သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေ႐ႊႀတိဂံေဒသကလာတဲ့ ICE မူးယစ္ေဆးမ်ား ထိုင္းေတာင္ပိုင္းမွာဖမ္းမိ


ေရႊႀတိဂံေဒသကထုတ္တဲ့ ICE မူးယစ္ေဆး ၁ တန္ကို ထုိင္းရဲတပ္ဖြဲ႔က ဖမ္းဆီးမိပံု။ (ထိုင္းရဲတပ္ဖြဲ႔၊ ၾသဂုတ္ ၁၆၊ ၂၀၂၁)

Zawgyi/Unicode

မေလးရွားႏုိင္ငံကိုပို႔မယ့္ ေရႊႀတိဂံေဒသထုတ္ ice မူးယစ္ေဆး ၁ တန္ (ကီလိုဂရမ္ ၁,၀၀၀) သယ္လာတဲ့ ကုန္တင္ကားတစီးကို ထုိင္း အာဏာပိုင္ေတြက ထုိင္းေတာင္ပိုင္း၊ မေလးရွားနယ္စပ္ ဆံုခလာခ႐ိုင္ထဲမွာဖမ္းမိခဲ့ေၾကာင္း ၾသဂုတ္လ ၁၅ ရက္ေန႔က သတင္းစာ ရွင္းလင္းပဲြမွာ ေျပာပါတယ္။ ဒီအေၾကာင္း ထုိင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။

ထိုင္းႏိုင္ငံကေန မေလးရွားႏုိင္ငံကိုပို႔မယ့္ ကာလတန္ဖိုး ဘတ္ေငြသန္းေပါင္း ၁,၀၀၀ ေက်ာ္ တန္ဖိုးရွိတဲ့ ေရႊႀတိဂံေဒသထုတ္ Ice မူးယစ္ေဆး ၁ တန္ သယ္ေဆာင္လာတဲ့ ကုန္တင္ကားႀကီးတစီးနဲ႔အတူ ထိုင္းေတာင္ပိုင္း ျပည္နယ္သား မူးယစ္ကုန္ကူးသူ (၅) ဦးကို ထိုင္းေတာင္ပိုင္းမွာ ထုိင္းမူးယသ္ႏွိမ္နင္းေရးရဲေတြနဲ႔ ထုိင္းစစ္တပ္တို႔ ပုးေပါင္း ဖမ္းဆီးခဲ့တာပါ။ ၾသဂုတ္လ (၁၅) ရက္၊ ထုိင္းေတာင္ပိုင္း ရလား ရဲတပ္ဖြဲ႔႐ံုးခ်ဳပ္မွာ လုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း အမွတ္ (၄) ေဒသ ဒုတိယဗိုလ္ခ်ဳပ္ Kriengkrai Srirak က ထိုင္းဘာသာနဲ႔ အခုလို ေျပာသြားတာပါ။
“အစိမ္းေရာင္လက္ဖက္ေျခာက္ထုတ္ပံုစံေတြနဲ႔ ထုတ္ပိုးထားတဲ့ Ice မူးယစ္ေဆးဝါးတစ္တန္ဟာ ထိုင္း-ျမန္မာ-လာအို နယ္စပ္ခ်င္းထိေနတဲ့ ေရႊႀတိဂံေဒသကေန တဆင့္ခ်င္း သယ္ယူလာခဲ့ၾကတာျဖစ္ၿပီး ထိုင္း-မေလးနယ္စပ္ ဆုန္ခလာျပည္နယ္ကိုေရာက္လာတဲ့အခ်ိန္မွာ ထုိင္းရဲ တပ္ဖြဲ႔က ဖမ္းဆီးႏုိင္ခဲ့တာျဖစ္ပါတယ္….” ဆိုၿပီး ေျပာသြားတာပါ။

ဖမ္းဆီးမိခဲ့တဲ့ မူးယစ္ေမွာင္ခိုဂိုဏ္းဝင္ေတြဟာ ထုိင္းေတာင္ပိုင္းေဒသမွာအလုိရွိေနတဲ့ မူးယစ္ေဆးျဖန္႔ျဖဴးေနၾကသူ အဓိကတရားခံေတြ ျဖစ္ေၾကာင္းလည္း ထုတ္ေဖာ္ေျပာဆိုသြားပါတယ္။ အခုလို အေရးပါတဲ့ မူးယစ္ဂိုဏ္းဝင္ေတြကို ဖမ္းဆီးႏိုင္ခဲ့တာဟာ မူးယစ္ႏွိမ္နင္းေရး လုပ္ငန္းေတြကို ရဲနဲ႔စစ္တပ္ပူးေပါင္းၿပီး အေလးထားေဆာင္ရြက္ေနတဲ့အတြက္ တဘက္ႏုိင္ငံကို မပို႔မီ အခ်ိန္မီဖမ္းဆီးႏိုင္ခဲ့တာ ျဖစ္ေၾကာင္း လည္း ေျပာသြားပါတယ္။
ေရႊႀတိဂံေဒသက မူးယစ္ေမွာင္ခိုဂိုဏ္းေတြဟာ စိတ္ႂကြေဆး၊ မူးယစ္ေဆးေတြို အရင္ကထက္ပိုထုတ္လာေနၿပီး ထုိင္းႏုိင္ငံဘက္ကို အလံုး အရင္းသယ္ေဆာင္တင္သြင္းေနေၾကာင္းလည္း ဒီရက္ပိုင္းမွာပဲ ထုိင္းႏုိင္ငံရဲ႕ ေဒသဆုိင္ရာသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။
ကုလမသဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈဆုိင္ရာ႐ံုး (UNODC) ရဲ႕ဒီႏွစ္ဆန္းမွာ ထုတ္ျပန္တဲ့ ျမန္မာႏိုင္ငံဘိန္းထုတ္လုပ္မႈ ႏွစ္စဥ္ အစီရင္ခံ စာမွာေတာ့ ေဒသတြင္းမွာ ဓာတုပစၥည္းေတြကိုအေျခခံထုတ္လုပ္တဲ့ မူးယစ္ေဆးဝါးေတြ တြင္က်ယ္လာတယ္လို႔လည္း ေရးသားထားပါတယ္ရွင္။
======

Unicode

ရွှေတြိဂံဒေသကလာတဲ့ ICE မူးယစ်ဆေးများ ထိုင်းတောင်ပိုင်းမှာဖမ်းမိ

မလေးရှားနိုင်ငံကိုပို့မယ့် ရွှေတြိဂံဒေသထုတ် ice မူးယစ်ဆေး ၁ တန် (ကီလိုဂရမ် ၁,၀၀၀) သယ်လာတဲ့ ကုန်တင်ကားတစီးကို ထိုင်း အာဏာပိုင်တွေက ထိုင်းတောင်ပိုင်း၊ မလေးရှားနယ်စပ် ဆုံခလာခရိုင်ထဲမှာဖမ်းမိခဲ့ကြောင်း သြဂုတ်လ ၁၅ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံကိုပို့မယ့် ကာလတန်ဖိုး ဘတ်ငွေသန်းပေါင်း ၁,၀၀၀ ကျော် တန်ဖိုးရှိတဲ့ ရွှေတြိဂံဒေသထုတ် Ice မူးယစ်ဆေး ၁ တန် သယ်ဆောင်လာတဲ့ ကုန်တင်ကားကြီးတစီးနဲ့အတူ ထိုင်းတောင်ပိုင်း ပြည်နယ်သား မူးယစ်ကုန်ကူးသူ (၅) ဦးကို ထိုင်းတောင်ပိုင်းမှာ ထိုင်းမူးယသ်နှိမ်နင်းရေးရဲတွေနဲ့ ထိုင်းစစ်တပ်တို့ ပုးပေါင်း ဖမ်းဆီးခဲ့တာပါ။ သြဂုတ်လ (၁၅) ရက်၊ ထိုင်းတောင်ပိုင်း ရလား ရဲတပ်ဖွဲ့ရုံးချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမှတ် (၄) ဒေသ ဒုတိယဗိုလ်ချုပ် Kriengkrai Srirak က ထိုင်းဘာသာနဲ့ အခုလို ပြောသွားတာပါ။
“အစိမ်းရောင်လက်ဖက်ခြောက်ထုတ်ပုံစံတွေနဲ့ ထုတ်ပိုးထားတဲ့ Ice မူးယစ်ဆေးဝါးတစ်တန်ဟာ ထိုင်း-မြန်မာ-လာအို နယ်စပ်ချင်းထိနေတဲ့ ရွှေတြိဂံဒေသကနေ တဆင့်ချင်း သယ်ယူလာခဲ့ကြတာဖြစ်ပြီး ထိုင်း-မလေးနယ်စပ် ဆုန်ခလာပြည်နယ်ကိုရောက်လာတဲ့အချိန်မှာ ထိုင်းရဲ တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်….” ဆိုပြီး ပြောသွားတာပါ။

ဖမ်းဆီးမိခဲ့တဲ့ မူးယစ်မှောင်ခိုဂိုဏ်းဝင်တွေဟာ ထိုင်းတောင်ပိုင်းဒေသမှာအလိုရှိနေတဲ့ မူးယစ်ဆေးဖြန့်ဖြူးနေကြသူ အဓိကတရားခံတွေ ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုသွားပါတယ်။ အခုလို အရေးပါတဲ့ မူးယစ်ဂိုဏ်းဝင်တွေကို ဖမ်းဆီးနိုင်ခဲ့တာဟာ မူးယစ်နှိမ်နင်းရေး လုပ်ငန်းတွေကို ရဲနဲ့စစ်တပ်ပူးပေါင်းပြီး အလေးထားဆောင်ရွက်နေတဲ့အတွက် တဘက်နိုင်ငံကို မပို့မီ အချိန်မီဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ကြောင်း လည်း ပြောသွားပါတယ်။
ရွှေတြိဂံဒေသက မူးယစ်မှောင်ခိုဂိုဏ်းတွေဟာ စိတ်ကြွဆေး၊ မူးယစ်ဆေးတွေို အရင်ကထက်ပိုထုတ်လာနေပြီး ထိုင်းနိုင်ငံဘက်ကို အလုံး အရင်းသယ်ဆောင်တင်သွင်းနေကြောင်းလည်း ဒီရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံရဲ့ ဒေသဆိုင်ရာသတင်းတွေမှာ ဖော်ပြကြပါတယ်။
ကုလမသဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ဒီနှစ်ဆန်းမှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဘိန်းထုတ်လုပ်မှု နှစ်စဉ် အစီရင်ခံ စာမှာတော့ ဒေသတွင်းမှာ ဓာတုပစ္စည်းတွေကိုအခြေခံထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးတွေ တွင်ကျယ်လာတယ်လို့လည်း ရေးသားထားပါတယ်ရှင်။

#MyanmarDrug #MyanmarThailand #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG