သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သံအမတ္ႀကီး ဦးေက်ာ္မ္ိုးထြန္း IRI ရဲ႕ လြတ္လပ္ခြင့္ဆု ခ်ီးျမွင့္ခံရ


Permanent Representative of Myanmar U Kyaw Moe Htun (Credit - Ministry of Foreign Affairs Myanmar)

{Zawgyi/Unicode}

International Republican Institute (IRI) ရဲ႕ ၂၀၂၁ ခုႏွစ္ Freedom Award လြတ္လပ္ခြင့္ဆု ခ်ီးျမွင့္ ခံရသူေတြထဲမွာ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢသံအမတ္ႀကီး ဦက်ာ္မိုးထြန္းလည္း ပါဝင္ပါတယ္။ အျခား သုံးေယာက္နဲ႔အတူ ခ်ီးျမႇင့္ခံရတဲ့ ဆုေပးပြဲအခမ္းအနားကို ေအာက္တိုဘာလ ၁၉ ရက္ေန႔မွာ က်င္းပမွာပါ။

ဒီမိုကေရစီ ၊ လြတ္လပ္ခြင့္နဲ႔ လူသားေတြရဲ႕ လြတ္ေျမာက္ေရးကိစၥမ်ား တိုးတက္ေရးအတြက္ ပိုင္းျဖတ္ ျမႇဳပ္ႏွံ ေဆာင္႐ြက္ခဲ့ၾကတဲ့သူေတြကို IRI အဖြဲ႔ႀကီးရဲ႕အျမင့္ဆုံး ဒီဆုကို ခ်ီးျမႇင့္တာပါ။

ဒီႏွစ္ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔မွာက်င္းပတဲ့ ကုလသမဂၢအစည္းအေဝးမွာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း က ျမန္မာ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပသူမ်ားရဲ႕သေကၤတ လက္ေခ်ာင္းသုံးေခ်ာင္းကို ေထာင္ၿပီး အာဏာသိမ္းမႈကို ကန႔္ကြက္ ဆန႔္က်င္ မိန႔္ခြန္းေျပာၾကားခဲ့ရာက လူသိမ်ား ထင္ရွားလာတာပါ။

၂၀၂၁ IRI လြတ္လပ္ခြင့္ဆုကို လစ္သူေယးနီးယားႏိုင္ငံ၊ ဝန္ႀကီးခ်ဳပ္ Ingrida Simonyte ၊ ဘယ္လာ႐ုရွ္ ႏိုင္ငံေရးအက်ဥ္းသားမ်ားအတြက္ ပူးေပါင္းေဆာင္႐ြက္ေရးေကာင္စီ ကိုယ္စားလွယ္ Tatsiana Khomich ၊ က်ဴးဘား ဂရမ္မီဆုရ အႏုပညာရွင္ Willy Chirino တို႔နဲ႔အတူ ဦးေက်ာ္မိုးထြန္း ရခဲ့တာျဖစ္ပါတယ္။

အရင္က ဒီဆုကိုရခဲ့ၾကတဲ့ ထင္ရွားသူေတြကေတာ့ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္၊ လိုင္ေဘးရီးယားသမၼတ Ellen Johnson-Sirleaf ၊ အေမရိကန္သမၼတေတြျဖစ္ၾကတဲ့ Ronald Reagan နဲ႔ George W Bush ၊ လူ႔အခြင့္အေရးလႈပ္ရွားသူ Natan Sharansky နဲ႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးေတြ ျဖစ္ၾကတဲ့ Henry Kissinger ၊ Collins Powell ၊ George Schultz ၊ James Baker အစရွိတဲ့ ပုဂၢိဳလ္ေတြ ျဖစ္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


=====

{Unicode}

သံအမတ်ကြီး ဦးကျော်မိုးထွန်း IRI ရဲ့ လွတ်လပ်ခွင့်ဆု ချီးမြှင့်ခံရ

International Republican Institute (IRI) ရဲ့ ၂၀၂၁ ခုနှစ် Freedom Award လွတ်လပ်ခွင့်ဆု ချီးမြှင့် ခံရသူတွေထဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦကျာ်မိုးထွန်းလည်း ပါဝင်ပါတယ်။ အခြား သုံးယောက်နဲ့အတူ ချီးမြှင့်ခံရတဲ့ ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကျင်းပမှာပါ။

ဒီမိုကရေစီ ၊ လွတ်လပ်ခွင့်နဲ့ လူသားတွေရဲ့ လွတ်မြောက်ရေးကိစ္စများ တိုးတက်ရေးအတွက် ပိုင်းဖြတ် မြှုပ်နှံ ဆောင်ရွက်ခဲ့ကြတဲ့သူတွေကို IRI အဖွဲ့ကြီးရဲ့အမြင့်ဆုံး ဒီဆုကို ချီးမြှင့်တာပါ။

ဒီနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာကျင်းပတဲ့ ကုလသမဂ္ဂအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများရဲ့သင်္ကေတ လက်ချောင်းသုံးချောင်းကို ထောင်ပြီး အာဏာသိမ်းမှုကို ကန့်ကွက် ဆန့်ကျင် မိန့်ခွန်းပြောကြားခဲ့ရာက လူသိများ ထင်ရှားလာတာပါ။

၂၀၂၁ IRI လွတ်လပ်ခွင့်ဆုကို လစ်သူယေးနီးယားနိုင်ငံ၊ ဝန်ကြီးချုပ် Ingrida Simonyte ၊ ဘယ်လာရုရှ် နိုင်ငံရေးအကျဉ်းသားများအတွက် ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ကိုယ်စားလှယ် Tatsiana Khomich ၊ ကျူးဘား ဂရမ်မီဆုရ အနုပညာရှင် Willy Chirino တို့နဲ့အတူ ဦးကျော်မိုးထွန်း ရခဲ့တာဖြစ်ပါတယ်။

အရင်က ဒီဆုကိုရခဲ့ကြတဲ့ ထင်ရှားသူတွေကတော့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ လိုင်ဘေးရီးယားသမ္မတ Ellen Johnson-Sirleaf ၊ အမေရိကန်သမ္မတတွေဖြစ်ကြတဲ့ Ronald Reagan နဲ့ George W Bush ၊ လူ့အခွင့်အရေးလှုပ်ရှားသူ Natan Sharansky နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေ ဖြစ်ကြတဲ့ Henry Kissinger ၊ Collins Powell ၊ George Schultz ၊ James Baker အစရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။

#WhatIsHappeningInMyanmar #UKyawMoeTun #IRI #FreedomAward #voaburmese #စစ်အာဏာသိမ်းမှု #ဦးကျော်မိုးထွန်း #လွတ်လပ်ခွင့်ဆု #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG