သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စိတ္ႂကြေဆး အေျမာက္အမ်ားနဲ႔ မသကၤာသူ ၂ ဦး ထိုင္းႏိုင္ငံမွာ ဖမ္းဆီးမိ


ၾသဂုတ္လ ၁၄ ရက္ေန့က ေတာင္ေပၚတုိင္းရင္းသားလူငယ္၂ဦးနဲ့ အတူ ဖမ္းမိတဲ့မူးယစ္ေဆးမ်ား (ထုိင္းနယ္ျခားေစာင့္တပ္ )

(Zawgyi/ Unicode)

ထိုင္း- ျမန္မာနယ္စပ္ ခ်င္းရိုင္ျပည္နယ္ မဲ့အိုင္းျမိဳ့နယ္ရဲ ့ သစ္ေတာအတြင္းမွာ လက္နက္ကိုင္ထားတဲ့ မူးယစ္ေမွာင္ခိုသမားေတြနဲ့ ထိုင္းနယ္ျခားေစာင့္တပ္ တို႔ဟာ ၾသဂုတ္လ ၁၄ ရက္ေန့ မနက္မွာ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ျပီး ေတာင္ေပၚတုိင္းရင္းသား ကေလးငယ္၂ဦးနဲ႔ စိတ္ႂကြေဆးျပား၂သိန္းခဲြေက်ာ္ ဖမ္းမိခဲ့ပါတယ္။ ထိုင္းအေျခစိုက္ ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ ေျပာျပေပးမွာပါ။

ထိုင္း - ျမန္မာ နယ္စပ္ ခ်င္းရိုင္ျပည္နယ္ မဲအိုင္း ျမိဳ ့နယ္အတြင္းက သစ္ေတာတြင္းမွာ ထိုင္းနယ္ျခားေစာင့္တပ္ရင္း ၃၃၁၄ ကင္း လွည့္ေနတဲ့ အခ်ိန္မွာ မူးယစ္ေဆး၀ါးေတြ သယ္ေဆာင္လာၾကတဲ့ လက္နက္ကိုင္ အုပ္စုတို႔ ထိပ္တိုက္ေတြ႕ခဲ႔ၾကၿပီး ႏွစ္ဖက္အၾကား အျပန္အလွန္ ပစ္ခတ္မွုေတြ ျဖစ္ပြားခဲ့ေၾကာင္း နယ္ျခား ေစာင့္တပ္ရင္းက ၾသဂုတ္လ ၁၄ ရက္ေန့မွာပဲ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ႏွစ္ဖက္အၾကား မိနစ္အေတာ္ၾကာ တိုက္ပြဲျဖစ္ပြားျပီးတဲ့ေနာက္ မူးယစ္ေမွာင္ခိုဂိုဏ္း၀င္ ေတြဟာ ေနာက္ေၾကာင္းျပန္လည္ဆုတ္ခြာ သြားခဲ့ၾကတယ္လို့ဆုိပါတယ္။

ထိုင္းနယ္ျခားေစာင့္တပ္ရဲ ့ သတင္းထုတ္ျပန္ခ်က္မွာေတာ႔ အသက္ ၁၆ နဲ့ ၁၇ ႏွစ္အရြယ္ ေတာင္ေပၚတိုင္းရင္းသား လူငယ္ ၂ ဦးကို ေရႊႀတိဂံေဒသထုတ္ ၉၉၉ တံဆိပ္ စိတ္ႂကြေဆးျပား ၂၅၁,၄၀၀ ေက်ာ္နဲ့အတူ ဖမ္းဆီးလိုက္နိုင္ေၾကာင္း ေဖာ္ျပထားပါတယ္။

ထိုင္းဒုရဲခ်ဳပ္ Phakphong Pongphetra ဦးေဆာင္ျပဳလုပ္တဲ့ ဘန္ေကာက္ျမိဳ့က သတင္းစာရွင္းလင္းပြဲမွာေတာ့ မူယစ္ေဆး၀ါး ကိစၥေတြနဲ႔ ပတ္သက္လို့ အခုလို ေျပာသြားပါတယ္။

မူးယစ္ေဆး၀ါး ႏွိမ္နင္းေရးနဲ႔ ပတ္သက္လုိ့ ရဲတပ္ဖဲြ၀င္ကေတာ့ အျမဲတမ္း အသင့္ျဖစ္ေနသလို ထုိင္းႏို္္င္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ျမင့္မားေနခ်ိန္ရယ္၊ ႏိုင္င္ငံေရး မတည္ျငိမ္မႈေတြ ျဖစ္ခ်ိန္မွာ မူးယစ္ေမွာင္ခိုသမားေတြက အခြင့္ေကာင္းယူျပီး ထိုင္းႏို္င္ငံအတြင္းပိုင္းထိ ျဖန့္ခ်ိလာၾကတာ ျဖစ္တယ္လို႔ ထိုင္းဘာသာနဲ႔ ေျပာဆိုသြားတာ ျဖစ္ပါတယ္။

ဒီရက္ပုိင္းမွာပဲ ဘန္ေကာက္ျမိဳ ့ လတ္ဖလားအို ရပ္ကြြက္ အတြင္းက ေနအိမ္ တလံုးမွာ စိတ္ႂကြဆးျပား ၂ သန္းနဲ ့ Ice မူးယစ္ေဆး ၇ ကီလိုဂရမ္ ဖမ္းဆီးနိုင္ခဲ့ျပီး ဒီလအတြင္း မွာ ေမွာင္ခိုဂိုဏ္း၀င္ ၂၁ ဦးနဲ ့ အတူ ပိုင္ဆိုင္မွု ဘတ္ေငြ ၁၅ သန္းဖိုးကို ႏိုင္ငံေတာ္ပိုင္ အၿဖ္စ သိမ္းဆည္းခဲ႔ေၾကာင္းလည္း ေျပာဆိုခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

စိတ်ကြွဆေး အမြောက်အများနဲ့ မသင်္ကာသူ ၂ ဦး ထိုင်းနိုင်ငံမှာ ဖမ်းဆီးမိ

ထိုင်း- မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် မဲ့အိုင်းမြို့နယ်ရဲ့ သစ်တောအတွင်းမှာ လက်နက်ကိုင်ထားတဲ့ မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ် တို့ဟာ သြဂုတ်လ ၁၄ ရက်နေ့ မနက်မှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တောင်ပေါ်တိုင်းရင်းသား ကလေးငယ်၂ဦးနဲ့ စိတ်ကြွဆေးပြား၂သိန်းခွဲကျော် ဖမ်းမိခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက ပြောပြပေးမှာပါ။

ထိုင်း - မြန်မာ နယ်စပ် ချင်းရိုင်ပြည်နယ် မဲအိုင်း မြို့နယ်အတွင်းက သစ်တောတွင်းမှာ ထိုင်းနယ်ခြားစောင့်တပ်ရင်း ၃၃၁၄ ကင်း လှည့်နေတဲ့ အချိန်မှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာကြတဲ့ လက်နက်ကိုင် အုပ်စုတို့ ထိပ်တိုက်တွေ့ခဲ့ကြပြီး နှစ်ဖက်အကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ကြောင်း နယ်ခြား စောင့်တပ်ရင်းက သြဂုတ်လ ၁၄ ရက်နေ့မှာပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။

နှစ်ဖက်အကြား မိနစ်အတော်ကြာ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် မူးယစ်မှောင်ခိုဂိုဏ်းဝင် တွေဟာ နောက်ကြောင်းပြန်လည်ဆုတ်ခွာ သွားခဲ့ကြတယ်လို့ဆိုပါတယ်။

ထိုင်းနယ်ခြားစောင့်တပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အသက် ၁၆ နဲ့ ၁၇ နှစ်အရွယ် တောင်ပေါ်တိုင်းရင်းသား လူငယ် ၂ ဦးကို ရွှေတြိဂံဒေသထုတ် ၉၉၉ တံဆိပ် စိတ်ကြွဆေးပြား ၂၅၁,၄၀၀ ကျော်နဲ့အတူ ဖမ်းဆီးလိုက်နိုင်ကြောင်း ဖော်ပြထားပါတယ်။

ထိုင်းဒုရဲချုပ် Phakphong Pongphetra ဦးဆောင်ပြုလုပ်တဲ့ ဘန်ကောက်မြို့က သတင်းစာရှင်းလင်းပွဲမှာတော့ မူယစ်ဆေးဝါး ကိစ္စတွေနဲ့ ပတ်သက်လို့ အခုလို ပြောသွားပါတယ်။

မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲဝင်ကတော့ အမြဲတမ်း အသင့်ဖြစ်နေသလို ထိုင်းနို်င်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ မြင့်မားနေချိန်ရယ်၊ နိုင်င်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ချိန်မှာ မူးယစ်မှောင်ခိုသမားတွေက အခွင့်ကောင်းယူပြီး ထိုင်းနိုင်ငံအတွင်းပိုင်းထိ ဖြန့်ချိလာကြတာ ဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာပဲ ဘန်ကောက်မြို့ လတ်ဖလားအို ရပ်ကွက် အတွင်းက နေအိမ် တလုံးမှာ စိတ်ကြွဆးပြား ၂ သန်းနဲ့ Ice မူးယစ်ဆေး ၇ ကီလိုဂရမ် ဖမ်းဆီးနိုင်ခဲ့ပြီး ဒီလအတွင်း မှာ မှောင်ခိုဂိုဏ်းဝင် ၂၁ ဦးနဲ့ အတူ ပိုင်ဆိုင်မှု ဘတ်ငွေ ၁၅ သန်းဖိုးကို နိုင်ငံတော်ပိုင် အြဖ်စ သိမ်းဆည်းခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG