သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းက Mariupol ၿမိဳ႕ ႐ုရွားလက္ထဲ က်လုနီးျဖစ္ေန


Mariupol ၿမိဳ႕အနီး အေဝးေျပးလမ္းမွာ သြားေနတဲ့ ႐ုရွားတင့္ကားမ်ား။ (ဧၿပီ ၁၆၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းႏိုင္ငံ ၿမိဳ႕ေတာ္ Kyiv နဲ႔ တျခားၿမိဳ႕ႀကီးေတြမွာ စေနေန႔က ႐ုရွားရဲ႕ ဒံုးက်ည္တိုက္ခိုက္မႈေတြ ထိမွန္ခဲ့ပါတယ္။ ယူကရိန္းဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ Mariupol ရဲ႕ အေျခေနကေတာ့ သိပ္ကိုဆိုးေနတယ္လို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy က စေနေန႔မွာ ေျပာပါတယ္။

Mariupol ၿမိဳ႕မွာ အေျခအေနေတြက သိပ္ၿပီး ခက္ခဲေနေၾကာင္း၊ စစ္သားေတြနဲ႔ ဒဏ္ရာရသူေတြ ပိတ္ဆို႔ခံထားရၿပီး လူသားခ်င္း စာနာေထာက္ကူမႈဆိုင္ရာ အခက္အခဲ ျပႆနာႀကီး ျဖစ္ေနေၾကာင္း၊ ဒါေပမဲ့လည္း လူေတြက ကိုယ္တိုင္ ခုခံေနၾကေၾကာင္း ယူကရိန္းသမၼတ Volodymyr Zelenskyy က သတင္းေထာက္ေတြကို ေျပာဆိုခဲ့တာပါ။

တခ်ိန္တည္းမွာပဲ ႐ုရွားတပ္ဖြဲ႔ေတြက Mariupol ရဲ႕ ၿမိဳ႕ေပၚေဒသအားလံုးကို ရွင္းလင္းၿပီး ျဖစ္ေၾကာင္းနဲ႔ ဝိုင္းရံထားတဲ့ ေတာင္ပိုင္း ဆိပ္ကမ္းက သံမဏိစက္႐ုံတခု အတြင္းမွာပဲ ယူကရိန္းတပ္ဖြဲ႔ဝင္ အနည္းငယ္ က်န္ရွိေတာ့ေၾကာင္း ႐ုရွားအစိုးရက ေျပာပါတယ္။

အျပင္းထန္ဆံုး တိုက္ခိုက္မႈေတြနဲ႔ လူသားခ်င္း စာနာမႈဆိုင္ရာ အဆိုးဆံုး အေျခအေနကို ေတြ႔ျမင္ေနရတဲ့ Mariupol ကို ထိန္းခ်ဳပ္ႏိုင္လု ျဖစ္ေနၿပီဆိုတဲ့ ႐ုရွားရဲ႕ ေျပာဆိုခ်က္ကိုတာ့ သီးျခား အတည္မျပဳႏိုင္ေသးပါဘူး။

ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ က်ဴးေက်ာ္စစ္ စတင္ၿပီးေနာက္ပိုင္း ႐ုရွားတပ္ဖြဲ႔ေတြ လက္ထဲကို က်ေရာက္တဲ့ ပထမဆံုးၿမိဳ႕ႀကီးတခုလည္း ျဖစ္လာႏိုင္ပါတယ္။

႐ုရွားတပ္ေတြ ဝိုင္းရံခံထားရတဲ့ ဒီၿမိဳ႕ကို ကာကြယ္ေနၾကသူေတြနဲ႔ ယူကရိန္းအစိုးရၾကား ေန႔စဥ္ အဆက္အသြယ္ ရွိေနေၾကာင္းနဲ႔ ၿမိဳ႕မွာေနထိုင္သူ အားလံုးကို ႐ုရွားတပ္ဖြဲ႔ေတြက ရွင္းပစ္ဖို႔ ႀကိဳးစားေနတယ္လို႔ ယူကရိန္းသမၼတ Zelenskyy က အြန္လိုင္းက ေျပာၾကားခ်က္မွာ ထည့္သြင္း ေျပာဆိုပါတယ္။

ဒါေပမဲ့ Mariupol ရဲ႕ ၿမိဳ႕ေပၚေဒသ တခုလံုးက ယူကရိန္းတပ္ဖြဲ႔ေတြကို ႐ုရွားတပ္ဖြဲ႔ေတြက ရွင္းလင္းခဲ့ၿပီျဖစ္ေၾကာင္း ႐ုရွားအစိုးရရဲ႕ စေနေန႔အေစာပိုင္း ေျပာဆိုခ်က္ကိုေတာ့ သူက ထည့္သြင္းမေျပာပါဘူး။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ယူကရိန်းက Mariupol မြို့ ရုရှားလက်ထဲ ကျလုနီးဖြစ်နေ

ယူကရိန်းနိုင်ငံ မြို့တော် Kyiv နဲ့ တခြားမြို့ကြီးတွေမှာ စနေနေ့က ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ ထိမှန်ခဲ့ပါတယ်။ ယူကရိန်းဆိပ်ကမ်းမြို့ဖြစ်တဲ့ Mariupol ရဲ့ အခြေနေကတော့ သိပ်ကိုဆိုးနေတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က စနေနေ့မှာ ပြောပါတယ်။

Mariupol မြို့မှာ အခြေအနေတွေက သိပ်ပြီး ခက်ခဲနေကြောင်း၊ စစ်သားတွေနဲ့ ဒဏ်ရာရသူတွေ ပိတ်ဆို့ခံထားရပြီး လူသားချင်း စာနာထောက်ကူမှုဆိုင်ရာ အခက်အခဲ ပြဿနာကြီး ဖြစ်နေကြောင်း၊ ဒါပေမဲ့လည်း လူတွေက ကိုယ်တိုင် ခုခံနေကြကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

တချိန်တည်းမှာပဲ ရုရှားတပ်ဖွဲ့တွေက Mariupol ရဲ့ မြို့ပေါ်ဒေသအားလုံးကို ရှင်းလင်းပြီး ဖြစ်ကြောင်းနဲ့ ဝိုင်းရံထားတဲ့ တောင်ပိုင်း ဆိပ်ကမ်းက သံမဏိစက်ရုံတခု အတွင်းမှာပဲ ယူကရိန်းတပ်ဖွဲ့ဝင် အနည်းငယ် ကျန်ရှိတော့ကြောင်း ရုရှားအစိုးရက ပြောပါတယ်။

အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အဆိုးဆုံး အခြေအနေကို တွေ့မြင်နေရတဲ့ Mariupol ကို ထိန်းချုပ်နိုင်လု ဖြစ်နေပြီဆိုတဲ့ ရုရှားရဲ့ ပြောဆိုချက်ကိုတာ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ရုရှားတပ်ဖွဲ့တွေ လက်ထဲကို ကျရောက်တဲ့ ပထမဆုံးမြို့ကြီးတခုလည်း ဖြစ်လာနိုင်ပါတယ်။

ရုရှားတပ်တွေ ဝိုင်းရံခံထားရတဲ့ ဒီမြို့ကို ကာကွယ်နေကြသူတွေနဲ့ ယူကရိန်းအစိုးရကြား နေ့စဉ် အဆက်အသွယ် ရှိနေကြောင်းနဲ့ မြို့မှာနေထိုင်သူ အားလုံးကို ရုရှားတပ်ဖွဲ့တွေက ရှင်းပစ်ဖို့ ကြိုးစားနေတယ်လို့ ယူကရိန်းသမ္မတ Zelenskyy က အွန်လိုင်းက ပြောကြားချက်မှာ ထည့်သွင်း ပြောဆိုပါတယ်။

ဒါပေမဲ့ Mariupol ရဲ့ မြို့ပေါ်ဒေသ တခုလုံးက ယူကရိန်းတပ်ဖွဲ့တွေကို ရုရှားတပ်ဖွဲ့တွေက ရှင်းလင်းခဲ့ပြီဖြစ်ကြောင်း ရုရှားအစိုးရရဲ့ စနေနေ့အစောပိုင်း ပြောဆိုချက်ကိုတော့ သူက ထည့်သွင်းမပြောပါဘူး။

XS
SM
MD
LG