သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဒီမိုကေရစီ အေလးသာေပမဲ႔ မၿငိမ္းခ်မ္းႏိုင္ေသးတဲ႔ ကမၻာႀကီး


Cars wait to pick up family members and refugees fleeing the war in Ukraine, in Palanca, Moldova, March 2, 2022.

တကမာၻလုံးက ဒီမိုကေရစီနဲ႔ ၿငိမ္းခ်မ္းေရးဘက္မွာ ရွိတယ္လို႔ အ‌ေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒင္ က ႏိုင္ငံေတာ္အေျချပ မိန႔္ခြန္းမွာ ေျပာပါတယ္။ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္၊ ယူကရိန္း ဒုကၡသည္ ၆ သိန္းခြဲ ထြက္ေျပး ခိုလႈံေနၾကရပါတယ္။ ႐ိုက္တာ သတင္းဌာန ရဲ႕ သတင္းေပးပို႔ခ်က္ေတြ နဲ႔ ဦးတင္ေမာင္သန္း က တင္ျပထားပါတယ္။

ဒီမိုကေရစီ အေလးသာေပမဲ႔ မၿငိမ္းခ်မ္းႏိုင္ေသးတဲ႔ ကမၻာႀကီး

{{Zawgyi/Unicode}}

တကမာၻလုံးက ဒီမိုကေရစီနဲ႔ ၿငိမ္းခ်မ္းေရးဘက္မွာ ရွိေနၾကတယ္လို႔ အ‌ေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒင္ က သူ႔ ရဲ႕ ႏိုင္ငံေတာ္ အေျချပ မိန႔္ခြန္းမွာ ေျပာပါတယ္။ ဥေရာပမွာေတာ့ ႐ုရွား က ယူကရိန္း ကို က်ဴးေက်ာ္စစ္ ဆင္ႏႊဲေနၿပီး၊ ယူကရိန္း က ဒုကၡသည္ ၆ သိန္း ခြဲ ဟာ အိမ္နီးခ်င္း ႏိုင္ငံေတြ ကို ထြက္ေျပး ခိုလႈံေနၾကရပါတယ္။ ကိဗ္ၿမိဳ႕ က မိုင္ ၈၀၀၀ အကြာ အာဂ်င္တီးနားမွာေတာ့ ႐ုရွား က်ဴးေက်ာ္စစ္ေၾကာင့္ အသက္ဆုံးပါးသြားၾကသူေတြအတြက္ လႊတ္ေတာ္ မွာ တမိနစ္ ဝမ္းနည္းေၾကကြဲျခင္း ၿငိမ္သက္စြာ အထိမ္းအမွတ္ျပဳခဲ့ၾကပါတယ္။ သူတို႔လုပ္ရပ္ေတြ အတြက္ အာဏာရွင္ေတြ မေပးဆပ္သေ႐ြ႕ ကမာၻႀကီး ၿငိမ္းခ်မ္းပါ့မလား။ ယူကရိန္းဒုကၡသည္ေတြရဲ႕ ဘဝကို ႐ိုက္တာ သတင္းဌာန ရဲ႕ သတင္းေပးပို႔ခ်က္ေတြ နဲ႔ ဦးတင္ေမာင္သန္း က တင္ျပထားပါတယ္။

႐ုရွား က ယူကရိန္း ကို က်ဴးေက်ာ္ တိုက္ခိုက္ေနခ်ိန္၊ ကမာၻတဝွမ္း ေ႐ြးခ်ယ္ထားတဲ့ဘက္က ဒီမိုကေရစီ နဲ႔ ၿငိမ္းခ်မ္း‌ေရး ျဖစ္တယ္လို႔ အေမရိကန္ သမၼတ ဂ်ိဳးဘိုင္ဒင္ က သူ႔ ရဲ႕ ႏိုင္ငံေတာ္ အေျချပ မိန႔္ခြန္းမွာ ခုလို ေျပာသြားခဲ့ပါတယ္။

“ဒီမိုကေရစီနဲ႔ အာဏာရွင္စနစ္ေတြၾကား တိုက္ပြဲမွာ ဒီမိုကေရစီ က ခုအခါမွာ တက္ေနပါတယ္။ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးဘက္ကို ကမာၻ က ရွင္းရွင္းလင္းလင္း ေ႐ြးခ်ယ္ထားတယ္။”

ဒါေပမဲ့ အဲဒီလို ေ႐ြးခ်ယ္ၾကရာမွာ လြယ္လြယ္ကူကူေတာ့ မဟုတ္ၾကပါဘူး။ သမၼတ ဂ်ိဳးဘိုင္ဒင္က ခုလိုဆက္ ေျပာပါတယ္။

“သမိုင္းတ‌ေလွ်ာက္ ေဟာဒီ သင္ခန္းစာ ကို ကြၽန္ေတာ္တို႔ ရခဲ့ပါတယ္။ အာဏာရွင္ေတြဟာ သူတို႔ ရဲ႕ ၾကမ္းရမ္းတာေတြအတြက္ မေပးဆပ္ရေသးတဲ့အခါ၊ ပရမ္းပတာေတြ ျဖစ္ေအာင္ လုပ္ၾကတာေပါ့။ ပရမ္းပတာ ဆက္ၾကမ္းရမ္းၾကတယ္။ အေမရိကန္နဲ႔ ကမာၻ ကို ၿခိမ္းေျခာက္ၿမဲ ၿခိမ္းေျခာက္ၾကတယ္။ ကမာၻႀကီးက ေပးရတာေတြ ပိုႀကီးမားလာေနတယ္။”

သမၼတ ဂ်ိဳးဘိုင္ဒင္ ေျပာသလိုပါပဲ၊ အာဏာရွင္ေတြ ၾကမ္းရမ္းလာတဲ့အခါ၊ လူတစ္ဦးခ်င္းေတြရဲ႕ ဘဝေတြကလည္း ကေသာင္းကနင္းေတြ ႀကဳံၾကရပါတယ္။ ႐ုရွားက ယူကရိန္း ကို က်ဴးေက်ာ္စစ္ဆင္လာတဲ့အခါ ယူကရိန္း ျပည္သူေတြဟာ စစ္ေဘး ဒုကၡသည္ေတြအျဖစ္ လုံၿခဳံရာ အိမ္နီးခ်င္းတိုင္းျပည္ေတြ ကို ထြက္ေျပးၾကရတာကလြဲၿပီး ေ႐ြးခ်ယ္စရာ သိပ္ မရွိလွေတာ့ပါဘူး။

အဲဒီလို အိမ္နီးခ်င္း တိုင္းျပည္ထဲ ဝင္ေရာက္ခိုလႈံရဖို႔ကို နာရီ ၆၀ အထိ ေစာင့္ခဲ့ၾကရတာပါ။ ယူကရိန္းနယ္စပ္ မွာ တန္းစီေနၾကတဲ့ ဒုကၡသည္ေတြရဲ႕ ကားတန္းႀကီးက ပိုလန္ နယ္စပ္ မွာ ဆိုရင္ ကီလိုမီတာ ၃၀ ေလာက္အထိ ရွည္ပါတယ္။ တခ်ိန္တည္းမွာပဲ ကိဗ္ ၿမိဳ႕ ကို တိုက္ဖို႔ ျပင္ေနတဲ့ ႐ုရွား စစ္ယာဥ္တန္းႀကီး ကလည္း မိုင္ ၄၀ အထိ ရွည္လ်ားျပန္ပါတယ္။

ထြက္ေျပးခဲ့ၾကရသူေတြဟာ နယ္စပ္ကို ျဖတ္ၿပီးျပန္ေတာ့လည္း မီရာ ဘတ္စ္ကား ဒါမွမဟုတ္ ရထားကို ေစာင့္ၾကရ၊ အေျပးတက္ၾကရတာပါ။ ဟန္ေဂရီ ႏိုင္ငံ ကို ေရာက္လာတဲ့ ယူကရိန္း ဒုကၡသည္ တစ္ဦး က ခုလို ေျပာပါတယ္။

“ကိဗ္ နဲ႔ Kharkiv က ခု အဆိုးဆုံး အေျခအေနပါ။ ေသသြားတဲ့သူေတြ အမ်ားႀကီးပါပဲ။ အခု ကြၽန္မ ကို နားေထာင္ေနၾကတဲ့ လူတိုင္း ကြၽန္မတို႔ တိုင္းျပည္ကို ေက်းဇူးျပဳ ကူညီၾကပါ။ ကြၽန္မတို႔ အရာရာ လိုေနပါတယ္။ ေသနတ္ေတြ၊ အစားအစာေတြ၊ အရာရာ လိုပါတယ္။ ဒါ တကယ့္ စစ္ပြဲပါ။ ကေန႔ ပူတင္ က ကြၽန္မတို႔ အမိေျမ ကို လာနင္းၿပီ။ မနက္ဖန္ ဥေရာပ က ဘယ္တိုင္းျပည္ကိုမဆို သူတိုက္ႏိုင္တယ္။”

ယူကရိန္းမွာ လာေရာက္ ပညာသင္ေနၾကတဲ့ ႏိုင္ငံျခား ေက်ာင္းသားေတြလည္း စစ္ေျပး ဒုကၡသည္ေတြထဲမွာ ပါဝင္ၾကပါတယ္။ အိႏၵိယ ေက်ာင္းသား တစ္ေယာက္ က ခုလို ေျပာပါတယ္။

“ေဆးတကၠသိုလ္မွာ ကြၽန္ေတာ္ တက္ေနတာပါ။ ၿပီးခဲ့တဲ့ ေလး ငါးရက္ မွာ အေျခအေန က တစ္ေန႔ထက္တစ္ေန႔ ပိုဆိုးလာပါတယ္။ တဒိန္းဒိန္း ပစ္ေနတာကိုး။ တခ်ိဳ႕ ဒုံးက်ည္ေတြ က ကြၽန္ေတာ္တို႔ ေရွ႕နားက်လာတာဗ်။ ခု အဲဒီမွာ ျပႆနာ က အႀကီးႀကီး”

သူတို႔ ျဖတ္သန္းခဲ့ၾကရတာ ကို သူ႔ အေဖာ္ က ခုလို ဆက္ေျပာပါတယ္။

“ၿပီးခဲ့တဲ့ သုံးရက္လုံးလုံး ခိုလႈံရာ စခန္းေတြ မွာ ကြၽန္မတို႔ ေနခဲ့ၾကရတယ္။ ကြၽန္မတို႔ အေဆာက္အဦးရဲ႕ ေက်ာဘက္မွာ ဗုံးကြဲတယ္။ ကြၽန္မတို႔ မေသဘူး။ ခု ကြၽန္မတို႔ သံ႐ုံး က ကြၽန္မတို႔ ကို ကယ္ထားတယ္။ ကြၽန္မတို႔ တိုင္းျပည္ ကို ျပန္သြားၾကရမွာပါ။ ေက်ာင္းသားေတြ အားလုံးအတြက္ ယူကရိန္း မွာ အရာရာ ပိုေကာင္းလာမယ္လို႔ ေမွ်ာ္လင့္ခ်င္ပါတယ္။ ကိဗ္ နဲ႔ Kharkiv မွာ ေသာင္တင္ေနတဲ့ အိႏၵိယ ေက်ာင္းသားေတြ အမ်ားႀကီး ရွိပါတယ္။”

႐ုရွား က က်ဴးေက်ာ္ တိုက္ခိုက္ၿပီး ငါးရက္ေျမာက္အဝင္ ေဖေဖာ္ဝါရီ လကုန္ရက္ အထိ ယူကရိန္း မွာ အရပ္သား အနည္းဆုံး ၁၀၂ ေယာက္ ေသဆုံးခဲ့ၿပီးပါၿပီ။ ၃၀၄ ေယာက္ ဒဏ္ရာရခဲ့ၾကပါတယ္။ အိႏၵိယ ႏိုင္ငံသား ၆၀၀၀ ယူကရိန္း မွာ ပိတ္မိေနတယ္လို႔ အိႏၵိယ အစိုးရ က ႐ိုက္တာ သတင္းဌာန ကို ေျပာပါတယ္။

ယူကရိန္း အစိုးရ စားရင္းအရ၊ အခု ပဋိပကၡအတိုင္မီ၊ ယူကရိန္း မွာ ႏိုင္ငံျခားသား ေက်ာင္းသား ၇၆၀၀၀ ရွိခဲ့ၿပီး၊ ေလးပုံတစ္ပုံ ဝန္းက်င္ က အိႏၵိယ ေက်ာင္းသားေတြပါ။

ဟန္ေဂရီ ႏိုင္ငံ ေရာက္ ယူကရိန္း ဒုကၡသည္ အမ်ိဳးသမီးတစ္ဦးကလည္း စစ္ နဲ႔ ၿငိမ္းခ်မ္းေရး ျပႆနာအေပၚ ခုလို ေျပာပါတယ္။

“ဥေရာပ က အကူအညီ ကို ကြၽန္မတို႔ ေစာင့္ေနပါတယ္။ ႐ုရွား နဲ႔ ႐ုရွား ၾကမ္းရမ္းသူေတြ ကို ကြၽန္မတို႔ ေၾကာက္ပါတယ္။ ဒါ ျဖစ္ႏိုင္တယ္လို႔ ကြၽန္မတို႔ မသိခဲ့ၾကဘူး။ ကံအေၾကာင္းမလွစြာပဲ ခု ျဖစ္ေနတယ္။ ခု ကြၽန္မတို႔ တိုင္းျပည္ က စိတ္မခ်ရေတာ့ဘူး ဆိုတာ ကြၽန္မ သိတယ္။ ဘယ္ေတာ့ ၿပီးဆုံးမလဲ ဆိုတာကိုေတာ့ ကြၽန္မ မသိဘူး။ ကြၽန္မတို႔ က ယူကရိန္းေတြပါ။ စစ္ ကို အလိုမရွိပါဘူး။ တကမာၻလုံး၊ ဥေရာပ တတိုက္လုံး၊ အေမရိကန္ နဲ႔ တျခား တိုင္းျပည္ေတြလည္း စစ္ကို မလိုလားဘူး ဆိုတာ ကြၽန္မ ေသခ်ာပါတယ္။ အရာရာ အဆင္ေျပၿပီး၊ ကြၽန္မတို႔ ၿငိမ္းခ်မ္းစြာ ေနရမယ္လို႔ ကြၽန္မ ေမွ်ာ္လင့္ပါတယ္။”

႐ုရွား က က်ဴးေက်ာ္ တိုက္ခိုက္ကတည္းကဆိုရင္ လူေပါင္း ၆၅၀၀၀၀ ေက်ာ္ ဟာ ယူကရိန္း နဲ႔ နယ္စပ္ခ်င္း ဆက္ေနၾကတဲ့ ပိုလန္၊ ႐ိုေမးနီးယား၊ စလိုဗားကီးယား နဲ႔ ဟန္ေဂရီ ႏိုင္ငံေတြ ကို ထြက္ေျပးခဲ့ၾကရတယ္လို႔ ဥေရာပ ေကာ္မရွင္ က ဗုဒၶဟူးေန႔ က ေျပာပါတယ္။

ယူကရိန္း ၿမိဳ႕ေတာ္ ကိဗ္ ကေန မိုင္ေပါင္း ၈၀၀၀ ေလာက္ ေဝးကြာတဲ့ ေတာင္အေမရိကတိုက္၊ အာဂ်င္တီးနား ႏိုင္ငံ ရဲ႕ လႊတ္ေတာ္မွာေတာ့ ႐ုရွား ရဲ႕ က်ဴးေက်ာ္စစ္ေဘး နဲ႔ ကိုဗစ္ ကပ္ေဘး မွာ ေသဆုံးသြားၾကသူေတြအတြက္ ဝမ္းနည္းေၾကကြဲျခင္း အျဖစ္ ၿငိမ္သက္စြာ အထိမ္းအမွတ္ျပဳခဲ့ၾကပါတယ္။ အာဂ်င္တီးနား သမၼတ Alberto Fernandez က ခုလို အထိမ္းအမွတ္ ျပဳဖို႔ လႊတ္ေတာ္ ကို ေတာင္းဆိုခဲ့တာပါ။

“ယူကရိန္း ကို ႐ုရွား က က်ဴးေက်ာ္ဝင္ေရာက္လိုက္တဲ့အတြက္ ကမာၻ႔ ၿငိမ္းခ်မ္းေရး က ေျပာင္းလဲသြားခဲ့ပါၿပီ။ စစ္တေစၦႀကီး ထလာတဲ့အတိုင္း ဥေရာပ က လႈပ္ရွားၾကရၿပီ။ စစ္ပြဲ ရဲ႕ ၾကမ္းရမ္းမႈေတြေၾကာင့္ လူ႔အသက္ေတြ တခါထပ္ ဆုံးပါးၾကရျပန္ၿပီ။ အဲဒီ ဘဝေတြအတြက္၊ ကိုဗစ္ ေၾကာင့္ ဆုံးပါးသြားၾကသူေတြအတြက္ တစ္မိနစ္ ၿငိမ္သက္စြာ ဝမ္းနည္းျခင္း အထိမ္းအမွတ္ျပဳၾကဖို႔ ကြၽန္ေတာ္ ေမတၱာရပ္ခံပါတယ္။”

သမၼတ ဂ်ိဳးဘိုင္ဒင္ ေျပာခဲ့သလိုပါပဲ၊ ကမာၻႀကီး က ဒီမိုကေရစီ နဲ႔ ၿငိမ္းခ်မ္းေရး ဘက္ မွာ ရွိေနၾကပါတယ္။ ဒါေပမဲ့ အာဏာရွင္ေတြ သူတို႔ ရမ္းကားမႈေတြအတြက္ ေပးဆပ္ရေအာင္ လုပ္ၾကဖို႔ေတာ့ လိုပါလိမ့္မယ္။

.............................................................

တိုက္႐ိုက္ လင့္ခ္

ဒီမိုကရေစီ အလေးသာပေမဲ့ မငြိမ်းချမ်းနိုင်သေးတဲ့ ကမ္ဘာကြီး

{{Unicode}}
တကမ္ဘာလုံးက ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဘက်မှာ ရှိနေကြတယ်လို့ အ‌မေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က သူ့ ရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ ပြောပါတယ်။ ဥရောပမှာတော့ ရုရှား က ယူကရိန်း ကို ကျူးကျော်စစ် ဆင်နွှဲနေပြီး၊ ယူကရိန်း က ဒုက္ခသည် ၆ သိန်း ခွဲ ဟာ အိမ်နီးချင်း နိုင်ငံတွေ ကို ထွက်ပြေး ခိုလှုံနေကြရပါတယ်။ ကိဗ်မြို့ က မိုင် ၈၀၀၀ အကွာ အာဂျင်တီးနားမှာတော့ ရုရှား ကျူးကျော်စစ်ကြောင့် အသက်ဆုံးပါးသွားကြသူတွေအတွက် လွှတ်တော် မှာ တမိနစ် ဝမ်းနည်းကြေကွဲခြင်း ငြိမ်သက်စွာ အထိမ်းအမှတ်ပြုခဲ့ကြပါတယ်။ သူတို့လုပ်ရပ်တွေ အတွက် အာဏာရှင်တွေ မပေးဆပ်သရွေ့ ကမ္ဘာကြီး ငြိမ်းချမ်းပါ့မလား။ ယူကရိန်းဒုက္ခသည်တွေရဲ့ ဘဝကို ရိုက်တာ သတင်းဌာန ရဲ့ သတင်းပေးပို့ချက်တွေ နဲ့ ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

ရုရှား က ယူကရိန်း ကို ကျူးကျော် တိုက်ခိုက်နေချိန်၊ ကမ္ဘာတဝှမ်း ရွေးချယ်ထားတဲ့ဘက်က ဒီမိုကရေစီ နဲ့ ငြိမ်းချမ်း‌ရေး ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က သူ့ ရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ ခုလို ပြောသွားခဲ့ပါတယ်။

“ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်တွေကြား တိုက်ပွဲမှာ ဒီမိုကရေစီ က ခုအခါမှာ တက်နေပါတယ်။ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဘက်ကို ကမ္ဘာ က ရှင်းရှင်းလင်းလင်း ရွေးချယ်ထားတယ်။”

ဒါပေမဲ့ အဲဒီလို ရွေးချယ်ကြရာမှာ လွယ်လွယ်ကူကူတော့ မဟုတ်ကြပါဘူး။ သမ္မတ ဂျိုးဘိုင်ဒင်က ခုလိုဆက် ပြောပါတယ်။

“သမိုင်းတ‌လျှောက် ဟောဒီ သင်ခန်းစာ ကို ကျွန်တော်တို့ ရခဲ့ပါတယ်။ အာဏာရှင်တွေဟာ သူတို့ ရဲ့ ကြမ်းရမ်းတာတွေအတွက် မပေးဆပ်ရသေးတဲ့အခါ၊ ပရမ်းပတာတွေ ဖြစ်အောင် လုပ်ကြတာပေါ့။ ပရမ်းပတာ ဆက်ကြမ်းရမ်းကြတယ်။ အမေရိကန်နဲ့ ကမ္ဘာ ကို ခြိမ်းခြောက်မြဲ ခြိမ်းခြောက်ကြတယ်။ ကမ္ဘာကြီးက ပေးရတာတွေ ပိုကြီးမားလာနေတယ်။”

သမ္မတ ဂျိုးဘိုင်ဒင် ပြောသလိုပါပဲ၊ အာဏာရှင်တွေ ကြမ်းရမ်းလာတဲ့အခါ၊ လူတစ်ဦးချင်းတွေရဲ့ ဘဝတွေကလည်း ကသောင်းကနင်းတွေ ကြုံကြရပါတယ်။ ရုရှားက ယူကရိန်း ကို ကျူးကျော်စစ်ဆင်လာတဲ့အခါ ယူကရိန်း ပြည်သူတွေဟာ စစ်ဘေး ဒုက္ခသည်တွေအဖြစ် လုံခြုံရာ အိမ်နီးချင်းတိုင်းပြည်တွေ ကို ထွက်ပြေးကြရတာကလွဲပြီး ရွေးချယ်စရာ သိပ် မရှိလှတော့ပါဘူး။

အဲဒီလို အိမ်နီးချင်း တိုင်းပြည်ထဲ ဝင်ရောက်ခိုလှုံရဖို့ကို နာရီ ၆၀ အထိ စောင့်ခဲ့ကြရတာပါ။ ယူကရိန်းနယ်စပ် မှာ တန်းစီနေကြတဲ့ ဒုက္ခသည်တွေရဲ့ ကားတန်းကြီးက ပိုလန် နယ်စပ် မှာ ဆိုရင် ကီလိုမီတာ ၃၀ လောက်အထိ ရှည်ပါတယ်။ တချိန်တည်းမှာပဲ ကိဗ် မြို့ ကို တိုက်ဖို့ ပြင်နေတဲ့ ရုရှား စစ်ယာဉ်တန်းကြီး ကလည်း မိုင် ၄၀ အထိ ရှည်လျားပြန်ပါတယ်။

ထွက်ပြေးခဲ့ကြရသူတွေဟာ နယ်စပ်ကို ဖြတ်ပြီးပြန်တော့လည်း မီရာ ဘတ်စ်ကား ဒါမှမဟုတ် ရထားကို စောင့်ကြရ၊ အပြေးတက်ကြရတာပါ။ ဟန်ဂေရီ နိုင်ငံ ကို ရောက်လာတဲ့ ယူကရိန်း ဒုက္ခသည် တစ်ဦး က ခုလို ပြောပါတယ်။

“ကိဗ် နဲ့ Kharkiv က ခု အဆိုးဆုံး အခြေအနေပါ။ သေသွားတဲ့သူတွေ အများကြီးပါပဲ။ အခု ကျွန်မ ကို နားထောင်နေကြတဲ့ လူတိုင်း ကျွန်မတို့ တိုင်းပြည်ကို ကျေးဇူးပြု ကူညီကြပါ။ ကျွန်မတို့ အရာရာ လိုနေပါတယ်။ သေနတ်တွေ၊ အစားအစာတွေ၊ အရာရာ လိုပါတယ်။ ဒါ တကယ့် စစ်ပွဲပါ။ ကနေ့ ပူတင် က ကျွန်မတို့ အမိမြေ ကို လာနင်းပြီ။ မနက်ဖန် ဥရောပ က ဘယ်တိုင်းပြည်ကိုမဆို သူတိုက်နိုင်တယ်။”

ယူကရိန်းမှာ လာရောက် ပညာသင်နေကြတဲ့ နိုင်ငံခြား ကျောင်းသားတွေလည်း စစ်ပြေး ဒုက္ခသည်တွေထဲမှာ ပါဝင်ကြပါတယ်။ အိန္ဒိယ ကျောင်းသား တစ်ယောက် က ခုလို ပြောပါတယ်။

“ဆေးတက္ကသိုလ်မှာ ကျွန်တော် တက်နေတာပါ။ ပြီးခဲ့တဲ့ လေး ငါးရက် မှာ အခြေအနေ က တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာပါတယ်။ တဒိန်းဒိန်း ပစ်နေတာကိုး။ တချို့ ဒုံးကျည်တွေ က ကျွန်တော်တို့ ရှေ့နားကျလာတာဗျ။ ခု အဲဒီမှာ ပြဿနာ က အကြီးကြီး”

သူတို့ ဖြတ်သန်းခဲ့ကြရတာ ကို သူ့ အဖော် က ခုလို ဆက်ပြောပါတယ်။

“ပြီးခဲ့တဲ့ သုံးရက်လုံးလုံး ခိုလှုံရာ စခန်းတွေ မှာ ကျွန်မတို့ နေခဲ့ကြရတယ်။ ကျွန်မတို့ အဆောက်အဦးရဲ့ ကျောဘက်မှာ ဗုံးကွဲတယ်။ ကျွန်မတို့ မသေဘူး။ ခု ကျွန်မတို့ သံရုံး က ကျွန်မတို့ ကို ကယ်ထားတယ်။ ကျွန်မတို့ တိုင်းပြည် ကို ပြန်သွားကြရမှာပါ။ ကျောင်းသားတွေ အားလုံးအတွက် ယူကရိန်း မှာ အရာရာ ပိုကောင်းလာမယ်လို့ မျှော်လင့်ချင်ပါတယ်။ ကိဗ် နဲ့ Kharkiv မှာ သောင်တင်နေတဲ့ အိန္ဒိယ ကျောင်းသားတွေ အများကြီး ရှိပါတယ်။”

ရုရှား က ကျူးကျော် တိုက်ခိုက်ပြီး ငါးရက်မြောက်အဝင် ဖေဖော်ဝါရီ လကုန်ရက် အထိ ယူကရိန်း မှာ အရပ်သား အနည်းဆုံး ၁၀၂ ယောက် သေဆုံးခဲ့ပြီးပါပြီ။ ၃၀၄ ယောက် ဒဏ်ရာရခဲ့ကြပါတယ်။ အိန္ဒိယ နိုင်ငံသား ၆၀၀၀ ယူကရိန်း မှာ ပိတ်မိနေတယ်လို့ အိန္ဒိယ အစိုးရ က ရိုက်တာ သတင်းဌာန ကို ပြောပါတယ်။

ယူကရိန်း အစိုးရ စားရင်းအရ၊ အခု ပဋိပက္ခအတိုင်မီ၊ ယူကရိန်း မှာ နိုင်ငံခြားသား ကျောင်းသား ၇၆၀၀၀ ရှိခဲ့ပြီး၊ လေးပုံတစ်ပုံ ဝန်းကျင် က အိန္ဒိယ ကျောင်းသားတွေပါ။

ဟန်ဂေရီ နိုင်ငံ ရောက် ယူကရိန်း ဒုက္ခသည် အမျိုးသမီးတစ်ဦးကလည်း စစ် နဲ့ ငြိမ်းချမ်းရေး ပြဿနာအပေါ် ခုလို ပြောပါတယ်။

“ဥရောပ က အကူအညီ ကို ကျွန်မတို့ စောင့်နေပါတယ်။ ရုရှား နဲ့ ရုရှား ကြမ်းရမ်းသူတွေ ကို ကျွန်မတို့ ကြောက်ပါတယ်။ ဒါ ဖြစ်နိုင်တယ်လို့ ကျွန်မတို့ မသိခဲ့ကြဘူး။ ကံအကြောင်းမလှစွာပဲ ခု ဖြစ်နေတယ်။ ခု ကျွန်မတို့ တိုင်းပြည် က စိတ်မချရတော့ဘူး ဆိုတာ ကျွန်မ သိတယ်။ ဘယ်တော့ ပြီးဆုံးမလဲ ဆိုတာကိုတော့ ကျွန်မ မသိဘူး။ ကျွန်မတို့ က ယူကရိန်းတွေပါ။ စစ် ကို အလိုမရှိပါဘူး။ တကမ္ဘာလုံး၊ ဥရောပ တတိုက်လုံး၊ အမေရိကန် နဲ့ တခြား တိုင်းပြည်တွေလည်း စစ်ကို မလိုလားဘူး ဆိုတာ ကျွန်မ သေချာပါတယ်။ အရာရာ အဆင်ပြေပြီး၊ ကျွန်မတို့ ငြိမ်းချမ်းစွာ နေရမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။”

ရုရှား က ကျူးကျော် တိုက်ခိုက်ကတည်းကဆိုရင် လူပေါင်း ၆၅၀၀၀၀ ကျော် ဟာ ယူကရိန်း နဲ့ နယ်စပ်ချင်း ဆက်နေကြတဲ့ ပိုလန်၊ ရိုမေးနီးယား၊ စလိုဗားကီးယား နဲ့ ဟန်ဂေရီ နိုင်ငံတွေ ကို ထွက်ပြေးခဲ့ကြရတယ်လို့ ဥရောပ ကော်မရှင် က ဗုဒ္ဓဟူးနေ့ က ပြောပါတယ်။

ယူကရိန်း မြို့တော် ကိဗ် ကနေ မိုင်ပေါင်း ၈၀၀၀ လောက် ဝေးကွာတဲ့ တောင်အမေရိကတိုက်၊ အာဂျင်တီးနား နိုင်ငံ ရဲ့ လွှတ်တော်မှာတော့ ရုရှား ရဲ့ ကျူးကျော်စစ်ဘေး နဲ့ ကိုဗစ် ကပ်ဘေး မှာ သေဆုံးသွားကြသူတွေအတွက် ဝမ်းနည်းကြေကွဲခြင်း အဖြစ် ငြိမ်သက်စွာ အထိမ်းအမှတ်ပြုခဲ့ကြပါတယ်။ အာဂျင်တီးနား သမ္မတ Alberto Fernandez က ခုလို အထိမ်းအမှတ် ပြုဖို့ လွှတ်တော် ကို တောင်းဆိုခဲ့တာပါ။

“ယူကရိန်း ကို ရုရှား က ကျူးကျော်ဝင်ရောက်လိုက်တဲ့အတွက် ကမ္ဘာ့ ငြိမ်းချမ်းရေး က ပြောင်းလဲသွားခဲ့ပါပြီ။ စစ်တစ္ဆေကြီး ထလာတဲ့အတိုင်း ဥရောပ က လှုပ်ရှားကြရပြီ။ စစ်ပွဲ ရဲ့ ကြမ်းရမ်းမှုတွေကြောင့် လူ့အသက်တွေ တခါထပ် ဆုံးပါးကြရပြန်ပြီ။ အဲဒီ ဘဝတွေအတွက်၊ ကိုဗစ် ကြောင့် ဆုံးပါးသွားကြသူတွေအတွက် တစ်မိနစ် ငြိမ်သက်စွာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုကြဖို့ ကျွန်တော် မေတ္တာရပ်ခံပါတယ်။”

သမ္မတ ဂျိုးဘိုင်ဒင် ပြောခဲ့သလိုပါပဲ၊ ကမ္ဘာကြီး က ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေး ဘက် မှာ ရှိနေကြပါတယ်။ ဒါပေမဲ့ အာဏာရှင်တွေ သူတို့ ရမ်းကားမှုတွေအတွက် ပေးဆပ်ရအောင် လုပ်ကြဖို့တော့ လိုပါလိမ့်မယ်။

XS
SM
MD
LG