သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကန္ ေအာက္လႊတ္ေတာ္ဥကၠ႒နဲ႔အဖြဲ႔ ယူကရိန္းသမၼတနဲ႔ေတြ႔


ယူကရိန္းသမၼတ Zelenskyy နဲ႔ ေတြ႔ဆုံတဲ့ အေမရိကန္ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi. (ဧၿပီ ၃၀၊ ၂၀၂၂)

(Zawgyi / Unicode)

အေမရိကန္ ေအာက္လႊတ္ေတာ္ ကိုယ္စားလွယ္အဖြဲ႔ကို ဦးေဆာင္ၿပီး ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ဟာ ယူကရိန္းသမၼတနဲ႔ ဒီေန႔ ေတြ႔ဆုံခဲ့ပါတယ္။

စစ္ပြဲစကတည္းက ယူကရိန္းကို သြားေရာက္ခဲ့တဲ့ အေမရိကန္ တာဝန္ရွိသူေတြအနက္ Nancy Pelosi ဟာ ရာထူးအျမင့္ဆုံး အေမရိကန္ တာဝန္ရွိသူတဦး ျဖစ္ပါတယ္။ Nancy Pelosi ရဲ႕႐ုံးက ထုတ္ျပန္ခဲ့တဲ့ ဗြီဒီယိုထဲမွာ ယူကရိန္းသမၼတ Volodymyr Zelenskyy က “က်ေနာ္တုိ႔ ႏိုင္မယ္။ အတူတကြ ႏိုင္ၾကမယ္” လို႔ ေျပာခဲ့ၿပီး “ေအာင္ပြဲခံတဲ့တိုင္ေအာင္ က်မတို႔ ဒီမွာရွိၾကပါမယ္” လို႔ Nancy Pelosi က ဆိုပါတယ္။

“က်မတို႔ဟာ လြတ္လပ္ခြင့္ရဲ႕ ေရွ႕တန္းစစ္မ်က္ႏွာမွာ ရွိေနၾကၿပီး ရွင္တို႔ရဲ႕တိုက္ပြဲဟာ လူတိုင္းရဲ႕တိုက္ပြဲ ျဖစ္ပါတယ္။ တိုက္ပြဲ ၿပီးသြားတဲ့အထိ က်မတို႔ရဲ႕ ကတိကဝတ္ေတြအတိုင္း ရွိေနၾကမွာပါ” လို႔ Nancy Pelosi က သမၼတ Zelenskyy ကို ေျပာခဲ့ၿပီး ယူကရိန္းနဲ႔အတူ အေမရိကန္က ခိုင္ခိုင္မာမာ ရပ္တည္ေၾကာင္း ကမၻာကို ျပသလိုက္တာ ျဖစ္တယ္လို႔လည္း Nancy Pelosi က ဆိုပါတယ္။

အေမရိကန္ ေအာက္လႊတ္ေတာ္ ကိုယ္စားလွယ္အဖြဲ႔မွာ အဖြဲ႔ဝင္ေတြအျဖစ္ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးရာေကာ္မတီ ဥကၠ႒၊ ေထာက္လွမ္းေရးေကာ္မတီ ဥကၠ႒၊ ေအာက္လႊတ္ေတာ္ဆိုင္ရာ စည္းမ်ဥ္းမ်ားေကာ္မတီ ဥကၠ႒နဲ႔ အျခား အမတ္ ၃ ေယာက္တို႔ ပါဝင္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ကန် အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့အဖွဲ့ ယူကရိန်းသမ္မတနဲ့တွေ့

အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ဟာ ယူကရိန်းသမ္မတနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

စစ်ပွဲစကတည်းက ယူကရိန်းကို သွားရောက်ခဲ့တဲ့ အမေရိကန် တာဝန်ရှိသူတွေအနက် Nancy Pelosi ဟာ ရာထူးအမြင့်ဆုံး အမေရိကန် တာဝန်ရှိသူတဦး ဖြစ်ပါတယ်။ Nancy Pelosi ရဲ့ရုံးက ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုထဲမှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy က “ကျနော်တို့ နိုင်မယ်။ အတူတကွ နိုင်ကြမယ်” လို့ ပြောခဲ့ပြီး “အောင်ပွဲခံတဲ့တိုင်အောင် ကျမတို့ ဒီမှာရှိကြပါမယ်” လို့ Nancy Pelosi က ဆိုပါတယ်။

“ကျမတို့ဟာ လွတ်လပ်ခွင့်ရဲ့ ရှေ့တန်းစစ်မျက်နှာမှာ ရှိနေကြပြီး ရှင်တို့ရဲ့တိုက်ပွဲဟာ လူတိုင်းရဲ့တိုက်ပွဲ ဖြစ်ပါတယ်။ တိုက်ပွဲ ပြီးသွားတဲ့အထိ ကျမတို့ရဲ့ ကတိကဝတ်တွေအတိုင်း ရှိနေကြမှာပါ” လို့ Nancy Pelosi က သမ္မတ Zelenskyy ကို ပြောခဲ့ပြီး ယူကရိန်းနဲ့အတူ အမေရိကန်က ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ကမ္ဘာကို ပြသလိုက်တာ ဖြစ်တယ်လို့လည်း Nancy Pelosi က ဆိုပါတယ်။

အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့ဝင်တွေအဖြစ် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ၊ ထောက်လှမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ အောက်လွှတ်တော်ဆိုင်ရာ စည်းမျဉ်းများကော်မတီ ဥက္ကဋ္ဌနဲ့ အခြား အမတ် ၃ ယောက်တို့ ပါဝင်ကြပါတယ်။

XS
SM
MD
LG