သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကန္လႊတ္ေတာ္ လက္ပိုက္ၾကည့္ေနမည္မဟုတ္ (ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရး ေကာ္မတီဥကၠ႒)


US Congress


ျမန္မာႏိုင္ငံမွာ စစ္ေခါင္းေဆာင္ေတြကို ပစ္မွတ္ထား အေရးယူၿပီး၊ ဒီမိုကေရစီေရး လႈပ္ရွားမႈကို အားေပးေထာက္ခံေၾကာင္း ျပသၾကဖို႔ အေမရိကန္ လႊတ္ေတာ္အမတ္ေတြ တိုက္တြန္းလိုက္ၾကပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြ ေပၚေပါက္ေနတဲ့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ အေရးယူ ေဆာင္ရြက္မယ့္ ဥပေဒၾကမ္းကို ကြန္ဂရက္ လႊတ္ေတာ္မွာ အတည္ျပဳၿပီး ဒီမိုကေရစီေရး အားေပးဖို႔လည္း တိုက္တြန္းခဲ့တာပါ။

“ျမန္မာျပည္သူေတြရဲ႕ ဆႏၵကို ေျပာင္ေျပာင္တင္းတင္း ပစ္ပယ္ခဲ့တဲ့ လူရမ္းကားစစ္တပ္ရဲ႕ ေဖေဖာ္ဝါရီလက လုပ္ရပ္ကို ကြန္ဂရက္ လႊတ္ေတာ္အေနနဲ႔ လက္ပိုက္ၾကည့္မေနႏိုင္ပါဘူး။” လို႔ အေမရိကန္ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးရာ ေကာ္မတီဥကၠ႒ ဒီမိုကရက္ကိုယ္စားလွယ္ Gregory Meeks က ျမန္မာႏိုင္ငံဆိုင္ရာ ဥပေဒမူၾကမ္းနဲ႔ ပတ္သက္ၿပီး ၾကာသပေတးေန႔က ေဆြးေႏြးရာမွာ ေျပာဆိုလိုက္တာပါ။

ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးရာ ေကာ္မတီမွာ တင္သြင္းထားတဲ့ “Burma Unified through Rigorous Military Accountability Act of 2021” လို႔ အမည္ေပးထားတဲ့ ၂၀၂၁ ခုႏွစ္ ဥပေဒၾကမ္းကို ပူးတဲြ အဆိုျပဳခဲ့တဲ့ ရီပတ္ဘလစ္ကန္ ကိုယ္စားလွယ္ Steve Chabot ကလည္း ျမန္မာ့အေရးအတြက္ အေရးႀကီးတဲ့ ေျခလွမ္းတရပ္အျဖစ္ တင္ျပခဲ့တာပါ။

ႏိုင္ငံျခားေရး ေကာ္မတီ၀င္ ဒီမိုကရက္ကိုယ္စားလွယ္ Kathy Manning ကေတာ့ အာဏာသိမ္းၿပီးေနာက္ ဖမ္းဆီးခံထားရတဲ့ အေမရိကန္သတင္းသမား Danny Fenster အပါအ၀င္ မတရား ဖမ္းဆီးထားသူေတြ လြတ္ေျမာက္ဖို႔ အပါအ၀င္ ဒီမိုကေရစီေရးအတြက္ ဥပေဒကို အတည္ျပဳႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဥပေဒၾကမ္းမွာေတာ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းတာကို ျပစ္တင္႐ႈတ္ခ်လိုက္ၿပီး၊ စစ္တပ္နဲ႔ စစ္ေကာင္စီ သာမက ပတ္သက္ဆက္ႏြယ္ေနတဲ့ လုပ္ငန္းေတြကိုပါ ပစ္မွတ္ထား အေရးယူဖို႔ ထည့္သြင္းထားပါတယ္။ စစ္အာဏာသိမ္းမႈနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအတြက္ တာ၀န္ရွိသူေတြကို ဒဏ္ခတ္အေရးယူဖို႔၊ ျမန္မာႏိုင္ငံက တင္ပို႔တဲ့ ေက်ာက္မ်က္ေတြ အေမရိကန္ကို တင္ပို႔ခြင့္ တားျမစ္ဖို႔၊ ျမန္မာႏိုင္ငံဆိုင္ရာ ညႇိႏႈိင္းေရးမွဴးတဦးကို အေမရိကန္အစိုးရက တာ၀န္ေပးဖို႔ေတြလည္း ပါ၀င္ပါတယ္။

............................

တိုက္႐ိုက္ လင့္ခ္

မြန်မာ့အရေး ကန်လွှတ်တော် လက်ပိုက်ကြည့်နေမည်မဟုတ် (အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီဥက္ကဋ္ဌ)

{{Unicode}}
မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူပြီး၊ ဒီမိုကရေစီရေး လှုပ်ရှားမှုကို အားပေးထောက်ခံကြောင်း ပြသကြဖို့ အမေရိကန် လွှတ်တော်အမတ်တွေ တိုက်တွန်းလိုက်ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရေးယူ ဆောင်ရွက်မယ့် ဥပဒေကြမ်းကို ကွန်ဂရက် လွှတ်တော်မှာ အတည်ပြုပြီး ဒီမိုကရေစီရေး အားပေးဖို့လည်း တိုက်တွန်းခဲ့တာပါ။

“မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ပြောင်ပြောင်တင်းတင်း ပစ်ပယ်ခဲ့တဲ့ လူရမ်းကားစစ်တပ်ရဲ့ ဖေဖော်ဝါရီလက လုပ်ရပ်ကို ကွန်ဂရက် လွှတ်တော်အနေနဲ့ လက်ပိုက်ကြည့်မနေနိုင်ပါဘူး။” လို့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ ဒီမိုကရက်ကိုယ်စားလှယ် Gregory Meeks က မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့က ဆွေးနွေးရာမှာ ပြောဆိုလိုက်တာပါ။

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီမှာ တင်သွင်းထားတဲ့ “Burma Unified through Rigorous Military Accountability Act of 2021” လို့ အမည်ပေးထားတဲ့ ၂၀၂၁ ခုနှစ် ဥပဒေကြမ်းကို ပူးတွဲ အဆိုပြုခဲ့တဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Steve Chabot ကလည်း မြန်မာ့အရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတရပ်အဖြစ် တင်ပြခဲ့တာပါ။

နိုင်ငံခြားရေး ကော်မတီဝင် ဒီမိုကရက်ကိုယ်စားလှယ် Kathy Manning ကတော့ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ အမေရိကန်သတင်းသမား Danny Fenster အပါအဝင် မတရား ဖမ်းဆီးထားသူတွေ လွတ်မြောက်ဖို့ အပါအဝင် ဒီမိုကရေစီရေးအတွက် ဥပဒေကို အတည်ပြုနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဥပဒေကြမ်းမှာတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတာကို ပြစ်တင်ရှုတ်ချလိုက်ပြီး၊ စစ်တပ်နဲ့ စစ်ကောင်စီ သာမက ပတ်သက်ဆက်နွယ်နေတဲ့ လုပ်ငန်းတွေကိုပါ ပစ်မှတ်ထား အရေးယူဖို့ ထည့်သွင်းထားပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို ဒဏ်ခတ်အရေးယူဖို့၊ မြန်မာနိုင်ငံက တင်ပို့တဲ့ ကျောက်မျက်တွေ အမေရိကန်ကို တင်ပို့ခွင့် တားမြစ်ဖို့၊ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးတဦးကို အမေရိကန်အစိုးရက တာဝန်ပေးဖို့တွေလည်း ပါဝင်ပါတယ်။

XS
SM
MD
LG