သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

NUG ကို ႏိုင္ငံတကာအသိအမွတ္ျပဳေရး သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းတိုက္တြန္း


ကုလဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္း

{{Zawgyi/Unicode}}

NUG ၾကားကာလအအမ်ိဳးသားညီၫြတ္ေရးအစိုးရကို ႏိုင္ငံတကာကအသိအမွတ္ျပဳေရး ကူညီေဆာင္႐ြက္ေပးဖို႔ အေမရိကန္တာဝန္ရွိသူေတြကို ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက တိုက္တြန္းေျပာဆိုပါတယ္။ International Republican Institute IRI က သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းကိုခ်ီးျမႇင့္လိုက္တဲ့ John S.McCaing Freedom လြတ္လပ္ခြင့္ဆု ဆုေပးပြဲမွာ ေျပာဆိုသြားတာပါ။ ဒီအေၾကာင္း သတင္းသြားယူထားတဲ့ မအိသန႔္စင္က တင္ျပေပးထားပါတယ္။

ကုလသမဂၢအတြပ္ ျမန္မာႏိုင္ငံဆိုင္ရာ အၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းကို ၂၀၂၁ ခုႏွစ္အတြက္ John S.McCaing Freedom ဆုကို International Republican Institute IRI က ခ်ီးျမႇင့္လိုက္ပါတယ္။ ဒီမိုကေရစီေရးနဲ႔ လြတ္လပ္ခြင့္ေတြအတြက္ ကမာၻတဝန္းက ႀကိဳးပမ္းသူေတြကို IRI က ႏွစ္စဥ္ေ႐ြးခ်ယ္ဆုေပးေနတဲ့ထဲမွာ ဒီႏွစ္မွာေတာ့ ကုလသမဂၢဆိုင္ရာ ျမန္မာႏိုင္ငံ အၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းကို ပါဝင္ၿပီးေတာ့ ဆုခ်ီးျမႇင့္တာလည္း ျဖစ္ပါတယ္။ ဒီမိုကေရစီေရးအတြက္ တိုက္ပြဲဝင္ေနတဲ့ သူရဲေကာင္းေတြရွိရာ ျမန္မာႏိုင္ငံ၊ ဘဲလား႐ုစ္၊ လစ္သူေရးနီးယားနဲ႔က်ဴးဘားႏိုင္ငံကသူေတြကို ဂုဏ္ျပဳခ်ီးျမႇင့္တဲ့ပြဲျဖစ္ေၾကာင္း IRI က ေျပာတာ ျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုနဲ႔ အေမရိကန္ျပည္သူေတြအေနနဲ႔ ျမန္မာ့အေရးအတြက္ လုပ္ေဆာင္ႏိုင္တာ၊ လုပ္ေဆာင္သင့္တာေတြကိုလည္း ဦးေက်ာ္မိုးထြန္းက အခုလို ေထာက္ျပ ေျပာဆိုသြားခဲ့ပါတယ္။

“ႏိုင္ငံတကာမွာ အစိုးရရဲ႕ legitimacy ရွိမႈအတြက္ကို ျပည္သူေတြ အကုန္လုံးကေရာ၊ က်ေနာ္တို႔ေတြ အကုန္လုံးကေရာ က်ရာက႑ကေန ဝိုင္းဝန္းၿပီးေတာ့ ႀကိဳးပမ္းေဆာင္႐ြက္ေနတဲ့ ကာလျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ National Unity Government ကို ျမန္မာျပည္သူေတြရဲ႕ Legitimate အစိုးရအျဖစ္ အသိအမွတ္ျပဳဖို႔မွာလည္း ကူညီေဆာင္႐ြက္ေပးဖို႔ က်ေနာ္ ေမတၱာရပ္ခံခဲ့တာလည္း ရွိပါတယ္။...

...ေနာက္တခုက ၾကည့္လိုက္ရင္...လူသားခ်င္းစာနာမႈအကူအညီေပးေရးေပါ့ေနာ္၊ ျမန္မာႏိုင္ငံ ေနရာအႏွံ႔အျပားမွာ လူသားခ်င္းစာနာမႈနဲ႔ပတ္သက္လို႔ အခက္အခဲေတြ အမ်ားႀကီးေတြ႕ေနရတယ္။ ဒါေၾကာင့္ လူသားခ်င္းစာနာမႈအကူအညီေပးဖို႔ေပါ့ေနာ္၊ ေပးတဲ့အခါမွာလည္း နည္းလမ္းေပါင္းစုံနဲ႔ေပးႏိုင္ဖို႔၊ အထူးသျဖင့္ တကယ္လိုအပ္တဲ့သူေတြဆီကို လူသားခ်င္းစာနာမႈအကူအညီေတြ ေရာက္ဖို႔အတြက္ cross border assistant အပါအဝင္ ေပးဖို႔ကို က်ေနာ္ ေမတၱာရပ္ခံခဲ့တာရွိတယ္။ ဒါေၾကာင့္မို႔လို႔ အခု ထပ္ၿပီးေတာ့ ဒါကိုပဲ က်ေနာ္က အေမရိကန္ႏိုင္ငံအပါအဝင္ ေဒသတြင္းႏိုင္ငံေတြကိုပါ အားလုံးကို ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီေဖာ္ေဆာင္ေနတဲ့လမ္းေၾကာင္းကို ပိုၿပီးေတာ့၊ ဆက္လက္ၿပီးေတာ့ ကူညီေပးဖို႔၊ ေထာက္ခံပံ့ပိုးေပးဖို႔ ေမတၱာရပ္ခံလိုပါတယ္။

ဒါေၾကာင့္မို႔လို႔လည္း လူသားခ်င္းစာနာမႈအကူအညီေပးေရးကိစၥေတြမွာလည္း တကယ္လိုအပ္တဲ့သူေတြဆီ ေရာက္ရွိဖို႔အတြက္ ထိထိေရာက္ေရာက္ အကူအညီေပးၾကပါလို႔လည္း က်ေနာ္ ေမတၱာရပ္ခံခ်င္ပါတယ္။

အိသန႔္စင္။. ။ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းအေနနဲ႔ေပါ့ေနာ္ John S.McCaing Freedomဆုကို လက္ခံရရွိခဲ့တဲ့အတြက္ ဘယ္လို ခံစားရပါလဲရွင္။

ဦးေက်ာ္မိုးထြန္း။။ ဗြီအိုေအလို သတင္းမီဒီယာဌာနေတြက က်ေနာ္တို႔ရဲ႕အသံေတြကို ႏိုင္ငံတကာအသိုင္းအဝိုင္းက ၾကားရေအာင္၊ ျပည္တြင္းက သိသင့္သိထိုက္သူေတြၾကားရေအာင္ ေျပာတဲ့ေနရာမွာ က်ေနာ္တို႔အတြက္ အရမ္းကို အမ်ားႀကီး အက်ိဳးျဖစ္ေစတယ္၊ အမ်ားႀကီးပံ့ပိုးေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္လို႔ပထမဦးစြာ (ေျပာခ်င္ပါတယ္။) ေပါ့ေနာ္။

..ေမးခြန္းနဲ႔ပတ္သက္လို႔ေပါ့ေနာ္-ဒီဆုက ျပည္သူေတြကိုေပးတဲ့ဆုေပါ့ေနာ္။ က်ေနာ္တို႔ ျပည္သူေတြကိုေပးတဲ့ဆု ဆိုတဲ့ေနရာမွာလည္း ျပည္သူေတြကေနၿပီးေတာ့ ျမန္မာႏိုင္ငံ ဒီမိုကေရစီ ...ျပန္ၾကည့္လိုက္ရင္ ေဖေဖၚဝါရီ ၁ ရက္ေန႔ကတည္းက ေတာက္ေလွ်ာက္တင္ မကပါဘူး။ ဟိုး အရင့္အရင္ေတြကတည္းကလည္း ဒီမိုကေရစီလႈပ္ရွားမႈေတြမွာ စြမ္းစြမ္းတမံ ေဆာင္႐ြက္ခဲ့တာရွိတယ္။ အထူးသျဖင့္ ေဖေဖၚဝါရီ ၁ ရက္ေန႔ေနာက္ပိုင္းမွာ ပိုၿပီးေတာ့ ထင္ထင္ရွားရွား ဒီမိုကေရစီအတြက္ ေဆာင္႐ြက္တာေတြျဖစ္တဲ့အတြက္ေၾကာင့္ ဒီေဆာင္႐ြက္မႈေတြကို သူတို႔ recognize ျပဳတယ္ဆိုတာ ဒီဆုေပးတာကေန ေဖာ္ျပေနတယ္ေပါ့ေနာ္။

....က်ေနာ္ အရမ္းလည္း ေပ်ာ္ပါတယ္။ က်ေနာ္တို႔ျပည္သူေတြ၊ က်ေနာ္တို႔ ဒီမိုကေရစီခ်စ္တဲ့ျမန္မာျပည္သူေတြကိုေပးတဲ့ အသိအမွတ္ျပဳတဲ့ဆု ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ဒါက က်ေနာ္တို႔ ျမန္မာႏိုင္ငံအတြက္ေကာ၊ က်ေနာ္တို႔ ျမန္မာျပည္သူေတြအတြက္ေကာ ဂုဏ္ယူစရာေကာင္းတဲ့ေန႔လည္းျဖစ္တယ္၊ ဂုဏ္ယူစရာေကာင္းတဲ့ အခ်ိန္အခါလည္းျဖစ္တယ္ဆိုတာေလး က်ေနာ္ ေျပာလိုပါတယ္။

ဒီလြတ္လပ္ခြင့္ဆုကိုခ်ီးျမႇင့္တာနဲ႔ပတ္သက္ၿပီးေတာ့ IRI ဥကၠ႒ကလည္း အခုလို ေျပာပါတယ္။

“ဒီမိုကေရစီအသိုင္းအဝိုင္းက က်ေနာ္တို႔လိုလူေတြဟာ ျမန္မာျပည္သူေတြရဲ႕ ရဲစြမ္းသတၱိ၊ အေျခခံအခြင့္အေရးရဖို႔ ဒီမိုကေရစီေရး တိုက္ပြဲဝင္ေနသူေတြကို အားက်ဂုဏ္ယူမိပါတယ္။ ျမန္မာျပည္သူေတြရဲ႕ရပိုင္ခြင့္ဟာ ျပည္သူေတြရဲ႕လက္ထဲမွာပဲ ရွိပါတယ္။ စစ္အာဏာရွင္ရဲ႕လက္ထဲမွာ မရွိပါဘူး”

ဒီဆုေပးပြဲကို အထက္လႊတ္ေတာ္ လူနည္းစုေခါင္းေဆာင္ ရီပတ္ဘလီကင္အမတ္ မစ္ခ်္ မက္ေကာနယ္လည္း တက္ေရာက္မိန႔္ခြန္းေျပာခဲ့ပါတယ္။

ဒီမိုကေရစီအေျခခိုင္ေနၿပီးျဖစ္တဲ့ အေမရိကန္ျပည္ေထာင္စုဟာ ဒီမိုကေရစီအစပ်ိဳးစ ႏိုင္ငံေတြကို အကူအညီေပးဖို႔ တာဝန္ရွိပါတယ္။ ဒီမိုကေရစီအစပ်ိဳးလာေနတဲ့ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတာကို တေၾကာ့ျပန္ေတြ႕ရတာဟာ ဝမ္းနည္းမိပါတယ္။ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ျမန္မာႏိုင္ငံရဲ႕စစ္မွန္တဲ့အစိုးရ၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရကို အသိအမွတ္ျပဳဖို႔ကိုလည္း ရီပတ္ဘလီကင္အမတ္ မစ္ခ်္မက္ေကာနယ္က ေျပာသြားခဲ့ပါတယ္။

၁၉၉၉ ခုႏွစ္အတြက္ John S.McCain ဆုကို လက္ရွိမွာ ဖမ္းဆီးအထိန္းသိမ္းခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ခ်ီးျမႇင့္ခဲ့ပါတယ္။ ဒီမိုကေရစီ၊ လြတ္လပ္ေရးနဲ႔လူ႔အခြင့္အေရးအတြက္ ႀကိဳးပမ္းေနသူေတြကို ေ႐ြးခ်ယ္ၿပီး IRI က John S. McCain Freedom ဆုကို ႏွစ္စဥ္ခ်ီးျမႇင့္ေလ့ရွိပါတယ္။ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔အတူ လစ္သူေရးနီးယားႏိုင္ငံ ဝန္ႀကီးခ်ဳပ္ Ingrida Simonyte, ဘယ္လာ႐ုစ္ႏိုင္ငံေရးအက်ဥ္းသားမ်ားဆိုင္ရာ ကိုယ္စားလွယ္ Tatsiana Khomich နဲ႔ Grammy ဆုရ က်ဴးဘား အႏုပညာရွင္ Willy Chirino တို႔ကို ၂၀၂၁ ခုႏွစ္အတြက္ John S. McCain Freedom ဆုကို IRI က ခ်ီးျမႇင့္ခဲ့ပါတယ္။ အရင္ႏွစ္ ၂၀၂၀ တုန္းကေတာ့ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo ၊ အာဏာရွင္ကိုဆန႔္က်င္ၿပီး ဒီမိုကေရစီေရးလုပ္ေဆာင္တဲ့ ေဟာင္ေကာင္ျပည္သူေတြနဲ႔ ဘယ္လာ႐ုစ္ ဒီမိုကေရစီလႈပ္ရွားမႈကို ဦးေဆာင္ခဲ့သူ Svetlana Tikhanovskaya ၊ Maria Kolesnikova နဲ႔ Veronika Tsepkalo တို႔ကို ခ်ီးျမႇင့္ခဲ့တာ ျဖစ္ပါတယ္ရွင္။

================

{{Unicode}}

NUG ကို နိုင်ငံတကာအသိအမှတ်ပြုရေး သံအမတ်ကြီးဦးကျော်မိုးထွန်းတိုက်တွန်း

NUG ကြားကာလအအမျိုးသားညီညွတ်ရေးအစိုးရကို နိုင်ငံတကာကအသိအမှတ်ပြုရေး ကူညီဆောင်ရွက်ပေးဖို့ အမေရိကန်တာဝန်ရှိသူတွေကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုပါတယ်။ International Republican Institute IRI က သံအမတ်ကြီးဦးကျော်မိုးထွန်းကိုချီးမြှင့်လိုက်တဲ့ John S.McCaing Freedom လွတ်လပ်ခွင့်ဆု ဆုပေးပွဲမှာ ပြောဆိုသွားတာပါ။ ဒီအကြောင်း သတင်းသွားယူထားတဲ့ မအိသန့်စင်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂအတွပ် မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ၂၀၂၁ ခုနှစ်အတွက် John S.McCaing Freedom ဆုကို International Republican Institute IRI က ချီးမြှင့်လိုက်ပါတယ်။ ဒီမိုကရေစီရေးနဲ့ လွတ်လပ်ခွင့်တွေအတွက် ကမ္ဘာတဝန်းက ကြိုးပမ်းသူတွေကို IRI က နှစ်စဉ်ရွေးချယ်ဆုပေးနေတဲ့ထဲမှာ ဒီနှစ်မှာတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ပါဝင်ပြီးတော့ ဆုချီးမြှင့်တာလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေရှိရာ မြန်မာနိုင်ငံ၊ ဘဲလားရုစ်၊ လစ်သူရေးနီးယားနဲ့ကျူးဘားနိုင်ငံကသူတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ပွဲဖြစ်ကြောင်း IRI က ပြောတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ အမေရိကန်ပြည်သူတွေအနေနဲ့ မြန်မာ့အရေးအတွက် လုပ်ဆောင်နိုင်တာ၊ လုပ်ဆောင်သင့်တာတွေကိုလည်း ဦးကျော်မိုးထွန်းက အခုလို ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။

“နိုင်ငံတကာမှာ အစိုးရရဲ့ legitimacy ရှိမှုအတွက်ကို ပြည်သူတွေ အကုန်လုံးကရော၊ ကျနော်တို့တွေ အကုန်လုံးကရော ကျရာကဏ္ဍကနေ ဝိုင်းဝန်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ National Unity Government ကို မြန်မာပြည်သူတွေရဲ့ Legitimate အစိုးရအဖြစ် အသိအမှတ်ပြုဖို့မှာလည်း ကူညီဆောင်ရွက်ပေးဖို့ ကျနော် မေတ္တာရပ်ခံခဲ့တာလည်း ရှိပါတယ်။...

...နောက်တခုက ကြည့်လိုက်ရင်...လူသားချင်းစာနာမှုအကူအညီပေးရေးပေါ့နော်၊ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ လူသားချင်းစာနာမှုနဲ့ပတ်သက်လို့ အခက်အခဲတွေ အများကြီးတွေ့နေရတယ်။ ဒါကြောင့် လူသားချင်းစာနာမှုအကူအညီပေးဖို့ပေါ့နော်၊ ပေးတဲ့အခါမှာလည်း နည်းလမ်းပေါင်းစုံနဲ့ပေးနိုင်ဖို့၊ အထူးသဖြင့် တကယ်လိုအပ်တဲ့သူတွေဆီကို လူသားချင်းစာနာမှုအကူအညီတွေ ရောက်ဖို့အတွက် cross border assistant အပါအဝင် ပေးဖို့ကို ကျနော် မေတ္တာရပ်ခံခဲ့တာရှိတယ်။ ဒါကြောင့်မို့လို့ အခု ထပ်ပြီးတော့ ဒါကိုပဲ ကျနော်က အမေရိကန်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေကိုပါ အားလုံးကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်နေတဲ့လမ်းကြောင်းကို ပိုပြီးတော့၊ ဆက်လက်ပြီးတော့ ကူညီပေးဖို့၊ ထောက်ခံပံ့ပိုးပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။

ဒါကြောင့်မို့လို့လည်း လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စတွေမှာလည်း တကယ်လိုအပ်တဲ့သူတွေဆီ ရောက်ရှိဖို့အတွက် ထိထိရောက်ရောက် အကူအညီပေးကြပါလို့လည်း ကျနော် မေတ္တာရပ်ခံချင်ပါတယ်။

အိသန့်စင်။။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းအနေနဲ့ပေါ့နော် John S.McCaing Freedomဆုကို လက်ခံရရှိခဲ့တဲ့အတွက် ဘယ်လို ခံစားရပါလဲရှင်။

ဦးကျော်မိုးထွန်း။။ ဗွီအိုအေလို သတင်းမီဒီယာဌာနတွေက ကျနော်တို့ရဲ့အသံတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ကြားရအောင်၊ ပြည်တွင်းက သိသင့်သိထိုက်သူတွေကြားရအောင် ပြောတဲ့နေရာမှာ ကျနော်တို့အတွက် အရမ်းကို အများကြီး အကျိုးဖြစ်စေတယ်၊ အများကြီးပံ့ပိုးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့ပထမဦးစွာ (ပြောချင်ပါတယ်။) ပေါ့နော်။

..မေးခွန်းနဲ့ပတ်သက်လို့ပေါ့နော်-ဒီဆုက ပြည်သူတွေကိုပေးတဲ့ဆုပေါ့နော်။ ကျနော်တို့ ပြည်သူတွေကိုပေးတဲ့ဆု ဆိုတဲ့နေရာမှာလည်း ပြည်သူတွေကနေပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ...ပြန်ကြည့်လိုက်ရင် ဖေဖေါ်ဝါရီ ၁ ရက်နေ့ကတည်းက တောက်လျှောက်တင် မကပါဘူး။ ဟိုး အရင့်အရင်တွေကတည်းကလည်း ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တာရှိတယ်။ အထူးသဖြင့် ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှာ ပိုပြီးတော့ ထင်ထင်ရှားရှား ဒီမိုကရေစီအတွက် ဆောင်ရွက်တာတွေဖြစ်တဲ့အတွက်ကြောင့် ဒီဆောင်ရွက်မှုတွေကို သူတို့ recognize ပြုတယ်ဆိုတာ ဒီဆုပေးတာကနေ ဖော်ပြနေတယ်ပေါ့နော်။

....ကျနော် အရမ်းလည်း ပျော်ပါတယ်။ ကျနော်တို့ပြည်သူတွေ၊ ကျနော်တို့ ဒီမိုကရေစီချစ်တဲ့မြန်မာပြည်သူတွေကိုပေးတဲ့ အသိအမှတ်ပြုတဲ့ဆု ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါက ကျနော်တို့ မြန်မာနိုင်ငံအတွက်ကော၊ ကျနော်တို့ မြန်မာပြည်သူတွေအတွက်ကော ဂုဏ်ယူစရာကောင်းတဲ့နေ့လည်းဖြစ်တယ်၊ ဂုဏ်ယူစရာကောင်းတဲ့ အချိန်အခါလည်းဖြစ်တယ်ဆိုတာလေး ကျနော် ပြောလိုပါတယ်။

ဒီလွတ်လပ်ခွင့်ဆုကိုချီးမြှင့်တာနဲ့ပတ်သက်ပြီးတော့ IRI ဥက္ကဋ္ဌကလည်း အခုလို ပြောပါတယ်။

“ဒီမိုကရေစီအသိုင်းအဝိုင်းက ကျနော်တို့လိုလူတွေဟာ မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိ၊ အခြေခံအခွင့်အရေးရဖို့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူတွေကို အားကျဂုဏ်ယူမိပါတယ်။ မြန်မာပြည်သူတွေရဲ့ရပိုင်ခွင့်ဟာ ပြည်သူတွေရဲ့လက်ထဲမှာပဲ ရှိပါတယ်။ စစ်အာဏာရှင်ရဲ့လက်ထဲမှာ မရှိပါဘူး”

ဒီဆုပေးပွဲကို အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ရီပတ်ဘလီကင်အမတ် မစ်ချ် မက်ကောနယ်လည်း တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။

ဒီမိုကရေစီအခြေခိုင်နေပြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကရေစီအစပျိုးစ နိုင်ငံတွေကို အကူအညီပေးဖို့ တာဝန်ရှိပါတယ်။ ဒီမိုကရေစီအစပျိုးလာနေတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို တကြော့ပြန်တွေ့ရတာဟာ ဝမ်းနည်းမိပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့စစ်မှန်တဲ့အစိုးရ၊ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုဖို့ကိုလည်း ရီပတ်ဘလီကင်အမတ် မစ်ချ်မက်ကောနယ်က ပြောသွားခဲ့ပါတယ်။

၁၉၉၉ ခုနှစ်အတွက် John S.McCain ဆုကို လက်ရှိမှာ ဖမ်းဆီးအထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့ပါတယ်။ ဒီမိုကရေစီ၊ လွတ်လပ်ရေးနဲ့လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေသူတွေကို ရွေးချယ်ပြီး IRI က John S. McCain Freedom ဆုကို နှစ်စဉ်ချီးမြှင့်လေ့ရှိပါတယ်။ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ လစ်သူရေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Ingrida Simonyte, ဘယ်လာရုစ်နိုင်ငံရေးအကျဉ်းသားများဆိုင်ရာ ကိုယ်စားလှယ် Tatsiana Khomich နဲ့ Grammy ဆုရ ကျူးဘား အနုပညာရှင် Willy Chirino တို့ကို ၂၀၂၁ ခုနှစ်အတွက် John S. McCain Freedom ဆုကို IRI က ချီးမြှင့်ခဲ့ပါတယ်။ အရင်နှစ် ၂၀၂၀ တုန်းကတော့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ၊ အာဏာရှင်ကိုဆန့်ကျင်ပြီး ဒီမိုကရေစီရေးလုပ်ဆောင်တဲ့ ဟောင်ကောင်ပြည်သူတွေနဲ့ ဘယ်လာရုစ် ဒီမိုကရေစီလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ Svetlana Tikhanovskaya ၊ Maria Kolesnikova နဲ့ Veronika Tsepkalo တို့ကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်ရှင်။

#MyanmarNUG #MyanmarMilitaryCoup #H.EKyawMoeTun #JohnSMcCainFreedomAward #VOABurmese#ဦးကျော်မိုးထွန်း#NUG#IRI

တိုက္႐ိုက္ လင့္ခ္

XS
SM
MD
LG