သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတဘိုင္ဒင္ အာရွေရာက္ေနခ်ိန္ ေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္စစ္ေရးေလ့က်င့္ 


linh dan

အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒန္က အာရွခရီးစဥ္အျဖစ္ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ကို သြားေရာက္ေနခ်ိန္မွာပဲ အျငင္းပြါးေနတဲ့ ေတာင္တ႐ုတ္ပင္လယ္ျပင္ထဲမွာ တ႐ုတ္က စစ္ေရးေလ့က်င့္မႈ လုပ္ေဆာင္လိုက္ပါတယ္။

သမၼတဘိုင္ဒင္ အာရွေရာက္ေနခ်ိန္ ေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္စစ္ေရးေလ့က်င့္

{{Zawgyi/Unicode}}
အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒန္က အာရွခရီးစဥ္အျဖစ္ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ကို သြားေရာက္ေနခ်ိန္မွာပဲ အျငင္းပြါးေနတဲ့ ေတာင္တ႐ုတ္ပင္လယ္ျပင္ထဲမွာ တ႐ုတ္က စစ္ေရးေလ့က်င့္မႈ လုပ္ေဆာင္လိုက္ပါတယ္။

ဟိုင္နန္ျပည္နယ္ ေတာင္ပိုင္းကကၽြန္းမွာရွိတဲ့ တ႐ုတ္အစိုးရ ေရေၾကာင္းလံုျခံဳေရး စီမံခန္႔ခြဲေရးဌာန ကေတာ့ ၾကာသပေတးေန႔က စတင္တဲ့ ဒီစစ္ေရးေလ့က်င့္မႈကို တနလၤာေန႔အထိ ဆက္လုပ္သြားဖို႔ရွိတယ္လို႔ေျပာပါတယ္။ အဲဒီေဒသထဲကို တျခားေလယာဥ္ေတြနဲ႔ သေဘၤာေတြ ဝင္ခြင့္ပိတ္ထားမွာ ျဖစ္ေၾကာင္းေျပာေပမယ့္ အေသးစိတ္ကို ထုတ္မေျပာပါဘူး။

ေတာင္တ႐ုတ္ပင္လယ္ျပင္ ေဒသတခုလံုးနီးပါးကို တ႐ုတ္က ပိုင္ဆိုင္ေၾကာင္းေၾကညာထားတာ ျဖစ္ၿပီး ဒီေဒသတြင္း ေရေၾကာင္းလမ္းက အာရွတိုက္မွာ ပဋိပကၡျဖစ္လာႏိုင္တဲ့ ေနရာတခု ျဖစ္လာတာပါ။ အေမရိကန္ကေတာ့ ေတာင္တ႐ုတ္ပင္လယ္ျပင္ ေဒသတြင္းႏိုင္ငံေတြၾကား ျဖစ္ပြါးတဲ့နယ္ေျမပိုင္ဆိုင္မႈဆိုင္ရာ အျငင္းပြါးမႈေတြမွာ ဘယ္ႏိုင္ငံဘက္မွ မလိုက္ေပမယ့္ ဒီေရေၾကာင္းမွာ လြတ္လပ္စြာသြားလာလုပ္ေဆာင္ခြင့္ ရွိရမွာျဖစ္ေၾကာင္း အခိုင္အမာေျပာဆိုသလို တ႐ုတ္ထိန္းခ်ဳပ္ထားတဲ့ ကၽြန္းေတြနားကို စစ္ေရယာဥ္ေတြ မၾကာမၾကာေစလႊတ္ေလ့ရွိပါတယ္။

တ႐ုတ္ဘက္ကလည္း ဒါဟာ ေဒသတြင္း လံုျခံဳေရးနဲ႔ တည္ၿငိမ္ေရးကို ၿခိမ္းေျခာက္တဲ့ တမင္ရန္စမႈလို႔ ေျပာၿပီး ကန္႔ကြက္ေလ့ရွိပါတယ္။ ဒါ့အျပင္ အဲဒီေဒသတြင္း သႏၲာေက်ာက္တန္းေတြနဲ႔ ကၽြန္းေတြမွာ လူလုပ္ကြ်န္းေတြ ဖန္တီးၿပီး ေလယဥ္ေျပးလမ္းနဲ႔ တျခား စစ္ေရးအေျခခံအေဆာက္အအံု ေတြ တည္ေဆာက္ၿပီး သူပိုင္ဆိုင္ေၾကာင္း ျပသခဲ့တာပါ။

သမၼတဘိုင္ဒန္ ေတာင္ကိုရီးယားကို ေရာက္တဲ့ ေသာၾကာေန႔မွာပဲ USS Ronald Reagan ေလယာဥ္တင္ သေဘၤာႀကီးနဲ႔ သူ႔ရဲ႕တိုက္ခိုက္ေရးအုပ္စုဟာ ဂ်ပန္ႏိုင္ငံ Yokosuka ဆိပ္ကမ္းကေန ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္း ကင္းလွည့္ဖို႔ ထြက္ခြါသြားတာ ျဖစ္ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္း နယ္ေျမပိုင္ဆိ္ုင္မႈဆိုင္ရာ တ႐ုတ္နဲ႔ အျငင္းပြါးေနတဲ့ ႏိုင္ငံေတြက ဘ႐ူႏိုင္းလ္၊ မေလးရွား၊ ဖိလစ္ပိုင္နဲ႔ တိုင္ဝမ္ တို႔ ျဖစ္ၿပီး ဖိလစ္ပိုင္ ကမ္းေစာင့္တပ္ကေတာ့ အေမရိကန္စစ္သေဘၤာ အခုလိုကင္းလွည့္တာကို တ႐ုတ္ကေၾကနပ္မွာ မဟုတ္ဖူးလို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................................

သမ္မတဘိုင်ဒင် အာရှရောက်နေချိန် တောင်တရုတ်ပင်လယ်မှာ တရုတ်စစ်ရေးလေ့ကျင့်

{{Zawgyi/Unicode}}
အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က အာရှခရီးစဉ်အဖြစ် တောင်ကိုရီးယားနဲ့ ဂျပန်ကို သွားရောက်နေချိန်မှာပဲ အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲမှာ တရုတ်က စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်လိုက်ပါတယ်။

ဟိုင်နန်ပြည်နယ် တောင်ပိုင်းကကျွန်းမှာရှိတဲ့ တရုတ်အစိုးရ ရေကြောင်းလုံခြုံရေး စီမံခန့်ခွဲရေးဌာန ကတော့ ကြာသပတေးနေ့က စတင်တဲ့ ဒီစစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့အထိ ဆက်လုပ်သွားဖို့ရှိတယ်လို့ပြောပါတယ်။ အဲဒီဒေသထဲကို တခြားလေယာဉ်တွေနဲ့ သင်္ဘောတွေ ဝင်ခွင့်ပိတ်ထားမှာ ဖြစ်ကြောင်းပြောပေမယ့် အသေးစိတ်ကို ထုတ်မပြောပါဘူး။

တောင်တရုတ်ပင်လယ်ပြင် ဒေသတခုလုံးနီးပါးကို တရုတ်က ပိုင်ဆိုင်ကြောင်းကြေညာထားတာ ဖြစ်ပြီး ဒီဒေသတွင်း ရေကြောင်းလမ်းက အာရှတိုက်မှာ ပဋိပက္ခဖြစ်လာနိုင်တဲ့ နေရာတခု ဖြစ်လာတာပါ။ အမေရိကန်ကတော့ တောင်တရုတ်ပင်လယ်ပြင် ဒေသတွင်းနိုင်ငံတွေကြား ဖြစ်ပွါးတဲ့နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွါးမှုတွေမှာ ဘယ်နိုင်ငံဘက်မှ မလိုက်ပေမယ့် ဒီရေကြောင်းမှာ လွတ်လပ်စွာသွားလာလုပ်ဆောင်ခွင့် ရှိရမှာဖြစ်ကြောင်း အခိုင်အမာပြောဆိုသလို တရုတ်ထိန်းချုပ်ထားတဲ့ ကျွန်းတွေနားကို စစ်ရေယာဉ်တွေ မကြာမကြာစေလွှတ်လေ့ရှိပါတယ်။

တရုတ်ဘက်ကလည်း ဒါဟာ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်တဲ့ တမင်ရန်စမှုလို့ ပြောပြီး ကန့်ကွက်လေ့ရှိပါတယ်။ ဒါ့အပြင် အဲဒီဒေသတွင်း သန္တာကျောက်တန်းတွေနဲ့ ကျွန်းတွေမှာ လူလုပ်ကျွန်းတွေ ဖန်တီးပြီး လေယဉ်ပြေးလမ်းနဲ့ တခြား စစ်ရေးအခြေခံအဆောက်အအုံ တွေ တည်ဆောက်ပြီး သူပိုင်ဆိုင်ကြောင်း ပြသခဲ့တာပါ။

သမ္မတဘိုင်ဒန် တောင်ကိုရီးယားကို ရောက်တဲ့ သောကြာနေ့မှာပဲ USS Ronald Reagan လေယာဉ်တင် သင်္ဘောကြီးနဲ့ သူ့ရဲ့တိုက်ခိုက်ရေးအုပ်စုဟာ ဂျပန်နိုင်ငံ Yokosuka ဆိပ်ကမ်းကနေ တောင်တရုတ်ပင်လယ်ပြင်တွင်း ကင်းလှည့်ဖို့ ထွက်ခွါသွားတာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်တွင်း နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ တရုတ်နဲ့ အငြင်းပွါးနေတဲ့ နိုင်ငံတွေက ဘရူနိုင်းလ်၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ တိုင်ဝမ် တို့ ဖြစ်ပြီး ဖိလစ်ပိုင် ကမ်းစောင့်တပ်ကတော့ အမေရိကန်စစ်သင်္ဘော အခုလိုကင်းလှည့်တာကို တရုတ်ကကြေနပ်မှာ မဟုတ်ဖူးလို့ ပြောပါတယ်။

XS
SM
MD
LG