(Zawgyi / Unicode)
အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ ကာကြယ္ေရးဝန္ႀကီး Lloyd Austin တို႔ဟာ Kyiv ကို တနဂၤေႏြေန႔မွာ လာေရာက္မွာျဖစ္ေၾကာင္း ယူကရိန္းသမၼတ Volodymyr Zelenskyy က စေနေန႔မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။
ဒါဟာ ႐ုရွားက ေဖေဖာ္ဝါရီ ၂၄ ရက္ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့ခ်ိန္ကစၿပီး ပထမဆံုး အေမရိကန္အရာရွိေတြ ယူကရိန္းကို သြားေရာက္မွာလည္း ျဖစ္ပါတယ္။ ဒီခရီးစဥ္နဲ႔ပတ္သက္ၿပီး အေမရိကန္ အရာရွိေတြဘက္ကေတာ့ အတည္ျပဳခ်က္ မထုတ္ျပန္ေသးပါဘူး။
တနဂၤေႏြေန႔ က်ေရာက္မယ့္ Orthodox ခရစ္ယာန္ဘာသာဝင္ေတြရဲ႕ အီစတာပြဲေတာ္ မတိုင္ခင္ ယူကရိန္းက တႏိုင္ငံလံုး အတိုင္းအတာနဲ႔ ညမထြက္ရ ကာဖ်ဴးမိန္႔ ထုတ္ျပန္ထားခ်ိန္မွာပဲ ယူကရိန္း အေရွ႕ပိုင္းေဒသတေၾကာမွာ ထိုးစစ္ေတြ ျပန္လုပ္မယ္လို႔ ႐ုရွားတပ္ေတြက ေၾကညာခဲ့ေပမဲ့ သိသာတဲ့ ေအာင္ျမင္မႈ မေတြ႔ရေၾကာင္း ၿဗိတိန္အရာရွိေတြက စေနေန႔မွာ ေျပာပါတယ္။
ယူကရိန္းဆိပ္ကမ္းၿမိဳ႕ Mariupol မွာေတာ့ အရပ္သားေတြကို ကယ္ထုတ္ဖို႔ ႀကိဳးစားခဲ့ေပမဲ့ ႐ုရွားတပ္ေတြရဲ႕ တားဆီးမႈခံရေၾကာင္း Mariupol ၿမိဳ႕ တာဝန္ခံက ေျပာပါတယ္။ ကယ္ထုတ္ဖို႔ သတ္မွတ္ထားတဲ့ေနရာကို ေဒသခံ ၂၀၀ ေလာက္ လာေရာက္စုေဝးခဲ့ေပမဲ့ ႐ုရွားတပ္ေတြက အစုမခံတဲ့အျပင္ ေဒသခံတခ်ိဳ႕ကိုေတာ့ ႐ုရွားထိန္းခ်ဳပ္ထားတဲ့ ေဒသကို သြားမယ့္ ကားေတြေပၚ တက္ခိုင္းေနေၾကာင္းလည္း ေျပာပါတယ္။
ယူကရိန္းေတာင္ပိုင္း ပင္လယ္နက္ ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ Odesa မွာလည္း စေနေန႔က ႐ုရွားဘက္က မစ္ဇုိင္းဒံုးက်ည္ ၆ စင္းထက္မနည္း ပစ္ခတ္ခဲ့တဲ့အတြက္ လူ ၅ ဦး ေသဆံုးခဲ့ရတယ္လို႔ ယူကရိန္းအာဏာပိုင္ေတြက ေျပာပါတယ္။
႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာနကေတာ့ အေမရိကန္နဲ႔ ဥေရာပႏိုင္ငံေတြကေန ယူကရိန္းတပ္ေတြအတြက္ လက္နက္ေတြ ေပးပို႔ေနတဲ့ Odesa ဆိပ္ကမ္းကို သူတို႔တပ္ေတြက မစ္ဇုိင္းဒံုးနဲ႔ ပစ္ခတ္ခဲ့တယ္လို႔ ေျပာပါတယ္။ ယူကရိန္းအရာရွိေတြကေတာ့ ယူကရိန္းမွာ က်ဆံုးတဲ့ ႐ုရွားစစ္သည္ ၂ ေသာင္း ေက်ာ္ေနၿပီလို႔ စေနေန႔က ေျပာပါတယ္။
ယူကရိန္းသမၼတ Zelenskyy ကေတာ့ စေနေန႔မွာပဲ စစ္ပြဲအဆံုးသတ္ေရး ေဆြးေႏြးဖို႔ ႐ုရွားသမၼတ Vladimir Putin ကို ထပ္မံ ေတာင္းဆိုလိုက္ပါတယ္။
-------------------------------
(Unicode)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ယူကရိန်းကိုလာမည် (ယူကရိန်းသမ္မတ)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ဟာ Kyiv ကို တနင်္ဂနွေနေ့မှာ လာရောက်မှာဖြစ်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က စနေနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒါဟာ ရုရှားက ဖေဖော်ဝါရီ ၂၄ ရက် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ချိန်ကစပြီး ပထမဆုံး အမေရိကန်အရာရှိတွေ ယူကရိန်းကို သွားရောက်မှာလည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန် အရာရှိတွေဘက်ကတော့ အတည်ပြုချက် မထုတ်ပြန်သေးပါဘူး။
တနင်္ဂနွေနေ့ ကျရောက်မယ့် Orthodox ခရစ်ယာန်ဘာသာဝင်တွေရဲ့ အီစတာပွဲတော် မတိုင်ခင် ယူကရိန်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ ညမထွက်ရ ကာဖျူးမိန့် ထုတ်ပြန်ထားချိန်မှာပဲ ယူကရိန်း အရှေ့ပိုင်းဒေသတကြောမှာ ထိုးစစ်တွေ ပြန်လုပ်မယ်လို့ ရုရှားတပ်တွေက ကြေညာခဲ့ပေမဲ့ သိသာတဲ့ အောင်မြင်မှု မတွေ့ရကြောင်း ဗြိတိန်အရာရှိတွေက စနေနေ့မှာ ပြောပါတယ်။
ယူကရိန်းဆိပ်ကမ်းမြို့ Mariupol မှာတော့ အရပ်သားတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ရုရှားတပ်တွေရဲ့ တားဆီးမှုခံရကြောင်း Mariupol မြို့ တာဝန်ခံက ပြောပါတယ်။ ကယ်ထုတ်ဖို့ သတ်မှတ်ထားတဲ့နေရာကို ဒေသခံ ၂၀၀ လောက် လာရောက်စုဝေးခဲ့ပေမဲ့ ရုရှားတပ်တွေက အစုမခံတဲ့အပြင် ဒေသခံတချို့ကိုတော့ ရုရှားထိန်းချုပ်ထားတဲ့ ဒေသကို သွားမယ့် ကားတွေပေါ် တက်ခိုင်းနေကြောင်းလည်း ပြောပါတယ်။
ယူကရိန်းတောင်ပိုင်း ပင်လယ်နက် ဆိပ်ကမ်းမြို့ဖြစ်တဲ့ Odesa မှာလည်း စနေနေ့က ရုရှားဘက်က မစ်ဇိုင်းဒုံးကျည် ၆ စင်းထက်မနည်း ပစ်ခတ်ခဲ့တဲ့အတွက် လူ ၅ ဦး သေဆုံးခဲ့ရတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။
ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကတော့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကနေ ယူကရိန်းတပ်တွေအတွက် လက်နက်တွေ ပေးပို့နေတဲ့ Odesa ဆိပ်ကမ်းကို သူတို့တပ်တွေက မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ ယူကရိန်းအရာရှိတွေကတော့ ယူကရိန်းမှာ ကျဆုံးတဲ့ ရုရှားစစ်သည် ၂ သောင်း ကျော်နေပြီလို့ စနေနေ့က ပြောပါတယ်။
ယူကရိန်းသမ္မတ Zelenskyy ကတော့ စနေနေ့မှာပဲ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးဖို့ ရုရှားသမ္မတ Vladimir Putin ကို ထပ်မံ တောင်းဆိုလိုက်ပါတယ်။