သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မူးယစ္သံသယတရားခံ ေသဆံုးမႈ ထိုင္းရဲအရာရွိ ၆ ဦး ဖမ္းဆီးခံရ


လူသတ္မႈမွာ ပါ၀င္တယ္လို ့သံသယရွိတဲ့ ထိုင္းရဲမ်ားကို Nakhon Sawan ရဲစခန္းသို ့ပို ့ေဆာင္စဥ္ ( ဓာတ္ပံု - AP)

(Zawgyi/Unicode)

ထိုင္းႏိုင္ငံမွာ ဒီလဆန္းပိုင္းက မူးယစ္ေဆးဝါးမႈနဲ႔ ဖမ္းဆီးခံရသူတဦးကို ႏွိပ္စက္ၫွဥ္းပန္း သတ္ျဖတ္မႈနဲ႔ စြပ္စြဲခံထားရတဲ့ Nakhon Sawan ရဲဌာနအႀကီးအကဲ ရဲမွဴး Thitisan Utthanaphon နဲ႔ ေနာက္ထပ္ သံသယရွိသူ ရဲအရာရွိ ၆ ေယာက္ကို ဖမ္းဆီးထားၿပီးျဖစ္တယ္လို႔ ထိုင္းရဲတပ္ဖြဲ႔က အတည္ျပဳ ေျပာဆိုပါတယ္။

ရဲစခန္းမႉးဟာ ထိုင္း ဘတ္ေငြ ၂ သန္း (အေမရိကန္ေဒၚလာ ၆၀,၀၀၀) လာဘ္ေငြရဖို႔ ႀကိဳးစားခ်ိန္မွာ အခုလို လူေသဆံုးခဲ့တာလို႔ ယူဆရေၾကာင္း စံုစမ္းစစ္ေဆးေနတဲ့ ရဲတပ္ဖြဲ႔က ေျပာပါတယ္။

ရဲမွဴး Thitisan Utthanaphon ဟာ မေန႔က ခ်ံဳဘူရီခ႐ိ္ုင္မွာ သူ႔ဖာသာ လာေရာက္အဖမ္းခံခဲ့တာျဖစ္ေၾကာင္း မေန႔ညေႏွာင္းပိုင္းကလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ႏိုင္ငံေတာ္ရဲခ်ဳပ္ Suwat Jangyodsuk က သတင္းေထာက္ေတြကို ေျပာပါတယ္။

“ဒီအမႈနဲ႔ ပတ္သက္သူတိုင္းကုိ စစ္ေဆးသြားမွာျဖစ္ၿပီး စံုစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္းနဲ႔ ရဲအရာရွိေတြကို အျပစ္ရွိတယ္လို႔ေျပာေနတာမဟုတ္ေပမယ့္ သက္ေသအေထာက္အထားေတြအရ ရာဇဝတ္မႈ က်ဴးလြန္ခဲ့တယ္ဆိုတာ ထင္ရွားေၾကာင္း ထိုင္းရဲခ်ဳပ္ Suwat Jangyodsuk က သတင္းေထာက္ေတြကို ေျပာပါတယ္။

ၿပီးခဲ့တဲ့လတုန္းက မူးယစ္ေဆးဝါးမႈနဲ႔ ဖမ္းဆီးခံခဲ့ရသူ Chiraphong Thanaphiphat ကို ရဲစခန္းမွာ လူေလးေယာက္က တြန္းလွဲၿပီး ပလပ္စတစ္အိတ္နဲ႔ ေခါင္းကိုစြပ္ထားခ်ိန္ အသက္ရႈၾကပ္ ေသဆုံးသြားခဲ့တဲ့ ဗြီဒီယို Facebook လူမႈကြန္ရက္မွာ ၿပီးခဲ့တဲ့ရက္ပိ္ုင္းက ပ်ံံ႕ႏွံ႔သြားခဲ့ၿပီးတဲ့ေနာက္ ဒီအမႈကို စံုစမ္းစစ္ေဆးၿပီး အေရးယူဖို႔ ထိုင္း၀န္ႀကီးခ်ဳပ္ကလည္း ၫႊန္ၾကားထားတာပါ။

မမွန္မကန္လုပ္သူေတြကို ကာကြယ္ေပးမွာမဟုတ္ဘဲ ဘယ္သူမဆို ဥပေဒနဲ႔အညီ တသားတည္း ေဆာင္ရြက္မွာျဖစ္ၿပီး လူထု ယံုၾကည္အားကိုးတဲ့ ရဲတပ္ဖြဲ႔ျဖစ္ရလိမ့္မယ္လို႔ ထိုင္းရဲခ်ဳပ္က မေန႔က သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။

အဓိက တရားခံအျဖစ္ သံသယရွိထားသူ ရဲမွဴး Thitisan Utthanaphon ကို ႏွိပ္စက္ၫွဥ္းပမ္းမႈ၊ လူသတ္မႈေတြနဲ႔႔ ဖမ္း၀ရမ္းထုတ္ထားခဲ့ၿပီး ဘန္ေကာက္ၿမိဳ႕အနီးက သူ႔ရဲ႕ေနအိမ္ကို ရဲတပ္ဖြဲ႔က ဗုဒၶဟူးေန႔က ၀င္ေရာက္ရွာေဖြခဲ့ပါတယ္။ ေဒၚလာသန္း ၆၀ ေက်ာ္တန္တဲ့ သူ႔ရဲ႕ေနအိမ္ႀကီးကို ၀င္ရွာခ်ိန္မွာ ဇိမ္ခံကားအမ်ားအျပား ေတြ႕ခဲ့ေၾကာင္း ထိုင္းသတင္းေတြက ေရးသားေဖာ္ျပၾကပါတယ္။

...........................................................................

တိုက္႐ိုက္ လင့္ခ္


မူးယစ်သံသယတရားခံ သေဆုံးမှု ထိုင်းရဲအရာရှိ ၆ ဦး ဖမ်းဆီးခံရ

(Unicode)

ထိုင်းနိုင်ငံမှာ ဒီလဆန်းပိုင်းက မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရသူတဦးကို နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ Nakhon Sawan ရဲဌာနအကြီးအကဲ ရဲမှူး Thitisan Utthanaphon နဲ့ နောက်ထပ် သံသယရှိသူ ရဲအရာရှိ ၆ ယောက်ကို ဖမ်းဆီးထားပြီးဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က အတည်ပြု ပြောဆိုပါတယ်။

ရဲစခန်းမှူးဟာ ထိုင်း ဘတ်ငွေ ၂ သန်း (အမေရိကန်ဒေါ်လာ ၆၀,၀၀၀) လာဘ်ငွေရဖို့ ကြိုးစားချိန်မှာ အခုလို လူသေဆုံးခဲ့တာလို့ ယူဆရကြောင်း စုံစမ်းစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲမှူး Thitisan Utthanaphon ဟာ မနေ့က ချုံဘူရီခရိုင်မှာ သူ့ဖာသာ လာရောက်အဖမ်းခံခဲ့တာဖြစ်ကြောင်း မနေ့ညနှောင်းပိုင်းကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်ရဲချုပ် Suwat Jangyodsuk က သတင်းထောက်တွေကို ပြောပါတယ်။

“ဒီအမှုနဲ့ ပတ်သက်သူတိုင်းကို စစ်ဆေးသွားမှာဖြစ်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်းနဲ့ ရဲအရာရှိတွေကို အပြစ်ရှိတယ်လို့ပြောနေတာမဟုတ်ပေမယ့် သက်သေအထောက်အထားတွေအရ ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်ဆိုတာ ထင်ရှားကြောင်း ထိုင်းရဲချုပ် Suwat Jangyodsuk က သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့လတုန်းက မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံခဲ့ရသူ Chiraphong Thanaphiphat ကို ရဲစခန်းမှာ လူလေးယောက်က တွန်းလှဲပြီး ပလပ်စတစ်အိတ်နဲ့ ခေါင်းကိုစွပ်ထားချိန် အသက်ရှုကြပ် သေဆုံးသွားခဲ့တဲ့ ဗွီဒီယို Facebook လူမှုကွန်ရက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပျံံ့နှံ့သွားခဲ့ပြီးတဲ့နောက် ဒီအမှုကို စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ ထိုင်းဝန်ကြီးချုပ်ကလည်း ညွှန်ကြားထားတာပါ။

မမှန်မကန်လုပ်သူတွေကို ကာကွယ်ပေးမှာမဟုတ်ဘဲ ဘယ်သူမဆို ဥပဒေနဲ့အညီ တသားတည်း ဆောင်ရွက်မှာဖြစ်ပြီး လူထု ယုံကြည်အားကိုးတဲ့ ရဲတပ်ဖွဲ့ဖြစ်ရလိမ့်မယ်လို့ ထိုင်းရဲချုပ်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

အဓိက တရားခံအဖြစ် သံသယရှိထားသူ ရဲမှူး Thitisan Utthanaphon ကို နှိပ်စက်ညှဉ်းပမ်းမှု၊ လူသတ်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်ထားခဲ့ပြီး ဘန်ကောက်မြို့အနီးက သူ့ရဲ့နေအိမ်ကို ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့က ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ ဒေါ်လာသန်း ၆၀ ကျော်တန်တဲ့ သူ့ရဲ့နေအိမ်ကြီးကို ဝင်ရှာချိန်မှာ ဇိမ်ခံကားအများအပြား တွေ့ခဲ့ကြောင်း ထိုင်းသတင်းတွေက ရေးသားဖော်ပြကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG