သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

  တိုင္ဝမ္ သြားဖြယ္ရွိတဲ႔ ကန္ေအာက္လႊတ္ေတာ္ဥကၠဌ Pelosi စကၤာပူေရာက္


In this photo provided by Ministry of Communications and Information, Singapore, U.S. House Speaker Nancy Pelosi, left, and Prime Minister Lee Hsien Loong shake hands at the Istana Presidential Palace in Singapore, Monday, Aug. 1, 2022. (Ministry of Commu

အေမရိကန္ ေအာက္လႊတ္ေတာ္ ဥကၠဌ Nancy Pelosi ဟာ တနလာၤေန႔က စကာၤပူႏိုင္ငံကို ေရာက္ရွိပါတယ္။

တိုင္ဝမ္ သြားဖြယ္ရွိတဲ႔ ကန္ေအာက္လႊတ္ေတာ္ဥကၠဌ Pelosi စကၤာပူေရာက္

{{Zawgyi/Unicode}}
အေမရိကန္ ေအာက္လႊတ္ေတာ္ ဥကၠဌ Nancy Pelosi ဟာ တနလာၤေန႔က စကာၤပူႏိုင္ငံကို ေရာက္ရွိပါတယ္။ သူမရဲ႔ အာရွ ခရီးစဥ္မွာ ထိုင္၀မ္ကို ၀င္ေရာက္ႏိုင္တယ္လို႔ ခန္႔မွန္းေျပာဆိုမႈေတြ ထြက္ေပၚေနၿပီး ဒီခရီးစဥ္ သြားမယ့္ အလားအလာေၾကာင့္လည္း အေမရိကန္ သမၼတ အိမ္ျဖဴေတာ္ အေနနဲ႔ မူဝါဒ အေျပာင္းအလဲ မရွိဘူးဆိုတာကို တ႐ုတ္အစိုးရကို ထပ္ၿပီး အခိုင္အမာ ေျပာဆိုေနၾကသလို အင္အားႀကီး ႏွစ္ႏိုင္ငံၾကား မေခ်ာေမြ႕တဲ႔ ဆက္ဆံေရးကို ထပ္ၿပီး မဆိုးရြားေစဖို႔ တ႐ုတ္ ေခါင္းေဆာင္ေတြကိုလည္း တိုက္တြန္းေနရပါတယ္။

Pelosi ဟာ တ႐ုတ္ကို စိန္ေခၚလိုတဲ႔ ရည္ရြယ္ခ်က္နဲ႔ ထိုင္၀မ္ကို သြားတာလားဆိုတာကိုေတာ့ အေမရိကန္ သမၼတ အိမ္ျဖဴေတာ္ အေနနဲ႔ အတည္မျပဳႏိုင္ေၾကာင္း၊ ဒါေပမဲ႔ ေအာက္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ေခါင္းေဆာင္ အေနနဲ႔ သူမရဲ႕ တရား၀င္ ခရီးစဥ္ေတြက သူမရဲ႔ ကိုယ္ပိုင္ ဆံုးျဖတ္ခ်က္ ျဖစ္ေၾကာင္း အမ်ိဳးသား လံုျခံဳေရး ေကာင္စီက မဟာဗ်ဴဟာေျမာက္ ဆက္သြယ္ေဆာင္ရြက္မႈ ဆိုင္ရာေပါင္းစပ္ ညႇိႏိႈင္းေရးမွဴး John Kirby က တနလာၤေန႔မွာ အေလးအနက္ ေျပာပါတယ္။

ဒါေပမဲ႔ အခုလို သြားေရာက္ဖို႔ အလားအလာ ရွိေနတဲ႔ ခရီးစဥ္ဟာဆိုရင္ အေမရိကန္ရဲ႕ ကာလရွည္ မူဝါဒကို ပဋိပကၡ အသြင္အျဖစ္ ေကာက္ယူတာမ်ိဳး ဒါမွမဟုတ္လည္း ထိုင္၀မ္ ေရလက္ၾကား အနီးမွာ အတြင္းမွာ စစ္ေရး လႈပ္ရွားမႈ တိုးျမႇင့္မယ့္ ေရွ႕ေျပးနိမိတ္ အျဖစ္ တ႐ုတ္ အစိုးရဘက္က ေကာက္ယူတာမ်ိဳး လုပ္စရာ အေၾကာင္းမရွိဘူးလို႔လည္း သူက ေျပာပါတယ္။

John Kirby ရဲ႕ ေျပာဆိုခ်က္ အတိုင္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး Antony Blinken ကလည္း ထင္ဟပ္ ေျပာဆိုၿပီး အေမရိကန္ အစိုးရ စနစ္ အတြင္းက လႊတ္ေတာ္ရဲ႔ အခန္းက႑ကို တ႐ုတ္ အစိုးရက နားလည္ သိရွိထားေၾကာင္းလည္း ႏိုင္ငံျခားေရး ၀န္ႀကီးက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

.........................................

တိုင်ဝမ် သွားဖွယ်ရှိတဲ့ ကန်အောက်လွှတ်တော်ဥက္ကဌ Pelosi စင်္ကာပူရောက်

{{Zawgyi/Unicode}}
အမေရိကန် အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi ဟာ တနလာၤနေ့က စကာၤပူနိုင်ငံကို ရောက်ရှိပါတယ်။ သူမရဲ့ အာရှ ခရီးစဉ်မှာ ထိုင်ဝမ်ကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်နေပြီး ဒီခရီးစဉ် သွားမယ့် အလားအလာကြောင့်လည်း အမေရိကန် သမ္မတ အိမ်ဖြူတော် အနေနဲ့ မူဝါဒ အပြောင်းအလဲ မရှိဘူးဆိုတာကို တရုတ်အစိုးရကို ထပ်ပြီး အခိုင်အမာ ပြောဆိုနေကြသလို အင်အားကြီး နှစ်နိုင်ငံကြား မချောမွေ့တဲ့ ဆက်ဆံရေးကို ထပ်ပြီး မဆိုးရွားစေဖို့ တရုတ် ခေါင်းဆောင်တွေကိုလည်း တိုက်တွန်းနေရပါတယ်။

Pelosi ဟာ တရုတ်ကို စိန်ခေါ်လိုတဲ့ ရည်ရွယ်ချက်နဲ့ ထိုင်ဝမ်ကို သွားတာလားဆိုတာကိုတော့ အမေရိကန် သမ္မတ အိမ်ဖြူတော် အနေနဲ့ အတည်မပြုနိုင်ကြောင်း၊ ဒါပေမဲ့ အောက်လွှတ်တော် ကိုယ်စားလှယ်များ ခေါင်းဆောင် အနေနဲ့ သူမရဲ့ တရားဝင် ခရီးစဉ်တွေက သူမရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်ကြောင်း အမျိုးသား လုံခြုံရေး ကောင်စီက မဟာဗျူဟာမြောက် ဆက်သွယ်ဆောင်ရွက်မှု ဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးမှူး John Kirby က တနလာၤနေ့မှာ အလေးအနက် ပြောပါတယ်။

ဒါပေမဲ့ အခုလို သွားရောက်ဖို့ အလားအလာ ရှိနေတဲ့ ခရီးစဉ်ဟာဆိုရင် အမေရိကန်ရဲ့ ကာလရှည် မူဝါဒကို ပဋိပက္ခ အသွင်အဖြစ် ကောက်ယူတာမျိုး ဒါမှမဟုတ်လည်း ထိုင်ဝမ် ရေလက်ကြား အနီးမှာ အတွင်းမှာ စစ်ရေး လှုပ်ရှားမှု တိုးမြှင့်မယ့် ရှေ့ပြေးနိမိတ် အဖြစ် တရုတ် အစိုးရဘက်က ကောက်ယူတာမျိုး လုပ်စရာ အကြောင်းမရှိဘူးလို့လည်း သူက ပြောပါတယ်။

John Kirby ရဲ့ ပြောဆိုချက် အတိုင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ကလည်း ထင်ဟပ် ပြောဆိုပြီး အမေရိကန် အစိုးရ စနစ် အတွင်းက လွှတ်တော်ရဲ့ အခန်းကဏ္ဍကို တရုတ် အစိုးရက နားလည် သိရှိထားကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

XS
SM
MD
LG