သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကုလသမဂၢ ေကာ္မတီေတြမွာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းတင္ျပ


kyaw moe htun un

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြဟာ လူသားထုအေပၚ က်ဳးလြန္တဲ့ ရာဇ၀တ္မႈ ေျမာက္ႏိုင္တာေၾကာင့္ ႏိုင္ငံတကာအသိုင္းအ၀န္းက အေရးယူေဆာင္ရြက္ဖို႔ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ကတိုက္တြန္းလိုက္ပါတယ္။ ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံရဲ႕ ဆဌမေကာ္မတီမွာ ေသာၾကာေန႔က လူသားထုအေပၚ က်ဳးလြန္တဲ့ ရာဇ၀တ္မႈေတြနဲ႔ ပတ္သက္တဲ့ ေခါင္းစဥ္ေတြေအာက္မွာ ေဆြးေႏြးရာမွာ ျမန္မာႏိုင္ငံက အေျခအေနကိုလည္း ထည့္သြင္းေျပာဆိုလိုက္တာပါ။ ကုလသမဂၢက အဓိက ေကာ္မတီေတြမွာ ျမန္မာ့အေရး တင္ျပခ်က္ေတြနဲ႔ ပတ္သက္လို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ဗြီအိုေအကို ရွင္းျပထားတာေတြကို ေဒၚခင္မ်ဳိးသက္ တင္ျပထားပါတယ္။

ႏိုင္ငံတကာ လုံျခံဳေရးနဲ႔ လက္နက္ဖ်က္သိမ္းေရးဆိ္ုင္ရာ ကိစၥေတြမွာ တာ၀န္ရွိတဲ့ ကုလသမဂၢ အေထြေထြညီလာခံရဲ႕ ပထမေကာ္မတီ၊ ဘ႑ာေရး၊ စီးပြားေရးဆိုင္ရာ ဒုတိယေကာ္မတီ၊ လူ႔အခြင့္အေရး၊ လူသားခ်င္းစာနာမႈနဲ႔ လူမႈေရးရာ ကိစၥေတြနဲ႔ ပတ္သက္တဲ့ တတိယေကာ္မတီနဲ႔ ႏိုင္ငံတကာ ဥပေဒေရးရာ ကိစၥေတြကို ကိုင္တြယ္ရတဲ့ ဆဌမေကာ္မတီေတြမွာ ဒီတပတ္ထဲ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ျမန္မာႏိုင္ငံရဲ႕ ေနာက္ဆုံးအေျခအေနေတြကို တင္ျပခဲ့တာပါ။ ျမန္မာႏိုင္ငံမွာ ၾကံဳေတြ႕ေနရတဲ့ ႏိုင္ငံေရး၊ စီးပြားေရး၊ လူ႔အခြင့္အေရး ျပႆနာေတြကို ႏိုင္ငံတကာ အသိုင္းအ၀န္းက ေျဖရွင္းေပးဖို႔ အဓိက တိုက္တြန္းခဲ့တယ္လို႔လည္း သံအမတ္ႀကီးက ဗြီအိုေအကို ေျပာပါတယ္။

"က်ေနာ္အေနနဲ႔ ျမန္မာႏိုင္ငံ ကိုယ္စားျပဳၿပီး ပထမေကာ္မတီ၊ ဒုတိယေကာ္မီတီ နဲ႔တတိယေကာ္မီတီေတြမွာ မိန္းခြန္းေတြ အသီးသီးေတာ့ ေျပာၿပီပါၿပီ။ အထူးသျဖင့္ တတိယေကာ္မီတီမွာေတာ့ လူအခြင့္အေရးခ်ဳိးေဖာက္မႈေတြရွိတဲ့ ကိစၥေပါ့ေနာ္ ေဖေဖာ္ဝါရီလ ၁ရက္ေန႔ ေနာက္ပိုင္း လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြကို ေထာက္ျပေျပာၾကားခဲ့ပါတယ္"

ျမန္မာႏိ္ုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း၊ အစုလိုက္အျပံဳလိုက္ သတ္ျဖတ္မႈေတြ အပါအ၀င္ စစ္တပ္က ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဳးလြန္ေနတယ္လို႔လည္း သံအမတ္ႀကီးက ေကာ္မတီကို တင္ျပခဲ့တာပါ။ ေသာၾကာေန႔က ဆဌမေကာ္မတီမွာ ဆိုရင္လည္း ျမန္မာႏိုင္ငံက လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြဟာ လူသားထုအေပၚ က်ဳးလြန္တဲ့ ရာဇ၀တ္မႈေျမာက္တာေၾကာင့္ ႏိုင္ငံတကာက ေျဖရွင္းဖို႔ တင္ျပခဲ့တယ္လို႔ သံအမတ္ႀကီးက ဗြီအိုေအကို ေျပာပါတယ္။

"အဓိက ကေတာ့ Crime Against Humanity နဲ႔ ပတ္သက္ၿပီးေတာ့ ႏိုင္ငံတကာ ကြန္ဗန္းရွင္းတရပ္ထြက္ဖို႔အတြက္ေပါ့ေနာ္ ။ ဒီကုလသမဂၢမွာ ေဆြးေႏြးညိွႏိႈင္းတာရွိပါတယ္။ ဒီေအာက္မွာပဲ Crime Against Humanity ပတ္သက္ၿပီးေတာ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ စစ္တပ္က က်ူးလြန္မႈေတြကို ေထာက္ျပၿပီးေတာ့ ဒီလိုအေျခအေနေတြကို အထူးသျဖင့္ ျမန္မာလိုမ်ိဳး ႏိုင္ငံေတြအေနနဲ႔ ဒီလိုမ်ဳိး ကြန္ဗန္းရွင္းတခု ရွိသင့္ေနၿပီးဆိုတဲ့ ေထာက္ျပေျပာခဲ့ပါတယ္။ ပထမေကာ္မီတီအေနနဲ႔ လက္နက္ဖ်က္သိမ္းေရးေပါ့ေနာ္။ အထူးသျဖင့္ သာမန္ရိုးက်လက္နက္ေတြနဲ႔ပတ္သက္ၿပီးေတာ့ ေဆြးေႏြးတဲ့အခါေတြမွာလည္းပဲေပါ့ေနာ္ လက္နက္ေရာင္းခ်မႈမလုပ္ဖို႔ေပါ့ေနာ္။ ထပ္ေလာင္းေမတၱာရပ္ခံခဲ့တယ္။ ဒုတိယေကာ္မီတီကေတာ့ စီးပြားေရးနဲ႔ ကိစၥရပ္ေတြ ေဆြးေႏြးတဲ့ ေကာ္မီတီ။ အဲဒီေကာ္မီတီမွာလည္းပဲ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးအေျခအေနေလးေတြ အခုဆိုရင္လည္း ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က ေဆာင္ရြက္မႈေတြေၾကာင့္ စီးပြားေရးဆုပ္ယုတ္လာတဲ့ ဟာေတြ ေျပာျဖစ္ပါတယ္"

ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းဟာ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္ခဲ့တဲ့အတြက္ စစ္ေကာင္စီက ႏိုင္ငံေတာ္ သစၥာေဖာက္အျဖစ္ စြပ္စဲြၿပီး ရာထူးက ဖယ္ရွားလိုက္ေၾကာင္း ေၾကညာထားတာပါ။ ဦးေက်ာ္မိုးထြန္းရဲ႕ ေနရာကိုလည္း အစားထိုး ခန္႔အပ္ဖို႔ စီစဥ္ေနတာေၾကာင့္ ကုလသမဂၢ ကိုယ္စားလွယ္ေနရာကို စိစစ္ေရြးခ်ယ္ရတဲ့ Credentials Committee က အဆုံးအျဖတ္ေပးရဖို႔ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................

{{Unicode}}
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်တာကြောင့် နိုင်ငံတကာအသိုင်းအဝန်းက အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကတိုက်တွန်းလိုက်ပါတယ်။ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆဌမကော်မတီမှာ သောကြာနေ့က လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တွေအောက်မှာ ဆွေးနွေးရာမှာ မြန်မာနိုင်ငံက အခြေအနေကိုလည်း ထည့်သွင်းပြောဆိုလိုက်တာပါ။ ကုလသမဂ္ဂက အဓိက ကော်မတီတွေမှာ မြန်မာ့အရေး တင်ပြချက်တွေနဲ့ ပတ်သက်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗွီအိုအေကို ရှင်းပြထားတာတွေကို ဒေါ်ခင်မျိုးသက် တင်ပြထားပါတယ်။

နိုင်ငံတကာ လုံခြုံရေးနဲ့ လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ကိစ္စတွေမှာ တာဝန်ရှိတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ပထမကော်မတီ၊ ဘဏ္ဍာရေး၊ စီးပွားရေးဆိုင်ရာ ဒုတိယကော်မတီ၊ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှုနဲ့ လူမှုရေးရာ ကိစ္စတွေနဲ့ ပတ်သက်တဲ့ တတိယကော်မတီနဲ့ နိုင်ငံတကာ ဥပဒေရေးရာ ကိစ္စတွေကို ကိုင်တွယ်ရတဲ့ ဆဌမကော်မတီတွေမှာ ဒီတပတ်ထဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေတွေကို တင်ပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး ပြဿနာတွေကို နိုင်ငံတကာ အသိုင်းအဝန်းက ဖြေရှင်းပေးဖို့ အဓိက တိုက်တွန်းခဲ့တယ်လို့လည်း သံအမတ်ကြီးက ဗွီအိုအေကို ပြောပါတယ်။

"ကျနော်အနေနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ပထမကော်မတီ၊ ဒုတိယကော်မီတီ နဲ့တတိယကော်မီတီတွေမှာ မိန်းခွန်းတွေ အသီးသီးတော့ ပြောပြီပါပြီ။ အထူးသဖြင့် တတိယကော်မီတီမှာတော့ လူအခွင့်အရေးချိုးဖောက်မှုတွေရှိတဲ့ ကိစ္စပေါ့နော် ဖေဖော်ဝါရီလ ၁ရက်နေ့ နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထောက်ပြပြောကြားခဲ့ပါတယ်"

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ အပါအဝင် စစ်တပ်က ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့လည်း သံအမတ်ကြီးက ကော်မတီကို တင်ပြခဲ့တာပါ။ သောကြာနေ့က ဆဌမကော်မတီမှာ ဆိုရင်လည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုမြောက်တာကြောင့် နိုင်ငံတကာက ဖြေရှင်းဖို့ တင်ပြခဲ့တယ်လို့ သံအမတ်ကြီးက ဗွီအိုအေကို ပြောပါတယ်။

"အဓိက ကတော့ Crime Against Humanity နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ ကွန်ဗန်းရှင်းတရပ်ထွက်ဖို့အတွက်ပေါ့နော် ။ ဒီကုလသမဂ္ဂမှာ ဆွေးနွေးညှိနှိုင်းတာရှိပါတယ်။ ဒီအောက်မှာပဲ Crime Against Humanity ပတ်သက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စစ်တပ်က ကျူးလွန်မှုတွေကို ထောက်ပြပြီးတော့ ဒီလိုအခြေအနေတွေကို အထူးသဖြင့် မြန်မာလိုမျိုး နိုင်ငံတွေအနေနဲ့ ဒီလိုမျိုး ကွန်ဗန်းရှင်းတခု ရှိသင့်နေပြီးဆိုတဲ့ ထောက်ပြပြောခဲ့ပါတယ်။ ပထမကော်မီတီအနေနဲ့ လက်နက်ဖျက်သိမ်းရေးပေါ့နော်။ အထူးသဖြင့် သာမန်ရိုးကျလက်နက်တွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတဲ့အခါတွေမှာလည်းပဲပေါ့နော် လက်နက်ရောင်းချမှုမလုပ်ဖို့ပေါ့နော်။ ထပ်လောင်းမေတ္တာရပ်ခံခဲ့တယ်။ ဒုတိယကော်မီတီကတော့ စီးပွားရေးနဲ့ ကိစ္စရပ်တွေ ဆွေးနွေးတဲ့ ကော်မီတီ။ အဲဒီကော်မီတီမှာလည်းပဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေလေးတွေ အခုဆိုရင်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က ဆောင်ရွက်မှုတွေကြောင့် စီးပွားရေးဆုပ်ယုတ်လာတဲ့ ဟာတွေ ပြောဖြစ်ပါတယ်"

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့တဲ့အတွက် စစ်ကောင်စီက နိုင်ငံတော် သစ္စာဖောက်အဖြစ် စွပ်စွဲပြီး ရာထူးက ဖယ်ရှားလိုက်ကြောင်း ကြေညာထားတာပါ။ ဦးကျော်မိုးထွန်းရဲ့ နေရာကိုလည်း အစားထိုး ခန့်အပ်ဖို့ စီစဉ်နေတာကြောင့် ကုလသမဂ္ဂ ကိုယ်စားလှယ်နေရာကို စိစစ်ရွေးချယ်ရတဲ့ Credentials Committee က အဆုံးအဖြတ်ပေးရဖို့ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG