သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအပေါ် အမေရိကန် အရေးယူဒဏ်ခတ် 


Biden
Biden

ယူကရိန်းအပေါ် ရုရှားက စစ်ရေးအရ ဖိအားပေးနေတာကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားကနေ သဘာဝဓာတ်ငွေ့ တင်ပို့မယ့် Nord Steam 2 ပိုက်လိုင်း စီမံကိန်း အပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန်သမ္မတ Joe Biden ကကြေညာလိုက်ပါတယ်။

ရုရှားဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအပေါ် အမေရိကန် အရေးယူဒဏ်ခတ်

{{Zawgyi/Unicode}}

ယူကရိန်းအပေါ် ရုရှားက စစ်ရေးအရ ဖိအားပေးနေတာကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားကနေ သဘာဝဓာတ်ငွေ့ တင်ပို့မယ့် Nord Steam 2 ပိုက်လိုင်း စီမံကိန်း အပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန်သမ္မတ Joe Biden ကကြေညာလိုက်ပါတယ်။

ပိုက်လိုင်းစီမံကိန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီနဲ့ အမှုဆောင်အရာရှိတွေအပေါ် အရေးယူဒဏ်ခတ်လိုက်ကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ သမ္မတက ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။ ပြီးစီးသွားပြီ ဖြစ်ပေမဲ့ လုပ်ငန်းတွေ မလည်ပတ်ရသေးတဲ့ ပိုက်လိုင်း စီမံကိန်းကို ရပ်ဆိုင်းဖို့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz က ကြေညာလိုက်ပြီး နောက်တရက်မှာပဲ အမေရိကန်ကလည်း ဒဏ်ခတ်မယ့်အကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကိုတော့ ဗုဒ္ဓဟူးနေ့မှာပဲ ယူကရိန်းအစိုးရက ကြိုဆိုလိုက်ပါတယ်။ ရုရှားနဲ့ တင်းမာမှုတွေ ကြီးထွားလာနေတာကြောင့် ယူကရိန်းက လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူကာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ ရုရှားနိုင်ငံဆိုင်ရာ ယူကရိန်း သံအမတ်ကြီးကိုလည်း ပြန်လည်ခေါ်ယူလိုက်ပါတယ်။

ယူကရိန်း အရှေ့ဖက်ခြမ်းက ခွဲထွက်ကြောင်း ကြေညာထားတဲ့ ဒေသ ၂ ခုကို ရုရှားသမ္မတက အသိအမှတ်ပြုလိုက်ပြီး၊ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ဆိုကာ ရုရှားတပ်တွေစေလွှတ်ခဲ့ပြီးနောက် အခြေအနေတွေပိုမိုတင်းမာလာခဲ့တာပါ။

ရုရှားရဲ့ လုပ်ရပ်အပေါ်တုန့်ပြန်တဲ့အနေနဲ့ ဗြိတိန်၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ဂျာမန၊ စတဲ့နိုင်ငံတွေ က အင်္ဂါနေ့မှာ ဒါဏ်ခတ်ပိတ်ဆို့မှုတွေ အသီးသီးချမှတ်ခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့မှာဘဲ သြစတြေးလျနိုင်ငံက ရုရှားလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကိုပစ်မှတ် ထားပြီးပိတ်ဆို့အရေးယူခဲ့သလို၊ ဂျပန်နိုင်ငံကလည်း ရုရှားတာဝန်ရှိသူတချို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်ပြီး၊ ဘဏ္ဍာရေးအရ ကန့်သတ်အရေးယူတဲ့ အစီအစဉ်တွေကိုလည်း ကြေညာလိုက်ပါတယ်။

..............................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}







XS
SM
MD
LG