(Zawgyi/ Unicode)
ကုလသမဂၢအဖြဲ႔ဝင္ႏိုင္ငံေတြ အေနနဲ႔ ဦးေက်ာ္မိုးထြန္းကို ကုလသမဂၢ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္အျဖစ္ ဆက္ၿပီးခန္႔ထားဖို႔ ျမန္မာနဲ႔ ႏိုင္ငံတကာ လူမႈလူ႔အဖြဲ႔အစည္း ၃၅၈ ဖြဲ႔က ကုလသမဂၢအေထြေထြညီလာခံ ကို တနလၤာေန႔က အိတ္ဖြင့္ေပးစာ ေရးသားေပးပို႔ ေတာင္းဆိုလိုက္ပါတယ္။
အေထြေထြညီလာခံကို စက္တင္ဘာ ၁၄ ရက္ အဂၤါေန႔မွာ စတင္မွာ ျဖစ္ၿပီး လက္ရွိကုလဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းနဲ႔ အာဏာသိမ္းထားတဲ့ စစ္ေကာင္စီကတင္သြင္းတဲ့ အေမရိကန္ဝါရွင္တန္ဒီစီက စစ္သံမွဴး ဗိုလ္မွဴးႀကီး ေအာင္သူရိန္ ဘယ္သူ႔ကို ျမန္မာကိုယ္စားလွယ္အျဖစ္ လက္ခံမယ္ဆိုတာ ေရြးခ်ယ္ေရးအတြက္ တာဝန္ယူရမယ့္ အဖြဲ႔ကိုဖြဲ႔စည္းဖို႔ ရွိပါတယ္။ ဒီအဖြဲ႔မွာ တ႐ုတ္၊ ႐ုွရွားနဲ႔ အေမရိကန္ အပါအဝင္ ကုလသမဂၢအဖြဲ႔ဝင္ ၉ ႏိုင္ငံ ပါဝင္မွာျဖစ္ပါတယ္။
ဦးေက်ာ္မိုးထြန္းဟာ ျမန္မာျပည္သူေတြ အတြက္ေရာ စစ္တပ္အာဏာသိမ္းယူတာ ခံခဲ့ရတဲ့ အရပ္သားအစိုးရ အတြက္ပါ ကိုယ္စားျပဳသူ တဦးျဖစ္တဲ့ အတြက္ သူ႔ကိုပဲ ကုလသမဂၢ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ အျဖစ္ အသိမွတ္ျပဳဖို႔ လူမႈအဖြဲ႔အစည္းေတြက ေတာင္းဆိုၾကပါတယ္။
စစ္ေကာင္စီက တင္သြင္းသူကို ေရြးခဲ့မယ္ဆိုရင္ ကုလသမဂၢအေနနဲ႔ ျမန္မာျပည္သူေတြကို ကိုယ္စားျပဳသူထက္ ျမန္မာျပည္သူေတြကို ရက္ရက္စက္စက္ သတ္ျဖတ္ႏွိပ္စက္တဲ့ စစ္ေကာင္စီကိုယ္စားလွယ္ကို ခန္႔ထားမိႏိ္ုင္တဲ့ အေနထားေရာက္သြားႏိုင္တာေၾကာင့္ ၿငိမ္းခ်မ္းတည္ၿငိမ္မႈနဲ႔ လူသားတန္ဖိုးကို ေလးစားတဲ့ ကုလသမဂၢအဖြဲ႔ဝင္ ဘယ္ႏိုင္ငံမဆို စစ္ေကာင္စီရဲ႕ကိုယ္စားလွယ္ကို ျငင္းဆိုဖို႔ အေထြေထြညီလာခံကို စာေရးသားေပးပို႔တဲ့ အဖြဲ႔ေတြထဲက Progressive Voice အဖြဲ႔က ေဒၚခင္ဥမၼာက ေျပာပါတယ္။
လူ႔အခြင့္ေရးဆိုင္ရာ အာဆီယံ ပါလီမန္အမတ္မ်ားအဖြဲ႔ APHR ဘုတ္အဖြဲ႔ဝင္တဦးျဖစ္တဲ့ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Kasit Piromya ကလည္း ကုလသမဂၢရဲ႕ စံတန္ဖိုးေတြျဖစ္တဲ့ ၿငိမ္းခ်မ္းေရး၊ လူ႔အခြင့္ေရး၊ တရားမွ်တေရးနဲ႔ လူမႈတိုးတက္ေရးေတြနဲ႔ မကိုက္ညီတဲ့ျမန္မာစစ္တပ္ရဲ႕ ကိုယ္စားလွယ္ကို ေရြးခ်ယ္မယ္ဆိုရင္ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးနဲ႔ ဒီမိုကေရစီလမ္း ျပန္ေလွ်ာက္လွမ္းႏိုင္ခြင့္ ဆံုးရံႈးႏိုင္ရံုတင္မကဘဲ ကမာၻတလႊား ကုလသမဂၢရဲ႕ ႀကိဳးပမ္းမႈေတြပါ အခ်ည္းအႏွီး ျဖစ္လာႏိုင္ေျခရွိတယ္လို႔ ေထာက္ျပထားပါတယ္။
(Unicode)
ကုလဆိုင်ရာကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို လက်ခံဖို့ လူမှုအဖွဲ့အစည်း ၃၀၀ ကျော်တောင်းဆို
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ပြီးခန့်ထားဖို့ မြန်မာနဲ့ နိုင်ငံတကာ လူမှုလူ့အဖွဲ့အစည်း ၃၅၈ ဖွဲ့က ကုလသမဂ္ဂအထွေထွေညီလာခံ ကို တနင်္လာနေ့က အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ တောင်းဆိုလိုက်ပါတယ်။
အထွေထွေညီလာခံကို စက်တင်ဘာ ၁၄ ရက် အင်္ဂါနေ့မှာ စတင်မှာ ဖြစ်ပြီး လက်ရှိကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကတင်သွင်းတဲ့ အမေရိကန်ဝါရှင်တန်ဒီစီက စစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန် ဘယ်သူ့ကို မြန်မာကိုယ်စားလှယ်အဖြစ် လက်ခံမယ်ဆိုတာ ရွေးချယ်ရေးအတွက် တာဝန်ယူရမယ့် အဖွဲ့ကိုဖွဲ့စည်းဖို့ ရှိပါတယ်။ ဒီအဖွဲ့မှာ တရုတ်၊ ရုှရှားနဲ့ အမေရိကန် အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် ၉ နိုင်ငံ ပါဝင်မှာဖြစ်ပါတယ်။
ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူတွေ အတွက်ရော စစ်တပ်အာဏာသိမ်းယူတာ ခံခဲ့ရတဲ့ အရပ်သားအစိုးရ အတွက်ပါ ကိုယ်စားပြုသူ တဦးဖြစ်တဲ့ အတွက် သူ့ကိုပဲ ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ် အသိမှတ်ပြုဖို့ လူမှုအဖွဲ့အစည်းတွေက တောင်းဆိုကြပါတယ်။
စစ်ကောင်စီက တင်သွင်းသူကို ရွေးခဲ့မယ်ဆိုရင် ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုသူထက် မြန်မာပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နှိပ်စက်တဲ့ စစ်ကောင်စီကိုယ်စားလှယ်ကို ခန့်ထားမိနိုင်တဲ့ အနေထားရောက်သွားနိုင်တာကြောင့် ငြိမ်းချမ်းတည်ငြိမ်မှုနဲ့ လူသားတန်ဖိုးကို လေးစားတဲ့ ကုလသမဂ္ဂအဖွဲ့ဝင် ဘယ်နိုင်ငံမဆို စစ်ကောင်စီရဲ့ကိုယ်စားလှယ်ကို ငြင်းဆိုဖို့ အထွေထွေညီလာခံကို စာရေးသားပေးပို့တဲ့ အဖွဲ့တွေထဲက Progressive Voice အဖွဲ့က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
လူ့အခွင့်ရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ APHR ဘုတ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya ကလည်း ကုလသမဂ္ဂရဲ့ စံတန်ဖိုးတွေဖြစ်တဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်ရေး၊ တရားမျှတရေးနဲ့ လူမှုတိုးတက်ရေးတွေနဲ့ မကိုက်ညီတဲ့မြန်မာစစ်တပ်ရဲ့ ကိုယ်စားလှယ်ကို ရွေးချယ်မယ်ဆိုရင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလမ်း ပြန်လျှောက်လှမ်းနိုင်ခွင့် ဆုံးရှုံးနိုင်ရုံတင်မကဘဲ ကမ္ဘာတလွှား ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုတွေပါ အချည်းအနှီး ဖြစ်လာနိုင်ခြေရှိတယ်လို့ ထောက်ပြထားပါတယ်။