သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း၊ ကန္ခ်နဘူရီ စက္႐ံုတခုမွာ ကိုဗစ္ကူးစက္မႈ ျမန္မာအလုပ္သမား အမ်ားစုပါ


ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြကို ေျပာင္းေရႊ႕ေပးေနပုံ။ CJ

Zawgyi/Unicode

ထိုင္းႏုိင္ငံမွာ ကိုဗစ္ကပ္ေရာဂါဆိုင္ရာ ပိတ္ပင္ကန္႔သတ္ခ်က္ေတြကို ေရွ႕လဆန္းကစၿပီး ေျဖေလွ်ာ့ေပးဖို႔ ထိုင္းအစိုးရက ျပင္ဆင္ေနခ်ိန္မွာပဲ ျမန္မာ ေရႊ႕ေျပာင္းအလုပ္သမားေတြ လုပ္ကိုင္ေနတဲ့ စက္႐ံုေတြမွာ ကိုဗစ္ကူးစက္မႈ ဆက္ရွိေနဆဲပါ။ ဒီထဲက အခုေနာက္ဆံုး ကူးစက္မႈျဖစ္ထားတဲ့ စက္႐ံုတ႐ံုက အေျခအေနကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏို္င္ငံမွာ ကိုဗစ္ကပ္ေရာဂါ ျဖစ္ပြားမူးႏွံုးေတြက ေန႔စဥ္ ေသာင္းနဲ့ခ်ီ ကူးစက္မူေတြ ဆက္ျဖစ္ေနေပမယ့္ လာမဲ့ စက္တင္ဘာလဆန္းကစျပီး ကန့္သတ္ပိတ္ဆုိ့ထားတဲ့အမိန့္ေတြ၊ ညမထြက္ရ အမိန္႔ေတြထဲက တခ်ိဳ ့ကိုေျဖေလ်ာ့ေပးဖို့ ထုိင္းအစုိးရက စီစဥ္ေနတာပါ။

ဒါေပမယ္လည္း အနီရင့္ေရာင္အဆင့္သတ္မွတ္ထားတဲ့ ျပည္နယ္ေတြထဲမွာေတာ့ ကူးစက္မူေတြဆက္ရွိေနပါတယ္။ ကန္ခ်နဘူရီျပည္နယ္ ထမြန္ျမိဳ ့နယ္အတြင္းက SEWT ၀ါယာၾကိဳးစက္ရံုမွာ ျမန္မာနိုုင္ငံသာ အမ်ားစုပါတဲ့ အလုပ္သမား ၆၀၀ ေက်ာ္ ကိုဗစ္ေရာဂါပိုး ကူးစက္ေနတာေၾကာင့္ အေရးေပၚယာယီေဆးရံုေတြကို ပုိ႔ေနရသလို နီးစပ္ရာ လူေနရပ္ကြက္ေတြပါ ကူးဆက္လာနိုင္တာေၾကာင့္ စက္ရံုကိုပိတ္ျပီး တျခားမကူးစက္ေသးတဲ့လူေတြကိုပါ ေျပာင္းေရႊ႕ေပးေနပါတယ္။

ဒီအေျခအေနနဲ႔ပတ္သက္ၿပီး ျပည္နယ္အုပ္ခ်ဳပ္ေရးမူး က်ီရကိယက္ ဖြမ္စ၀ပ္ (Jeerakiart Phumsawat) က - "စက္ရံုကို ယာယီီပိတ္ျပီး ပိုးသတ္တာအျပင္ သန့္ရွင္းေအာင္ေဆးေက်ာမွုေတြ လုပ္မယ့္အတြက္ စက္ရံုတြင္းက အလုပ္သမားေတြကို ျပင္ပ ေနရာေတြကို ေျပာင္းေရႊ႕ေပးေနပါတယ္၊ ကူးစက္သူအမ်ားစုက ျမန္မာနိုင္ငံသားေတြပါ၊ သူတို့ဟာ MOU ႏွစ္ႏို္င္ငံသေဘာတူညီမႈနဲ့လာေရာက္လုပ္ကိုင္ေနတာျဖစ္ပါတယ္" လို႔ ေျပာသြားပါတယ္။

ကိုဗစ္ကူးစက္မႈရွိေနတဲ့ စက္ရံုအနီးမွာ ထိုင္းနဲ ့ျမန္မာ အလုပ္သမားေတြ၊ သူတို့ရဲ့ မိသားစု၀င္ေတြအပါအဝင္ ျပည္သူ ၁၂,၀၀၀ ေက်ာ္ေလာက္ ေနထုိင္ေနတာမို့ သူတို့ကိုကာကြယ္ေဆးေတြ အျမန္ဆံုုးထိုးေပးဖို့ကိုလည္း ျမိဳ့နယ္အာဏာပိုင္ေတြက စီစဥ္ေဆာင္ရြက္ေနပါတယ္။

ဒီစက္႐ုံမွာ အလုပ္သမား ၃,၃၃၄ ေယာက္ရွိၿပီး ထိုင္း ၉၆၃ ေယာက္၊ ျမန္မာလုပ္သား ၂,၃၆၇ ေယာက္နဲ့ ဂ်ပန္လူမ်ိဳးေလးဦး ရွိပါတယ္။ ဒီထဲက ျမန္မာ ၅၀၀ ေက်ာ္နဲ့ ထုိ္င္းလူမ်ိဳး ၁၀၀ နီးပါး ကူးစက္ခံေနရတာပါ။

ထိုင္ းကိုဗစ္ကပ္ေရာဂါထိန္းခ်ဳပ္ေရးဗဟုိဌာနကေတာ့ ကန့္သတ္ပိတ္ဆို့မူေတြကို စက္တင္ဘာလ ၁ ရက္ေန့ကစျပိီးေျဖေလ်ာ့ေပးမွာမုိ့ စားေသာက္ဆိုင္လုပ္ငန္း ၅၀% ထိုင္စားခြင့္ျပဳတာမ်ိဳး၊ ကုန္တိုက္၊ အလွျပင္ဆိုင္၊ ေျခဖဝါးႏွိပ္ခန္း၊ ပန္းၿခံေတြ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳမယ္လို့ ေျပာဆုိထားပါတယ္။ ဒါ့အျပင္ ညမထြက္ရအမိန့္အခ်ိန္ေတြကို ည ၁၀ နာရီကေန မနက္ ၄ နာရီအထိသာ ေျပာင္းလဲသတ္မွတ္သြားမယ္လုိ့ ဆိုပါတယ္။

လက္ရိွမွာေတာ့ ထုိင္းႏို္င္ငံမွာ ကိုဗစ္အတည္ျပဳလူနာ ၁,၁၅၇,၀၀၀ ေက်ာ္ရွိေနျပီး ၾသဂုတ္လ ၂၈ ရက္ေန့တေန့တည္း ကူးစက္သူကေတာ့ ၁၈,၀၀၀ နီးပါးရွိပါတယ္။ ေသဆံုးသူကေတာ့ ၁၁,၀၀၀ နီးပါးထိရွိလာပါျပီ။

တိုက္႐ိုက္ လင့္ခ္


=======

Unicode

ထိုင်း၊ ကန်ချနဘူရီ စက်ရုံတခုမှာ ကိုဗစ်ကူးစက်မှု မြန်မာအလုပ်သမားအများစုပါ

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်တွေကို ရှေ့လဆန်းကစပြီး ဖြေလျှော့ပေးဖို့ ထိုင်းအစိုးရက ပြင်ဆင်နေချိန်မှာပဲ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ကိုင်နေတဲ့ စက်ရုံတွေမှာ ကိုဗစ်ကူးစက်မှု ဆက်ရှိနေဆဲပါ။ ဒီထဲက အခုနောက်ဆုံး ကူးစက်မှုဖြစ်ထားတဲ့ စက်ရုံတရုံက အခြေအနေကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမူးနှုံးတွေက နေ့စဉ် သောင်းနဲ့ချီ ကူးစက်မူတွေ ဆက်ဖြစ်နေပေမယ့် လာမဲ့ စက်တင်ဘာလဆန်းကစပြီး ကန့်သတ်ပိတ်ဆို့ထားတဲ့အမိန့်တွေ၊ ညမထွက်ရ အမိန့်တွေထဲက တချို့ကိုဖြေလျော့ပေးဖို့ ထိုင်းအစိုးရက စီစဉ်နေတာပါ။

ဒါပေမယ်လည်း အနီရင့်ရောင်အဆင့်သတ်မှတ်ထားတဲ့ ပြည်နယ်တွေထဲမှာတော့ ကူးစက်မူတွေဆက်ရှိနေပါတယ်။ ကန်ချနဘူရီပြည်နယ် ထမွန်မြို့နယ်အတွင်းက SEWT ဝါယာကြိုးစက်ရုံမှာ မြန်မာနိုင်ငံသာ အများစုပါတဲ့ အလုပ်သမား ၆၀၀ ကျော် ကိုဗစ်ရောဂါပိုး ကူးစက်နေတာကြောင့် အရေးပေါ်ယာယီဆေးရုံတွေကို ပို့နေရသလို နီးစပ်ရာ လူနေရပ်ကွက်တွေပါ ကူးဆက်လာနိုင်တာကြောင့် စက်ရုံကိုပိတ်ပြီး တခြားမကူးစက်သေးတဲ့လူတွေကိုပါ ပြောင်းရွှေ့ပေးနေပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး ပြည်နယ်အုပ်ချုပ်ရေးမူး ကျီရကိယက် ဖွမ်စဝပ် (Jeerakiart Phumsawat) က - "စက်ရုံကို ယာယီပိတ်ပြီး ပိုးသတ်တာအပြင် သန့်ရှင်းအောင်ဆေးကျောမှုတွေ လုပ်မယ့်အတွက် စက်ရုံတွင်းက အလုပ်သမားတွေကို ပြင်ပ နေရာတွေကို ပြောင်းရွှေ့ပေးနေပါတယ်၊ ကူးစက်သူအများစုက မြန်မာနိုင်ငံသားတွေပါ၊ သူတို့ဟာ MOU နှစ်နိုင်ငံသဘောတူညီမှုနဲ့လာရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်" လို့ ပြောသွားပါတယ်။

ကိုဗစ်ကူးစက်မှုရှိနေတဲ့ စက်ရုံအနီးမှာ ထိုင်းနဲ့မြန်မာ အလုပ်သမားတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေအပါအဝင် ပြည်သူ ၁၂,၀၀၀ ကျော်လောက် နေထိုင်နေတာမို့ သူတို့ကိုကာကွယ်ဆေးတွေ အမြန်ဆုံးထိုးပေးဖို့ကိုလည်း မြို့နယ်အာဏာပိုင်တွေက စီစဉ်ဆောင်ရွက်နေပါတယ်။

ဒီစက်ရုံမှာ အလုပ်သမား ၃,၃၃၄ ယောက်ရှိပြီး ထိုင်း ၉၆၃ ယောက်၊ မြန်မာလုပ်သား ၂,၃၆၇ ယောက်နဲ့ ဂျပန်လူမျိုးလေးဦး ရှိပါတယ်။ ဒီထဲက မြန်မာ ၅၀၀ ကျော်နဲ့ ထိုင်းလူမျိုး ၁၀၀ နီးပါး ကူးစက်ခံနေရတာပါ။

ထိုင် းကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးဗဟိုဌာနကတော့ ကန့်သတ်ပိတ်ဆို့မူတွေကို စက်တင်ဘာလ ၁ ရက်နေ့ကစပြီးဖြေလျော့ပေးမှာမို့ စားသောက်ဆိုင်လုပ်ငန်း ၅၀% ထိုင်စားခွင့်ပြုတာမျိုး၊ ကုန်တိုက်၊ အလှပြင်ဆိုင်၊ ခြေဖဝါးနှိပ်ခန်း၊ ပန်းခြံတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမယ်လို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် ညမထွက်ရအမိန့်အချိန်တွေကို ည ၁၀ နာရီကနေ မနက် ၄ နာရီအထိသာ ပြောင်းလဲသတ်မှတ်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၁,၁၅၇,၀၀၀ ကျော်ရှိနေပြီး သြဂုတ်လ ၂၈ ရက်နေ့တနေ့တည်း ကူးစက်သူကတော့ ၁၈,၀၀၀ နီးပါးရှိပါတယ်။ သေဆုံးသူကတော့ ၁၁,၀၀၀ နီးပါးထိရှိလာပါပြီ။

#ThailandCOVID #ThailandMigrants #MyanmarMigrants #COVID #AyeAyeMar #voaburmese #ကိုဗစ် #ရွှေ့ပြောင်းလုပ်သား #အေးအေးမာ #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG