သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္အရံေငြေၾကး သန္း ၄၀၀ IMF ထိန္းခ်ဳပ္


ႏိုင္ငံတကာ ေငြေၾကးရံပုံေငြအဖြဲ႕ IMF အ ေဆာက္အဦး ( ဓာတ္ပံု - Reuters)

(Zawgyi/Unicode)

ႏိုင္ငံတကာ ေငြေၾကးရံပုံေငြအဖြဲ႕ IMF မွာရွိတဲ့ အာဖဂန္နစၥတန္ရဲ႕ အရံေငြေၾကး ေဒၚလာ သန္း ၄၄၀ ထုတ္ယူခြင့္ကို ဆိုင္းငံ့လိုက္တဲ့အေၾကာင္း IMF အဖြဲ႕ႀကီးက မေန႔ ၾသဂုတ္လ ၁၈ ရက္ေန႔မွာ ေၾကညာပါတယ္။

အာဖဂန္ႏိုင္ငံအတြက္ SDR ေခၚ အထူးေငြ ထုတ္ယူခြင့္ တနလၤာေန႔မွာ အလွည့္က်တဲ့အခါ တာလီဘန္ေတြ လက္ထဲ ဒီေငြေတြ ေရာက္မသြားေအာင္ အရံေငြေၾကး အစုရွယ္ယာကို ထိန္းခ်ဳပ္ထားတဲ့ အေမရိကန္ျပည္ေထာင္စုက IMF အဖြဲ႕ႀကီးကို ဖိအားေပးခဲ့တာ ျဖစ္ပါတယ္။

ႏိုင္ငံတကာအသိုင္းအဝိုင္းၾကားမွာ အာဖဂန္နစၥတန္က အစိုးရကို အသိအမွတ္ျပဳေရး ရွင္းရွင္းလင္းလင္း မရွိေသးတဲ့အတြက္ အထူးေငြထုတ္ယူခြင့္ ရေသးမွာမဟုတ္တဲ့အေၾကာင္း IMF ေျပာေရးဆိုခြင့္ရွိသူက ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

ျမန္မာႏိုင္ငံမွာလည္း ေဖေဖာ္ဝါရီလ စစ္တပ္က အာဏာသိမ္းၿပီး စစ္ေကာင္စီကို အစိုးရအျဖစ္ အသိအမွတ္ျပဳေရး အျငင္းပြားမႈေတြ ရွိခဲ့တာေၾကာင့္ ေငြထုတ္ယူခြင့္ SDR ကို IMF အဖြဲ႕ႀကီးက ဆိုင္းငံ့ခဲ့ပါတယ္။ အစိုးရတရပ္ဟာ အာဏာကို အတင္းလုယူထားမယ္ဆိုရင္ အဲဒီလိုႏိုင္ငံေတြနဲ႔ IMF က ဆက္သြယ္ေဆာင္႐ြက္လို႔ မရေၾကာင္းနဲ႔ အထူးေငြ ထုတ္ယူခြင့္ရဖို႔ဆိုရင္ ဒီအစိုးရအေပၚ IMF အဖြဲ႕ဝင္ႏိုင္ငံအမ်ားစုက အသိမွတ္ျပဳဖို႔လိုတဲ့အေၾကာင္း အေမရိကန္ ဘ႑ာေရးဝန္ႀကီး Janet Yellen က ဇြန္လအတြင္းက ေျပာဆိုခဲ့ပါတယ္။

ျမန္မာနဲ႔ အာဖဂန္နစၥတန္လိုပဲ ဗင္နီဇြဲလားႏိုင္ငံမွာလည္း အစုရွယ္ယာပါတဲ့ ႏိုင္ငံအမ်ားစုျဖစ္တဲ့ ႏိုင္ငံေပါင္း ၅၀ က သမၼတ Nicolas Maduro အစိုးရကို အသိအမွတ္ျပဳဖို႔ ျငင္းပယ္ခဲ့တာေၾကာင့္ အလားတူ ေငြ ထုတ္ယူခြင့္ကို IMF က ရပ္ဆိုင္းခဲ့ပါတယ္။

.........................................................................................

အာဖဂန္အရံေငြေၾကး သန္း ၄၀၀ IMF ထိန္းခ်ဳပ္
please wait

No media source currently available

0:00 0:00:51 0:00
တိုက္႐ိုက္ လင့္ခ္


အာဖဂန်အရံငွေကြေး သန်း ၄၀၀ IMF ထိန်းချုပ်

(Unicode)

နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF မှာရှိတဲ့ အာဖဂန်နစ္စတန်ရဲ့ အရံငွေကြေး ဒေါ်လာ သန်း ၄၄၀ ထုတ်ယူခွင့်ကို ဆိုင်းငံ့လိုက်တဲ့အကြောင်း IMF အဖွဲ့ကြီးက မနေ့ သြဂုတ်လ ၁၈ ရက်နေ့မှာ ကြေညာပါတယ်။

အာဖဂန်နိုင်ငံအတွက် SDR ခေါ် အထူးငွေ ထုတ်ယူခွင့် တနင်္လာနေ့မှာ အလှည့်ကျတဲ့အခါ တာလီဘန်တွေ လက်ထဲ ဒီငွေတွေ ရောက်မသွားအောင် အရံငွေကြေး အစုရှယ်ယာကို ထိန်းချုပ်ထားတဲ့ အမေရိကန်ပြည်ထောင်စုက IMF အဖွဲ့ကြီးကို ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ အာဖဂန်နစ္စတန်က အစိုးရကို အသိအမှတ်ပြုရေး ရှင်းရှင်းလင်းလင်း မရှိသေးတဲ့အတွက် အထူးငွေထုတ်ယူခွင့် ရသေးမှာမဟုတ်တဲ့အကြောင်း IMF ပြောရေးဆိုခွင့်ရှိသူက ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီး စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ပြုရေး အငြင်းပွားမှုတွေ ရှိခဲ့တာကြောင့် ငွေထုတ်ယူခွင့် SDR ကို IMF အဖွဲ့ကြီးက ဆိုင်းငံ့ခဲ့ပါတယ်။ အစိုးရတရပ်ဟာ အာဏာကို အတင်းလုယူထားမယ်ဆိုရင် အဲဒီလိုနိုင်ငံတွေနဲ့ IMF က ဆက်သွယ်ဆောင်ရွက်လို့ မရကြောင်းနဲ့ အထူးငွေ ထုတ်ယူခွင့်ရဖို့ဆိုရင် ဒီအစိုးရအပေါ် IMF အဖွဲ့ဝင်နိုင်ငံအများစုက အသိမှတ်ပြုဖို့လိုတဲ့အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ဇွန်လအတွင်းက ပြောဆိုခဲ့ပါတယ်။

မြန်မာနဲ့ အာဖဂန်နစ္စတန်လိုပဲ ဗင်နီဇွဲလားနိုင်ငံမှာလည်း အစုရှယ်ယာပါတဲ့ နိုင်ငံအများစုဖြစ်တဲ့ နိုင်ငံပေါင်း ၅၀ က သမ္မတ Nicolas Maduro အစိုးရကို အသိအမှတ်ပြုဖို့ ငြင်းပယ်ခဲ့တာကြောင့် အလားတူ ငွေ ထုတ်ယူခွင့်ကို IMF က ရပ်ဆိုင်းခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG