သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းစစ္ေၾကာင့္ ကမာၻ႔စီးပြားေရး ေႏွးေကြးႏိုင္ေၾကာင္း IMF ခန္႔မွန္း 


International Monetary Fund logo is seen outside the headquarters building

ယူကရိန္း ႏုိင္ငံ အေပၚ ရုရွားရဲ႕ က်ဴးေက်ာ္မႈေၾကာင့္ ကမၻာ့စီးပြားေရး ဖြံ႔ၿဖိဳးမႈ ေႏွးေကြးသြားမယ္လို႔ ႏုိင္ငံတကာ ေငြေၾကး ရန္ပံုေငြ အဖြဲ႔ IMF ရဲ႕ အဂၤါေန႔ထုတ္ အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။

ယူကရိန္းစစ္ေၾကာင့္ ကမာၻ႔စီးပြားေရး ေႏွးေကြးႏိုင္ေၾကာင္း IMF ခန္႔မွန္း

{{Zawgyi/Unicode}}
ယူကရိန္း ႏုိင္ငံ အေပၚ ရုရွားရဲ႕ က်ဴးေက်ာ္မႈေၾကာင့္ ကမၻာ့စီးပြားေရး ဖြံ႔ၿဖိဳးမႈ ေႏွးေကြးသြားမယ္လို႔ ႏုိင္ငံတကာ ေငြေၾကး ရန္ပံုေငြ အဖြဲ႔ IMF ရဲ႕ အဂၤါေန႔ထုတ္ အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။

ဒီႏွစ္ အတြက္ ဖြံ႔ၿဖိဳးမႈႏႈန္းကို ၃ ဒသမ ၆ ရာခိုင္ႏႈန္း အျဖစ္ IMF က ခန္႔မွန္းထားၿပီး ၿပီးခဲ႔တဲ႔ႏွစ္က ၆ ဒသမ ၁ ရာခိုင္ႏႈန္း ရွိခဲ႔တာပါ။ မူလကေတာ့ ဒီႏွစ္ အတြက္ ဖြံံ႔ၿဖိဳးမႈက ၄ ဒသမ ၄ ရာခိုင္ႏႈန္း ရွိမယ္လို႔ ခန္႔မွန္းခဲ႔တာပါ။

စစ္ပြဲေၾကာင့္ စီးပြားေရး အေပၚ ရိုက္ခတ္သက္ေရာက္မႈက ႀကီးမား က်ယ္ျပန္႔လာေနေၾကာင္း IMF အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ကုန္သြယ္ေရးမွာ အဟန္႔အတား ျဖစ္ေစၿပီး စားနပ္ရိကၡာနဲ႔ စက္သံုးဆီ ေစ်းႏႈန္း ႀကီးျမင့္မႈတို႔လိုမ်ိဳး စီးပြားေရး အလားအလာ ေမွးမွိန္ က်ဆင္းမႈေတြဟာ စစ္ပြဲေၾကာင့္ ပိုၿပီး ဆိုးရြားေစတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

လာမယ့္ သီတင္းပတ္ အနည္းငယ္ အတြင္းမွာဘဲ ကမၻာမွာ သိသာ ထင္ရွားတဲ႔ အေျပာင္းအလဲႀကီးနဲ႔ ႀကံဳေတြ႔ရမယ္လို႔လည္း IMF ရဲ႕ စီးပြားေရး ပညာရွင္အဖဲြ႕ အႀကီးအကဲ Pierre-Olivier Gourinchas က ကမၻာ့စီးပြားေရး ခန္႔မွန္းခ်က္ အစီရင္ခံစာရဲ႕ အမွာစာမွာ ေရးသားထားပါတယ္။

ကပ္ေဘးေရာဂါေၾကာင့္ ကမၻာတလႊား စီးပြားေရး ၿပိဳလဲမႈကေန ခိုင္ခုိင္မာမာ ျပန္လည္ ထူေထာင္လာတာကို ေတြ႔ျမင္လာရခ်ိန္မွာဘဲ စစ္ေၾကာင့္ ဒီတိုးတက္မႈ အမ်ားစု ျပန္လည္ ပ်က္စီးသြားေစမယ့္ အေျခအေနေတြ ျဖစ္လာပါတယ္။

ရုရွားရဲ႕ စီးပြားေရးဟာ ဒီႏွစ္မွာ ၈ ဒသမ ၅ ရာခိုင္ႏႈန္းသာ ရွိႏိုင္ၿပီး၊ ယူကရိန္းႏုိင္ငံကေတာ့ ၃၅ ရာခုိင္ႏႈႏ္း က်ဆင္းမယ္လို႔လည္း IMF က ခန္႔မွန္းပါတယ္။ အေမရိကန္၊ တရုတ္နဲ႔ ဥေရာပတို႔မွာလည္း စစ္ပြဲ အက်ိဳးဆက္ အျဖစ္ ဖြံ႔ၿဖိဳးမႈ ေႏွးေကြးမႈနဲ႔ ႀကံဳေတြ႔ရမယ္လို႔လည္း ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

................................................

ယူကရိန်းစစ်ကြောင့် ကမ္ဘာ့စီးပွားရေး နှေးကွေးနိုင်ကြောင်း IMF ခန့်မှန်း

{{Zawgyi/Unicode}}
ယူကရိန်း နိုင်ငံ အပေါ် ရုရှားရဲ့ ကျူးကျော်မှုကြောင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု နှေးကွေးသွားမယ်လို့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF ရဲ့ အင်္ဂါနေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီနှစ် အတွက် ဖွံ့ဖြိုးမှုနှုန်းကို ၃ ဒသမ ၆ ရာခိုင်နှုန်း အဖြစ် IMF က ခန့်မှန်းထားပြီး ပြီးခဲ့တဲ့နှစ်က ၆ ဒသမ ၁ ရာခိုင်နှုန်း ရှိခဲ့တာပါ။ မူလကတော့ ဒီနှစ် အတွက် ဖွံံ့ဖြိုးမှုက ၄ ဒသမ ၄ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းခဲ့တာပါ။

စစ်ပွဲကြောင့် စီးပွားရေး အပေါ် ရိုက်ခတ်သက်ရောက်မှုက ကြီးမား ကျယ်ပြန့်လာနေကြောင်း IMF အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကုန်သွယ်ရေးမှာ အဟန့်အတား ဖြစ်စေပြီး စားနပ်ရိက္ခာနဲ့ စက်သုံးဆီ ဈေးနှုန်း ကြီးမြင့်မှုတို့လိုမျိုး စီးပွားရေး အလားအလာ မှေးမှိန် ကျဆင်းမှုတွေဟာ စစ်ပွဲကြောင့် ပိုပြီး ဆိုးရွားစေတယ်လို့လည်း ဖော်ပြထားပါတယ်။

လာမယ့် သီတင်းပတ် အနည်းငယ် အတွင်းမှာဘဲ ကမ္ဘာမှာ သိသာ ထင်ရှားတဲ့ အပြောင်းအလဲကြီးနဲ့ ကြုံတွေ့ရမယ်လို့လည်း IMF ရဲ့ စီးပွားရေး ပညာရှင်အဖွဲ့ အကြီးအကဲ Pierre-Olivier Gourinchas က ကမ္ဘာ့စီးပွားရေး ခန့်မှန်းချက် အစီရင်ခံစာရဲ့ အမှာစာမှာ ရေးသားထားပါတယ်။

ကပ်ဘေးရောဂါကြောင့် ကမ္ဘာတလွှား စီးပွားရေး ပြိုလဲမှုကနေ ခိုင်ခိုင်မာမာ ပြန်လည် ထူထောင်လာတာကို တွေ့မြင်လာရချိန်မှာဘဲ စစ်ကြောင့် ဒီတိုးတက်မှု အများစု ပြန်လည် ပျက်စီးသွားစေမယ့် အခြေအနေတွေ ဖြစ်လာပါတယ်။

ရုရှားရဲ့ စီးပွားရေးဟာ ဒီနှစ်မှာ ၈ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိနိုင်ပြီး၊ ယူကရိန်းနိုင်ငံကတော့ ၃၅ ရာခိုင်နှုန်း ကျဆင်းမယ်လို့လည်း IMF က ခန့်မှန်းပါတယ်။ အမေရိကန်၊ တရုတ်နဲ့ ဥရောပတို့မှာလည်း စစ်ပွဲ အကျိုးဆက် အဖြစ် ဖွံ့ဖြိုးမှု နှေးကွေးမှုနဲ့ ကြုံတွေ့ရမယ်လို့လည်း ခန့်မှန်းထားပါတယ်။

XS
SM
MD
LG