(Zawgyi)
ယူကရိန္းမွာ အခုအခ်ိန္မွာေတာ့ လူသားစာနာမႈဆိုင္ရာ အပစ္အခတ္ရပ္စဲေရး ျဖစ္လာမယ့္ အလားအလာ မျမင္ဘူးလို႔ ကုလသမဂၢ အေရးေပၚ ကယ္ဆယ္ကူညီေရးဆိုင္ရာ တာဝန္ခံ Martin Griffiths က တနလၤာေန႔ ကုလသမဂၢရံုးခ်ဳပ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
အခုအခ်ိန္မွာ အပစ္အခတ္ ရပ္စဲေရး ျဖစ္လာမယ့္ အလားအလာ မျမင္ရေသးေပမယ့္ လာမယ့္ သီတင္းပတ္ေတြအတြင္းမွာျဖစ္လာႏုိင္သလို ဒီထက္ပို ၾကာရင္လည္း ၾကာသြားႏုိင္ေၾကာင္း ေျပာပါတယ္။ ဒါဟာ ျဖစ္ပြါးေနတဲ့ စစ္ပြဲ အေျခေနနဲ႔ ညွိႏႈိင္းေဆြးေႏြးမႈ လို အခ်က္ ၂ ခ်က္ေပၚမူတည္ေနတယ္လို႔လည္းေျပာပါတယ္။
အဓိကက ရုရွားအရာရွိေတြဘက္က ေဒသအလိုက္ အပစ္အခတ္ရပ္စဲတာမ်ိဳးကို ခုထိ မလုပ္ေသးတာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ကုလသမဂၢက ရုရွားကိုေရာ ယူကရိန္းကိုပါ လူသားခ်င္းစာနာမႈ ဆိုင္ရာ အကူညီေပးမယ့္ကိစၥေတြကို အေၾကာင္းၾကားထားတာျဖစ္ၿပီး ကုလသမဂၢ ကူညီကယ္ဆယ္ေရး ဆိုင္ရာ အရာရွိေတြ ဘက္ကေတာ့ လာမယ့္ ရက္အနည္းငယ္ အတြင္းမွာပဲ ယူကရိန္း အေရွ႕ပိုင္းက တို္က္ပြဲေတြ ျဖစ္ေနတဲ့ Donetsk ေဒသ ကို သြားေရာက္ဖုိ႔ စီစဥ္ေနေၾကာင္းလည္း ေျပာပါတယ္။ ဒါ့အျပင္ အဲဒီ ေဒသကေန Luhansk ေဒသထဲကို ကယ္ဆယ္ကူညီေရး ပစၥည္းေတြ ေပးဖုိ႔ဖုိ႔ လုပ္မွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
(Unicode)
ယူကရိန်းမှာ အခုအချိန်မှာတော့ လူသားစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဖြစ်လာမယ့် အလားအလာ မမြင်ဘူးလို့ ကုလသမဂ္ဂ အရေးပေါ် ကယ်ဆယ်ကူညီရေးဆိုင်ရာ တာဝန်ခံ Martin Griffiths က တနင်္လာနေ့ ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အခုအချိန်မှာ အပစ်အခတ် ရပ်စဲရေး ဖြစ်လာမယ့် အလားအလာ မမြင်ရသေးပေမယ့် လာမယ့် သီတင်းပတ်တွေအတွင်းမှာဖြစ်လာနိုင်သလို ဒီထက်ပို ကြာရင်လည်း ကြာသွားနိုင်ကြောင်း ပြောပါတယ်။ ဒါဟာ ဖြစ်ပွါးနေတဲ့ စစ်ပွဲ အခြေနေနဲ့ ညှိနှိုင်းဆွေးနွေးမှု လို အချက် ၂ ချက်ပေါ်မူတည်နေတယ်လို့လည်းပြောပါတယ်။
အဓိကက ရုရှားအရာရှိတွေဘက်က ဒေသအလိုက် အပစ်အခတ်ရပ်စဲတာမျိုးကို ခုထိ မလုပ်သေးတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ကုလသမဂ္ဂက ရုရှားကိုရော ယူကရိန်းကိုပါ လူသားချင်းစာနာမှု ဆိုင်ရာ အကူညီပေးမယ့်ကိစ္စတွေကို အကြောင်းကြားထားတာဖြစ်ပြီး ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေး ဆိုင်ရာ အရာရှိတွေ ဘက်ကတော့ လာမယ့် ရက်အနည်းငယ် အတွင်းမှာပဲ ယူကရိန်း အရှေ့ပိုင်းက တိုက်ပွဲတွေ ဖြစ်နေတဲ့ Donetsk ဒေသ ကို သွားရောက်ဖို့ စီစဉ်နေကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် အဲဒီ ဒေသကနေ Luhansk ဒေသထဲကို ကယ်ဆယ်ကူညီရေး ပစ္စည်းတွေ ပေးဖို့ဖို့ လုပ်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။