သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုင္ဝမ္-တ႐ုတ္ပဋိပကၡ ဖိလစ္ပိုင္ ၾကားေနေရးခက္


This file photo taken on May 14, 2019 shows a Philippines' coast guard ship (R) sailing past a Chinese coast guard ship during a joint search and rescue exercise between the Philippines and US coast guards near Scarborough Shoal in the South China Sea.

ဖိလစ္ပိုင္ႏိုင္ငံဟာ တ႐ုတ္ရဲ႔ရင္းႏွီးျမႈပ္ႏွံမႈေတြေၾကာင့္ အက်ိဳးစီးပြားျဖစ္ေနေပမယ့္လည္း၊ တဘက္မွာ အေမရိကန္နဲ႔ မဟာမိတ္စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့အတြက္ တ႐ုတ္နဲ႔ ထိုင္၀မ္ ပဋိပကၡမွာ ဘယ္ဘက္ကရပ္တည္မလဲဆိုတာ ဖိလစ္ပိုင္ႏိုင္ငံ အေနနဲ႔ အခက္ခဲေတြ႕ႏိုင္တယ္လို႔ အကဲခတ္ေတြကေျပာဆိုပါတယ္။  

တိုင္ဝမ္-တ႐ုတ္ပဋိပကၡ ဖိလစ္ပိုင္ ၾကားေနေရးခက္

{{Zawgyi/Unicode}}
ဖိလစ္ပိုင္ႏိုင္ငံဟာ တ႐ုတ္ရဲ႔ရင္းႏွီးျမႈပ္ႏွံမႈေတြေၾကာင့္ အက်ိဳးစီးပြားျဖစ္ေနေပမယ့္လည္း၊ တဘက္မွာ အေမရိကန္နဲ႔ မဟာမိတ္စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့အတြက္ တ႐ုတ္နဲ႔ ထိုင္၀မ္ ပဋိပကၡမွာ ဘယ္ဘက္ကရပ္တည္မလဲဆိုတာ ဖိလစ္ပိုင္ႏိုင္ငံ အေနနဲ႔ အခက္ခဲေတြ႕ႏိုင္တယ္လို႔ အကဲခတ္ေတြကေျပာဆိုပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံအေနနဲ႔ ထိုင္၀မ္နဲ႔ နယ္နိမိတ္ျခင္း နီးစပ္ေနတဲ့အတြက္ ဖိလစ္ပိုင္က ေရြးခ်ယ္သည္ျဖစ္ေစ မေရြးခ်ယ္သည္ ျဖစ္ေစ ထိုင္၀မ္ျပႆနာထဲကို ပါသြားႏိုင္တယ္လို႔လည္းေျပာဆိုပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံရဲ႔လူဦးေရ အထူထပ္ဆုံးနဲ႔ ေျမာက္ဘက္အက်ဆုံးကၽြန္းျဖစ္တဲ့ Luzon ကၽြန္းဟာ ထိုင္၀မ္ကေန မိုင္ ၁၅၅ မိုင္ဘဲကြာေ၀းပါတယ္။ ဒါ့အျပင္ ဒီကၽြန္းဟာ တ႐ုတ္က သူနယ္ေျမလို႔ေႂကြးေၾကာ္ထားၿပီး၊ တ႐ုတ္စစ္သေဘၤာေတြ ကင္းလွည္႔ေနတဲ့ ေတာင္တ႐ုတ္ပင္လယ္ျပင္ထဲက မဟာဗ်ဴဟာက်တဲ့ေနရာ မွာရွိေနပါတယ္။

ပထဝီ အေနအထားအရ အေမရိကန္ မဟာမိတ္ေတြကလည္း ဖိလစ္ပိုင္ရဲ႔ ကၽြန္းေတြကိုအေျခခံစခန္းေတြအျဖစ္ အသုံးျပဳႏိုင္တယ္လို႔ အေမရိကန္အေျခစိုက္ CSIS မဟာဗ်ဴဟာေလ့လာေရးဌာနက အေရွ႕ေတာင္အာရွေဒသ ဆိုင္ရာၫႊန္ၾကားေရးမႈး Gregory Poling ကေျပာဆိုပါတယ္။

ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္တပ္ေတြခ်ထားမႈကို တိုးခ်ဲ႔ထားတဲ့အတြက္ ထိုင္၀မ္ေရလက္ၾကားရဲ႔ေတာင္ဘက္အဆုံးကို အေမရိကန္နဲ႔ ဂ်ပန္တို႔က ထိန္းခ်ဳပ္ထားႏိုင္ျခင္း မရွိေတာ့ပါဘူး။

ဒါ့အျပင္ Spratly Islands and Scarborough Shoal ကၽြန္းေတြအနီး ဖိလစ္ပိုင္နဲ႔ တ႐ုတ္တို႔ ေရပိုင္နက္ မၾကာခနအျငင္းပြားေလ့ရွိပါတယ္။ ဒါေပမယ့္ လည္း တဘက္မွာလည္း ဖိလစ္ပိုင္ရဲ႔အဓိက ရထားလမ္း စီမံကိန္း ၃ အပါအ၀င္ တ႐ုတ္ရဲ႔ရင္းႏွီးျမႈပ္ႏွံမႈေတြဟာလည္း ဖိလစ္ပိုင္မွာ အမ်ားအျပားရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................................

တိုင်ဝမ်-တရုတ်ပဋိပက္ခ ဖိလစ်ပိုင် ကြားနေရေးခက်

{{Zawgyi/Unicode}}
ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အကျိုးစီးပွားဖြစ်နေပေမယ့်လည်း၊ တဘက်မှာ အမေရိကန်နဲ့ မဟာမိတ်စာချုပ်ချုပ်ဆိုထားတဲ့အတွက် တရုတ်နဲ့ ထိုင်ဝမ် ပဋိပက္ခမှာ ဘယ်ဘက်ကရပ်တည်မလဲဆိုတာ ဖိလစ်ပိုင်နိုင်ငံ အနေနဲ့ အခက်ခဲတွေ့နိုင်တယ်လို့ အကဲခတ်တွေကပြောဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ထိုင်ဝမ်နဲ့ နယ်နိမိတ်ခြင်း နီးစပ်နေတဲ့အတွက် ဖိလစ်ပိုင်က ရွေးချယ်သည်ဖြစ်စေ မရွေးချယ်သည် ဖြစ်စေ ထိုင်ဝမ်ပြဿနာထဲကို ပါသွားနိုင်တယ်လို့လည်းပြောဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့လူဦးရေ အထူထပ်ဆုံးနဲ့ မြောက်ဘက်အကျဆုံးကျွန်းဖြစ်တဲ့ Luzon ကျွန်းဟာ ထိုင်ဝမ်ကနေ မိုင် ၁၅၅ မိုင်ဘဲကွာဝေးပါတယ်။ ဒါ့အပြင် ဒီကျွန်းဟာ တရုတ်က သူနယ်မြေလို့ကြွေးကြော်ထားပြီး၊ တရုတ်စစ်သင်္ဘောတွေ ကင်းလှည့်နေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲက မဟာဗျူဟာကျတဲ့နေရာ မှာရှိနေပါတယ်။

ပထဝီ အနေအထားအရ အမေရိကန် မဟာမိတ်တွေကလည်း ဖိလစ်ပိုင်ရဲ့ ကျွန်းတွေကိုအခြေခံစခန်းတွေအဖြစ် အသုံးပြုနိုင်တယ်လို့ အမေရိကန်အခြေစိုက် CSIS မဟာဗျူဟာလေ့လာရေးဌာနက အရှေ့တောင်အာရှဒေသ ဆိုင်ရာညွှန်ကြားရေးမှုး Gregory Poling ကပြောဆိုပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်တပ်တွေချထားမှုကို တိုးချဲ့ထားတဲ့အတွက် ထိုင်ဝမ်ရေလက်ကြားရဲ့တောင်ဘက်အဆုံးကို အမေရိကန်နဲ့ ဂျပန်တို့က ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပါဘူး။

ဒါ့အပြင် Spratly Islands and Scarborough Shoal ကျွန်းတွေအနီး ဖိလစ်ပိုင်နဲ့ တရုတ်တို့ ရေပိုင်နက် မကြာခနအငြင်းပွားလေ့ရှိပါတယ်။ ဒါပေမယ့် လည်း တဘက်မှာလည်း ဖိလစ်ပိုင်ရဲ့အဓိက ရထားလမ်း စီမံကိန်း ၃ အပါအဝင် တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း ဖိလစ်ပိုင်မှာ အများအပြားရှိနေပါတယ်။

XS
SM
MD
LG