သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကုလဆုိင္ရာ အေမရိကန္သံအမတ္ႀကီးနဲ႔ ဦးေက်ာ္မုိးထြန္း ေဆြးေႏြး


ျမန္မာ့အေရး ကုလဆိုင္ရာ အေမရိကန္သံအမတ္ႀကီးနဲ႔ ဦးေက်ာ္မိုးထြန္း ေဆြးေႏြး (Photo Credit : : U.S. Mission to the United Nations on Facebook )


ျမန္မာ့အေရး ကုလဆုိင္ရာ အေမရိကန္သံအမတ္ႀကီးနဲ႔ ဦးေက်ာ္မုိးထြန္း ေဆြးေႏြး

{{Zawgyi/Unicode}}
ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield ဟာ ေဖေဖၚဝါရီလ ၃ ရက္ ၾကာသပေတးေန႔ ညေနက ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔ ေတြ႕ဆံုၿပီး ျမန္မာ့အေရး ေဆြးေႏြးခဲ့ပါတယ္။ ျမန္မာျပည္သူေတြအတြက္ အေမရိကန္ဘက္က မရပ္မနားေဆာင္ရြက္ဖို႔ ကတိျပဳထားတာေတြနဲ႔ ျမန္မာႏိုင္ငံဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္ေလွ်ာက္လွမ္းဖို႔ လုပ္ေဆာင္ေနမႈေတြကို သံအမတ္ႀကီး ၂ ဦး ေဆြးေႏြးခဲ့ၾကတယ္လို႔ ကုလသမဂၢ အေမရိကန္ကိုယ္စားလွယ္အဖြဲ႔ရံုး ေဖ့စ္ဘုတ္မွာ ေဖၚျပထားပါတယ္။

ကမာၻ႔ႏိုင္ငံေတြ အေနနဲ႔ ျမန္မာ့အေရး ေျဖရွင္းရာမွာ ထိထိေရာက္ေရာက္ ေဆာင္ရြက္ၾကဖို႔ သံအမတ္ႀကီး Linda Thomas-Greenfield က တိုက္တြန္းေနတာ ျဖစ္ၿပီး မၾကာေသးခင္က လူေပါင္း ၃၅ ဦးထက္မနည္း ေသဆံုးခဲ့ရတဲ့ ကယားျပည္နယ္အပါအဝင္ ျမန္မာႏိုင္ငံတလႊားက ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ဟန္႔တားႏိုင္ေအာင္ ႏိုင္ငံတကာ အသိုင္းဝိုင္းက ဒီထက္ပိုလုပ္ေဆာင္ဖို႔လည္း တိုက္တြန္းထားတာပါ။

ဒါ့အျပင္ ဒီလိုရက္စက္တဲ့ လုပ္ရပ္ေတြအတြက္ တာဝန္ရွိတဲ့ စစ္တပ္ လက္နက္မရေစေရးအတြက္ ျမန္မာႏိုင္ငံကို စစ္လက္နက္ တင္ပို႔မႈေတြ ရပ္ဆိုင္းဖို႔ အဖဲြ႕၀င္ႏိုင္ငံေတြကို ေတာင္းဆိုခဲ့တဲ့ ကုလသမဂၢ အေထြေထြညီလာခံ ဆုံးျဖတ္ခ်က္ကို ၿပီးခဲ့တဲ့ႏွစ္ထဲ အေမရိကန္က ပူးတဲြအဆိုျပဳခဲ့တာလို ႀကိဳးပမ္းမႈေတြ ရွိခဲ့ေပမဲ့ လုံေလာက္မႈ မရွိေသးတာကိုလည္း ေထာက္ျပပါတယ္။

ျမန္မာျပည္သူေတြ ၾကံဳေတြ႕ေနရတဲ့ အခက္အခဲေတြ အဆုံးသတ္ေစဖို႔၊ လက္နက္တင္ပို႔မႈေတြ ရပ္ဆိုင္းဖို႔၊ ႏိုင္ငံေရး အက်ဥ္းသားေတြ ျပန္လည္လြတ္ေျမာက္ဖု႔ိနဲ႔ ဒီမိုကေရစီ လမ္းေၾကာင္းေပၚ ျပန္ေရာက္ဖို႔ အထူးသျဖင့္ ကုလသမဂၢ လုံျခံဳေရးေကာင္စီက အခိုင္အမာ အေရးယူေဆာင္ရြက္ဖို႔လည္း အေမရိကန္သံအမတ္ႀကီးက တိုက္တြန္းထားတာပါ။

ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield ဟာ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer နဲ႔လည္း ဇန္နဝါရီလ ၁၀ ရက္ေန႔က အြန္လိုင္းကေနေတြ႕ဆုံၿပီး ျမန္မာ့အေရး ေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

...........................................................................

တိုက္႐ိုက္ လင့္ခ္

မြန်မာ့အရေး ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ ဦးကျော်မိုးထွန်း ဆွေးနွေး

{{Zawgyi/Unicode}}
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ဟာ ဖေဖေါ်ဝါရီလ ၃ ရက် ကြာသပတေးနေ့ ညနေက မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။ မြန်မာပြည်သူတွေအတွက် အမေရိကန်ဘက်က မရပ်မနားဆောင်ရွက်ဖို့ ကတိပြုထားတာတွေနဲ့ မြန်မာနိုင်ငံဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လျှောက်လှမ်းဖို့ လုပ်ဆောင်နေမှုတွေကို သံအမတ်ကြီး ၂ ဦး ဆွေးနွေးခဲ့ကြတယ်လို့ ကုလသမဂ္ဂ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရုံး ဖေ့စ်ဘုတ်မှာ ဖေါ်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေ အနေနဲ့ မြန်မာ့အရေး ဖြေရှင်းရာမှာ ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့ သံအမတ်ကြီး Linda Thomas-Greenfield က တိုက်တွန်းနေတာ ဖြစ်ပြီး မကြာသေးခင်က လူပေါင်း ၃၅ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ ကယားပြည်နယ်အပါအဝင် မြန်မာနိုင်ငံတလွှားက ရက်စက်ကြမ်းကြုတ်မှုတွေကို ဟန့်တားနိုင်အောင် နိုင်ငံတကာ အသိုင်းဝိုင်းက ဒီထက်ပိုလုပ်ဆောင်ဖို့လည်း တိုက်တွန်းထားတာပါ။

ဒါ့အပြင် ဒီလိုရက်စက်တဲ့ လုပ်ရပ်တွေအတွက် တာဝန်ရှိတဲ့ စစ်တပ် လက်နက်မရစေရေးအတွက် မြန်မာနိုင်ငံကို စစ်လက်နက် တင်ပို့မှုတွေ ရပ်ဆိုင်းဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့နှစ်ထဲ အမေရိကန်က ပူးတွဲအဆိုပြုခဲ့တာလို ကြိုးပမ်းမှုတွေ ရှိခဲ့ပေမဲ့ လုံလောက်မှု မရှိသေးတာကိုလည်း ထောက်ပြပါတယ်။

မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အဆုံးသတ်စေဖို့၊ လက်နက်တင်ပို့မှုတွေ ရပ်ဆိုင်းဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ဖု့ိနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အခိုင်အမာ အရေးယူဆောင်ရွက်ဖို့လည်း အမေရိကန်သံအမတ်ကြီးက တိုက်တွန်းထားတာပါ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့လည်း ဇန်နဝါရီလ ၁၀ ရက်နေ့က အွန်လိုင်းကနေတွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG