သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲေဆာက္နဲ႔ ကမ္ခ်နဘူရီမွာ ခိုဝင္ပုန္းေအာင္းေနတဲ ျမန္မာႏိုင္ငံသားေတြဖမ္းမိ


မယ္လမ သစ္ေတာႀကိဳးဝိုင္းထဲမွာ စေနေန႔ ( ၾသဂုတ္ ၁၄၊ ၂၀၂၁) က ဖမ္းမိတဲ့ျမန္မာႏိုင္ငံသားမ်ား

Zawgyi/Unicode

ထုိင္း-ျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ မဲေဆာက္၊ မယ္လမနဲ႔ကမ္ခ်နဘူရီျပည္နယ္ စိုင္႐ိုသစ္ေတာေတြထဲ ျမန္မာႏုိင္ငံဘက္က ခုိးဝင္လာၾကတဲ့ ျမန္မာႏုိင္ငံသား ၆၀ ေက်ာ္ကို လူကုန္ကူးသူပြဲစား ၄ ဦးနဲ႔အတူ စေန႔က ထုိင္းရဲတပ္ဖြဲ႔က ဖမ္းဆီးခဲ့ပါတယ္။ ဒီအေၾကာင္း ထုိင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္း-ျမန္မာနယ္စပ္ျဖစ္တဲ့ တာ့ခ္ျပည္နယ္၊မယ္လမၿမိဳ႕နယ္နဲ႔ ကမ္ခ်နဘူရီ စိုင္႐ုိသစ္ေတာေတြထဲ ပုန္းေအာင္းေနတဲ့ ျမန္မာႏုိင္ငံသား ၆၀ ေက်ာ္ကို စေနေန႔က ဖမ္းမိခဲ့ေၾကာင္း သက္ဆုိင္ရာ အာဏာ ပိုင္ေတြက ေျပာပါတယ္။ ဖမ္းမိတဲ့ျမန္မာႏုိင္ငံသားေတြနဲ႔ပတ္သက္လို႔ AAC အလုပ္သမား ကူညီေရးအဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ ကိုရဲမင္းက အခုလို ေျပာပါတယ္။

“မေန႔ကဆိုရင္ တရက္တည္း ဖမ္းမိတာ တာ့ခ္ခ႐ိုင္ မဲေဆာက္နားက မယ္လမသစ္ေတာႀကိဳးဝုိင္းထဲမွာ အားလံုး ၄၅ ေယာက္ ဖမ္းမိတယ္။ ပြဲစား ၂ ေယာက္ကိုလည္း ဖမ္းမိတယ္။ ထိုင္းအာဏာပိုင္ေတြက ဖမ္းတာပါ။ ကမ္ခ်နဘူရီမွာလည္း မေန႔ကတရက္တည္း ၁၅ ေယာက္ ဖမ္းမိပါတယ္။ ႏွစ္ေနရာလံုးမွာ ဖမ္းဆီးခံထိတာေပါ့။ ပြဲစားႏွစ္ဦးကိုလည္း အဲဒီေနရာမွာ မိပါတယ္။ မေန႔ကတရက္တည္း ျမန္မာျပည္သားေတြ ၆၀ ေလာက္ ဖမ္းမိတဲ့သေဘာပါ။”

ဖမ္းမိတဲ့ျမန္မာႏိုင္ငံသားေတြဟာ ျမန္မာျပည္တြင္းမွာ ႏို္င္ငံေရး မတည္ၿငိမ္တာ၊ အလုပ္အကိုင္ ရွားပါးတာေတြေၾကာင့္ အလုပ္ရဖို႔ လာခဲ့ၾကသူေတြျဖစ္တယ္လို႔လည္း ကိုရဲမင္းက ေျပာပါတယ္။

“အလုပ္လုပ္ဖို႔ သြားၾကတာပါ။ ကိုယ့္ႏုိင္ငံမွာကလည္း ႏုိင္ငံေရးအၾကပ္အတည္းေတြေကာ၊ စားဝတ္ေနေရး အခက္အခဲေတြေကာ ျမန္မာႏုိင္ငံထဲမွာလည္း ဘယ္လိုမွ ရပ္တည္လို႔ မရေတာ့ဘူး။ အလုပ္အကိုင္ေတြကလည္း အကုန္ရွားပါးေတာ့ အလုပ္သမားေတြက ႀကံဳရာေနရာေတြက ျဖစ္သလို တက္ေနၾကတာပဲ။ ပြဲစားခေတြေပးၿပီး တက္ေနၾကတာ။ တျခား ေနရာမွာလည္း ေန႔စဥ္လို ဖမ္းမိေနတာပါ။ အခုလို တရားမဝင္လမ္းေၾကာင္းေတြက ခိုးဝင္လာသူေတြ တအားမ်ားလာရင္ လူကုန္ကူးတာေတြလည္း တြဲၿပီး ပါလာတာ ထံုးစံျဖစ္ေနပါၿပီ။”

ထိုင္းႏုိင္ငံအတြင္း ကိုဗစ္အေရးေပၚအေျခအေန ေၾကညာထားတဲ့ကာလမွာ တရားမဝင္ ခုိးဝင္သူေတြကို ဖမ္းမိတာ တႏွစ္အတြင္း ၄၀,၀၀၀ ေက်ာ္ေနၿပီျဖစ္ေၾကာင္း ကပ္ေရာဂါထိန္းခ်ဳပ္ေရး ဗဟုိဌာနက ထုတ္ျပန္ခဲ့ပါတယ္။ ဖမ္းမိသူေတြထဲက ၃၀,၀၀၀ ေက်ာ္ဟာ နယ္စပ္ကေန ဝင္လာသူေတြျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ အမ်ားစုကေတာ့ ျမန္မာႏုိင္ငံသားေတြ ျဖစ္ၾကပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္


=======

Unicode

မဲဆောက်နဲ့ ကမ်ချနဘူရီမှာ ခိုဝင်ပုန်းအောင်းနေတဲ့မြန်မာနိုင်ငံသားတွေဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ် မဲဆောက်၊ မယ်လမနဲ့ကမ်ချနဘူရီပြည်နယ် စိုင်ရိုသစ်တောတွေထဲ မြန်မာနိုင်ငံဘက်က ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၆၀ ကျော်ကို လူကုန်ကူးသူပွဲစား ၄ ဦးနဲ့အတူ စနေ့က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ တာ့ခ်ပြည်နယ်၊မယ်လမမြို့နယ်နဲ့ ကမ်ချနဘူရီ စိုင်ရိုသစ်တောတွေထဲ ပုန်းအောင်းနေတဲ့ မြန်မာနိုင်ငံသား ၆၀ ကျော်ကို စနေနေ့က ဖမ်းမိခဲ့ကြောင်း သက်ဆိုင်ရာ အာဏာ ပိုင်တွေက ပြောပါတယ်။ ဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေနဲ့ပတ်သက်လို့ AAC အလုပ်သမား ကူညီရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလို ပြောပါတယ်။

“မနေ့ကဆိုရင် တရက်တည်း ဖမ်းမိတာ တာ့ခ်ခရိုင် မဲဆောက်နားက မယ်လမသစ်တောကြိုးဝိုင်းထဲမှာ အားလုံး ၄၅ ယောက် ဖမ်းမိတယ်။ ပွဲစား ၂ ယောက်ကိုလည်း ဖမ်းမိတယ်။ ထိုင်းအာဏာပိုင်တွေက ဖမ်းတာပါ။ ကမ်ချနဘူရီမှာလည်း မနေ့ကတရက်တည်း ၁၅ ယောက် ဖမ်းမိပါတယ်။ နှစ်နေရာလုံးမှာ ဖမ်းဆီးခံထိတာပေါ့။ ပွဲစားနှစ်ဦးကိုလည်း အဲဒီနေရာမှာ မိပါတယ်။ မနေ့ကတရက်တည်း မြန်မာပြည်သားတွေ ၆၀ လောက် ဖမ်းမိတဲ့သဘောပါ။”

ဖမ်းမိတဲ့မြန်မာနိုင်ငံသားတွေဟာ မြန်မာပြည်တွင်းမှာ နိုင်ငံရေး မတည်ငြိမ်တာ၊ အလုပ်အကိုင် ရှားပါးတာတွေကြောင့် အလုပ်ရဖို့ လာခဲ့ကြသူတွေဖြစ်တယ်လို့လည်း ကိုရဲမင်းက ပြောပါတယ်။

“အလုပ်လုပ်ဖို့ သွားကြတာပါ။ ကိုယ့်နိုင်ငံမှာကလည်း နိုင်ငံရေးအကြပ်အတည်းတွေကော၊ စားဝတ်နေရေး အခက်အခဲတွေကော မြန်မာနိုင်ငံထဲမှာလည်း ဘယ်လိုမှ ရပ်တည်လို့ မရတော့ဘူး။ အလုပ်အကိုင်တွေကလည်း အကုန်ရှားပါးတော့ အလုပ်သမားတွေက ကြုံရာနေရာတွေက ဖြစ်သလို တက်နေကြတာပဲ။ ပွဲစားခတွေပေးပြီး တက်နေကြတာ။ တခြား နေရာမှာလည်း နေ့စဉ်လို ဖမ်းမိနေတာပါ။ အခုလို တရားမဝင်လမ်းကြောင်းတွေက ခိုးဝင်လာသူတွေ တအားများလာရင် လူကုန်ကူးတာတွေလည်း တွဲပြီး ပါလာတာ ထုံးစံဖြစ်နေပါပြီ။”

ထိုင်းနိုင်ငံအတွင်း ကိုဗစ်အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကာလမှာ တရားမဝင် ခိုးဝင်သူတွေကို ဖမ်းမိတာ တနှစ်အတွင်း ၄၀,၀၀၀ ကျော်နေပြီဖြစ်ကြောင်း ကပ်ရောဂါထိန်းချုပ်ရေး ဗဟိုဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဖမ်းမိသူတွေထဲက ၃၀,၀၀၀ ကျော်ဟာ နယ်စပ်ကနေ ဝင်လာသူတွေဖြစ်ကြောင်းလည်း ပြောပါတယ်။ အများစုကတော့ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်ရှင်။

#MyanmarMigrants #MyanmarThailand #VOABurmese#ထိုင်းမြန်မာ#ခိုးဝင်ဖမ်းမိ#ကမ်ချနဘူရီ#တာ့ခ်ခရိုင်

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG