သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားတပ္ေတြဝိုင္းထားတဲ့ Mariupol ၿမိဳ႕ထဲကေန အရပ္သားေတြ ကယ္ထုတ္ေရး ႀကိဳးပမ္းေန


Mariupol ၿမိဳ႕မွာ သြားလာေနၾကသူအခ်ဳိ႕။ (ဧၿပီ ၂၁၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းႏိုင္ငံမွာ ႐ုရွားတပ္ေတြ ဝိုင္းထားတဲ့ Mariupol ၿမိဳ႕ထဲကေန အရပ္သားေတြကို ဒီကေန႔ ကယ္ထုတ္ဖို႔ လုပ္ေနပါတယ္။

အမ်ိဳးသမီးေတြ၊ ကေလးငယ္ေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြကို ၿမိဳ႕ထဲကေန ကယ္ထုတ္ဖို႔ ႀကိဳးစားမယ္လို႔ ယူကရိန္း ဒုတိယဝန္ႀကီးခ်ဳပ္ Iryna Vereshchuk က Telegram လူမႈကြန္ရက္မီဒီယာမွာ ေရးပါတယ္။

အေစာပိုင္းက ႀကိဳးစားခဲ့တဲ့ ကယ္ဆယ္ေရး အစီအစဥ္ေတြကို ႐ုရွားစစ္တပ္က ေႏွာင့္ယွက္ ဟန႔္တားခဲ့တာေၾကာင့္ မေအာင္ျမင္ ျဖစ္ခဲ့ရတာပါ။

အမ်ားျပည္သူအတြက္ လူသားစာနာမႈ လမ္းေၾကာင္းေတြ ဒီကေန႔ ပြင့္ႏိုင္ေျခ မရွိေသးဘူးလို႔ ယူကရိန္းအာဏာပိုင္ေတြက ေျပာပါတယ္။

Mariupol ၿမိဳ႕ထဲမွာ အရပ္သား ၁၀၀,၀၀၀ အထိ ရွိေနႏိုင္ေသးတယ္လို႔ တာဝန္ရွိသူေတြက ခန႔္မွန္းထားပါတယ္။

ဒီအေတာအတြင္းမွာပဲ ျပင္သစ္နဲ႔ ဂ်ာမနီႏိုင္ငံေတြဟာ ႐ုရွားႏိုင္ငံကို ေဒၚလာ သန္း ၃၀၀ နီးပါး တန္ေၾကးရွိတဲ့ စစ္ဘက္သုံး ပစၥည္းကိရိယာေတြ ေရာင္းခ်ခဲ့ၿပီး အဲဒါေတြကို အခု ယူကရိန္းစစ္ပြဲမွာ အသုံးျပဳေနဖြယ္ရွိတယ္လို႔ ဥေရာပေကာ္မရွင္ရဲ႕ အခ်က္အလက္ေတြကို ကိုးကားၿပီး ၿဗိတိန္ထုတ္ The Telegraph သတင္းစာ အထူးသီးသန႔္ သတင္းတပုဒ္မွာ ေဖာ္ျပထားပါတယ္။

ယူကရိန္းပိုင္နက္၊ Crimea ေဒသကို ၂၀၁၄ ခုႏွစ္မွာ ႐ုရွားက သူပိုင္အျဖစ္ ရယူခဲ့ၿပီးတဲ့ေနာက္ ဥေရာပသမဂၢ EU က လက္နက္ခဲယမ္းေရာင္းခ်မႈ ပိတ္ပင္ထားတဲ့ၾကားမွာပဲ အဲဒီပစၥည္းကိရိယာေတြကို ေရာင္းခဲ့တာလို႔ သတင္းစာက ေရးပါတယ္။

ဂ်ာမနီႏိုင္ငံကေတာ့ သူတို႔ေရာင္းခဲ့တဲ့ ပစၥည္းကိရိယာေတြဟာ စစ္ဘက္ေရာ အရပ္ဘက္မွာပါ အသုံးျပဳႏိုင္ၿပီး စစ္ဘက္အတြက္ မဟုတ္ဘဲ အရပ္ဘက္အတြက္ လိုအပ္တာလို႔ ႐ုရွားက ေျပာခဲ့တဲ့အေၾကာင္း ခုခံေခ်ပပါတယ္။

႐ုရွားကိုေရာင္းခဲ့တာေတြထဲမွာ ဗုံးေတြ၊ ဒုံးယာဥ္ေတြ၊ ဒုံးက်ည္ေတြနဲ႔ ေသနတ္ေတြပါတယ္လို႔ သတင္းစာမွာ ေရးထားပါတယ္။ ျပင္သစ္ကုမၸဏီေတြကလည္း ႐ုရွားတင့္ကား အစင္း ၁,၀၀၀ ေက်ာ္အတြက္ အပူဓာတ္ဖမ္း ကင္မရာေတြသာမက တိုက္ေလယာဥ္ေတြနဲ႔ တိုက္ခိုက္ေရး ရဟတ္ယာဥ္ေတြအတြက္ လမ္းျပေျမပုံစနစ္ေတြ ေရာင္းခဲ့တယ္လို႔ The Telegraph သတင္းစာက ေရးပါတယ္။

EU အဖြဲ႔ဝင္ ၁၀ ႏိုင္ငံထက္မနည္းက ႐ုရွားကို စစ္ဘက္ပစၥည္းကိရိယာ ေဒၚလာ သန္း ၃၈၀ ဖိုးနီးပါး ေရာင္းခ်ခဲ့ၿပီး အဲဒီထဲက ၇၈ ရာခုိင္ႏႈန္းကို ျပင္သစ္နဲ႔ ဂ်ာမန္ကုမၸဏီေတြက ေရာင္းခဲ့တာလို႔ The Telegraph သတင္းမွာ ေဖာ္ျပထားပါတယ္။

႐ုရွားကို လက္နက္ေရာင္းတဲ့ တျခားဥေရာပႏိုင္ငံေတြထဲမွာ ၾသစႀတီးယား၊ ၿဗိတိန္၊ ဘူလ္ေဂးရီးယား၊ ခ်က္သမၼတႏိုင္ငံနဲ႔ အီတလီတို႔လည္းပါတယ္လို႔ The Telegraph သတင္းစာက ေဖာ္ထုတ္ ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ရုရှားတပ်တွေဝိုင်းထားတဲ့ Mariupol မြို့ထဲကနေ အရပ်သားတွေ ကယ်ထုတ်ရေး ကြိုးပမ်းနေ

ယူကရိန်းနိုင်ငံမှာ ရုရှားတပ်တွေ ဝိုင်းထားတဲ့ Mariupol မြို့ထဲကနေ အရပ်သားတွေကို ဒီကနေ့ ကယ်ထုတ်ဖို့ လုပ်နေပါတယ်။

အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို မြို့ထဲကနေ ကယ်ထုတ်ဖို့ ကြိုးစားမယ်လို့ ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk က Telegram လူမှုကွန်ရက်မီဒီယာမှာ ရေးပါတယ်။

အစောပိုင်းက ကြိုးစားခဲ့တဲ့ ကယ်ဆယ်ရေး အစီအစဉ်တွေကို ရုရှားစစ်တပ်က နှောင့်ယှက် ဟန့်တားခဲ့တာကြောင့် မအောင်မြင် ဖြစ်ခဲ့ရတာပါ။

အများပြည်သူအတွက် လူသားစာနာမှု လမ်းကြောင်းတွေ ဒီကနေ့ ပွင့်နိုင်ခြေ မရှိသေးဘူးလို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။

Mariupol မြို့ထဲမှာ အရပ်သား ၁၀၀,၀၀၀ အထိ ရှိနေနိုင်သေးတယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

ဒီအတောအတွင်းမှာပဲ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေဟာ ရုရှားနိုင်ငံကို ဒေါ်လာ သန်း ၃၀၀ နီးပါး တန်ကြေးရှိတဲ့ စစ်ဘက်သုံး ပစ္စည်းကိရိယာတွေ ရောင်းချခဲ့ပြီး အဲဒါတွေကို အခု ယူကရိန်းစစ်ပွဲမှာ အသုံးပြုနေဖွယ်ရှိတယ်လို့ ဥရောပကော်မရှင်ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ဗြိတိန်ထုတ် The Telegraph သတင်းစာ အထူးသီးသန့် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ယူကရိန်းပိုင်နက်၊ Crimea ဒေသကို ၂၀၁၄ ခုနှစ်မှာ ရုရှားက သူပိုင်အဖြစ် ရယူခဲ့ပြီးတဲ့နောက် ဥရောပသမဂ္ဂ EU က လက်နက်ခဲယမ်းရောင်းချမှု ပိတ်ပင်ထားတဲ့ကြားမှာပဲ အဲဒီပစ္စည်းကိရိယာတွေကို ရောင်းခဲ့တာလို့ သတင်းစာက ရေးပါတယ်။

ဂျာမနီနိုင်ငံကတော့ သူတို့ရောင်းခဲ့တဲ့ ပစ္စည်းကိရိယာတွေဟာ စစ်ဘက်ရော အရပ်ဘက်မှာပါ အသုံးပြုနိုင်ပြီး စစ်ဘက်အတွက် မဟုတ်ဘဲ အရပ်ဘက်အတွက် လိုအပ်တာလို့ ရုရှားက ပြောခဲ့တဲ့အကြောင်း ခုခံချေပပါတယ်။

ရုရှားကိုရောင်းခဲ့တာတွေထဲမှာ ဗုံးတွေ၊ ဒုံးယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ သေနတ်တွေပါတယ်လို့ သတင်းစာမှာ ရေးထားပါတယ်။ ပြင်သစ်ကုမ္ပဏီတွေကလည်း ရုရှားတင့်ကား အစင်း ၁,၀၀၀ ကျော်အတွက် အပူဓာတ်ဖမ်း ကင်မရာတွေသာမက တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေအတွက် လမ်းပြမြေပုံစနစ်တွေ ရောင်းခဲ့တယ်လို့ The Telegraph သတင်းစာက ရေးပါတယ်။

EU အဖွဲ့ဝင် ၁၀ နိုင်ငံထက်မနည်းက ရုရှားကို စစ်ဘက်ပစ္စည်းကိရိယာ ဒေါ်လာ သန်း ၃၈၀ ဖိုးနီးပါး ရောင်းချခဲ့ပြီး အဲဒီထဲက ၇၈ ရာခိုင်နှုန်းကို ပြင်သစ်နဲ့ ဂျာမန်ကုမ္ပဏီတွေက ရောင်းခဲ့တာလို့ The Telegraph သတင်းမှာ ဖော်ပြထားပါတယ်။

ရုရှားကို လက်နက်ရောင်းတဲ့ တခြားဥရောပနိုင်ငံတွေထဲမှာ သြစတြီးယား၊ ဗြိတိန်၊ ဘူလ်ဂေးရီးယား၊ ချက်သမ္မတနိုင်ငံနဲ့ အီတလီတို့လည်းပါတယ်လို့ The Telegraph သတင်းစာက ဖော်ထုတ် ရေးသားထားပါတယ်။

XS
SM
MD
LG