သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေက်ာင္းေတြပိတ္ခံရလို႔ ႐ိုဟင္ဂ်ာဒုကၡသည္ကေလးေတြပညာေရးအခက္ႀကဳံ


ကုတုပလောင္ ရိုဟင္ဂ်ာ ဒုကၡသည္စခန္းက စာသင္ေက်ာင္းတခု (ဓာတ္ပံု - Refugees from Kutupalong )

ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္က ထြက္ေျပးသြားၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြရွိရာ ဘဂၤလားေဒ့ရ္ွကစခန္းေတြမွာ ကိုယ္ထူကိုယ္ထေက်ာင္းေတြကို ဘဂၤလားေဒ့္ရ္ွ အာဏာပိုင္ေတြက ပိတ္ပင္ေနတာမို႔၊ ႐ိုဟင္ဂ်ာကေလးေတြရဲ႕ ပညာေရးအခက္ႀကဳံေနပါတယ္။ ဒီအေၾကာင္း မဆုမြန္ ဆက္သြယ္ေမးျမန္းထားပါတယ္။

ရခိုင္ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာဒုကၡသည္ေတြအမ်ားဆုံးခိုလႈံေနၾကတဲ့ ဘဂၤလားေဒ့ရ္ွႏိုင္ငံ ေကာ့ဇ္ဘဇားခ႐ိုင္ထဲ ကုတုပေလာင္ဒုကၡသည္စခန္းက ကိုယ္ထူကိုယ္ထစာသင္ေက်ာင္းေတြ ပိတ္ပင္ဖို႔ စခန္းတာဝန္ရွိသူေတြက ဇန္နဝါရီလဆန္းပိုင္းမွာ ၫႊန္ၾကားခ်က္ထုတ္ခဲ့ပါတယ္။ ပုဂၢလိကသင္ၾကားေရးစင္တာေတြ အကုန္ပိတ္သိမ္းဖို႔၊ ေနအိမ္ေတြမွာ ကိုယ္ထူကိုယ္ထသင္ၾကားေနတာေတြကို ရပ္တန႔္ပစ္ဖို႔နဲ႔ အျခားမျဖစ္မေန လိုက္နာရမယ့္စည္းကမ္းခ်က္ေတြပါဝင္တဲ့ (၁၉)ခ်က္ပါ ေၾကညာခ်က္ကို စခန္းတာဝန္ရွိသူေတြက ထုတ္ျပန္ခဲ့ပါတယ္။ ဒုကၡသည္စခန္းအတြင္း လူမႈအဖြဲ႕ေတြကဖြင့္တဲ့ ကိုယ္ထူကိုယ္ထေက်ာင္းေတြကို ပိတ္ပင္ဖို႔ ဘဂၤလားေဒ့ရ္ွအစိုးရက ၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာအတြင္းက ဆုံးျဖတ္ခဲ့ၿပီးေနာက္၊ ဒီၫႊန္ၾကားခ်က္ေတြ ထြက္လာတာပါ။ စခန္းအတြင္း မၿငိမ္သက္မႈေတြနဲ႔ ဆႏၵျပမႈေတြျဖစ္လာတဲ့ေနာက္ ဘဂၤလားေဒ့ရ္ွအစိုးရဖက္က အဲဒီေက်ာင္းေတြရဲ႕ သင္ၾကားမႈပုံစံကို စိုးရိမ္လာတယ္လို႔ ေဒသတြင္းသတင္းေတြမွာ ေရးၾကပါတယ္။ ဒါေပမယ့္လည္း ဒါဟာ အေျဖမဟုတ္ဘူးလို႔ လူ႔အခြင့္အေရးအဖြဲ႕ေတြကေတာ့ ေဝဖန္ၾကပါတယ္။

ေနရပ္ရင္းျပန္ဖို႔လည္း မေရရာ၊ ကပ္ေဘးေၾကာင့္ ကန႔္သတ္မႈေတြႀကီးေနတဲ့ အေျခအေနမ်ိဳးမွာ ဒီအမိန႔္ေၾကာင့္ ကေလးငယ္ေတြ ပညာဆက္လက္သင္ၾကားေရး အခက္အခဲႀကဳံၾကရတယ္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္ဦးေမာင္ေမာင္ကေျပာျပပါတယ္။

"က်ေနာ္တို႔ စခန္းေပါ့ဗ်ာ ကုတုပေလာင္ဒုကၡသည္စခန္းထဲက ကမ့္(၁)မွာ ေက်ာင္းသားေပါင္း(၄၀၀)ေက်ာ္ေလာက္ ရွိတဲ့စာသင္ေဆာင္တခုကို သူတို႔က ဖ်က္လိုက္တဲ့အခါမွာ က်ေနာ္တို႔ အင္မတန္မွကို စိတ္မေကာင္းျဖစ္ေနပါတယ္။ အမိန႔္ထုတ္ၿပီးတဲ့ေနာက္ပိုင္း စခန္းတာဝန္ခံမ်ားကို အစည္းအေဝးေခၚၿပီး ဥပေဒနဲ႔မညီဘူးဆိုၿပီး ဖ်က္ခိုင္း ၿဖိဳခိုင္းေနတယ္။ ဇန္နဝါရီလ(၆)ရက္ေန႔မွာ တခါတည္း ကမ့္ထဲမွာ ရွိတဲ့ က်ေနာ္တို႔ စာသင္ေဆာင္ေတြ အကုန္လုံးကို ဖ်က္ခ်ပစ္လိုက္တယ္။ က်ေနာ္တို႔က ကိုယ့္ဟာကိုဘာသာစကားနဲ႔ကိုယ္သင္ၾကားဖို႔ ႀကိဳးစားေနတာကို ဖ်က္ခ်ခိုင္းလိုက္တာ ျပန္သင္ၾကားဖို႔အေျခအေနမရွိဘူး အခုလည္း ဒီအတိုင္းပဲ ေစာင့္ဆိုင္းေနၾကရတယ္ ႏိုင္ငံတကာကိုလည္း အကူအညီေတာင္းထားတယ္။ က်ေနာ္တို႔ ကေလးေတြ ပညာသင္ယူခြင့္ရဖို႔ က်ေနာ္တို႔ေတြ တတ္ႏိုင္သေလာက္ ႀကိဳးစားသြားမွာပါ ဘဂၤလားေဒ့ရွ္အစိုးရကိုလည္း က်ေနာ္တို႔ ပညာသင္ၾကားခြင့္မရတဲ့ကေလးေတြ ပညာသင္ၾကားခြင့္ေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္။ သူတို႔ဘာေၾကာင့္ ဒီလိုလုပ္ရတယ္ဆိုတာကိုလည္း က်ေနာ္တို႔ လုံးဝ နားမလည္ဘူးျဖစ္ေနပါတယ္။”

႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲ လူထုအေျချပဳကိုယ္ထူကိုယ္ထေက်ာင္းေတြကို အခုလို ဖ်က္သိမ္းခိုင္းတဲ့အေပၚမွာ နားမလည္ႏိုင္ေအာင္ျဖစ္ေနရတယ္လို႔ ဒုကၡသည္ေတြကို ပညာေပးအစီအစဥ္ေတြ ေစတနာ့ဝန္ထမ္းအျဖစ္ ကူညီေပးေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ကိုေအာင္ၿမိဳင္ကလည္း ေျပာပါတယ္။ ႐ိုဟင္ဂ်ာကေလးငယ္ေတြနဲ႔ လူငယ္ေတြရဲ႕ အနာဂတ္ဟာ ေမွ်ာ္လင့္ခ်က္မဲ့ၿပီး အနာဂတ္ေပ်ာက္ေနရတဲ့အေနအထားျဖစ္လာေနတယ္လို႔ သူ႔စိုးရိမ္ခ်က္ကို ေျပာျပပါတယ္။

"ဒီကမ့္ထဲမွာက စာသင္ေက်ာင္းေတြလည္း မဖြင့္ရဘူး ဒီမွာက စဥ္းစားမယ္ဆိုရင္ ဘာမွ လမ္းမျမင္ ကမ္းမျမင္ျဖစ္ေနၾကတယ္ ဒီမွာက။ အမွန္တကယ္ေျပာရမယ္ဆိုလို႔ရွိရင္။ က်ေနာ္တို႔ဘဝရဲ႕ ေမွ်ာ္လင့္ခ်က္ဆိုတာ ဒီမွာက ဘာမွကို မရွိေတာ့ဘူး။ အဲ့လိုပုံစံျဖစ္ေနတယ္။ ဟိုဘက္ကလည္း ျပန္မေခၚဘူးဆိုေတာ့။ ျမန္မာဘက္ကလည္း သူတို႔ တကယ္တမ္းက်ေတာ့လည္း မေခၚဘူးေလ။ ဒီဘက္မွာက စီးပြားေရးကလည္းမရွိဘူး အလုပ္အကိုင္အခြင့္အလမ္းကလည္း မရွိဘူး။ ပညာသင္ယူခြင့္ကလည္း မရွိဘူး အဲ့လိုဆိုေတာ့ ဒီအတိုင္းသာ ဆက္သြားေနမယ္ဆိုရင္ က်ေနာ္တို႔အတြက္ ဆိုးက်ိဳးက ပိုၿပီးေတာ့ မ်ားႏိုင္တယ္။ ဒီလူေတြက ဘာမွလုပ္လို႔မရဘူးဆိုရင္ ပိုၿပီးေတာ့ ဆိုးဝါးသြားႏိုင္တဲ့အေျခအေနျဖစ္ေနတယ္လို႔ က်ေနာ္တို႔က သုံးသပ္ပါတယ္။"

အရင္က ပညာေရးဝန္ထမ္း ေက်ာင္းဆရာအျဖစ္ လုပ္ကိုင္ခဲ့ဖူးသူ ကိုေအာင္ၿမိဳင္ကေတာ့ လတ္တေလာမွာေတာ့ ႐ိုဟင္ဂ်ာကေလးငယ္ေလးေတြကို ေနအိမ္ေတြမွာပဲ စာသင္ၾကားေပးေနတယ္လို႔လည္း ေျပာျပပါတယ္။

"ေလာေလာဆယ္မွာေတာ့ ကိုယ္ထူကိုယ္ထေပါ့ေနာ္ စာသင္ေပးေနတာရွိတယ္။ အဲ့တာကလည္း ကိုယ့္ကေလးေတြကို ကိုယ္ကပဲ စာသင္ေပးေနတဲ့သေဘာေပါ့ ဒီမွာဒုကၡသည္ေတြထဲကေန ေက်ာင္းဆရာေတြက သူတို႔ရဲ႕ အနီးတဝိုက္က ကေလးေတြကို စာသင္ေပးေနတာရွိတယ္။ ဒါေပမဲ့လည္း အဲ့တာက မွတ္တမ္းမွတ္ရာနဲ႔အဲ့လိုေတာ့မဟုတ္ဘူးေလ။ ၿပီးေတာ့ လူႀကီးေတြဆိုရင္လည္း အလုပ္အကိုင္အခြင့္အလမ္းဆိုတာ လိုတယ္ေလ ဒီမွာက အလုပ္အကိုင္အခြင့္အလမ္းကမရွိဘူး။ ကေလးေတြကလည္း ပညာသင္ယူခြင့္အခြင့္အလမ္းက မရွိဘူး ၿပီးေတာ့ တျခားစားဝတ္ေနေရးအပိုင္းကလည္း သူမ်ားကိုအားကိုးၿပီး စားေသာက္ေနရတာဆိုေတာ့ ေနာက္ဆို ဒီလူေတြရဲ႕ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကိုပဲ ပိုဦးတည္သြားမယ့္အေနအထားကို ျဖစ္ေနတယ္။ ဒီလူေတြက ဘာမွကို လုပ္ခြင့္မရွိဘူးဆိုရင္ အဆိုးဘက္ကို ေရာက္သြားမယ္။ ပိုမ်ားလာတယ္ ဘာျဖစ္လို႔ မ်ားလာလည္းဆိုရင္ ကေလးေတြက ပညာသင္ယူလို႔မရဘူး။ ဆိုရင္ ဒီမွာ က်ားမအေျချပဳတဲ့ အၾကမ္းဖက္မႈေတြလည္း မ်ားလာတယ္။ အဲ့တာကိုလည္း က်ေနာ္တို႔တင္ျပခ်င္တယ္။ "

အခုလို စိုးရိမ္စရာအေျခအေနမွာ ရွိေနတဲ့ ႐ိုဟင္ဂ်ာကေလးေတြရဲ႕ ပညာေရး အေလးထားကူညီေပးဖို႔ မေလးရွားအစိုးရအပါအဝင္ အစိုးရမ်ားနဲ႔ အဖြဲ႕အစည္းေတြကို ႐ိုဟင္ဂ်ာဒုကၡသည္အေရးေဆာင္႐ြက္ေပးေနတဲ့ အဖြဲ႕၂၆ဖြဲ႕ကလည္း ေတာင္းဆိုထားပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့အသုံးကို လက္ခံမထားတဲ့ ျမန္မာစစ္တပ္ကေတာ့ ဘဂၤလားေဒ့ရ္ွက မြတ္ဆလင္ဒုကၡသည္ေတြျပန္လည္ေခၚယူဖို႔ အစီအစဥ္ဆက္လုပ္သြားမယ္လို႔ ဆိုေနေပမယ့္၊ ဒီေန႔ထက္အထိ ထူးျခားတိုးတက္လာမႈမရွိေသးပါဘူး။

...................................................................................................

တိုက္႐ိုက္ လင့္ခ္


ကျောင်းတွေပိတ်ခံရလို့ ရိုဟင်ဂျာဒုက္ခသည်ကလေးတွေပညာရေးအခက်ကြုံ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရှိရာ ဘင်္ဂလားဒေ့ရ်ှကစခန်းတွေမှာ ကိုယ်ထူကိုယ်ထကျောင်းတွေကို ဘင်္ဂလားဒေ့်ရ်ှ အာဏာပိုင်တွေက ပိတ်ပင်နေတာမို့၊ ရိုဟင်ဂျာကလေးတွေရဲ့ ပညာရေးအခက်ကြုံနေပါတယ်။ ဒီအကြောင်း မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာဒုက္ခသည်တွေအများဆုံးခိုလှုံနေကြတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲ ကုတုပလောင်ဒုက္ခသည်စခန်းက ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေ ပိတ်ပင်ဖို့ စခန်းတာဝန်ရှိသူတွေက ဇန်နဝါရီလဆန်းပိုင်းမှာ ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။ ပုဂ္ဂလိကသင်ကြားရေးစင်တာတွေ အကုန်ပိတ်သိမ်းဖို့၊ နေအိမ်တွေမှာ ကိုယ်ထူကိုယ်ထသင်ကြားနေတာတွေကို ရပ်တန့်ပစ်ဖို့နဲ့ အခြားမဖြစ်မနေ လိုက်နာရမယ့်စည်းကမ်းချက်တွေပါဝင်တဲ့ (၁၉)ချက်ပါ ကြေညာချက်ကို စခန်းတာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒုက္ခသည်စခန်းအတွင်း လူမှုအဖွဲ့တွေကဖွင့်တဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေကို ပိတ်ပင်ဖို့ ဘင်္ဂလားဒေ့ရ်ှအစိုးရက ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာအတွင်းက ဆုံးဖြတ်ခဲ့ပြီးနောက်၊ ဒီညွှန်ကြားချက်တွေ ထွက်လာတာပါ။ စခန်းအတွင်း မငြိမ်သက်မှုတွေနဲ့ ဆန္ဒပြမှုတွေဖြစ်လာတဲ့နောက် ဘင်္ဂလားဒေ့ရ်ှအစိုးရဖက်က အဲဒီကျောင်းတွေရဲ့ သင်ကြားမှုပုံစံကို စိုးရိမ်လာတယ်လို့ ဒေသတွင်းသတင်းတွေမှာ ရေးကြပါတယ်။ ဒါပေမယ့်လည်း ဒါဟာ အဖြေမဟုတ်ဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဝေဖန်ကြပါတယ်။

နေရပ်ရင်းပြန်ဖို့လည်း မရေရာ၊ ကပ်ဘေးကြောင့် ကန့်သတ်မှုတွေကြီးနေတဲ့ အခြေအနေမျိုးမှာ ဒီအမိန့်ကြောင့် ကလေးငယ်တွေ ပညာဆက်လက်သင်ကြားရေး အခက်အခဲကြုံကြရတယ်လို့ ရိုဟင်ဂျာဒုက္ခသည်ဦးမောင်မောင်ကပြောပြပါတယ်။

"ကျနော်တို့ စခန်းပေါ့ဗျာ ကုတုပလောင်ဒုက္ခသည်စခန်းထဲက ကမ့်(၁)မှာ ကျောင်းသားပေါင်း(၄၀၀)ကျော်လောက် ရှိတဲ့စာသင်ဆောင်တခုကို သူတို့က ဖျက်လိုက်တဲ့အခါမှာ ကျနော်တို့ အင်မတန်မှကို စိတ်မကောင်းဖြစ်နေပါတယ်။ အမိန့်ထုတ်ပြီးတဲ့နောက်ပိုင်း စခန်းတာဝန်ခံများကို အစည်းအဝေးခေါ်ပြီး ဥပဒေနဲ့မညီဘူးဆိုပြီး ဖျက်ခိုင်း ဖြိုခိုင်းနေတယ်။ ဇန်နဝါရီလ(၆)ရက်နေ့မှာ တခါတည်း ကမ့်ထဲမှာ ရှိတဲ့ ကျနော်တို့ စာသင်ဆောင်တွေ အကုန်လုံးကို ဖျက်ချပစ်လိုက်တယ်။ ကျနော်တို့က ကိုယ့်ဟာကိုဘာသာစကားနဲ့ကိုယ်သင်ကြားဖို့ ကြိုးစားနေတာကို ဖျက်ချခိုင်းလိုက်တာ ပြန်သင်ကြားဖို့အခြေအနေမရှိဘူး အခုလည်း ဒီအတိုင်းပဲ စောင့်ဆိုင်းနေကြရတယ် နိုင်ငံတကာကိုလည်း အကူအညီတောင်းထားတယ်။ ကျနော်တို့ ကလေးတွေ ပညာသင်ယူခွင့်ရဖို့ ကျနော်တို့တွေ တတ်နိုင်သလောက် ကြိုးစားသွားမှာပါ ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း ကျနော်တို့ ပညာသင်ကြားခွင့်မရတဲ့ကလေးတွေ ပညာသင်ကြားခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။ သူတို့ဘာကြောင့် ဒီလိုလုပ်ရတယ်ဆိုတာကိုလည်း ကျနော်တို့ လုံးဝ နားမလည်ဘူးဖြစ်နေပါတယ်။”

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ လူထုအခြေပြုကိုယ်ထူကိုယ်ထကျောင်းတွေကို အခုလို ဖျက်သိမ်းခိုင်းတဲ့အပေါ်မှာ နားမလည်နိုင်အောင်ဖြစ်နေရတယ်လို့ ဒုက္ခသည်တွေကို ပညာပေးအစီအစဉ်တွေ စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးနေတဲ့ ရိုဟင်ဂျာဒုက္ခသည်ကိုအောင်မြိုင်ကလည်း ပြောပါတယ်။ ရိုဟင်ဂျာကလေးငယ်တွေနဲ့ လူငယ်တွေရဲ့ အနာဂတ်ဟာ မျှော်လင့်ချက်မဲ့ပြီး အနာဂတ်ပျောက်နေရတဲ့အနေအထားဖြစ်လာနေတယ်လို့ သူ့စိုးရိမ်ချက်ကို ပြောပြပါတယ်။

"ဒီကမ့်ထဲမှာက စာသင်ကျောင်းတွေလည်း မဖွင့်ရဘူး ဒီမှာက စဉ်းစားမယ်ဆိုရင် ဘာမှ လမ်းမမြင် ကမ်းမမြင်ဖြစ်နေကြတယ် ဒီမှာက။ အမှန်တကယ်ပြောရမယ်ဆိုလို့ရှိရင်။ ကျနော်တို့ဘဝရဲ့ မျှော်လင့်ချက်ဆိုတာ ဒီမှာက ဘာမှကို မရှိတော့ဘူး။ အဲ့လိုပုံစံဖြစ်နေတယ်။ ဟိုဘက်ကလည်း ပြန်မခေါ်ဘူးဆိုတော့။ မြန်မာဘက်ကလည်း သူတို့ တကယ်တမ်းကျတော့လည်း မခေါ်ဘူးလေ။ ဒီဘက်မှာက စီးပွားရေးကလည်းမရှိဘူး အလုပ်အကိုင်အခွင့်အလမ်းကလည်း မရှိဘူး။ ပညာသင်ယူခွင့်ကလည်း မရှိဘူး အဲ့လိုဆိုတော့ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ကျနော်တို့အတွက် ဆိုးကျိုးက ပိုပြီးတော့ များနိုင်တယ်။ ဒီလူတွေက ဘာမှလုပ်လို့မရဘူးဆိုရင် ပိုပြီးတော့ ဆိုးဝါးသွားနိုင်တဲ့အခြေအနေဖြစ်နေတယ်လို့ ကျနော်တို့က သုံးသပ်ပါတယ်။"

အရင်က ပညာရေးဝန်ထမ်း ကျောင်းဆရာအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ကိုအောင်မြိုင်ကတော့ လတ်တလောမှာတော့ ရိုဟင်ဂျာကလေးငယ်လေးတွေကို နေအိမ်တွေမှာပဲ စာသင်ကြားပေးနေတယ်လို့လည်း ပြောပြပါတယ်။

"လောလောဆယ်မှာတော့ ကိုယ်ထူကိုယ်ထပေါ့နော် စာသင်ပေးနေတာရှိတယ်။ အဲ့တာကလည်း ကိုယ့်ကလေးတွေကို ကိုယ်ကပဲ စာသင်ပေးနေတဲ့သဘောပေါ့ ဒီမှာဒုက္ခသည်တွေထဲကနေ ကျောင်းဆရာတွေက သူတို့ရဲ့ အနီးတဝိုက်က ကလေးတွေကို စာသင်ပေးနေတာရှိတယ်။ ဒါပေမဲ့လည်း အဲ့တာက မှတ်တမ်းမှတ်ရာနဲ့အဲ့လိုတော့မဟုတ်ဘူးလေ။ ပြီးတော့ လူကြီးတွေဆိုရင်လည်း အလုပ်အကိုင်အခွင့်အလမ်းဆိုတာ လိုတယ်လေ ဒီမှာက အလုပ်အကိုင်အခွင့်အလမ်းကမရှိဘူး။ ကလေးတွေကလည်း ပညာသင်ယူခွင့်အခွင့်အလမ်းက မရှိဘူး ပြီးတော့ တခြားစားဝတ်နေရေးအပိုင်းကလည်း သူများကိုအားကိုးပြီး စားသောက်နေရတာဆိုတော့ နောက်ဆို ဒီလူတွေရဲ့ ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ ပိုဦးတည်သွားမယ့်အနေအထားကို ဖြစ်နေတယ်။ ဒီလူတွေက ဘာမှကို လုပ်ခွင့်မရှိဘူးဆိုရင် အဆိုးဘက်ကို ရောက်သွားမယ်။ ပိုများလာတယ် ဘာဖြစ်လို့ များလာလည်းဆိုရင် ကလေးတွေက ပညာသင်ယူလို့မရဘူး။ ဆိုရင် ဒီမှာ ကျား၊မ အခြေပြုတဲ့ အကြမ်းဖက်မှုတွေလည်း များလာတယ်။ အဲ့တာကိုလည်း ကျနော်တို့တင်ပြချင်တယ်။"

အခုလို စိုးရိမ်စရာအခြေအနေမှာ ရှိနေတဲ့ ရိုဟင်ဂျာကလေးတွေရဲ့ ပညာရေး အလေးထားကူညီပေးဖို့ မလေးရှားအစိုးရအပါအဝင် အစိုးရများနဲ့ အဖွဲ့အစည်းတွေကို ရိုဟင်ဂျာဒုက္ခသည်အရေးဆောင်ရွက်ပေးနေတဲ့ အဖွဲ့၂၆ဖွဲ့ကလည်း တောင်းဆိုထားပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာစစ်တပ်ကတော့ ဘင်္ဂလားဒေ့ရ်ှက မွတ်ဆလင်ဒုက္ခသည်တွေပြန်လည်ခေါ်ယူဖို့ အစီအစဉ်ဆက်လုပ်သွားမယ်လို့ ဆိုနေပေမယ့်၊ ဒီနေ့ထက်အထိ ထူးခြားတိုးတက်လာမှုမရှိသေးပါဘူး။

XS
SM
MD
LG