သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ႏိုင္ငံေတာ္ အေျချပမိန္႔ခြန္း သမၼတ Biden ဘာေတြေျပာမလဲ


State of the Union Speech

မတ္လ ၁ ရက္ေန႔ အဂၤါေန႔ ည ၉ နာရီမွာ သမတ ဂ်ိဳးဘုိင္ဒင္ဟာ ပထမဆုံး အႀကိမ္အျဖစ္ ႏိုင္ငံေတာ္ အေျချပမိန့္ခြန္း State of Union ကုိေျပာဖုိ႔ရွိပါတယ္ ။ ဒီအေျခအေနေတြနဲ႔ ပတ္သက္ၿပီး ေလ့လာထားတဲ႔ ကုိေဇာ္မုိးေက်ာ္ ကုိ ေမးၾကည့္ပါမယ္။

ႏိုင္ငံေတာ္ အေျချပမိန္႔ခြန္း သမၼတ Biden ဘာေတြေျပာမလဲ

{{Zawgyi/Unicode}}

မအင္ၾကင္း ။ ။ မတ္လ ၁ ရက္ေန႔ အဂၤါေန႔ ည ၉ နာရီမွာ သမတ ဂ်ိဳးဘုိင္ဒင္ဟာ ပထမဆုံး အႀကိမ္အျဖစ္ တုိင္းျပည္အေျချပမိန့္ခြန္း State of Union ကုိေျပာဖုိ႔ရွိပါတယ္။

သမတအခုလုိ တုိင္းျပည္အေျချပမိန့္ခြန္းေျပာမယ့္အခ်ိန္ဟာ အထူးသျဖင့္ေတာ့ ကုိဗစ္ကပ္ေရာဂါနဲ႔ ရုရွားယူကရိန္းစစ္ပဲြေတြေၾကာင့္ ကမၻာႀကီးမွာေရာ၊ အေမရိကန္မွာပါ အၾကပ္အတည္းေတြ စိန္ေခၚမွုေတြနဲ႔ ရင္ဆုိင္ေနရခ်ိန္ျဖစ္ပါတယ္။

သမတ ဘုိင္ဒင္ေျပာမယ့္ မိန့္ခြန္းကို ႀကိဳတင္အသိေပးတာမ်ိဳးမရွိပါဘူး။ ဒါေပမယ့္ သတင္းဌာနေတြ၊ ေလ့လာသူေတြနဲ႔ အိမ္ျဖဴေတာ္ေျပာခြင့္ရသူေတြက သမတ ဘုိင္ဒင္ ဘာေတြေျပာမယ္၊ ေျပာနုိင္တယ္ဆုိတာခန္႔မွန္းေျပာဆုိတာေတြရွိပါတယ္။ ဒီအေျခအေနေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေလ့လာထားတဲ႔ ကုိေဇာ္မုိးေက်ာ္ ကုိေမးၾကည့္ ပါမယ္။

ကိုေဇာ္မိုးေက်ာ္ ။ ။ သမတဘုိင္ဒင္အဓိက ေျပာဆုိမယ့္အေၾကာင္းအရာေတြထဲမွာမပါမျဖစ္ ပါႏုိင္တဲ့အေၾကာင္းအရာေတြကေတာ့

၁။ ရုရွားယူကရိန္းအေရးကိစၥ၊

၂။ ကုိဗစ္ကပ္ေရာဂါတုန့္ျပန္ေဆာင္ရြက္မႈအေျခအေန၊

၃။ အေမရိကန္မွာႏွစ္ေပါင္း ၄ဝ အတြင္းအျမင့္ဆုံးျမင့္တက္ေနတဲ့ေငြေၾကးေဖါင္းပြမႈနဲ႔ ကုန္ေစ်းႏွုန္းႀကီးျမင့္မႈ၊

၄။ သမတ ဘုိင္ဒင္ရဲ့ အေမရိကန္မွ ာအေျခခံအေဆာက္အဦး infrastructure ေတြျပင္ဆင္ မြန္းမံဖုိ႔ ဥေပဒျပဳေရးစတာေတြကေတာ့ အဓိကမပါအျဖစ္ပါဝင္မယ္လုိ႔ ခန္႔မွန္းရပါတယ္။

ၿပီးခဲ့တဲ့ရက္က သမတအိမ္ျဖဴေတာ္ေျပာခြင့္ရ အမ်ိဳးသမီး Jen Psaki ကေတာ့ သမတ ေျပာမယ့္ မိန့္ခြန္းထဲမွာ ခေလးသူငယ္ေစာင့္ေရွာက္ေရး၊ သက္ႀကီးရြယ္အုိ ေစာင့္ေရွာက္ေရး၊ လူနာေတြအတြက္ ေဆးဝါးကုန္က်စားရိတ္ေတြကုိ အဖုိးႏွုန္းသက္သာစြာ အသုံးျပဳႏုိင္ေရး စတဲ့ကိစၥရပ္ေတြပါပါဝင္တဲ့ စီမံကိန္းကုိ လႊတ္ေတာ္ကေန အတည္ျပဳ႕ႏုိင္ေရး ေဆာင္ရြက္ဖုိ႔ ကိစၥေတြပါဝင္မွာျဖစ္သလုိ။ သမတ အေနနဲ့ ရုရွားယူကရိန္းစစ္ပဲြ အေရးမွာ အေနာက္တုိင္း ႏုိင္ငံေတြကုိ ဦးေဆာင္စည္းရုံးၿပီးေတာ့ အေမရိကန္ဘယ္လုိ ပါဝင္ေဆာင္ရြက္လ်က္ရွိတယ္ဆုိတာေတြကုိ သူရွင္းျပမွာျဖစ္တယ္လုိ႔ အိမ္ျဖဴေတာ္ေျပာ ခြင့္ရပုဂၢိဳလ္ Jen Psaki ကေတာ့ေျပာထားပါတယ္။

မအင္ၾကင္း ။ ။ သမၼတအေနနဲ႔ အေျချပမိန့္ခြန္းေျပာတဲ့အထဲမွာ သူနဲ႔သူအစုိးရရဲ့ စြမ္းေဆာင္ႏုိင္မွုေတြနဲ႔ ပတ္သက္လုိ႔ ဘာေတြကုိေျပာမယ္လုိ႔ယူဆပါလဲ။

ကိုေဇာ္မိုးေက်ာ္ ။ ။ သမတအေနနဲ႔ ကေတာ့ သူ့ရဲ့ပထမသက္တမ္းအတြင္း ၾကိဳးပမ္းေဆာင္ရြက္မႈေတြနဲ႔ တုိးတက္မႈေတြကုိ အဓိကထားေျပာၾကားႏုိင္ပါတယ္။ အဲဒီအထဲမွာကုိဗစ္ ၁၉ တုံျပန္ ေဆာင္ရြက္မႈေတြအေၾကာင္း၊ ကာကြယ္ေဆးေတြထုိးႏွံၿပီးစီးမႈ၊ ကမၻာကုိဗစ္ကာကြယ္ေဆး လွ်ဴဒန္းမႈနဲ႔ အေမရိကန္မွာ ကုိဗစ္ ကူးဆက္မႈက်ဆင္းလာမႈ စတာေတြပါႏုိင္သလုိ၊ အလုပ္အကုိင္ျပန္လည္ရရွိလာေရးနဲ႔ ကပ္ေဘးေၾကာင့္ထိခုိက္ေနတဲ့ စီးပြားျပန္လည္ ရုန္းထလာႏုိင္ေအာင္ေဆာင္ရြြက္မႈနဲ႔ တုိင္းျပည္ရဲ့ GDP အေျခအေနခုိင္မာ အားေကာင္းမႈ စတာေတြကုိေျပာၾကားႏုိင္ပါတယ္။

ဒါ့အျပင္ ပထမဆုံးလူမဲအမ်ိဳးသမီးတဦးျဖစ္တဲ့ Ketanji B Jackson ကုိတရားသူႀကီးခ်ဳပ္ အမည္စာရင္းတင္သြင္းတဲ့ကိစၥကုိ မျဖစ္မေနထည့္သြင္းေျပာဆုိလိမ့္မယ္လုိ႔လည္းခန္႔မွန္းထားၾကပါတယ္။

မအင္ၾကင္း ။ ။ အဓိကရင္ဆုိင္ေနရတဲ့အခက္အခဲေတြနဲ့ပတ္သက္လုိ့ေရာ ဘယ္လုိထည့္သြင္းေျပာၾကားမယ္လုိ့ သုံးသပ္ထားေတြရွိပါသလဲ။

အကဲခတ္ေတြရဲ့သုံးခ်က္ေတြအရ သမၼတ မျဖစ္မေနေျပာမယ့္အထဲမွာ ၇ ရာခိုင္ႏွုန္းေက်ာ္ရွိေနတဲ့ ေငြေၾကးေဖါင္းပြမွုနဲ့ ေလာင္စာဆီအပါအ၀င္ ကုန္ေစ်းႏွုန္းႀကီးျမင့္ ေနမွုေတြကုိ ဘယ္လုိ က်ဆင္းေအာင္လုပ္မယ္ဆုိတာေတြကုိ မျဖစ္မေနေျပာရမယ့္ အခ်က္ျဖစ္တယ္လုိ့သုံးသပ္ထားပါတယ္။ ဒါ့အျပင္ ဒီမုိကေရစီ ေနာက္ျပန္ေရွာက်တဲ့ ျပႆနာနဲ့ ပါတီႏွစ္ခုအၾကား ႏုိင္ငံေရးအရကဲြျပားမွု ျပင္းထန္္တဲ့ကိစၥေတြကုိလည္း ေျပာဆုိႏုိင္တယ္လုိ့ အခ်ိဳ့အကဲခတ္ေတြကေျပာဆုိၾကပါတယ္။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ကမၻာ့ကုန္စည္စီးဆင္းမွုေတြေႏွးေကြးျပတ္ေတာက္တာအျပင္ ကမၻာ့စီးပြားေရးက်ဆင္းမွုေတြျဖစ္ေနခ်ိန္မွာ ရုရွားယူကရိန္းစစ္ပဲြေၾကာင့္ ေနာက္ထပ္ ရင္းႏွီးျမွုပ္ႏွံမွုအစုရွယ္ယာေစ်းကြက္ေတြ က်ဆင္းသလုိ ေငြေၾကးေဖါင္းပြမွုေတြ ထပ္မံႀကံဳေတြ႔ေနရတဲ့အခ်ိန္ျဖစ္ေနပါတယ္။

မအင္ၾကင္း ။ ။ ေနာက္တခုကေပါ့ေလ။ သမၼတ ဘုိင္ဒင္အေပၚမွာ လူေတြရဲ့ ေထာက္ခံမႈ ယုံၾကည္မႈေတြလည္း က်ဆင္းလာေနတယ္လုိ႔ သတင္းေတြမွာေဖၚျပ ေနတာေတြေတြ့ေနရပါတယ္။ အဲဒီအေျခအေနေတြကေရာ

ကိုေဇာ္မိုးေက်ာ္ ။ ။ ဒီလုိအၾကပ္အတည္းေတြေၾကာင့္သမတ ဘုိင္ဒင္အေပၚမွာ ယုံၾကည္မႈေတြ က်ဆင္းတာေတြလည္းႀကဳံေနရပါတယ္။ ပ်မ္းမွ်အားျဖင့္ သမတဘုိင္ဒင္အေပၚမွာ သမၼတအျဖစ္ ဦးေဆာင္ႏုိင္တယ္လုိ႔ ယုံၾကည္သူဟာ ၄ဝ ရာႏွုန္းေလာက္ဘဲရွိပါတယ္။

ဒါေပမယ့္လည္း ABC သတင္းဌာနရဲ့ စစ္တမ္းအရ ၅၄ ရာခိုင္ႏႈန္းသာ လူေတြက သူရဲ့သမၼတသက္တမ္းအတြင္း အေျခအေနေတြပုိဆုိးလာတယ္လုိ႔ယူဆၿပီး၊ ၁၇ ရာခိုင္ႏႈန္း ကဘဲေကာင္းမြန္တုိး တက္လာတယ္လုိ႔ ယူဆတယ္လုိ႔ ေဖၚျပထားပါတယ္။ NPR သတင္းဌာနရဲ့စစ္တမ္းမွာေတာ့ တုိင္းျပည္လူဦးေရ ထက္ဝက္ေက်ာ္ေလာက္က သမတ ဘုိင္ဒင္ရဲ့ ပထမႏွစ္သက္တမ္းဟာ မေအာင္ျမင္ဘဲ က်ဆုံးတယ္လုိ ႔ျမင္ၾကတယ္လုိ႔ေဖၚျပထားပါတယ္။

မအင္ၾကင္း ။ ။ ကုိဗစ္ကပ္ေရာဂါနဲ႔ ရုရွားယူကရိန္း ပဋိပကၡေတြေၾကာင့္ အၾကပ္းအတည္းေတြျမင့္တက္လာေနခ်ိန္မွာ သမတ ဂ်ိဳးဘုိင္းဒင္အေနနဲ႔ ဘယ္လုိ့ေျဖရွင္းေဆာင္ရြက္ခဲ့တယ္။ ဘယ္လုိ ဆက္လက္ေဆာင္ရြက္မယ္ဆုိတဲ့ တုိင္းျပည္ကုိတင္ျပတဲ့ အေျချပမိန့္ခြန္းကုိေတာ့ အဂၤါေန႔ည ၉ နာရီ၊ ျမန္မာစံေတာ္ခ်ိန္ ဗုဒၶဟူးေန႔မနက္ ၈ နာရခဲြမွာ အျပည့္အစုံ ကုိနားဆင္ၾကရမွာျဖစ္ပါတယ္။

#JoeBiden #USA #JenPsaki #ABC #NPR #StateofUnion #Infrastructure #KetanjiBJackson#Ukraine #Russia #Inflation#VOABurmese

.....................................................

တိုက္႐ိုက္ လင့္ခ္

နိုင်ငံတော် အခြေပြမိန့်ခွန်း သမ္မတ Biden ဘာတွေပြောမလဲ

{{Zawgyi/Unicode}}

မအင်ကြင်း ။ ။ မတ်လ ၁ ရက်နေ့ အင်္ဂါနေ့ ည ၉ နာရီမှာ သမတ ဂျိုးဘိုင်ဒင်ဟာ ပထမဆုံး အကြိမ်အဖြစ် တိုင်းပြည်အခြေပြမိန့်ခွန်း State of Union ကိုပြောဖို့ရှိပါတယ်။

သမတအခုလို တိုင်းပြည်အခြေပြမိန့်ခွန်းပြောမယ့်အချိန်ဟာ အထူးသဖြင့်တော့ ကိုဗစ်ကပ်ရောဂါနဲ့ ရုရှားယူကရိန်းစစ်ပွဲတွေကြောင့် ကမ္ဘာကြီးမှာရော၊ အမေရိကန်မှာပါ အကြပ်အတည်းတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။

သမတ ဘိုင်ဒင်ပြောမယ့် မိန့်ခွန်းကို ကြိုတင်အသိပေးတာမျိုးမရှိပါဘူး။ ဒါပေမယ့် သတင်းဌာနတွေ၊ လေ့လာသူတွေနဲ့ အိမ်ဖြူတော်ပြောခွင့်ရသူတွေက သမတ ဘိုင်ဒင် ဘာတွေပြောမယ်၊ ပြောနိုင်တယ်ဆိုတာခန့်မှန်းပြောဆိုတာတွေရှိပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ လေ့လာထားတဲ့ ကိုဇော်မိုးကျော် ကိုမေးကြည့် ပါမယ်။

ကိုဇော်မိုးကျော် ။ ။ သမတဘိုင်ဒင်အဓိက ပြောဆိုမယ့်အကြောင်းအရာတွေထဲမှာမပါမဖြစ် ပါနိုင်တဲ့အကြောင်းအရာတွေကတော့

၁။ ရုရှားယူကရိန်းအရေးကိစ္စ၊

၂။ ကိုဗစ်ကပ်ရောဂါတုန့်ပြန်ဆောင်ရွက်မှုအခြေအနေ၊

၃။ အမေရိကန်မှာနှစ်ပေါင်း ၄ဝ အတွင်းအမြင့်ဆုံးမြင့်တက်နေတဲ့ငွေကြေးဖေါင်းပွမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု၊

၄။ သမတ ဘိုင်ဒင်ရဲ့ အမေရိကန်မှ ာအခြေခံအဆောက်အဦး infrastructure တွေပြင်ဆင် မွန်းမံဖို့ ဥပေဒပြုရေးစတာတွေကတော့ အဓိကမပါအဖြစ်ပါဝင်မယ်လို့ ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့ရက်က သမတအိမ်ဖြူတော်ပြောခွင့်ရ အမျိုးသမီး Jen Psaki ကတော့ သမတ ပြောမယ့် မိန့်ခွန်းထဲမှာ ခလေးသူငယ်စောင့်ရှောက်ရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ လူနာတွေအတွက် ဆေးဝါးကုန်ကျစားရိတ်တွေကို အဖိုးနှုန်းသက်သာစွာ အသုံးပြုနိုင်ရေး စတဲ့ကိစ္စရပ်တွေပါပါဝင်တဲ့ စီမံကိန်းကို လွှတ်တော်ကနေ အတည်ပြု့နိုင်ရေး ဆောင်ရွက်ဖို့ ကိစ္စတွေပါဝင်မှာဖြစ်သလို။ သမတ အနေနဲ့ ရုရှားယူကရိန်းစစ်ပွဲ အရေးမှာ အနောက်တိုင်း နိုင်ငံတွေကို ဦးဆောင်စည်းရုံးပြီးတော့ အမေရိကန်ဘယ်လို ပါဝင်ဆောင်ရွက်လျက်ရှိတယ်ဆိုတာတွေကို သူရှင်းပြမှာဖြစ်တယ်လို့ အိမ်ဖြူတော်ပြော ခွင့်ရပုဂ္ဂိုလ် Jen Psaki ကတော့ပြောထားပါတယ်။

မအင်ကြင်း ။ ။ သမ္မတအနေနဲ့ အခြေပြမိန့်ခွန်းပြောတဲ့အထဲမှာ သူနဲ့သူအစိုးရရဲ့ စွမ်းဆောင်နိုင်မှုတွေနဲ့ ပတ်သက်လို့ ဘာတွေကိုပြောမယ်လို့ယူဆပါလဲ။

ကိုဇော်မိုးကျော် ။ ။ သမတအနေနဲ့ ကတော့ သူ့ရဲ့ပထမသက်တမ်းအတွင်း ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ တိုးတက်မှုတွေကို အဓိကထားပြောကြားနိုင်ပါတယ်။ အဲဒီအထဲမှာကိုဗစ် ၁၉ တုံပြန် ဆောင်ရွက်မှုတွေအကြောင်း၊ ကာကွယ်ဆေးတွေထိုးနှံပြီးစီးမှု၊ ကမ္ဘာကိုဗစ်ကာကွယ်ဆေး လျှူဒန်းမှုနဲ့ အမေရိကန်မှာ ကိုဗစ် ကူးဆက်မှုကျဆင်းလာမှု စတာတွေပါနိုင်သလို၊ အလုပ်အကိုင်ပြန်လည်ရရှိလာရေးနဲ့ ကပ်ဘေးကြောင့်ထိခိုက်နေတဲ့ စီးပွားပြန်လည် ရုန်းထလာနိုင်အောင်ဆောင်ရွက်မှုနဲ့ တိုင်းပြည်ရဲ့ GDP အခြေအနေခိုင်မာ အားကောင်းမှု စတာတွေကိုပြောကြားနိုင်ပါတယ်။

ဒါ့အပြင် ပထမဆုံးလူမဲအမျိုးသမီးတဦးဖြစ်တဲ့ Ketanji B Jackson ကိုတရားသူကြီးချုပ် အမည်စာရင်းတင်သွင်းတဲ့ကိစ္စကို မဖြစ်မနေထည့်သွင်းပြောဆိုလိမ့်မယ်လို့လည်းခန့်မှန်းထားကြပါတယ်။

မအင်ကြင်း ။ ။ အဓိကရင်ဆိုင်နေရတဲ့အခက်အခဲတွေနဲ့ပတ်သက်လို့ရော ဘယ်လိုထည့်သွင်းပြောကြားမယ်လို့ သုံးသပ်ထားတွေရှိပါသလဲ။

အကဲခတ်တွေရဲ့သုံးချက်တွေအရ သမ္မတ မဖြစ်မနေပြောမယ့်အထဲမှာ ၇ ရာခိုင်နှုန်းကျော်ရှိနေတဲ့ ငွေကြေးဖေါင်းပွမှုနဲ့ လောင်စာဆီအပါအဝင် ကုန်ဈေးနှုန်းကြီးမြင့် နေမှုတွေကို ဘယ်လို ကျဆင်းအောင်လုပ်မယ်ဆိုတာတွေကို မဖြစ်မနေပြောရမယ့် အချက်ဖြစ်တယ်လို့သုံးသပ်ထားပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ နောက်ပြန်ရှောကျတဲ့ ပြဿနာနဲ့ ပါတီနှစ်ခုအကြား နိုင်ငံရေးအရကွဲပြားမှု ပြင်းထန်တဲ့ကိစ္စတွေကိုလည်း ပြောဆိုနိုင်တယ်လို့ အချို့အကဲခတ်တွေကပြောဆိုကြပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာ့ကုန်စည်စီးဆင်းမှုတွေနှေးကွေးပြတ်တောက်တာအပြင် ကမ္ဘာ့စီးပွားရေးကျဆင်းမှုတွေဖြစ်နေချိန်မှာ ရုရှားယူကရိန်းစစ်ပွဲကြောင့် နောက်ထပ် ရင်းနှီးမြှုပ်နှံမှုအစုရှယ်ယာဈေးကွက်တွေ ကျဆင်းသလို ငွေကြေးဖေါင်းပွမှုတွေ ထပ်မံကြုံတွေ့နေရတဲ့အချိန်ဖြစ်နေပါတယ်။

မအင်ကြင်း ။ ။ နောက်တခုကပေါ့လေ။ သမ္မတ ဘိုင်ဒင်အပေါ်မှာ လူတွေရဲ့ ထောက်ခံမှု ယုံကြည်မှုတွေလည်း ကျဆင်းလာနေတယ်လို့ သတင်းတွေမှာဖေါ်ပြ နေတာတွေတွေ့နေရပါတယ်။ အဲဒီအခြေအနေတွေကရော

ကိုဇော်မိုးကျော် ။ ။ ဒီလိုအကြပ်အတည်းတွေကြောင့်သမတ ဘိုင်ဒင်အပေါ်မှာ ယုံကြည်မှုတွေ ကျဆင်းတာတွေလည်းကြုံနေရပါတယ်။ ပျမ်းမျှအားဖြင့် သမတဘိုင်ဒင်အပေါ်မှာ သမ္မတအဖြစ် ဦးဆောင်နိုင်တယ်လို့ ယုံကြည်သူဟာ ၄ဝ ရာနှုန်းလောက်ဘဲရှိပါတယ်။

ဒါပေမယ့်လည်း ABC သတင်းဌာနရဲ့ စစ်တမ်းအရ ၅၄ ရာခိုင်နှုန်းသာ လူတွေက သူရဲ့သမ္မတသက်တမ်းအတွင်း အခြေအနေတွေပိုဆိုးလာတယ်လို့ယူဆပြီး၊ ၁၇ ရာခိုင်နှုန်း ကဘဲကောင်းမွန်တိုး တက်လာတယ်လို့ ယူဆတယ်လို့ ဖေါ်ပြထားပါတယ်။ NPR သတင်းဌာနရဲ့စစ်တမ်းမှာတော့ တိုင်းပြည်လူဦးရေ ထက်ဝက်ကျော်လောက်က သမတ ဘိုင်ဒင်ရဲ့ ပထမနှစ်သက်တမ်းဟာ မအောင်မြင်ဘဲ ကျဆုံးတယ်လို့မြင်ကြတယ်လို့ဖေါ်ပြထားပါတယ်။

မအင်ကြင်း ။ ။ ကိုဗစ်ကပ်ရောဂါနဲ့ ရုရှားယူကရိန်း ပဋိပက္ခတွေကြောင့် အကြပ်းအတည်းတွေမြင့်တက်လာနေချိန်မှာ သမတ ဂျိုးဘိုင်းဒင်အနေနဲ့ ဘယ်လို့ဖြေရှင်းဆောင်ရွက်ခဲ့တယ်။ ဘယ်လို ဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့ တိုင်းပြည်ကိုတင်ပြတဲ့ အခြေပြမိန့်ခွန်းကိုတော့ အင်္ဂါနေ့ည ၉ နာရီ၊ မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့မနက် ၈ နာရခွဲမှာ အပြည့်အစုံ ကိုနားဆင်ကြရမှာဖြစ်ပါတယ်။

XS
SM
MD
LG