ယူကရိန္း ဒုကၡသည္ ၄ ေသာင္းေက်ာ္ ျပင္သစ္ ကူညီေစာင့္ေရွာက္ထား
{{Zawgyi/Unicode}}
ျပင္သစ္အစိုးရအေနနဲ႔ ျပင္သစ္ႏုိင္ငံကုိေရာက္ရွိလာတဲ့ ယူကရိန္းဒုကၡသည္ေတြကုိ အေရးေပၚယာယီတည္းခုိရာဖို႔ ေနရာေတြမွာထားၿပီးေနာက္၊ ေနထိုင္ေရးနဲ႔ မိသားစုအတြက္ အေထာက္အပံ့ ေတြရရွိေအာင္စီစဥ္ေပးသြားမယ္လုိ႔ ျပင္သစ္ျပည္ထဲေရး၀န္ႀကီးဌာနက ေသာၾကာေန႔က ေျပာဆုိလုိက္ပါတယ္။
အုိးအိမ္မဲ့သြားတဲ့ ယူကရိန္းဒုကၡသည္ေတြကုိ အုိးအိမ္ရရွိဖုိ႔၊ မိသားစုအေထာက္ပံ့ရရွိဖုိ႔နဲ႔၊ မိသားစုဆက္လက္ရွင္သန္နုိင္ဖုိ႔ အေထာက္အပံ့ေတြကုိ ရယူခံစားခြင့္ေပးသြားမယ္လုိ႔ ျပည္ထဲေရး၀န္ႀကီးဌာနရဲ့ေၾကညာခ်က္မွ ေဖၚျပထားပါတယ္။
ယူကရိန္းစစ္ပဲြစတင္ခဲ့တဲ့ ေဖေဖၚ၀ါရီလ ၂၄ ရက္ေန႔ကစၿပီး ျပင္သစ္ကုိ ယူကရိန္းဒုကၡသည္ ၅ ေသာင္း ၇ ေထာင္ေက်ာ္ေရာက္ရွိခဲ့ပါတယ္။ အမ်ားစုဟာ၊ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြျဖစ္ၾကပါတယ္။ အဲဒီအထဲက ၄ ေသာင္း ၁ ေထာင္ေက်ာ္ကုိ ယာယီကာကြယ္ ေစာင့္ေရွာက္မႈ ခံစားခြင့္ေပးထားၿပီးျဖစ္ပါတယ္။
ဒါ့အျပင္ ယူကရိန္း ခေလးငယ္ ၁ ေသာင္း ၁ ေထာင္ေက်ာ္ဟာ ျပင္သစ္ေက်ာင္းေတြမွာ လက္ခံအပ္ႏွံထားၿပီး၊ ေက်ာင္းတက္တဲ့ အရြယ္မေရာက္ေသးတဲ့ ကေလးငယ္ေတြကုိ ေန႔ကေလးထိန္းေက်ာင္းအခမဲ့ ထားခြင့္လည္းျပုထားပါတယ္။
ေဖေဖၚ၀ါရီလ ရုရွားက ယူကရိန္းကုိ စတင္က်ဴးေက်ာ္ၿပီးေနာက္ အခုေနာက္ဆုံးအခ်ိန္အထိ ယူကရိန္း စစ္ေျပးဒုကၡသည္ ၄ သန္း ၇ သိန္းေက်ာ္ဟာ တုိင္းျပည္စြန္႔ခြါထြက္ေျပးခဲ့ၾကတယ္လုိ႔ ကုလသမဂၢဒုကၡသည္မ်ားဆုိင္ရာဌာန က ထုတ္ျပန္ထားပါတယ္။
...................................................................
ယူကရိန်း ဒုက္ခသည် ၄ သောင်းကျော် ပြင်သစ် ကူညီစောင့်ရှောက်ထား
{{Unicode}}
ပြင်သစ်အစိုးရအနေနဲ့ ပြင်သစ်နိုင်ငံကိုရောက်ရှိလာတဲ့ ယူကရိန်းဒုက္ခသည်တွေကို အရေးပေါ်ယာယီတည်းခိုရာဖို့ နေရာတွေမှာထားပြီးနောက်၊ နေထိုင်ရေးနဲ့ မိသားစုအတွက် အထောက်အပံ့ တွေရရှိအောင်စီစဉ်ပေးသွားမယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက သောကြာနေ့က ပြောဆိုလိုက်ပါတယ်။
အိုးအိမ်မဲ့သွားတဲ့ ယူကရိန်းဒုက္ခသည်တွေကို အိုးအိမ်ရရှိဖို့၊ မိသားစုအထောက်ပံ့ရရှိဖို့နဲ့၊ မိသားစုဆက်လက်ရှင်သန်နိုင်ဖို့ အထောက်အပံ့တွေကို ရယူခံစားခွင့်ပေးသွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ကြေညာချက်မှ ဖေါ်ပြထားပါတယ်။
ယူကရိန်းစစ်ပွဲစတင်ခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ကစပြီး ပြင်သစ်ကို ယူကရိန်းဒုက္ခသည် ၅ သောင်း ၇ ထောင်ကျော်ရောက်ရှိခဲ့ပါတယ်။ အများစုဟာ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ကြပါတယ်။ အဲဒီအထဲက ၄ သောင်း ၁ ထောင်ကျော်ကို ယာယီကာကွယ် စောင့်ရှောက်မှု ခံစားခွင့်ပေးထားပြီးဖြစ်ပါတယ်။
ဒါ့အပြင် ယူကရိန်း ခလေးငယ် ၁ သောင်း ၁ ထောင်ကျော်ဟာ ပြင်သစ်ကျောင်းတွေမှာ လက်ခံအပ်နှံထားပြီး၊ ကျောင်းတက်တဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို နေ့ကလေးထိန်းကျောင်းအခမဲ့ ထားခွင့်လည်းပြုထားပါတယ်။
ဖေဖေါ်ဝါရီလ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်ပြီးနောက် အခုနောက်ဆုံးအချိန်အထိ ယူကရိန်း စစ်ပြေးဒုက္ခသည် ၄ သန်း ၇ သိန်းကျော်ဟာ တိုင်းပြည်စွန့်ခွါထွက်ပြေးခဲ့ကြတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာဌာန က ထုတ်ပြန်ထားပါတယ်။