သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားရောက် ကန်သမ္မတ Samsung စက်ရုံသွားလေ့လာ


တောင်ကိုရီးယားသမ္မ Yoon Suk-yeol က အမေရိကန်သမ္မဂျိုးဘိုင်ဒဲန်ကို ဆမ်ဆောင်း လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံသွားတဲ့ခရီးမှာ နှုတ်ဆက်နေစဉ်။ (မေ ၂၀၊ ၂၀၂၂)  
တောင်ကိုရီးယားသမ္မ Yoon Suk-yeol က အမေရိကန်သမ္မဂျိုးဘိုင်ဒဲန်ကို ဆမ်ဆောင်း လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံသွားတဲ့ခရီးမှာ နှုတ်ဆက်နေစဉ်။ (မေ ၂၀၊ ၂၀၂၂)  

[[Zawgyi/Unicode]]


တောင်ကိုရီးယားနိုင်ငံကို အမေရိကန်သမ္မတတာဝန်နဲ့ ပထမဆုံးရောက်ရှိနေတဲ့ သမ္မတ Joe Biden ဟာ Seoul မြို့တော် ရောက်ပြီး မကြာခင်မှာပဲ computer chip တွေ ထုတ်လုပ်တဲ့ Samsung စက်ရုံဆီကို သွားရောက် လေ့လာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Austin မြို့ပြင်မှာ Samsung ကုမ္ပဏီက ဒေါ်လာ ၁၇ ဘီလျံ အကုန်အကျခံ ဆောက်လုပ်နေတဲ့ computer chip စက်ရုံနဲ့ နမူနာပုံစံတူ စက်ရုံဖြစ်တာမို့ သွားလေ့လာတာဖြစ်ပါတယ်။ တောင်ကိုရီးယားသမ္မတသစ် Yoon Suk Yeol နဲ့ Samsung Electronics ကုမ္ပဏီဒုဥက္ကဋ္ဌ Lee Jae-yong တို့က Seoul မြို့တော်က Samsung စက်ရုံမှာ အမေရိကန်သမ္မတ Biden ကိုကြိုဆိုမှာဖြစ်ပါတယ်။

Electronic ပစ္စည်းတွေထဲမှာ မရှိမဖြစ်လိုအပ်တဲ့ computer chip တွေ မလုံလောက်တဲ့ ပြဿနာကြောင့် အမေရိကန်ရဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေးအပါအဝင် Electronic ပစ္စည်းတွေ ထုတ်လုပ်ရေးပိုင်း ထိခိုက်နေချိန်မှာ သမ္မတ Biden က ခုလို စက်ရုံကို သွားရောက်တာလည်းဖြစ်ပါတယ်။ Texas ပြည်နယ်မှာ Samsung ရဲ့ ရင်းနှီးမြှုပ်နံှမှုဟာ အမေရိကန်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှာဖြစ်သလို အမေရိကန်ပြည်သူတွေအတွက် လစာကောင်းတဲ့အလုပ်တွေ ရစေမှာဖြစ်တယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က တောင်ကိုရီးယားအသွား Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သမ္မတ Biden ရဲ့ တောင်ကိုရီးယားနိုင်ငံခရီးစဉ်အတွင်း မြောက်ကိုရီးယား Nuclear လက်နက်အရေးကိစ္စ၊ ကိုဗစ်ကပ်ရောဂါ ကူးစက် ပျံ့နှံ့နေတဲ့ ကိစ္စတွေကိုလည်း တောင်ကိုရီးယားခေါင်းဆောင်နဲ့ ဆွေးနွေးကြဖို့ရှိပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ဆီ ၆ ရက်ကြာခရီးထွက်နေတဲ့ အမေရိကန်သမ္မတဟာ နိုင်ငံခြားမူဝါဒရေးရာတွေကို ဦးစားပေးမှာဖြစ်သလို အမေရိကန်ပြည်သူတွေ စိုးရိမ်နေတဲ့ ကိစ္စတွေကိုလည်း ကိုင်တွယ်ဖြေရှင်းနေတယ်ဆိုတာ ပြသတဲ့ ခရီးစဉ်အဖြစ် မြင်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Zawgyi/Unicode]]






============

XS
SM
MD
LG