သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းအေပၚ က်ဳးေက်ာ္မႈအတြက္ အေမရိကန္လႊတ္ေတာ္အမတ္ေတြ အျပင္းအထန္ေဝဖန္ 


USA-CONGRESS/(မွတ္တမ္းဓါတ္ပုံ)

ယူကရိန္းအေပၚ က်ဳးေက်ာ္မႈအတြက္ အေမရိကန္လႊတ္ေတာ္အမတ္ေတြ အျပင္းအထန္ေဝဖန္

{{Zawgyi/Unicode}}

ယူကရိန္းႏိုင္ငံအေရွ႕ပိုင္းက Donetsk နဲ႔ Luhansk ေဒသေတြကို က်ဳးေက်ာ္သိမ္းပိ္ုက္တဲ့ ႐ုရွားသမၼတ Vladimir Putin ရဲ႕ လုပ္ရပ္ဟာ ဒီမုိကေရစီကုိ တုိက္ခုိက္တဲ့ လုပ္ရပ္အျဖစ္ အေမရိကန္ထိပ္တန္းလႊတ္ ေတာ္အမတ္ေတြက ေျပာဆုိလုိက္ပါတယ္။

“ဒီေန႔ဒီအခ်ိန္၊ ဒီလုိေခတ္ႀကီးထဲမွာ တုိင္းျပည္တျပည္ကုိ ဖိႏွိပ္တဲ့အာဏာရွင္ ဝင္ေရာက္က်ဴးေက်ာ္တာကုိျမင္ရတာဟာ မယုံႏုိင္ေလာက္စရာပါဘဲ၊ ၂ဝ၁၆ ခုႏွစ္တုန္းက အေမရိကန္ဒီမုိကေရစီကုိ တုိက္ခုိက္ခဲ့တာလည္း ဒီအာဏာရွင္ပါဘဲ” လုိ႕ ရုရွားသမတ ပူတင္က၊ အေမရိကန္ေရြးေကာက္ပဲြကုိဝင္ေရာက္စြက္ဖက္ခဲ့တာကုိရည္ညြန္းၿပီ းဗုဒၶဟူးေန႔က သတင္းစာရွင္းလင္းပဲြမွာ လႊတ္ေတာ္ဥကၠဌ နန္စီပလုိစီ ကေျပာဆုိခဲ့တာပါ။

ဒီရက္သတၱအတြင္းျပလုပ္ခဲ့တဲ့ ျမဴနစ္လုံၿခဳံေရး အစည္းအေဝးတက္ေရာက္ၿပီး ျပန္လာၾကတဲ့ နန္စီပလုိစီနဲ့ ဒီမုိကရက္ထိပ္တန္းလႊတ္ေတာ္ အမတ္ေတြကေတာ့ သမတဘုိင္ဒင္ အေနနဲ့ ရုရွားကယူကရိန္းကုိ က်ဴးေက်ာ္မယ့္အေရးကုိဟန့္တားဖုိ့ ဥေရာပကမဟာမိတ္ ေတြနဲ့ညီညြတ္စြာလုပ္ေဆာင္ေနတဲ့အေပၚ ခ်ီးက်ဴးခဲ့ၾကပါတယ္။

ဒါေပမဲ့ ရီပတ္ဘလစ္ကန္ လႊတ္ေတာ္အမတ္တခ်ိဳ႕ကေတာ့ သမၼတ ဘုိင္ဒင္ လုပ္ေဆာင္မွုေတြဟာထိေရာက္မႈအားနည္းၿပီး၊ ေနာက္က်တယ္လုိ့ေဝဘန္တာေတြရွိပါတယ္။ ပိတ္ဆုိ့ဒါဏ္ခတ္မွုေတြဟာ သမတပူတင္ယူကရိန္းကုိက်ဴးေက်ာ္ၿပီးမွ လုပ္ရမွာ မဟုတ္ဘဲ၊ မက်ဴးေက်ာ္ ခင္လုပ္ရမွာျဖစ္ေၾကာင္းနဲ႕ ခ်မွတ္ခဲ့တဲစီးပြားေရးဒါဏ္ခတ္ ပိတ္ဆုိမႈေတြဟာ ဒီထက္ျပင္းထန္သင့္တယ္လုိ႕ အထက္လႊတ္ေတာ္ ေထာက္လွမ္းေရးေကာ္ မတီအဖဲြ႕ဝင္ ရစ္ပတ္ဘလစ္ကန္အမတ္ Ben Sasse ကလည္း မၾကာေသးခင္ကပဲ ေျပာဆုိခဲ့ပါတယ္။

.......................................................................

တိုက္႐ိုက္ လင့္ခ္

ယူကရိန်းအပေါ် ကျုးကျော်မှုအတွက် အမေရိကန်လွှတ်တော်အမတ်တွေ အပြင်းအထန်ဝေဖန်

{{Zawgyi/Unicode}}

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက Donetsk နဲ့ Luhansk ဒေသတွေကို ကျုးကျော်သိမ်းပိုက်တဲ့ ရုရှားသမ္မတ Vladimir Putin ရဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီကို တိုက်ခိုက်တဲ့ လုပ်ရပ်အဖြစ် အမေရိကန်ထိပ်တန်းလွှတ် တော်အမတ်တွေက ပြောဆိုလိုက်ပါတယ်။

“ဒီနေ့ဒီအချိန်၊ ဒီလိုခေတ်ကြီးထဲမှာ တိုင်းပြည်တပြည်ကို ဖိနှိပ်တဲ့အာဏာရှင် ဝင်ရောက်ကျူးကျော်တာကိုမြင်ရတာဟာ မယုံနိုင်လောက်စရာပါဘဲ၊ ၂ဝ၁၆ ခုနှစ်တုန်းက အမေရိကန်ဒီမိုကရေစီကို တိုက်ခိုက်ခဲ့တာလည်း ဒီအာဏာရှင်ပါဘဲ” လို့ ရုရှားသမတ ပူတင်က၊ အမေရိကန်ရွေးကောက်ပွဲကိုဝင်ရောက်စွက်ဖက်ခဲ့တာကိုရည်ညွန်းပြီ းဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲမှာ လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ကပြောဆိုခဲ့တာပါ။

ဒီရက်သတ္တအတွင်းပြလုပ်ခဲ့တဲ့ မြူနစ်လုံခြုံရေး အစည်းအဝေးတက်ရောက်ပြီး ပြန်လာကြတဲ့ နန်စီပလိုစီနဲ့ ဒီမိုကရက်ထိပ်တန်းလွှတ်တော် အမတ်တွေကတော့ သမတဘိုင်ဒင် အနေနဲ့ ရုရှားကယူကရိန်းကို ကျူးကျော်မယ့်အရေးကိုဟန့်တားဖို့ ဥရောပကမဟာမိတ် တွေနဲ့ညီညွတ်စွာလုပ်ဆောင်နေတဲ့အပေါ် ချီးကျူးခဲ့ကြပါတယ်။

ဒါပေမဲ့ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တချို့ကတော့ သမ္မတ ဘိုင်ဒင် လုပ်ဆောင်မှုတွေဟာထိရောက်မှုအားနည်းပြီး၊ နောက်ကျတယ်လို့ဝေဘန်တာတွေရှိပါတယ်။ ပိတ်ဆို့ဒါဏ်ခတ်မှုတွေဟာ သမတပူတင်ယူကရိန်းကိုကျူးကျော်ပြီးမှ လုပ်ရမှာ မဟုတ်ဘဲ၊ မကျူးကျော် ခင်လုပ်ရမှာဖြစ်ကြောင်းနဲ့ ချမှတ်ခဲ့တဲစီးပွားရေးဒါဏ်ခတ် ပိတ်ဆိုမှုတွေဟာ ဒီထက်ပြင်းထန်သင့်တယ်လို့ အထက်လွှတ်တော် ထောက်လှမ်းရေးကော် မတီအဖွဲ့ဝင် ရစ်ပတ်ဘလစ်ကန်အမတ် Ben Sasse ကလည်း မကြာသေးခင်ကပဲ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG