သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကုလကိုယ်စားပြုမှု အဖြေထုတ်မည်

ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း (ယခင်ပုံဟောင်း)
ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း (ယခင်ပုံဟောင်း)

{{Zawgyi/Unicode}}

ကုလသမဂ္ဂရဲ့ လက်ရှိ အထွေထွေညီလာခံ သက်တမ်းကာလအတွက် ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ ကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး အဖွဲ့ဝင်ကိုးနိုင်ငံပါ Credentials ကော်မတီ ဒီကနေ့ အစည်းအဝေးမှာ သုံးသပ်ဆွေးနွေးကြဖို့ရှိတာမှာ မြန်မာနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေရဲ့ ကိုယ်စားပြုမှုဆိုင်ရာကိစ္စက အဓိကပါဝင်နေပါတယ်။

မြန်မာ အာဏာသိမ်း စစ်ကောင်စီကိုပဲဖြစ်ဖြစ်၊ အာဖဂန်နစ္စတန်က တာလီဘန်အဖွဲ့ကိုပဲဖြစ်ဖြစ် သက်ဆိုင်ရာနိုင်ငံတွေကို တရားဝင်ကိုယ်စားပြုသူတွေအဖြစ် ကော်မတီက အတည်ပြုနိုင်ခြေမရှိဘူးလို့ သံတမန်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။

Credential ကော်မတီအနေနဲ့ မြန်မာနဲ့ အာဖဂန်နစ္စတန်တို့ရဲ့ ကုလသမဂ္ဂဆိုင်ရာ လက်ရှိသံအမတ်ကြီးတွေကို ဒီတိုင်းဆက်ထားပြီး ကိုယ်စားပြုမှုဆိုင်ရာ ဆုံးဖြတ် ချက်ကို ရွှေ့ဆိုင်းထားဖွယ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ သံတမန်လေးဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။

မြန်မာစစ်ကောင်စီကိုပဲဖြစ်ဖြစ်၊ တာလီဘန်အဖွဲ့ကိုပဲဖြစ်ဖြစ် ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုခွင့် ပေးလိုက်မယ်ဆိုရင် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရဖို့ သူတို့ကြိုးစားနေကြတာမှာ တိုးတက်မှုအဆင့်တဆင့် ရသွားမှာဖြစ်ပါတယ်။

Credential ကော်မတီမှာ ရုရှား၊ တရုတ်၊ အမေရိကန်၊ ဘာဟားမားစ်၊ ဘူတန်၊ ချီလီ၊ နမီးဘီးယား၊ ဆီအဲရာ လီယွန်နဲ့ ဆွီဒင်နိုင်ငံတို့ အဖွဲ့ဝင်နိုင်ငံတွေအဖြစ် ပါဝင်ကြပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ကိုယ်စားပြုမှုနဲ့ပတ်သက်တဲ့ ကော်မတီအစီရင်ခံစာကို နှစ်မကုန်ခင်မှာ အထွေထွေညီလာခံက အတည်ပြုဖို့အတွက် တင်သွင်းရမှာဖြစ်ပါတယ်။

နိုင်ငံကိုယ်စားပြုမှုနဲ့ပတ်သက်လို့ ဆုံးဖြတ်တဲ့အခါ Credential ကော်မတီမှာရော အထွေထွေညီလာခံမှာပါ အစဉ်အလာအားဖြင့် အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်နဲ့ ဆုံးဖြတ်လေ့ရှိတယ်လို့ သံတမန်တွေကပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် လက်ရှိမှာ ဦးကျော်မိုးထွန်း ဆက်ရှိနေပြီး အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံရုံးက စစ်သံမှူး ဗိုလ်မှူးကြီးအောင်သူရိန်ကို ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် အတည်ပြုပေးဖို့ စစ်ကောင်စီဘက်က အမည်တင်သွင်းထားပါတယ်။

မြန်မာ ကုလကိုယ်စားပြုမှု အဖြေထုတ်မည်
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

===========

{{Unicode}}









#MyanmarMilitaryCoup #MyanmarUN #UNCredentials #VOABurmese


This item is part of
XS
SM
MD
LG