သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလအေထြေထြညီလာခံမွာ စစ္ေကာင္စီကို ေနရာမေပးတာဟာ ကုလရဲ႕ ပထမေျခလွမ္း (Tom Andrews)


Tom Andrews-Special Rapporteur on the situation of human rights in Myanmar

အေထြေထြညီလာခံမွာ စစ္ေကာင္စီကို ေနရာမေပးေရး ဆိုတဲ့ ကုလသမဂၢရဲ႕ ပထမေျခလွမ္း ေအာင္ျမင္စြာလွမ္းႏိုင္ခဲ့ ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ကုလလူ႕အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews ကဗီြအိုေအကုိေျပာပါတယ္။

စစ္အာဏာသိမ္းလိုက္တဲ့ ျမန္မာႏိုင္ငံအတြက္ ကိုယ္စားလွယ္အစစ္အမွန္အျဖစ္ ကုလသမဂၢ ဘယ္လို ဆံုးျဖတ္ဖို႔ရိွမလဲ။ မၾကာခင္ ႏွစ္ပတ္လည္အစီရင္ခံစာ တင္သြင္းေတာ့မယ့္ ကုလအထူးကိုယ္စားလွယ္ Tom Andrews ကို မအင္ၾကင္းႏိုင္က စကိုက္ကေန သီးသန္႔ ဆက္သြယ္ေမးျမန္းထားပါတယ္။

အင္ၾကင္းႏိုင္။ ။ အခုလို ေတြ႕ဆံုေမးျမန္းခြင့္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ပထမဦးဆံုးေမးခ်င္တာက ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရးအထူးကိုယ္စားလွယ္အေနနဲ႔ အခု နယူးေရာက္မွာက်င္းပေနတဲ့ ကုလအေထြေထြညီလာခံအတြက္ ဘာေတြျပင္ဆင္ေနပါသလဲ။

Tom Andrews ။ ။ လာမယ့္ ဗုဒၶဟူးေန႔မွာ အရင္ဆံုး ဂ်ီနီဗာ လူ႔အခြင့္အေရးေကာင္စီအစည္းအေ၀းမွာ ဗီြဒီယိုကြန္ဖရင့္နဲ႔ က်ေနာ္ အစီရင္ခံတင္ျပဖို႔ရွိပါတယ္။ ၿပီးရင္ေတာ့ ေအာက္တိုဘာမွာ နယူးေယာက္ ကုလသမဂၢအေထြေထြညီလာခံမွာ အစီရင္ခံစာအျပည့္အစံုကို တင္ျပဖို႔ရွိပါတယ္။အေထြေထြညီလာခံအတြက္ အလြန္က်ယ္က်ယ္ျပန္႔ျပန္႔ေရးသားထားတဲ့ ေနာက္ဆံုး အၿပီးသတ္အစီရင္ခံစာကို က်ေနာ္ တည္းျဖတ္ေနပါတယ္။ လာမယ့္ သီတင္းပတ္အနည္းငယ္အတြင္း အစီရင္ခံစာကို လူကိုယ္တိုင္ တင္ျပဖို႔ရွိပါတယ္။

အင္ၾကင္းႏိုင္။ ။ ဒါဆိုရင္ ျမန္မာႏိုင္ငံက လူ႔အခြင့္အေရး အေျခအေန အထူးသျဖင့္ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ျဖစ္ေပၚလာတဲ့ အေျခအေနကို အစီအရင္ခံစာမွာ ဘယ္လို က်ယ္က်ယ္ျပန္႔ျပန္႔ ေဖၚျပထားပါသလဲ။

Tom Andrews။ ။ အလြန္အလြန္ကို ခက္ခဲတဲ့ အေျခအေနပါ။ လူ႔အခြင့္အေရးေကာင္စီမွာ ေနာက္ဆံုးအႀကိမ္ က်ေနာ္အစီရင္ခံတင္ျပၿပီးကတည္းက အေျခအေနေတြ ပိုပိုၿပီး ဆိုးရြားလာခဲ့တာပါ။ အသတ္ခံရတဲ့ သူေပါင္း ၁၁၀၀ ေက်ာ္ရွိေနၿပီး မတရား ဖမ္းဆီးခံရသူေပါင္း ၈၀၀၀ ေက်ာ္ရွိေနပါတယ္။ ေလာေလာဆယ္ ဖမ္းဆီးခံရမယ့္အေရး ေရွာင္းတိမ္းေနတဲ့ လူေပါင္း ၂၀၀၀ ေက်ာ္ရွိေနတယ္လို႔ က်ေနာ္ သိရပါတယ္။ ေနာက္တခ်က္ အလြန္အလြန္ စိိတ္မခ်မ္းေျမ႕စရာကေတာ့ စစ္ေကာင္စီ ဟာ သူတို႔ ဖမ္းခ်င္တဲ့သူကို ဖမ္းလို႔မရရင္ မိသားစု၀င္ေတြကိုပါ ဓါးစားခံအျဖစ္ ဖမ္းဆီးထိန္းသိမ္းထားတာျဖစ္ပါတယ္။ ဇနီး၊ ညီအကိုေမာင္ႏွမ၊ ဦးေလး၊ အေဒၚနဲ႔ ကေလးေတြေတာင္ မခ်န္ သူတို႔ ဖမ္းဆီးတဲ့ သတင္းေတြ ရပါတယ္။ ဒါဟာ သူတို႔ရဲ႕ရက္စက္ၾကမ္းၾကဳတ္မႈ ျပယုဂ္ အစိတ္အပိုင္းေတြထဲက တခုပါ။ တခ်ဳိ႕အျဖစ္ေတြမွာဆိုရင္ ကေလးေတြကိုပါ ႏွိပ္စက္တယ္ဆိုတဲ့ အေထာက္အထားေတြရွိေနပါတယ္။ ဒါေတြဟာ တကယ့္ကို ဆိုးရြားေနတဲ့ အေျခအေနပါ။ အၾကမ္းဖက္မႈေတြဟာ အဆမတန္ တိုးလာေနပါတယ္။ ဒါေၾကာင့္ ဒီလို အၾကမ္းဖက္မႈေတြ တိုးလာေနတဲ့ အေျခအေန၊ ျပည္သူေတြအေပၚ စနစ္တက် တိုက္ခိုက္မႈေတြ၊ သူတို႔ရဲ႕ အေျခခံလူ႔အခြင့္အေရးခ်ဳိးေဖာက္ခံရမႈေတြကို လူ႔အခြင့္အေရးေကာင္စီမွာ တင္ျပဖို႔ရွိပါတယ္။

အင္ၾကင္းႏိုင္။ ။ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္အေနနဲ႔ အခုလို ျမန္မာႏိုင္ငံက အၾကမ္းဖက္မႈ အေျခအေနေတြကို ကုလသမဂၢကို တင္ျပေနတယ္။ ဒါအျပင္ ကုလသမဂၢအဖဲြ႔၀င္ႏိုင္ငံေတြကိုလည္း ျမန္မာ စစ္ေကာင္စီကို ဒဏ္ခတ္အေရးယူဖို႔ ဖိအားေပးေတာင္းဆိုတာလည္း ေတြ႕ရပါတယ္။ ဒါေပမယ့္ အခုခ်ိန္ထိ ျမန္မာျပည္သူေတြအေပၚ အၾကမ္းဖက္မႈေတြ ဆက္ၿပီးမျဖစ္ေပၚေအာင္ တားျမစ္ဖို႔ ကုလသမဂၢဘက္ကပ်က္ကြက္ေနတယ္ဆိုတဲ့ ေ၀ဖန္ေထာက္ျပမႈေတြရွိေနပါတယ္။ ဒီအေပၚမွာ Tom Andrews ရဲ႕ အျမင္ ဘယ္လိုရွိပါသလဲ။

Tom Andrews။ ။ ဟုတ္တယ္။ သူတို႔ေထာက္ျပတဲ့ အခ်က္က ေကာင္းတယ္လို႔ က်ေနာ္ျမင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြဟာ ဆက္ၿပီး သိသိသာသာပိုမ်ားလာေနတယ္။ ျပည္သူေတြအေပၚ အႏိုင္က်င့္ႏွိပ္စက္တာ တိုးတလာတယ္။ ကုလသမဂၢက ဒါေတြကို ရွဳတ္ခ်ကန္႔ကြက္ေၾကာင္း ေၾကညာခ်က္ေတြ ထုတ္ျပန္ခဲ့တယ္။ ကုလသမဂၢအေထြေထြညီလာခံမွာ စစ္ေကာင္စီကို ႏို၀င္ဘာ ၂၀ ေရြးေကာက္ပဲြရလာဒ္ကိုေလးစားလိုက္နာဖို႔ ေတာင္းဆိုခ်က္ကို တခဲနက္တည္း မဲေပးခဲ့ၾကတယ္။ အဖဲြ႔၀င္ႏိုင္ငံေပါင္း ၁၁၆ ႏိုင္ငံ ေထာက္ခံမဲေပးခဲ့ၾကၿပီး တမဲ ပဲ ကန္႔ကြက္မဲေပးခဲ့တာပါ။
ဒါေပမယ္လို႔ ဒီလို ဆံုးျဖတ္ခ်က္ေတြ၊ ေၾကညာခ်က္ေတြ ရွိေနေပမယ့္ ကုလသမဂၢရဲ႕ အေရးယူေဆာင္ရြက္မႈဆိုတာ မရွိခဲ့ပါဘူး။ ဒါေၾကာင့္ ရလာဒ္အေနနဲ႔ ျမန္မာျပည္တြင္းထဲရွိေနသူေတြ အထူးသျဖင့္ က်ေနာ္ စကားေျပာျဖစ္သူေတြအေနနဲ႔ စိတ္ပ်က္လက္ပ်က္ျဖစ္ေနမွာေတာ့ ေသခ်ာပါတယ္။ ႏိုင္ငံတကာအသိုင္းအ၀ိုင္းအေနနဲ႔ ဘာမွမလုပ္ႏိုင္ေပးဘူးလို႔ သူတို႔ ခံစားၾကရပါတယ္။ ဒါေၾကာင့္ ကုလသမဂၢအေနနဲ႔ ဒီထက္မက လုပ္ေဆာင္ဖို႔ လိုအပ္ေနတယ္လို႔ ယံုၾကည္ပါတယ္။ စကားေျပာေနတာ၊ ေၾကညာခ်က္ေတြ၊ ဆံုးျဖတ္ခ်က္ေတြကိုထုတ္ျပန္ေနတာထက္ အနည္းဆံုးအဖဲြ႕၀င္ႏိုင္ငံေတြအေနနဲ႔ တခုခု အေရးယူေဆာင္ရြက္ဖို႔ လိုေနပါတယ္။
တကယ္လို႔ ကုလသမဂၢ ယႏၱရား အရ မျဖစ္မေနလိုက္နာေဆာင္ရြက္ရမယ္ဆိုတဲ့ လံုၿခံဳေရးေကာင္စီရဲ႕ဆံုးျဖတ္ခ်က္ကို မခ်ႏိုင္ဘူးဆိုရင္ ပစ္မွတ္ထားအေရးယူလိုတဲ့ အဖဲြ႔၀င္ႏိုင္ငံေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကိုေတာ့ တားဆီးပိတ္ပင္လို႔ မသင့္ပါဘူး။ လက္ရွိမွာ စစ္ေကာင္စီအေပၚ အေရးယူပိတ္ဆို႔ထားတဲ့ ကုလသမဂၢအဖဲြ႔၀င္ႏိုင္ငံေပါင္း ၄၁ ႏိုင္ငံ ရွိေနပါတယ္။ ဒီႏိုင္ငံေတြအေနနဲ႔ စီးပြားေရးအရ ပိတ္ဆို႔အေရးယူမႈပံုစံမ်ဳိးေတြ လုပ္ထားပါတယ္။ ဒါေပမယ့္ သူတို႔လုပ္ေနတာေတြက ပံုစံ မ်ဳိးစံုျဖစ္ေနၿပီး၊ ပူးေပါင္းေဆာင္ရြက္တာမ်ဳိး မရွိတဲ့အျပင္ အာရံုစိုက္လုပ္ေဆာင္တာမ်ဳိးလည္းမရွိၾကဘူး။ ဒါေၾကာင့္ က်ေနာ္ယံုၾကည္ေနတာက ဒီႏိုင္ငံေတြအားလံုး ပူးေပါင္းၿပီး စစ္အုပ္စုရဲ႕အဓိက ၀င္ေငြလမ္းေၾကာင္းတခုကို မဟာဗ်ဴဟာေျမာက္ အာရံံုစိုက္ ပစ္မွတ္ထားပိတ္ဆို႔ ျဖတ္ေတာက္ဖို႔ လိုအပ္ပါတယ္။ တပ္မေတာ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ နဲ႔ အျခား ဗိုလ္ခ်ဳပ္ေတြဟာ တိုင္းျပည္ကို သူတို႔သာ ထိန္းသိမ္းထားႏိုင္တယ္လို႔ ဂုဏ္ယူေနၾကတာ။ တဖက္မွာၾကည့္ရင္ သူတို႔တပ္မေတာ္ဟာ အကာအကြယ္မဲ့ အားနည္းသူေတြျဖစ္ပါတယ္။ ျမန္မာျပည္သူေတြကို တိုက္ခိုက္ႏွိမ္နင္းဖို႔၊ တိုက္ပဲြေတြအတြက္ လက္နက္ေတြသံုးစဲြတဲ့ ကုန္က်စရိတ္ေတြအပါအ၀င္ အျခား ကုန္က်စရိတ္ေတြအတြက္ ေငြအေျမာက္အမ်ားကို သံုးစဲြရပါတယ္။ ဒါေၾကာင့္ တပ္မေတာ္ထဲစီး၀င္ေနတဲ့ ၀င္ေငြအရင္းအျမစ္ေတြကို ျဖတ္ေတာက္လိုက္မယ္ဆိုရင္ သူတို႔လုပ္ရပ္ေတြကို တားဆီးႏိုင္မယ့္အခြင့္အလမ္းေတြရွိေနပါတယ္။ ဒါေပမယ့္ ဒီလိုျဖစ္လာဖို႔ အခ်ိန္ၾကာမယ့္ သေဘာရွိတယ္။ လက္နက္ေရာင္းခ်မႈ တားျမစ္ခ်က္အပါအ၀င္ တကယ့္ကို အာရံုစိုက္၊ ပစ္မွတ္ထားၿပီး ခိုင္မာတဲ့ ပူးေပါင္းေဆာင္ရြက္တဲ့ ပိတ္ဆို႔အေရးယူမႈမ်ဳိး လုပ္ႏိုင္တယ္လို႔ က်ေနာ္ယံုၾကည္ပါတယ္။ ဒါေပမဲ့လည္း ဒါကို ၿပီးေျမာက္ေအာင္လုပ္ဖို႔ လိုပါတယ္။

အင္ၾကင္းႏိုင္။ ။ ေနာက္ထပ္ အေရးႀကီးတဲ့ ကိစၥတခုျဖစ္ေနတဲ့ စစ္ေကာင္စီနဲ႔ NUG အမ်ဳိးသားညီညြတ္ေရးအစိုးရၾကား ဘယ္သူတရား၀င္မႈရွိသလဲဆိုတဲ့ အပိုင္းမွာ အခုက်င္းပေနတဲ့ ၇၆ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံ Credentials Committee အေနနဲ႔ ျမန္မာကိုယ္စားလွယ္အျဖစ္ ဘယ္သူ႔ကိုေရြးခ်ယ္မလဲဆိုတဲ့ကိစၥရွိေနပါတယ္။ ကုလသမဂၢသတင္းအရင္းအျမစ္ေတြအရ ျမန္မာစစ္ေကာင္စီကို ကုလသမဂၢမွာ ေနရာမယူႏိုင္ေအာင္ ပိတ္ထားဖို႔ တရုတ္နဲ႔ အေမရိကန္ၾကား သေဘာတူညီခ်က္ေတြရခဲ့တယ္လို႔ဆိုပါတယ္။ ဒါကိုလည္း ရုရွား၊ အာဆီယံနဲ႔ ဥေရာပႏိုင္ငံေတြကလည္း ေထာက္ခံတယ္လို႔ ဆိုတယ္။ ဒါေပမယ့္ တဖက္မွာလည္း ျမန္မာျပည္သူေတြ ေရြးေကာက္တင္ေျမွာက္ထားတဲ့ လႊတ္ေတာ္အမတ္ေတြ ဦးေဆာင္ဖဲြ႕စည္းထားတဲ့ NUG ကို အစိုးရအျဖစ္ သေဘာတူလက္ခံတဲ့ အခ်က္ မပါဘူးဆိုေတာ့ ဒီလိုညွဳိႏႈိင္းေဆြးေႏြးမႈေတြအေပၚ ဘယ္လိုျမင္ပါလဲ။

Tom Andrews။ ။ ေနာက္ကြယ္မွာ ေဆြးေႏြးမႈေတြ အမ်ားႀကီးရွိေနပါတယ္။ ဒီျပသနာကို ဘယ္လိုေျဖရွင္းသင့္သလဲဆိုတာ ေဆြးေႏြးေျပာဆိုမႈေတြအမ်ားႀကီးရွိေနပါတယ္။ ဒီအေျခအေနကိုၾကည့္ရင္ ဖန္ခြက္တခြက္ကို တ၀က္ပဲျမင္သလား၊ လံုး၀မရွိဘူးလို႔ ျမင္သလားဆိုတဲ့ ၾကည့္သူအေပၚမွာ မူတည္မယ္ထင္ပါတယ္။ က်ေနာ္အျမင္မွာေတာ့ စစ္ေကာင္စီကို ေနရာမေပးဖို႔ ကုလသမဂၢအတြက္ အေရးႀကီးဆံုးေျခလွမ္းတခုျဖစ္ပါတယ္။ အျခားႏိုင္ငံေတြနဲ႔ အတူသူတို႔ကို ေနရာေပးမထားပါဘူး။ စစ္ေကာင္စီကေတာ့ သူတို႔ကိုယ္ ႏိုင္ငံတကာက တရား၀င္အသိအမွတ္ျပဳတဲ့ပံုစံမ်ဳိး ႀကိဳးစားပံုေဖၚေနတာပါ။ ကုလသမဂၢအေထြေထြညီလာခံက တခဲနက္တည္းခ်မွတ္ခဲ့တဲ့ ဆံုးျဖတ္ခ်က္ကိုၾကည့္ရင္ ၂၀၂၀ေရြးေကာက္ပဲြ ရလာဒ္ကို လက္ခံဖို႔၊ ျပည္သူေတြရဲ႕ သေဘာထားဆႏၵကို ေလးစားဖို႔ အခ်က္ပါ၀င္ပါတယ္။ ဒါေၾကာင့္ ၾသဇာသက္ေရာက္မႈရွိတဲ့ ဒီဆံုးျဖတ္ခ်က္အရ စစ္ေကာင္စီကို ကုလသမဂၢက အသိအမွတ္ျပဳမထားသလို ျမန္မာျပည္သူေတြေရြးခ်ယ္ထားတဲ့ ကိုယ္စားလွယ္ေတြကို အခိုင္အမာေထာက္ခံတယ္ဆိုတာ ထင္ရွားပါတယ္။

ဒါေပမယ့္ ေမးခြန္းထုတ္စရာရွိတာက အနည္းဆံုးေတာ့ စစ္ေကာင္စီကို တရား၀င္အစိုးရအျဖစ္ အသိအမွတ္မျပဳပဲ က်ေနာ္တို႔ ဘယ္လိုနည္းလမ္းနဲ႔ ေရွ႕ဆက္သြားၾကမလဲ။ ျပည္သူေတြရဲ႕ဆႏၵကို အေလးထားၿပီး ဘယ္လိုနည္းလမ္းနဲ႔ ေျဖရွင္းၾကမလဲ။ ပထမအဆင့္ကေတာ့ တရားမ၀င္တဲ့ စစ္ေကာင္စီကို အစိုးရအျဖစ္ အသိအမွတ္မျပဳေအင္ ေသခ်ာေစဖို႔၊ ဒုတိယအဆင့္ကေတာ့ ၂၀၂၀ ႏို၀င္ဘာေရြးေကာက္ပဲြမွာ ျမန္မာျပည္သူေတြ ထုတ္ေဖၚခဲ့တဲ့ ဆႏၵေတြကို အခိုင္အမာ အသိအမွတ္ျပဳၿပီး ေရွ႕ဆက္လွမ္းဖို႔ ျဖစ္ပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ဟာ ပထမအဆင့္ကိုေတာ့ ေက်ာ္ျဖတ္ၿပီးပါၿပီ။ ဒုတိယအဆင့္ကိုေတာ့ ေစာင့္ၾကည့္ဖို႔ိလိုပါတယ္။ ဒါေပမယ့္ ၂၀၂၀ ေရြးေကာက္ပဲြရလာဒ္ကို ကုလသမဂၢအေထြေထြညီလာခံက အျပည့္အ၀ေထာက္ခံထားတဲ့အခ်က္က အလြန္အေရးပါပါတယ္။

အင္ၾကင္းႏိုင္။ ။ ဒါဆိုရင္ အခုလို ကုလသမဂၢဘက္က ရပ္တည္ခ်က္ေတြဟာ ဘယ္လို အက်ဳိးသက္ေရာက္မႈေတြျဖစ္လာႏိုင္မလဲ။ ဥပမာ- ျမန္မာျပည္သူေတြအတြက္ ႏိုုင္ငံတကာက ေပးမယ့္ ကိုဗစ္-၁၉ ကာကြယ္ေဆးကိစၥမွာဆိုရင္ စစ္ေကာင္စီက သူ႔ကို တရား၀င္အသိအမွတ္ျပဳေရး အေပၚမွာမူတည္ေနတဲ့သေဘာမ်ုိးနဲ႕ ႏိုင္ငံေရးအရ ကစားေနတယ္လို႔ လံုၿခံဳေရးေကာင္စီအဖဲြ႔၀င္ႏိုင္ငံတခ်ဳိ႕က ေထာက္ျပထားတာရွိပါတယ္။ စစ္ေကာင္စီကို တရား၀င္အသိအမွတ္မျပဳဘူးဆိုရင္ သူတို႔ဘက္က တုန္႔ျပန္လာမယ့္ အေျခအေနေတြကို ဘယ္လို သံုးသပ္ပါသလဲ။

Tom Andrews။ ။ သိပ္ေကာင္းတဲ့ ေမးခြန္းပါ။ စစ္ေကာင္စီက သူတို႔ရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈမွာ အကန္႔အသတ္မရွိဘူး၊ ေနာက္ သူ႔ကိုယ္ပိုင္အက်ဳိးစီးပြားအတြက္ ျမန္မာႏိုင္ငံသူ၊ ႏိုင္ငံသားေတြကို ထိခိုက္ေအာင္လုပ္ႏိုင္တယ္ဆိုတာကို ျပသခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ ျမန္မာျပည္သူေတြ တစိုက္မတ္မတ္ ေဖၚထုတ္ျပသခဲ့တဲ့ ခိုင္မာတဲ့ စိတ္ဓါတ္၊ ရဲရင့္မႈ၊ ဇဲြရွိမႈ ကို က်ေနာ္ အလြန္ပဲ ေလးစားမိပါတယ္။ သူတို႔ကံၾကမၼာ သူတို႔လက္ထဲမွာ အမွန္တကယ္ရွိပါတယ္။ သူတို႔ရဲ႕ သားေတြ၊ ေျမးေတြ၊ ေနာင္လာေနာက္သားေတြအတြက္ စစ္တပ္အာဏာသိမ္းမႈကို ခိုင္မာတဲ့ သံဓိဌာန္ေတြနဲ႔ တႏိုင္ငံလံုးအႏွံျပန္ၿပီးတြန္းလွန္ေနတာေတြ႕ရပါတယ္။ ဒါေၾကာင့္သူတို႔အတြက္ ႏိုင္ငံတကာအသိုင္းအ၀ိုင္းရဲ႕ေထာက္ခံမႈ ထိုက္ထုိက္တန္တန္ေပးရမွာပါ။ ဒီေနရာမွာ မန္မာျပည္သူေတြရဲ႕ ဆႏၵကို ေလးစားၿပီး သူတို႔ေျပာေနတဲ့ ငါတို႔နဲ႕အတူ အခိုင္အမာရပ္တည္ေပးပါဆိုတာကို ႏိုင္ငံတကာအသိုင္းအ၀ိုင္းအေနနဲ႔ နားေထာင္ဖို႔ အေရးႀကီးပါတယ္။

-----------------

တိုက္႐ိုက္ လင့္ခ္


ကုလအထွေထွေညီလာခံမှာ စစ်ကောင်စီကို နေရာမပေးတာဟာ ကုလရဲ့ ပထမခြေလှမ်း (Tom Andrews)

အထွေထွေညီလာခံမှာ စစ်ကောင်စီကို နေရာမပေးရေး ဆိုတဲ့ ကုလသမဂ္ဂရဲ့ ပထမခြေလှမ်း အောင်မြင်စွာလှမ်းနိုင်ခဲ့ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကဗွီအိုအေကိုပြောပါတယ်။

စစ်အာဏာသိမ်းလိုက်တဲ့ မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်အစစ်အမှန်အဖြစ် ကုလသမဂ္ဂ ဘယ်လို ဆုံးဖြတ်ဖို့ရှိမလဲ။ မကြာခင် နှစ်ပတ်လည်အစီရင်ခံစာ တင်သွင်းတော့မယ့် ကုလအထူးကိုယ်စားလှယ် Tom Andrews ကို မအင်ကြင်းနိုင်က စကိုက်ကနေ သီးသန့် ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ အခုလို တွေ့ဆုံမေးမြန်းခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပထမဦးဆုံးမေးချင်တာက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အနေနဲ့ အခု နယူးရောက်မှာကျင်းပနေတဲ့ ကုလအထွေထွေညီလာခံအတွက် ဘာတွေပြင်ဆင်နေပါသလဲ။

Tom Andrews ။ ။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ အရင်ဆုံး ဂျီနီဗာ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ဗွီဒီယိုကွန်ဖရင့်နဲ့ ကျနော် အစီရင်ခံတင်ပြဖို့ရှိပါတယ်။ ပြီးရင်တော့ အောက်တိုဘာမှာ နယူးယောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစီရင်ခံစာအပြည့်အစုံကို တင်ပြဖို့ရှိပါတယ်။အထွေထွေညီလာခံအတွက် အလွန်ကျယ်ကျယ်ပြန့်ပြန့်ရေးသားထားတဲ့ နောက်ဆုံး အပြီးသတ်အစီရင်ခံစာကို ကျနော် တည်းဖြတ်နေပါတယ်။ လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း အစီရင်ခံစာကို လူကိုယ်တိုင် တင်ပြဖို့ရှိပါတယ်။

အင်ကြင်းနိုင်။ ။ ဒါဆိုရင် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေ အထူးသဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အခြေအနေကို အစီအရင်ခံစာမှာ ဘယ်လို ကျယ်ကျယ်ပြန့်ပြန့် ဖေါ်ပြထားပါသလဲ။

Tom Andrews။ ။ အလွန်အလွန်ကို ခက်ခဲတဲ့ အခြေအနေပါ။ လူ့အခွင့်အရေးကောင်စီမှာ နောက်ဆုံးအကြိမ် ကျနော်အစီရင်ခံတင်ပြပြီးကတည်းက အခြေအနေတွေ ပိုပိုပြီး ဆိုးရွားလာခဲ့တာပါ။ အသတ်ခံရတဲ့ သူပေါင်း ၁၁၀၀ ကျော်ရှိနေပြီး မတရား ဖမ်းဆီးခံရသူပေါင်း ၈၀၀၀ ကျော်ရှိနေပါတယ်။ လောလောဆယ် ဖမ်းဆီးခံရမယ့်အရေး ရှောင်းတိမ်းနေတဲ့ လူပေါင်း ၂၀၀၀ ကျော်ရှိနေတယ်လို့ ကျနော် သိရပါတယ်။ နောက်တချက် အလွန်အလွန် စိတ်မချမ်းမြေ့စရာကတော့ စစ်ကောင်စီ ဟာ သူတို့ ဖမ်းချင်တဲ့သူကို ဖမ်းလို့မရရင် မိသားစုဝင်တွေကိုပါ ဓါးစားခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။ ဇနီး၊ ညီအကိုမောင်နှမ၊ ဦးလေး၊ အဒေါ်နဲ့ ကလေးတွေတောင် မချန် သူတို့ ဖမ်းဆီးတဲ့ သတင်းတွေ ရပါတယ်။ ဒါဟာ သူတို့ရဲ့ရက်စက်ကြမ်းကြုတ်မှု ပြယုဂ် အစိတ်အပိုင်းတွေထဲက တခုပါ။ တချို့အဖြစ်တွေမှာဆိုရင် ကလေးတွေကိုပါ နှိပ်စက်တယ်ဆိုတဲ့ အထောက်အထားတွေရှိနေပါတယ်။ ဒါတွေဟာ တကယ့်ကို ဆိုးရွားနေတဲ့ အခြေအနေပါ။ အကြမ်းဖက်မှုတွေဟာ အဆမတန် တိုးလာနေပါတယ်။ ဒါကြောင့် ဒီလို အကြမ်းဖက်မှုတွေ တိုးလာနေတဲ့ အခြေအနေ၊ ပြည်သူတွေအပေါ် စနစ်တကျ တိုက်ခိုက်မှုတွေ၊ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို လူ့အခွင့်အရေးကောင်စီမှာ တင်ပြဖို့ရှိပါတယ်။

အင်ကြင်းနိုင်။ ။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနဲ့ အခုလို မြန်မာနိုင်ငံက အကြမ်းဖက်မှု အခြေအနေတွေကို ကုလသမဂ္ဂကို တင်ပြနေတယ်။ ဒါအပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုလည်း မြန်မာ စစ်ကောင်စီကို ဒဏ်ခတ်အရေးယူဖို့ ဖိအားပေးတောင်းဆိုတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် အခုချိန်ထိ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်ပြီးမဖြစ်ပေါ်အောင် တားမြစ်ဖို့ ကုလသမဂ္ဂဘက်ကပျက်ကွက်နေတယ်ဆိုတဲ့ ဝေဖန်ထောက်ပြမှုတွေရှိနေပါတယ်။ ဒီအပေါ်မှာ Tom Andrews ရဲ့ အမြင် ဘယ်လိုရှိပါသလဲ။

Tom Andrews။ ။ ဟုတ်တယ်။ သူတို့ထောက်ပြတဲ့ အချက်က ကောင်းတယ်လို့ ကျနော်မြင်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေဟာ ဆက်ပြီး သိသိသာသာပိုများလာနေတယ်။ ပြည်သူတွေအပေါ် အနိုင်ကျင့်နှိပ်စက်တာ တိုးတလာတယ်။ ကုလသမဂ္ဂက ဒါတွေကို ရှုတ်ချကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့တယ်။ ကုလသမဂ္ဂအထွေထွေညီလာခံမှာ စစ်ကောင်စီကို နိုဝင်ဘာ ၂၀ ရွေးကောက်ပွဲရလာဒ်ကိုလေးစားလိုက်နာဖို့ တောင်းဆိုချက်ကို တခဲနက်တည်း မဲပေးခဲ့ကြတယ်။ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၁၆ နိုင်ငံ ထောက်ခံမဲပေးခဲ့ကြပြီး တမဲ ပဲ ကန့်ကွက်မဲပေးခဲ့တာပါ။
ဒါပေမယ်လို့ ဒီလို ဆုံးဖြတ်ချက်တွေ၊ ကြေညာချက်တွေ ရှိနေပေမယ့် ကုလသမဂ္ဂရဲ့ အရေးယူဆောင်ရွက်မှုဆိုတာ မရှိခဲ့ပါဘူး။ ဒါကြောင့် ရလာဒ်အနေနဲ့ မြန်မာပြည်တွင်းထဲရှိနေသူတွေ အထူးသဖြင့် ကျနော် စကားပြောဖြစ်သူတွေအနေနဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေမှာတော့ သေချာပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဘာမှမလုပ်နိုင်ပေးဘူးလို့ သူတို့ ခံစားကြရပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ ဒီထက်မက လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ယုံကြည်ပါတယ်။ စကားပြောနေတာ၊ ကြေညာချက်တွေ၊ ဆုံးဖြတ်ချက်တွေကိုထုတ်ပြန်နေတာထက် အနည်းဆုံးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တခုခု အရေးယူဆောင်ရွက်ဖို့ လိုနေပါတယ်။
တကယ်လို့ ကုလသမဂ္ဂ ယန္တရား အရ မဖြစ်မနေလိုက်နာဆောင်ရွက်ရမယ်ဆိုတဲ့ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို မချနိုင်ဘူးဆိုရင် ပစ်မှတ်ထားအရေးယူလိုတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ လုပ်ဆောင်ချက်တွေကိုတော့ တားဆီးပိတ်ပင်လို့ မသင့်ပါဘူး။ လက်ရှိမှာ စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့ထားတဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၄၁ နိုင်ငံ ရှိနေပါတယ်။ ဒီနိုင်ငံတွေအနေနဲ့ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုပုံစံမျိုးတွေ လုပ်ထားပါတယ်။ ဒါပေမယ့် သူတို့လုပ်နေတာတွေက ပုံစံ မျိုးစုံဖြစ်နေပြီး၊ ပူးပေါင်းဆောင်ရွက်တာမျိုး မရှိတဲ့အပြင် အာရုံစိုက်လုပ်ဆောင်တာမျိုးလည်းမရှိကြဘူး။ ဒါကြောင့် ကျနော်ယုံကြည်နေတာက ဒီနိုင်ငံတွေအားလုံး ပူးပေါင်းပြီး စစ်အုပ်စုရဲ့အဓိက ဝင်ငွေလမ်းကြောင်းတခုကို မဟာဗျူဟာမြောက် အာရံုံစိုက် ပစ်မှတ်ထားပိတ်ဆို့ ဖြတ်တောက်ဖို့ လိုအပ်ပါတယ်။ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ အခြား ဗိုလ်ချုပ်တွေဟာ တိုင်းပြည်ကို သူတို့သာ ထိန်းသိမ်းထားနိုင်တယ်လို့ ဂုဏ်ယူနေကြတာ။ တဖက်မှာကြည့်ရင် သူတို့တပ်မတော်ဟာ အကာအကွယ်မဲ့ အားနည်းသူတွေဖြစ်ပါတယ်။ မြန်မာပြည်သူတွေကို တိုက်ခိုက်နှိမ်နင်းဖို့၊ တိုက်ပွဲတွေအတွက် လက်နက်တွေသုံးစွဲတဲ့ ကုန်ကျစရိတ်တွေအပါအဝင် အခြား ကုန်ကျစရိတ်တွေအတွက် ငွေအမြောက်အများကို သုံးစွဲရပါတယ်။ ဒါကြောင့် တပ်မတော်ထဲစီးဝင်နေတဲ့ ဝင်ငွေအရင်းအမြစ်တွေကို ဖြတ်တောက်လိုက်မယ်ဆိုရင် သူတို့လုပ်ရပ်တွေကို တားဆီးနိုင်မယ့်အခွင့်အလမ်းတွေရှိနေပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်လာဖို့ အချိန်ကြာမယ့် သဘောရှိတယ်။ လက်နက်ရောင်းချမှု တားမြစ်ချက်အပါအဝင် တကယ့်ကို အာရုံစိုက်၊ ပစ်မှတ်ထားပြီး ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ပိတ်ဆို့အရေးယူမှုမျိုး လုပ်နိုင်တယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒါပေမဲ့လည်း ဒါကို ပြီးမြောက်အောင်လုပ်ဖို့ လိုပါတယ်။

အင်ကြင်းနိုင်။ ။ နောက်ထပ် အရေးကြီးတဲ့ ကိစ္စတခုဖြစ်နေတဲ့ စစ်ကောင်စီနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကြား ဘယ်သူတရားဝင်မှုရှိသလဲဆိုတဲ့ အပိုင်းမှာ အခုကျင်းပနေတဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ Credentials Committee အနေနဲ့ မြန်မာကိုယ်စားလှယ်အဖြစ် ဘယ်သူ့ကိုရွေးချယ်မလဲဆိုတဲ့ကိစ္စရှိနေပါတယ်။ ကုလသမဂ္ဂသတင်းအရင်းအမြစ်တွေအရ မြန်မာစစ်ကောင်စီကို ကုလသမဂ္ဂမှာ နေရာမယူနိုင်အောင် ပိတ်ထားဖို့ တရုတ်နဲ့ အမေရိကန်ကြား သဘောတူညီချက်တွေရခဲ့တယ်လို့ဆိုပါတယ်။ ဒါကိုလည်း ရုရှား၊ အာဆီယံနဲ့ ဥရောပနိုင်ငံတွေကလည်း ထောက်ခံတယ်လို့ ဆိုတယ်။ ဒါပေမယ့် တဖက်မှာလည်း မြန်မာပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်အမတ်တွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ NUG ကို အစိုးရအဖြစ် သဘောတူလက်ခံတဲ့ အချက် မပါဘူးဆိုတော့ ဒီလိုညှိုနှိုင်းဆွေးနွေးမှုတွေအပေါ် ဘယ်လိုမြင်ပါလဲ။

Tom Andrews။ ။ နောက်ကွယ်မှာ ဆွေးနွေးမှုတွေ အများကြီးရှိနေပါတယ်။ ဒီပြသနာကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာ ဆွေးနွေးပြောဆိုမှုတွေအများကြီးရှိနေပါတယ်။ ဒီအခြေအနေကိုကြည့်ရင် ဖန်ခွက်တခွက်ကို တဝက်ပဲမြင်သလား၊ လုံးဝမရှိဘူးလို့ မြင်သလားဆိုတဲ့ ကြည့်သူအပေါ်မှာ မူတည်မယ်ထင်ပါတယ်။ ကျနော်အမြင်မှာတော့ စစ်ကောင်စီကို နေရာမပေးဖို့ ကုလသမဂ္ဂအတွက် အရေးကြီးဆုံးခြေလှမ်းတခုဖြစ်ပါတယ်။ အခြားနိုင်ငံတွေနဲ့ အတူသူတို့ကို နေရာပေးမထားပါဘူး။ စစ်ကောင်စီကတော့ သူတို့ကိုယ် နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုတဲ့ပုံစံမျိုး ကြိုးစားပုံဖေါ်နေတာပါ။ ကုလသမဂ္ဂအထွေထွေညီလာခံက တခဲနက်တည်းချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကိုကြည့်ရင် ၂၀၂၀ရွေးကောက်ပွဲ ရလာဒ်ကို လက်ခံဖို့၊ ပြည်သူတွေရဲ့ သဘောထားဆန္ဒကို လေးစားဖို့ အချက်ပါဝင်ပါတယ်။ ဒါကြောင့် သြဇာသက်ရောက်မှုရှိတဲ့ ဒီဆုံးဖြတ်ချက်အရ စစ်ကောင်စီကို ကုလသမဂ္ဂက အသိအမှတ်ပြုမထားသလို မြန်မာပြည်သူတွေရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို အခိုင်အမာထောက်ခံတယ်ဆိုတာ ထင်ရှားပါတယ်။

ဒါပေမယ့် မေးခွန်းထုတ်စရာရှိတာက အနည်းဆုံးတော့ စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုပဲ ကျနော်တို့ ဘယ်လိုနည်းလမ်းနဲ့ ရှေ့ဆက်သွားကြမလဲ။ ပြည်သူတွေရဲ့ဆန္ဒကို အလေးထားပြီး ဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းကြမလဲ။ ပထမအဆင့်ကတော့ တရားမဝင်တဲ့ စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြုအေင် သေချာစေဖို့၊ ဒုတိယအဆင့်ကတော့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေ ထုတ်ဖေါ်ခဲ့တဲ့ ဆန္ဒတွေကို အခိုင်အမာ အသိအမှတ်ပြုပြီး ရှေ့ဆက်လှမ်းဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ ပထမအဆင့်ကိုတော့ ကျော်ဖြတ်ပြီးပါပြီ။ ဒုတိယအဆင့်ကိုတော့ စောင့်ကြည့်ဖို့ိလိုပါတယ်။ ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို ကုလသမဂ္ဂအထွေထွေညီလာခံက အပြည့်အဝထောက်ခံထားတဲ့အချက်က အလွန်အရေးပါပါတယ်။

အင်ကြင်းနိုင်။ ။ ဒါဆိုရင် အခုလို ကုလသမဂ္ဂဘက်က ရပ်တည်ချက်တွေဟာ ဘယ်လို အကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်မလဲ။ ဥပမာ- မြန်မာပြည်သူတွေအတွက် နိုင်ငံတကာက ပေးမယ့် ကိုဗစ်-၁၉ ကာကွယ်ဆေးကိစ္စမှာဆိုရင် စစ်ကောင်စီက သူ့ကို တရားဝင်အသိအမှတ်ပြုရေး အပေါ်မှာမူတည်နေတဲ့သဘောမျိုးနဲ့ နိုင်ငံရေးအရ ကစားနေတယ်လို့ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတချို့က ထောက်ပြထားတာရှိပါတယ်။ စစ်ကောင်စီကို တရားဝင်အသိအမှတ်မပြုဘူးဆိုရင် သူတို့ဘက်က တုန့်ပြန်လာမယ့် အခြေအနေတွေကို ဘယ်လို သုံးသပ်ပါသလဲ။

Tom Andrews။ ။ သိပ်ကောင်းတဲ့ မေးခွန်းပါ။ စစ်ကောင်စီက သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုမှာ အကန့်အသတ်မရှိဘူး၊ နောက် သူ့ကိုယ်ပိုင်အကျိုးစီးပွားအတွက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကို ထိခိုက်အောင်လုပ်နိုင်တယ်ဆိုတာကို ပြသခဲ့ပြီးပါပြီ။ ဒါပေမယ့် မြန်မာပြည်သူတွေ တစိုက်မတ်မတ် ဖေါ်ထုတ်ပြသခဲ့တဲ့ ခိုင်မာတဲ့ စိတ်ဓါတ်၊ ရဲရင့်မှု၊ ဇွဲရှိမှု ကို ကျနော် အလွန်ပဲ လေးစားမိပါတယ်။ သူတို့ကံကြမ္မာ သူတို့လက်ထဲမှာ အမှန်တကယ်ရှိပါတယ်။ သူတို့ရဲ့ သားတွေ၊ မြေးတွေ၊ နောင်လာနောက်သားတွေအတွက် စစ်တပ်အာဏာသိမ်းမှုကို ခိုင်မာတဲ့ သံဓိဌာန်တွေနဲ့ တနိုင်ငံလုံးအနှံပြန်ပြီးတွန်းလှန်နေတာတွေ့ရပါတယ်။ ဒါကြောင့်သူတို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ထောက်ခံမှု ထိုက်ထိုက်တန်တန်ပေးရမှာပါ။ ဒီနေရာမှာ မန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားပြီး သူတို့ပြောနေတဲ့ ငါတို့နဲ့အတူ အခိုင်အမာရပ်တည်ပေးပါဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နားထောင်ဖို့ အရေးကြီးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG