သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွား၊ ယူကရိန္းသမၼတတို႔နဲ႔ ကုလအတြင္းေရးမွဴးခ်ဳပ္ သီးျခားစီ ေတြ႔ဆုံမည္


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres. (ေဖေဖာ္ဝါရီ ၂၃၊ ၂၀၂၂)

(Zawgyi / Unicode)

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ဟာ ႐ုရွားသမၼတ၊ ယူကရိန္းသမၼတတို႔နဲ႔ လာမယ့္ရက္ေတြမွာ သီးျခားစီ ေတြ႔ဆုံမွာျဖစ္တယ္လို႔ ကုလသမဂၢက ေျပာပါတယ္။

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ဟာ ႐ုရွားသမၼတ Vladimir Putin၊ ႏိုင္ငံျခားေရးဝန္ႀကီး Sergey Lavrov တို႔နဲ႔ ေမာ္စကိုမွာ အဂၤါေန႔ ေတြ႔ဆုံမွာျဖစ္တယ္လို႔ ႐ုရွားအစိုးရ ေျပာေရးဆိုခြင့္ရွိသူ Dmitry Peskov က ေသာၾကာေန႔က အတည္ျပဳ ေျပာၾကားပါတယ္။

အဲဒီေနာက္ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ဟာ ယူကရိန္းကို သြားေရာက္ၿပီး ယူကရိန္းသမၼတ Volodymyr Zelenskyy နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီး Dmytro Kuleba တို႔နဲ႔ ၾကာသပေတးေန႔မွာ ေတြ႔ဆုံမွာပါ။

ခရီးစဥ္ ၂ ခုလုံးမွာ အပစ္အခတ္ရပ္စဲၿပီး လူေတြရဲ႕ လုံၿခဳံေရးအတြက္ ခ်က္ခ်င္း လုပ္ေဆာင္ႏိုင္မယ့္ ေျခလွမ္းေတြကို ေဆြးေႏြးဖို႔ ရည္ရြယ္ထားတယ္လို႔ ကုလသမဂၢ ေျပာေရးဆိုခြင့္ရွိသူ Eri Kaneko က ေျပာပါတယ္။

လြန္ခဲ့တဲ့ ၂ လ ႐ုရွားက ယူကရိန္းကို ဝင္ေရာက္ တိုက္ခိုက္ကတည္းက ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က အပစ္အခတ္ ရပ္စဲၾကဖို႔ ေတာင္းဆိုခဲ့ၿပီး သူ႔ရဲ႕ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ သက္တမ္း ၅ ႏွစ္မွာ စိတ္အညစ္ရဆုံးအခ်ိန္ေတြ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

အရင္အပတ္ အဂၤါေန႔တုန္းကလည္း လူသားခ်င္း စာနာေထာက္ထားေရးအတြက္ ၄ ရက္ၾကာ ပစ္ခတ္တာ ရပ္ၾကဖို႔ သူက ေတာင္းဆိုခဲ့ပါေသးတယ္။

ဒီလိုခရီးစဥ္မ်ိဳးကို သူ သြားသင့္မသြားသင့္ ခ်င့္ခ်ိန္ခဲ့ရေပမဲ့ ကုလသမဂၢ တာဝန္ရွိသူေတြက လူကိုယ္တိုင္ သြားေရာက္ဖို႔ လိုပါတယ္လို႔ ေျပာတဲ့အတြက္ ခုခရီးစဥ္ ျဖစ္လာရတာပါ။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ရုရှား၊ ယူကရိန်းသမ္မတတို့နဲ့ ကုလအတွင်းရေးမှူးချုပ် သီးခြားစီ တွေ့ဆုံမည်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ရုရှားသမ္မတ၊ ယူကရိန်းသမ္မတတို့နဲ့ လာမယ့်ရက်တွေမှာ သီးခြားစီ တွေ့ဆုံမှာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဟာ ရုရှားသမ္မတ Vladimir Putin၊ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့နဲ့ မော်စကိုမှာ အင်္ဂါနေ့ တွေ့ဆုံမှာဖြစ်တယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က သောကြာနေ့က အတည်ပြု ပြောကြားပါတယ်။

အဲဒီနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ယူကရိန်းကို သွားရောက်ပြီး ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba တို့နဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံမှာပါ။

ခရီးစဉ် ၂ ခုလုံးမှာ အပစ်အခတ်ရပ်စဲပြီး လူတွေရဲ့ လုံခြုံရေးအတွက် ချက်ချင်း လုပ်ဆောင်နိုင်မယ့် ခြေလှမ်းတွေကို ဆွေးနွေးဖို့ ရည်ရွယ်ထားတယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Eri Kaneko က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ လ ရုရှားက ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ကတည်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အပစ်အခတ် ရပ်စဲကြဖို့ တောင်းဆိုခဲ့ပြီး သူ့ရဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် သက်တမ်း ၅ နှစ်မှာ စိတ်အညစ်ရဆုံးအချိန်တွေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အရင်အပတ် အင်္ဂါနေ့တုန်းကလည်း လူသားချင်း စာနာထောက်ထားရေးအတွက် ၄ ရက်ကြာ ပစ်ခတ်တာ ရပ်ကြဖို့ သူက တောင်းဆိုခဲ့ပါသေးတယ်။

ဒီလိုခရီးစဉ်မျိုးကို သူ သွားသင့်မသွားသင့် ချင့်ချိန်ခဲ့ရပေမဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေက လူကိုယ်တိုင် သွားရောက်ဖို့ လိုပါတယ်လို့ ပြောတဲ့အတွက် ခုခရီးစဉ် ဖြစ်လာရတာပါ။

XS
SM
MD
LG