သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿငိမ္းခ်မ္းေရးအတြက္ ႐ုရွားေရာ ယူကရိန္းကိုပါ အင္ဒိုတိုက္တြန္း


အင္ဒိုနီးရွားသမၼတ ဂ်ဳိကို ဝီဒိုဒို။ (ဧၿပီ ၂၉၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းသမၼတ Volodymyr Zelenskyy က လက္နက္ခဲယမ္းကူညီဖို႔ ပန္ၾကားတာကို ျငင္းပယ္ခဲ့ၿပီး စစ္ပြဲကို အဆံုးသတ္ၾကဖို႔ ယူကရိန္းသမၼတကိုေရာ ႐ုရွားသမၼတ ဗလာဒီမီယာ ပူတင္ကိုပါ သူတိုက္တြန္းခဲ့တယ္လုိ႔ အင္ဒိုနီးရွားသမၼတ ဂ်ဳိကို ဝီဒိုဒိုက ေသာၾကာေန႔မွာ ေျပာပါတယ္။

စီးပြားေရးဖြံ႔ၿဖိဳးၿပီးနဲ႔ ဖြံ႔ၿဖိဳးစႏုိင္ငံ ၂၀ အဖြဲ႔ (G20) ထိပ္သီးအစည္းအေဝးရဲ႕ လက္ရွိ အလွည့္က်ဥကၠ႒ျဖစ္တဲ့ အင္ဒိုနီးရွားႏုိင္ငံက ႏိုဝင္ဘာလက်ရင္ ဘာလီကၽြန္းမွာ အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ ထိပ္သီးအစည္းအေဝးကို တက္ဖုိ႔ သမၼတ Zelenskyy ကိုေရာ သမၼတပူတင္ကိုပါ ဖိတ္ၾကားထားပါတယ္။

ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တုိက္ခုိက္ေနတာေၾကာင့္ အေမရိကန္၊ ၿဗိတိန္နဲ႔ ကေနဒါတို႔လို G20 အဖြဲ႔ဝင္ႏုိင္ငံတခ်ဳိ႕က သမၼတပူတင္ကို G20 ထိပ္သီးအစည္းအေဝးမဖိတ္ဖို႔ အင္ဒိုနီးရွားကို တိုက္တြန္းထားတာပါ။ ဒါေပမဲ့ သမၼတဝီဒိုဒိုက အင္ဒိုနီးရွားအေနနဲ႔ G20 ကို စည္းလံုးညီၫြတ္ေစၿပီး အကြဲကြဲအျပားျပား မျဖစ္ေစခ်င္ဘူးလို႔ ေျပာပါတယ္။

ယူကရိန္းႏုိင္ငံက G20 အဖြဲ႔ဝင္ႏုိင္္ငံ မဟုတ္ေပမဲ့ အလွည့္က်ဥကၠ႒ေတြ အေနနဲ႔ အရင္တုန္းကလည္း တျခားႏုိ္င္ငံေခါင္းေဆာင္ေတြကို ဧည့္သည္ေတာ္ေတြအျဖစ္ ဖိတ္ၾကားခဲ့ဖူးပါတယ္။

ဒါေပမဲ့ သမၼတ Zelenskyy တက္ေရာက္ေရးဟာ စစ္ေျမျပင္ အေျခအေနေပၚမွာ အဓိက မူတည္ေနတယ္လို႔ ယူကရိန္းအစိုးရအဖြဲ႔ အႀကီးတန္းတာဝန္ရွိသူတဦးျဖစ္တဲ့ Vysotskyi Taras က ၾကာသပေတးေန႔မွာ ေျပာခဲ့ပါတယ္။

သမၼတပူတင္က ထိပ္သီးအစည္းအေဝးတက္ဖို႔ ရည္ရြယ္ထားေပမဲ့ အြန္လိုင္းကေန တက္မလား၊ လူကိုယ္တိုင္ တက္မလားဆိုတာ မဆံုးျဖတ္ရေသးဘူးလို႔ ႐ုရွားအစိုးရ ေျပာခြင့္ရတဦးက ေသာၾကာေန႔မွာ ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ငြိမ်းချမ်းရေးအတွက် ရုရှားရော ယူကရိန်းကိုပါ အင်ဒိုတိုက်တွန်း

ယူကရိန်းသမ္မတ Volodymyr Zelenskyy က လက်နက်ခဲယမ်းကူညီဖို့ ပန်ကြားတာကို ငြင်းပယ်ခဲ့ပြီး စစ်ပွဲကို အဆုံးသတ်ကြဖို့ ယူကရိန်းသမ္မတကိုရော ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကိုပါ သူတိုက်တွန်းခဲ့တယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက သောကြာနေ့မှာ ပြောပါတယ်။

စီးပွားရေးဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးစနိုင်ငံ ၂၀ အဖွဲ့ (G20) ထိပ်သီးအစည်းအဝေးရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက နိုဝင်ဘာလကျရင် ဘာလီကျွန်းမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို တက်ဖို့ သမ္မတ Zelenskyy ကိုရော သမ္မတပူတင်ကိုပါ ဖိတ်ကြားထားပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတာကြောင့် အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါတို့လို G20 အဖွဲ့ဝင်နိုင်ငံတချို့က သမ္မတပူတင်ကို G20 ထိပ်သီးအစည်းအဝေးမဖိတ်ဖို့ အင်ဒိုနီးရှားကို တိုက်တွန်းထားတာပါ။ ဒါပေမဲ့ သမ္မတဝီဒိုဒိုက အင်ဒိုနီးရှားအနေနဲ့ G20 ကို စည်းလုံးညီညွတ်စေပြီး အကွဲကွဲအပြားပြား မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။

ယူကရိန်းနိုင်ငံက G20 အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမဲ့ အလှည့်ကျဥက္ကဋ္ဌတွေ အနေနဲ့ အရင်တုန်းကလည်း တခြားနိုင်ငံခေါင်းဆောင်တွေကို ဧည့်သည်တော်တွေအဖြစ် ဖိတ်ကြားခဲ့ဖူးပါတယ်။

ဒါပေမဲ့ သမ္မတ Zelenskyy တက်ရောက်ရေးဟာ စစ်မြေပြင် အခြေအနေပေါ်မှာ အဓိက မူတည်နေတယ်လို့ ယူကရိန်းအစိုးရအဖွဲ့ အကြီးတန်းတာဝန်ရှိသူတဦးဖြစ်တဲ့ Vysotskyi Taras က ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။

သမ္မတပူတင်က ထိပ်သီးအစည်းအဝေးတက်ဖို့ ရည်ရွယ်ထားပေမဲ့ အွန်လိုင်းကနေ တက်မလား၊ လူကိုယ်တိုင် တက်မလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ရုရှားအစိုးရ ပြောခွင့်ရတဦးက သောကြာနေ့မှာ ပြောခဲ့ပါတယ်။

XS
SM
MD
LG