သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖင်လန်နဲ့ဆွီဒင်ခေါင်းဆောင်တွေ ကန်သမ္မတလက်ခံတွေ့ဆုံ


Biden Finland Sweden
Biden Finland Sweden

[[Zawgyi/Unicode]]

NATO အဖွဲ့ထဲဝင်ရောက်ဖို့လျှောက်ထားတဲ့ Finland နဲ့ Sweden ခေါင်းဆောင်တွေကို အမေရိကန်သမ္မတ Joe Biden က အိမ်ဖြူတော်မှာ ဒီနေ့ တွေ့ဆုံမှာဖြစ်ပါတယ်။

အာရှကိုခရီးထွက်ဖို့ရှိတဲ့ သမ္မတ Biden က Finland သမ္မတ Sauli Niinistö နဲ့ ဆွီဒင်ဝန်ကြီးချုပ် Magdalena Andersson တို့ကို တွေ့ဆုံပြီး NATO အဖွဲ့ထဲဝင်ရေး လျှောက်ထားတဲ့ကိစ္စ၊ ယူကရိန်းနဲ့ ဥရောပလုံခြုံရေးကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကြားနေဝါဒစွဲကိုင်ခဲ့ကြတဲ့ Finland နဲ့ Sweden တို့က ယူကရိန်းကို ရုရှားက ကျူးကျော်စစ်ဝင်တိုက်ပြီးနောက် NATO အဖွဲ့ထဲဝင်ဖို့ တရားဝင်လျှောက်ထားခဲ့ကြတာပါ။ ဒီသမိုင်းဝင် ဆုံးဖြတ်ချက်ကို အခိုင်အမာ ထောက်ခံကြိုဆိုကြောင်းနဲ့ အမေရိကန်လွှတ်တော်နဲ့ NATO အဖွဲ့ဝင်မဟာမိတ်တွေနဲ့ ဒီ ၂ နိုင်ငံ အမြန်ဆုံးအဖွဲ့ဝင်ဖြစ်ရေး ဆောင်ရွက်သွားဖို့ စိတ်အားထက်သန်ကြောင်း သမ္မတ Biden ကဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

ဆွီဒင် ကာကွယ်ရေးဝန်ကြီးနဲ့ ပင်တဂွန်စစ်ဌာနချုပ်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကလည်း NATO မဟာမိတ်အဖွဲ့အတွက် Sweden ရဲ့ စစ်ရေးပံ့ပိုး ကူညီမှုတွေအတွက် မျှော်လင့်နေတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Zawgyi/Unicode]]





=============

XS
SM
MD
LG