးထောင်မှာလည်းတော်တော်များများရှိတယ်။

မြန်မာတွေက ရနောင်းမြို့ အုပ်ချုပ်ရေးအာဏာပိုင်တွေက သြဂုတ်လ ၁၇ရက် ကိုဗစ်ကပ်ရောဂါ ဆိုင်ရာ သတင်းထုတ်ပြန် ချက်မှာ တော့ ရနောင်းမြို့နယ်အတွင်းမှာ သြဂုတ်လ ၁၄ရက်နေ့ကစပြီး အကျဉ်းထောင်ထဲက အကျဉ်းသား၄၀ ဟာ ချောင်းဆိုး ပြီး ကိုယ်အပူရှိန် မြင့်တက်လာနေလို့ နယ်မြေကပ်ရောဂါ ထိမ်းချုပ်ရေးအဖွဲ့တွေလာရောက်ပြီး ကိုဗစ်ကူးစက်မူ့တွေကိုစစ်ဆေးရာမှာ အကျဉ်းထောင်အတွင်း အကျှုဉ်းသား ၇၆၈ ယောက်မှာ ရောဂါပိုးကူးစက်နေတာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

ရောဂါပိုးကူးဆက်ခံနေရတံဲ့အကျဉ်းသားတွေကို တခြားအကျဉ်းသားတွေနဲ့ ခွဲထုတ်ပြီး ထောင်တွင်းက အရေးပေါ်ဆေးရုံ အရေးပေါ်စီစဉ် ပေးနေကြောင်း မြိုနယ်အုပ်ချုပ်ရေးအာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြန်ပြောဆိုသွားပါတယ်။

မြို့နယ်ဒေသအတွင်းမှာ ရောဂါပိုးထိမ်းချုပ်နိုင်ဘို့ သက်ဆိုင်ရာအုပ်ချုပ်ရေးနဲ့ကျန်းမာရေးအဖွဲ့တွေ ပူးပေါင်းပြီး အပူတပြင်း လုပ်ဆောင်နေတဲ့အကြောင်း ဆေးဝါး ကုသရေးအတွက် အရေးပေါ် ဆေးရုံတွေလည်း စီစဉ်လုပ်ဆောင်နေတယ်လို့ ပြောကြားသွားပါတယ်။

ထိုင်းနိုင်ငံမှာကိုဗစ်အတည်ပြုလူနာ၉၄၈၀၀၀ ကျော်ရှိပြီး သြဂုတ်လ ၁၇ ရက်နေ့တနေ့တည်းကူးစက်သူက၂၀၀၀၀ ကျော်ရှိပြီး ဒီနေ့မှာပဲ စံချိန်တင်သေဆုံးသူက ၃၀၀ ကျော်ထိရှိလာပါတယ် သေဆုံးသူစုစုပေါင်းကတော့ ၈၀၀၀နီးပါးထိရှိပြီဖြစ်ကြောင်း ထိုင်းကျန်းမာရေးဌာနက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG