သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၂ စက္တင္ဘာအထိ ကုလဆိုင္ရာ ျမန္မာကိုယ္စားလွယ္အျဖစ္ ဦးေက်ာ္မိုးထြန္း ဆက္ရွိႏိုင္ဥိီးမလား


သံအမတ္ႀကီး ဦးေက်ာ္မုိးထြန္း။

(Zawgyi / Unicode)

NUG အမ်ဳိးသားညီညြတ္ေရးအစိုးရက လက္ခံထားတဲ့ သံအမတ္ႀကီး ဦးေက်ာ္မုိးထြန္းဟာ ကုလသမဂၢဆုိင္ရာ ျမန္မာအၿမဲတမ္း ကုိယ္စားလွယ္အျဖစ္ ၂၀၂၂ ခုႏွစ္ စက္တင္ဘာလအထိ ဆက္ရွိေနမွာျဖစ္တယ္လို႔ ဗြီအိုေအျမန္မာပုိင္းကို ေျပာပါတယ္။ ေလာေလာဆယ္ အေထြေထြညီလာခံမွာ မိန္႔ခြန္းေျပာဖို႔ မျဖစ္ႏုိင္ေပမယ့္ အခုအေျခအေနဟာ သံတမန္ဆက္ဆံေရး စစ္မ်က္ႏွာမွာ သူတုိ႔ NUG အစုိးရအေနနဲ႔ ေအာင္ျမင္တဲ့ ေျခလွမ္းတခု ရရွိလာတာလို႔ ယူဆေၾကာင္းလည္း ေျပာပါတယ္။ သံအမတ္ႀကီး ဦးေက်ာ္မုိးထြန္းကို ကိုဉာဏ္ဝင္းေအာင္ ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ကုိဉာဏ္ဝင္းေအာင္ - စက္တင္ဘာ ၂၇၊ တနလၤာေန႔ ကုလသမဂၢ အေထြေထြညီလာခံ က်င္းပတဲ့အခါမွာ သံအမတ္ႀကီး ဦးေက်ာ္မုိးထြန္းက မိန္႔ခြန္းေျပာၾကားဖို႔ မရွိေတာ့ဘူးဆုိတာ က်ေနာ္တုိ႔ သိရပါတယ္။ အဲဒီေတာ့ ဥပမာ အေမရိကန္၊ တ႐ုတ္၊ ႐ုရွား စတဲ့ ႏုိင္ငံႀကီးေတြရဲ႕ သံေရးတမန္ေရး ၾကားဝင္ အေပးအယူ ညိႇႏႈိင္းမႈေတြ ရွိခဲ့တာေၾကာင့္ ဒီလုိကိစၥရပ္ေတြ ေပၚလာတယ္လို႔ နားလည္ပါတယ္။ အဲဒီေတာ့ သံအမတ္ႀကီး ဒီကိစၥ သိသေလာက္ ရွင္းျပေပးပါခင္ဗ်။

ဦးေက်ာ္မုိးထြန္း - “ဟုတ္ကဲ့၊ မဂၤလာပါ ေက်းဇူးအမ်ားႀကီးတင္ပါတယ္လို႔ ေျပာၾကားလိုပါတယ္ခင္ဗ်။ ခုနေမးခြန္းနဲ႔ ပတ္သက္လုိ႔ ကုလသမဂၢအဖြဲ႔ဝင္ ႏိုင္ငံေတြအေနနဲ႔ ဒီ General Debate မွာေတာ့ အဓိကအားျဖင့္ ႏုိင္ငံအႀကီးအကဲေတြ၊ အစုိးရအဖြဲ႔ အႀကီးအကဲေတြ၊ ဒုဝန္ႀကီးခ်ဳပ္တုိ႔၊ ႏုိင္ငံျခားေရးဝန္ႀကီးတို႔၊ ဝန္ႀကီးေတြ၊ ေနာက္ဆုံး ဝန္ႀကီးေတြအဆင့္ မတက္ႏုိင္ရင္ေတာ့ ဒီမွာရွိတဲ့ အၿမဲတမ္းကုိယ္စားလွယ္ေတြ ေခါင္းေဆာင္ၿပီး တက္ေလ့တက္ထရွိတယ္၊ မိန္႔ခြန္း ေျပာေလ့ေျပာထ ရွိတာေပါ့။ က်ေနာ္တို႔ ျမန္မာႏုိင္ငံ အေနနဲ႔လည္း မိန္႔ခြန္းေျပာဖို႔ကုိ က်ေနာ္တုိ႔ Inscribe လုပ္ခဲ့တယ္၊ အဲဒါကေတာ့ ၾသဂုတ္ကလည္းက က်ေနာ္တုိ႔ လုပ္ခဲ့ပါတယ္။ Foreign Policy မဂၢဇင္းမွာ ေျပာခြင့္ရတယ္၊ မရဘူးကိစၥ၊ ဘယ္လို ေျပာခြင့္မရဘူး ျဖစ္ပါးတယ္ဆုိတဲ့ ကိစၥေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေျပာထားတာရွိတယ္။ အဲဒီမွာပါတဲ့ အခ်က္အလက္ေတြက ေတာ္ေတာ္မ်ားမ်ား က်ေနာ္နားလည္တဲ့ အခ်က္အလက္ေတြနဲ႔ တူညီတယ္ဆုိတာမ်ဳိး က်ေနာ္ သတိျပဳမိပါတယ္။ တကယ္လည္း က်ေနာ္ Confirm လုပ္ရရင္လည္း တူညီပါတယ္။ ဒါေၾကာင့္ ၂၇ ရက္ေန႔ မြန္းလြဲပုိင္းမွာ ေျပာဖုိ႔ လ်ာထားတဲ့ဟာေတာ့ က်ေနာ္ မေျပာျဖစ္ေတာ့ပါဘူး။”

ကိုဉာဏ္ဝင္းေအာင္ - ခုနေျပာတဲ့ Foreign Policy မဂၢဇင္းမွာပါတဲ့ ႏုိင္ငံႀကီးေတြရဲ႕ ၾကားဝင္ညိႇႏႈိင္းမႈ အေျခအေန၊ ဘယ္ႏိုင္ငံနဲ႔ ဘယ္ႏုိင္ငံၾကားမွာ ဘယ္လုိ အေပးအယူ ရွိခဲ့သလဲဆုိတာ တုိတုိေလး ေျပာျပေပးလို႔ရမလား။

ဦးေက်ာ္မုိးထြန္း - “က်ေနာ့္အေနနဲ႔ေတာ့ ဘယ္ႏုိင္ငံ၊ ဘယ္ႏုိင္ငံလို႔ နာမည္တပ္ၿပီးေတာ့ ေျပာဖုိ႔ေတာ့ ခက္ပါတယ္။ ဒါေၾကာင့္ က်ေနာ့္အေနနဲ႔ေတာ့ Foreign Policy မဂၢဇင္းမွာ ပါတဲ့ဥစၥာလို႔ပဲ အၾကမ္းဖ်င္း ေျပာပါရေစ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဒီမွာလည္း သံတမန္ေတြ ၾကားထဲမွာလည္း ကိုယ့္ရဲ႕ နားလည္မႈေလးေတြ၊ က်င့္ဝတ္ေလးေတြ ရွိတယ္ဆုိေတာ့ အခ်ိန္မက်ေသးတဲ့အတြက္ ေျပာလုိ႔မရေသးတာေပါ့။ အခုလိုမ်ဳိး Credentials ကိစၥဆုိရင္ အမ်ားအားျဖင့္ ဘယ္သူမွေတာ့ မဲမခြဲခ်င္ၾကဘူး၊ အဖြဲ႔ဝင္ႏုိင္ငံေတြ အေနနဲ႔။ ဒါေၾကာင့္ မဲမခြဲဘဲနဲ႔ အားလုံးသေဘာတူႏုိင္မယ့္၊ အားလုံး လက္ခံႏုိင္မယ့္ အေျဖတခု ရဖုိ႔အတြက္ကုိ ဝုိင္းဝန္းေဆြးေႏြး ၾကားေလ့ ၾကားထ ရွိပါတယ္။”

ကိုဉာဏ္ဝင္းေအာင္ - အခု ကုလသမဂၢ ညီလာခံမွာ တနလၤာေန႔ သံအမတ္ႀကီး စကားမေျပာေတာ့ဘူး ဆုိတာက သံတမန္ေရး မ်က္ႏွာစာမွာ ေနာက္ဆုတ္သြားတဲ့သေဘာလား၊ ေအာင္ျမင္မႈရဖုိ႔ ေရွ႕ေျခတလွမ္း တုိးလာတဲ့ သေဘာလား။

ဦးေက်ာ္မုိးထြန္း - “က်ေနာ္ကေတာ့ ဒုတိယမွတ္ခ်က္ အပုိင္းကုိေတာ့ ပိုၿပီးေတာ့ In Line ျဖစ္ပါတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ကုလသမဂၢ အေထြေထြညီလာခံက ဒီတပတ္တည္း လုပ္တာမဟုတ္ပါဘူး။ ညီလာခံက တႏွစ္ပတ္လုံး လုပ္တာပါ။ အထူးသျဖင့္ စက္တင္ဘာကေန ဒီဇင္ဘာလကုန္က အဓိကကာလတခု ျဖစ္တဲ့အတြက္ေၾကာင့္ အဲဒီကာလထဲမွာဆုိရင္ မ်က္ႏွာစုံညီ အစည္းအေဝးေတြ အမ်ားႀကီးရွိတယ္။ ဒါေၾကာင့္ ဒီတပတ္မွာ မေျပာေပမယ့္လည္း ဒီလိုမ်ဳိး ကာလေတြမွာ ေျပာဆုိသြားမယ့္ အေနအထားမ်ဳိး ေျပာခြင့္ရတဲ့ အေနအထားမ်ဳိး ရွိျခင္းအားျဖင့္ က်ေနာ္တို႔ရဲ႕ ျပည္သူ႔အသံ၊ ျပည္သူေတြရဲ႕ ဆႏၵကို လာမယ့္ ရက္သတၱပတ္ေတြမွာ ဒီမ်က္ႏွာစာကတဆင့္ ႏုိင္ငံတကာ အသုိင္းအဝုိင္းကို ေျပာၾကားေပးႏုိင္မယ့္ဥစၥာ ျဖစ္တဲ့အတြက္ေၾကာင့္ေတာ့ က်ေနာ္တုိ႔ ျမန္မာႏုိင္ငံအတြက္၊ ျမန္မာျပည္သူေတြအတြက္ ေကာင္းတဲ့အက်ဳိးတခု ရွိတယ္လို႔ေတာ့ က်ေနာ္ သုံးသပ္ပါတယ္။”

ကိုဉာဏ္ဝင္းေအာင္ - သံအမတ္ႀကီးကို ကုလသမဂၢနဲ႔ ပတ္သက္ၿပီးေတာ့ ကိုယ္စားလွယ္အျဖစ္ ေနာက္ထပ္ သက္တမ္းတႏွစ္ ထပ္တုိးခြင့္ရသြားၿပီဆုိၿပီး ေရးေနတာ ရွိတယ္။ အဲဒီဟာက ဘယ္လိုပါလဲ။

ဦးေက်ာ္မုိးထြန္း - “က်ေနာ္တုိ႔ အခု Credentials Committee က မေတြ႔ေသးဘူးေပ့ါ။ Credentials မေတြ႔ေသးခင္ကာလမွာ ၇၆ ႀကိမ္ေျမာက္ အေထြေထြညီလာခံမွာလည္း ဒီ Continuity ဆက္ရွိေနမယ္ဆုိတာ က်ေနာ္နားလည္ထားတယ္ဆုိတဲ့ဟာေပါ့။”

ကိုဉာဏ္ဝင္းေအာင္ - အဲဒါ ဘယ္လအထိလဲခင္ဗ်။

ဦးေက်ာ္မုိးထြန္း - “၇၆ ႀကိမ္ေျမာက္ အေထြေထြညီလာခံဆုိတာ ၂၀၂၁ စက္တင္ဘာ ၁၄ ရက္က စလုိက္ၿပီးရင္ ၂၀၂၂ စက္တင္ဘာ၊ ေနာက္တႀကိမ္မစခင္ တရက္အထိေပါ့ ေျပာလို႔ရပါတယ္ခင္ဗ်။”

ကိုဉာဏ္ဝင္းေအာင္ - အဲဒီေတာ့ ဒီ ေရွ႕လာမယ့္ အလားအလာမွာ သံအမတ္ႀကီးကို အျပည့္အဝ လက္ခံလာႏိုင္မယ့္ အေနအထားေတြ ရွိပါသလား။

ဦးေက်ာ္မိုးထြန္း - “ဒီ စစ္ေကာင္စီကို ႏိုင္ငံတကာ အသိုင္းအဝိုင္းက လုံးဝ အသိအမွတ္ျပဳျခင္း မရွိဘူးေပါ့ေနာ္။ မရွိတဲ့အတြက္ေၾကာင့္လည္းေပါ့ေနာ္၊ စစ္ေကာင္စီရဲ႕ ကိုယ္စားလွယ္ကို ဒီလိုမ်ဳိး မ်က္ႏွာစာမွာ လက္ခံဖို႔မရွိဘူး ဆိုတာကိုေတာ့ က်ေနာ္ ႏိုင္ငံေတြ အေတာ္မ်ားမ်ားနဲ႔ ေျပာဆိုထားခ်က္အရ ဒါေတြကို သိထားရပါတယ္။ ဒါေၾကာင့္မို႔လို႔ေပါ့ေနာ္ စစ္ေကာင္စီ ကိုယ္စားလွယ္ကေတာ့ ဘယ္လိုအေနအထားနဲ႔ပဲ ျဖစ္ျဖစ္ ဒီမွာ ကိုယ္စားျပဳခြင့္ရဖို႔ မရွိဘူးဆိုတာမ်ဳိးေတာ့ က်ေနာ္ ေျပာလို႔ရပါတယ္။ ေနာက္တခုက ဒီမွာ လက္ရွိ ရွိေနတဲ့ အၿမဲတမ္းကိုယ္စားလွယ္ ဆက္လက္တာဝန္ယူသြားေရး ကိစၥေပ့ါေနာ္၊ ဒီ Continuity (ရွိၿပီးသားတာဝန္ကို ဆက္လက္ထမ္းေဆာင္သြားေရး) နဲ႔ ပတ္သက္လို႔ဆိုရင္ ဒီမွာရွိတဲ့ အဖြဲ႔ဝင္ႏိုင္ငံတခ်ဳိ႕ ၾကားမွာေတာ့ အတိုင္းအတာတခုထိ နားလည္မႈ ယူထားၿပီးတဲ့ကိစၥ ျဖစ္တဲ့အတြက္ေၾကာင့္ မို႔လို႔ေပါ့ေနာ္၊ ဒီ Continuity ကေတာ့ ၇၆ ႀကိမ္ေျမာက္ ကုလညီလာခံ အစည္းအေဝးကာလအတြင္းမွာ ဆက္သြားေနမယ္လို႔ေတာ့ က်ေနာ္ နားလည္ထားပါတယ္။ ဒါေပမယ့္ ခုနကဟာကို ျပန္ေကာက္ရရင္ ၁၀၀ ရာခုိင္ႏႈန္း အတိအက်ေျပာဖို႔ ဆိုတာကေတာ့ ဘယ္အရာမွ မျဖစ္ႏုိင္ဘူး။ ေနာက္ျဖစ္လာမယ့္ အေျခအေနေပၚ မူတည္ၿပီးေတာ့ ျမန္မာႏိုင္ငံ ျပည္သူျပည္သားေတြအတြက္ အေကာင္းဆုံးျဖစ္ႏိုင္မယ့္ အေနအထားမ်ဳိး ရွိမယ္လို႔ေတာ့ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။ ဒါေၾကာင့္ ဒီမွာ က်ေနာ္တို႔ အၿမဲတမ္း ေျပာေျပာေနတာက ဓမၼနဲ႔ အဓမၼ ယွဥ္လာရင္ ဓမၼက အားသာမယ္၊ ဓမၼက ႏိုင္မယ္ ဆိုတဲ့ဥစၥာကို က်ေနာ္တို႔ ေမွ်ာ္လင့္တယ္၊ ယုံၾကည္ပါတယ္။”

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

၂၀၂၂ စက်တင်ဘာအထိ ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်း ဆက်ရှိနိုင်ဦးမလား

NUG အမျိုးသားညီညွတ်ရေးအစိုးရက လက်ခံထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ဆက်ရှိနေမှာဖြစ်တယ်လို့ ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ လောလောဆယ် အထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့ မဖြစ်နိုင်ပေမယ့် အခုအခြေအနေဟာ သံတမန်ဆက်ဆံရေး စစ်မျက်နှာမှာ သူတို့ NUG အစိုးရအနေနဲ့ အောင်မြင်တဲ့ ခြေလှမ်းတခု ရရှိလာတာလို့ ယူဆကြောင်းလည်း ပြောပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ကိုဉာဏ်ဝင်းအောင် - စက်တင်ဘာ ၂၇၊ တနင်္လာနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပတဲ့အခါမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားဖို့ မရှိတော့ဘူးဆိုတာ ကျနော်တို့ သိရပါတယ်။ အဲဒီတော့ ဥပမာ အမေရိကန်၊ တရုတ်၊ ရုရှား စတဲ့ နိုင်ငံကြီးတွေရဲ့ သံရေးတမန်ရေး ကြားဝင် အပေးအယူ ညှိနှိုင်းမှုတွေ ရှိခဲ့တာကြောင့် ဒီလိုကိစ္စရပ်တွေ ပေါ်လာတယ်လို့ နားလည်ပါတယ်။ အဲဒီတော့ သံအမတ်ကြီး ဒီကိစ္စ သိသလောက် ရှင်းပြပေးပါခင်ဗျ။

ဦးကျော်မိုးထွန်း - “ဟုတ်ကဲ့၊ မင်္ဂလာပါ ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောကြားလိုပါတယ်ခင်ဗျ။ ခုနမေးခွန်းနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ဒီ General Debate မှာတော့ အဓိကအားဖြင့် နိုင်ငံအကြီးအကဲတွေ၊ အစိုးရအဖွဲ့ အကြီးအကဲတွေ၊ ဒုဝန်ကြီးချုပ်တို့၊ နိုင်ငံခြားရေးဝန်ကြီးတို့၊ ဝန်ကြီးတွေ၊ နောက်ဆုံး ဝန်ကြီးတွေအဆင့် မတက်နိုင်ရင်တော့ ဒီမှာရှိတဲ့ အမြဲတမ်းကိုယ်စားလှယ်တွေ ခေါင်းဆောင်ပြီး တက်လေ့တက်ထရှိတယ်၊ မိန့်ခွန်း ပြောလေ့ပြောထ ရှိတာပေါ့။ ကျနော်တို့ မြန်မာနိုင်ငံ အနေနဲ့လည်း မိန့်ခွန်းပြောဖို့ကို ကျနော်တို့ Inscribe လုပ်ခဲ့တယ်၊ အဲဒါကတော့ သြဂုတ်ကလည်းက ကျနော်တို့ လုပ်ခဲ့ပါတယ်။ Foreign Policy မဂ္ဂဇင်းမှာ ပြောခွင့်ရတယ်၊ မရဘူးကိစ္စ၊ ဘယ်လို ပြောခွင့်မရဘူး ဖြစ်ပါးတယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပြောထားတာရှိတယ်။ အဲဒီမှာပါတဲ့ အချက်အလက်တွေက တော်တော်များများ ကျနော်နားလည်တဲ့ အချက်အလက်တွေနဲ့ တူညီတယ်ဆိုတာမျိုး ကျနော် သတိပြုမိပါတယ်။ တကယ်လည်း ကျနော် Confirm လုပ်ရရင်လည်း တူညီပါတယ်။ ဒါကြောင့် ၂၇ ရက်နေ့ မွန်းလွဲပိုင်းမှာ ပြောဖို့ လျာထားတဲ့ဟာတော့ ကျနော် မပြောဖြစ်တော့ပါဘူး။”

ကိုဉာဏ်ဝင်းအောင် - ခုနပြောတဲ့ Foreign Policy မဂ္ဂဇင်းမှာပါတဲ့ နိုင်ငံကြီးတွေရဲ့ ကြားဝင်ညှိနှိုင်းမှု အခြေအနေ၊ ဘယ်နိုင်ငံနဲ့ ဘယ်နိုင်ငံကြားမှာ ဘယ်လို အပေးအယူ ရှိခဲ့သလဲဆိုတာ တိုတိုလေး ပြောပြပေးလို့ရမလား။

ဦးကျော်မိုးထွန်း - “ကျနော့်အနေနဲ့တော့ ဘယ်နိုင်ငံ၊ ဘယ်နိုင်ငံလို့ နာမည်တပ်ပြီးတော့ ပြောဖို့တော့ ခက်ပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့တော့ Foreign Policy မဂ္ဂဇင်းမှာ ပါတဲ့ဥစ္စာလို့ပဲ အကြမ်းဖျင်း ပြောပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာလည်း သံတမန်တွေ ကြားထဲမှာလည်း ကိုယ့်ရဲ့ နားလည်မှုလေးတွေ၊ ကျင့်ဝတ်လေးတွေ ရှိတယ်ဆိုတော့ အချိန်မကျသေးတဲ့အတွက် ပြောလို့မရသေးတာပေါ့။ အခုလိုမျိုး Credentials ကိစ္စဆိုရင် အများအားဖြင့် ဘယ်သူမှတော့ မဲမခွဲချင်ကြဘူး၊ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့။ ဒါကြောင့် မဲမခွဲဘဲနဲ့ အားလုံးသဘောတူနိုင်မယ့်၊ အားလုံး လက်ခံနိုင်မယ့် အဖြေတခု ရဖို့အတွက်ကို ဝိုင်းဝန်းဆွေးနွေး ကြားလေ့ ကြားထ ရှိပါတယ်။”

ကိုဉာဏ်ဝင်းအောင် - အခု ကုလသမဂ္ဂ ညီလာခံမှာ တနင်္လာနေ့ သံအမတ်ကြီး စကားမပြောတော့ဘူး ဆိုတာက သံတမန်ရေး မျက်နှာစာမှာ နောက်ဆုတ်သွားတဲ့သဘောလား၊ အောင်မြင်မှုရဖို့ ရှေ့ခြေတလှမ်း တိုးလာတဲ့ သဘောလား။

ဦးကျော်မိုးထွန်း - “ကျနော်ကတော့ ဒုတိယမှတ်ချက် အပိုင်းကိုတော့ ပိုပြီးတော့ In Line ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီတပတ်တည်း လုပ်တာမဟုတ်ပါဘူး။ ညီလာခံက တနှစ်ပတ်လုံး လုပ်တာပါ။ အထူးသဖြင့် စက်တင်ဘာကနေ ဒီဇင်ဘာလကုန်က အဓိကကာလတခု ဖြစ်တဲ့အတွက်ကြောင့် အဲဒီကာလထဲမှာဆိုရင် မျက်နှာစုံညီ အစည်းအဝေးတွေ အများကြီးရှိတယ်။ ဒါကြောင့် ဒီတပတ်မှာ မပြောပေမယ့်လည်း ဒီလိုမျိုး ကာလတွေမှာ ပြောဆိုသွားမယ့် အနေအထားမျိုး ပြောခွင့်ရတဲ့ အနေအထားမျိုး ရှိခြင်းအားဖြင့် ကျနော်တို့ရဲ့ ပြည်သူ့အသံ၊ ပြည်သူတွေရဲ့ ဆန္ဒကို လာမယ့် ရက်သတ္တပတ်တွေမှာ ဒီမျက်နှာစာကတဆင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြောကြားပေးနိုင်မယ့်ဥစ္စာ ဖြစ်တဲ့အတွက်ကြောင့်တော့ ကျနော်တို့ မြန်မာနိုင်ငံအတွက်၊ မြန်မာပြည်သူတွေအတွက် ကောင်းတဲ့အကျိုးတခု ရှိတယ်လို့တော့ ကျနော် သုံးသပ်ပါတယ်။”

ကိုဉာဏ်ဝင်းအောင် - သံအမတ်ကြီးကို ကုလသမဂ္ဂနဲ့ ပတ်သက်ပြီးတော့ ကိုယ်စားလှယ်အဖြစ် နောက်ထပ် သက်တမ်းတနှစ် ထပ်တိုးခွင့်ရသွားပြီဆိုပြီး ရေးနေတာ ရှိတယ်။ အဲဒီဟာက ဘယ်လိုပါလဲ။

ဦးကျော်မိုးထွန်း - “ကျနော်တို့ အခု Credentials Committee က မတွေ့သေးဘူးပေ့ါ။ Credentials မတွေ့သေးခင်ကာလမှာ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံမှာလည်း ဒီ Continuity ဆက်ရှိနေမယ်ဆိုတာ ကျနော်နားလည်ထားတယ်ဆိုတဲ့ဟာပေါ့။”

ကိုဉာဏ်ဝင်းအောင် - အဲဒါ ဘယ်လအထိလဲခင်ဗျ။

ဦးကျော်မိုးထွန်း - “၇၆ ကြိမ်မြောက် အထွေထွေညီလာခံဆိုတာ ၂၀၂၁ စက်တင်ဘာ ၁၄ ရက်က စလိုက်ပြီးရင် ၂၀၂၂ စက်တင်ဘာ၊ နောက်တကြိမ်မစခင် တရက်အထိပေါ့ ပြောလို့ရပါတယ်ခင်ဗျ။”

ကိုဉာဏ်ဝင်းအောင် - အဲဒီတော့ ဒီ ရှေ့လာမယ့် အလားအလာမှာ သံအမတ်ကြီးကို အပြည့်အဝ လက်ခံလာနိုင်မယ့် အနေအထားတွေ ရှိပါသလား။

ဦးကျော်မိုးထွန်း - “ဒီ စစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်းက လုံးဝ အသိအမှတ်ပြုခြင်း မရှိဘူးပေါ့နော်။ မရှိတဲ့အတွက်ကြောင့်လည်းပေါ့နော်၊ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ဒီလိုမျိုး မျက်နှာစာမှာ လက်ခံဖို့မရှိဘူး ဆိုတာကိုတော့ ကျနော် နိုင်ငံတွေ အတော်များများနဲ့ ပြောဆိုထားချက်အရ ဒါတွေကို သိထားရပါတယ်။ ဒါကြောင့်မို့လို့ပေါ့နော် စစ်ကောင်စီ ကိုယ်စားလှယ်ကတော့ ဘယ်လိုအနေအထားနဲ့ပဲ ဖြစ်ဖြစ် ဒီမှာ ကိုယ်စားပြုခွင့်ရဖို့ မရှိဘူးဆိုတာမျိုးတော့ ကျနော် ပြောလို့ရပါတယ်။ နောက်တခုက ဒီမှာ လက်ရှိ ရှိနေတဲ့ အမြဲတမ်းကိုယ်စားလှယ် ဆက်လက်တာဝန်ယူသွားရေး ကိစ္စပေ့ါနော်၊ ဒီ Continuity (ရှိပြီးသားတာဝန်ကို ဆက်လက်ထမ်းဆောင်သွားရေး) နဲ့ ပတ်သက်လို့ဆိုရင် ဒီမှာရှိတဲ့ အဖွဲ့ဝင်နိုင်ငံတချို့ ကြားမှာတော့ အတိုင်းအတာတခုထိ နားလည်မှု ယူထားပြီးတဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် မို့လို့ပေါ့နော်၊ ဒီ Continuity ကတော့ ၇၆ ကြိမ်မြောက် ကုလညီလာခံ အစည်းအဝေးကာလအတွင်းမှာ ဆက်သွားနေမယ်လို့တော့ ကျနော် နားလည်ထားပါတယ်။ ဒါပေမယ့် ခုနကဟာကို ပြန်ကောက်ရရင် ၁၀၀ ရာခိုင်နှုန်း အတိအကျပြောဖို့ ဆိုတာကတော့ ဘယ်အရာမှ မဖြစ်နိုင်ဘူး။ နောက်ဖြစ်လာမယ့် အခြေအနေပေါ် မူတည်ပြီးတော့ မြန်မာနိုင်ငံ ပြည်သူပြည်သားတွေအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် အနေအထားမျိုး ရှိမယ်လို့တော့ ကျနော် မျှော်လင့်ပါတယ်။ ဒါကြောင့် ဒီမှာ ကျနော်တို့ အမြဲတမ်း ပြောပြောနေတာက ဓမ္မနဲ့ အဓမ္မ ယှဉ်လာရင် ဓမ္မက အားသာမယ်၊ ဓမ္မက နိုင်မယ် ဆိုတဲ့ဥစ္စာကို ကျနော်တို့ မျှော်လင့်တယ်၊ ယုံကြည်ပါတယ်။”

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG