ျမန္မာ့အေရး အေျဖရွာဖို႔ ရွန္ဂရီလာ လုံျခံဳေရးအစည္းအေ၀းမွာ ေဆြးေႏြး
{{Zawgyi/Unicode}}
စင္ကာပူႏိုင္ငံမွာ က်င္းပေနတဲ့ ရွန္ဂရီလာ လုံျခံဳေရးဆိုင္ရာ ထိပ္သီးအစည္းအေ၀းမွာ ျမန္မာ့အေရး အေျဖရွာႏိုင္ဖို႔ ရည္ရြယ္ၿပီး “Myanmar: Finding A Way Forward at the Shangri-La Dialogue” ဆိုတဲ့ ေခါင္းစဥ္နဲ႔ စေနေန႔က ေဆြးေႏြးၾကပါတယ္။ အာရွေဒသ ႏိုင္ငံေတြအျပင္ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္နဲ႔ အေမရိကန္ ႏိုင္ငံျခားေရးဌာန အတိုင္ပင္ခံတို႔လည္း ပါ၀င္ခဲ့ၾကတဲ့ ေဆြးေႏြးမႈအတြင္း ျမန္မာ့အေရး ခ်ဥ္းကပ္ဖို႔ နည္းလမ္းမ်ဳိးစုံကို တင္ျပခဲ့ၾကတာပါ။
Shangri-La Dialogue ထိပ္သီးအစည္းအေ၀းမွာ ျမန္မာ့အေရး ေဆြးေႏြးခဲ့တာေတြကိုေတာ့ စင္ကာပူႏိုင္ငံမွာ ေရာက္ေနတဲ့ နယူးေယာက္ Cornell တကၠသိုလ္က ျမန္မာသုေတသီ ကိုေနယံဦးကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။
................................................
မြန်မာ့အရေး အဖြေရှာဖို့ ရှန်ဂရီလာ လုံခြုံရေးအစည်းအဝေးမှာ ဆွေးနွေး
{{Zawgyi/Unicode}}
စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ရှန်ဂရီလာ လုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး အဖြေရှာနိုင်ဖို့ ရည်ရွယ်ပြီး “Myanmar: Finding A Way Forward at the Shangri-La Dialogue” ဆိုတဲ့ ခေါင်းစဉ်နဲ့ စနေနေ့က ဆွေးနွေးကြပါတယ်။ အာရှဒေသ နိုင်ငံတွေအပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံတို့လည်း ပါဝင်ခဲ့ကြတဲ့ ဆွေးနွေးမှုအတွင်း မြန်မာ့အရေး ချဉ်းကပ်ဖို့ နည်းလမ်းမျိုးစုံကို တင်ပြခဲ့ကြတာပါ။
Shangri-La Dialogue ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးခဲ့တာတွေကိုတော့ စင်ကာပူနိုင်ငံမှာ ရောက်နေတဲ့ နယူးယောက် Cornell တက္ကသိုလ်က မြန်မာသုတေသီ ကိုနေယံဦးကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။