သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ဥပေဒၾကမ္းႏွစ္ခုအတြက္ ဒီမိုကရက္အမတ္ေတြနဲ႔ သမၼတ ေဆြးေႏြး


ဒီမုိကရက္အမတ္ေတြနဲ႔ ေတြ႔ဆုံေဆြးေႏြးဖို႔ လႊတ္ေတာ္ကုိေရာက္လာတဲ့ အေမရိကန္သမၼတ Joe Biden. (ေအာက္တုိဘာ ၁၊ ၂၀၂၁)

(Zawgyi / Unicode)

သမၼတ Joe Biden ဟာ ေသာၾကာေန႔က ကြန္ဂရက္လႊတ္ေတာ္မွာ ဒီမိုကရက္အမတ္ေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးၿပီး သူ႔ရဲ႕ အဓိကလုပ္ငန္းႀကီးေတြျဖစ္တဲ့ ႏုိင္ငံ အေျခခံအေဆာက္အအံု ဖြံ႔ၿဖိဳးတိုးတက္ေရးနဲ႔ ဥတုရာသီေျပာင္းလဲမႈ တိုက္ဖ်က္ေရးတို႔ ပါဝင္တဲ့ ဥပေဒမူၾကမ္း အတည္ျဖစ္ေအာင္ မျဖစ္မေန လုပ္သြားမယ္လုိ႔ သတင္းေထာက္ေတြကို ေျပာပါတယ္။

"ဒါကို က်ေအာင္လုပ္သြားမွာပါ။ ဘယ္ေတာ့လဲဆိုတာ အေရးမႀကီးပါဘူး။ ၆ မိနစ္ပဲျဖစ္ျဖစ္၊ ၆ ရက္ပဲျဖစ္ျဖစ္၊ သီတင္း ၆ ပတ္ပဲျဖစ္ျဖစ္ပါ၊ ေအာင္ျမင္ေအာင္ က်ေနာ္တို႔ လုပ္သြားပါမယ္" လို႔ သမၼတ Biden က ေျပာပါတယ္။

ဒီမုိကရက္ပါတီတြင္းမွာ သေဘာထားကြဲလြဲၿပီး ဥပေဒမူၾကမ္းေတြ အတည္ျပဳေရးကိစၥ အဟန္႔အတား ျဖစ္လာၿပီးတဲ့ေနာက္ သမၼတ Biden ကုိယ္တိုင္ သူ႔ပါတီက အမတ္ေတြနဲ႔ ေတြ႔ဆံု ေဆြးေႏြးခဲ့တာပါ။

ရန္ပံုေငြ ေဒၚလာ ၁ ထရီလီယံ သံုးစြဲဖို႔ လ်ာထားၿပီး ပါတီႏွစ္ရပ္လံုးက အမတ္ေတြ ပါဝင္ေရးဆြဲထားတဲ့ အေျခခံအေဆာက္အအံု ဖြံ႔ၿဖိဳးတိုးတက္ေရး ဥပေဒမူၾကမ္း အတည္ျပဳဖို႔ကိစၥမွာသာမက ဒီမုိကရက္တစ္ပါတီက ေရးဆြဲထားတဲ့ လူမႈဖူလံုေရး ဖြံ႔ၿဖိဳးတိုးတက္မႈနဲ႔ ဥတုရာသီေျပာင္းလဲမႈ တိုက္ဖ်က္ေရးဆိုင္ရာ ရန္ပံုေငြ ေဒၚလာ ၃.၅ ထရီလီယံ ဥပေဒမူၾကမ္း အတည္ျပဳဖို႔ကိစၥမွာပါ ဒီမုိကရက္အမတ္ေတြၾကား သေဘာထား ကြဲလြဲေနၾကပါတယ္။

အေျခခံအေဆာက္အံု ဖြံ႔ၿဖိဳးတိိုးတက္ေရး ဥပေဒမူၾကမ္းကို အထက္လႊတ္ေတာ္မွာ ၿပီးခဲ့တဲ့လက မဲခြဲဆံုးျဖတ္ခဲ့တာမွာ ရီပတ္ဘလစ္ကန္အမတ္ ၁၉ ေယာက္က ဒီမုိကရက္အမတ္ ၅၀ နဲ႔အတူ ေထာက္ခံမဲေပးခဲ့တဲ့အတြက္ အတည္ျဖစ္ထားၿပီးသားပါ။

ဒါေပမယ့္လည္း ရန္ပံုေငြပိုမ်ားတဲ့ ဥတုရာသီ ေျပာင္းလဲမႈဆိုင္ရာနဲ႔ လူမႈဖူလံုေရးဆိုင္ရာ အသံုးစရိတ္ဥပေဒကို အတည္ျပဳဖို႔ ကိစၥမွာေတာ့ ပါတီႏွစ္ရပ္လံုးက အမတ္ေတြ ပါဝင္ေထာက္ခံတာမ်ဳိး ရမထားသလို ဒီမိုကရက္အမတ္တခ်ဳိ႕ကပါ ဒီေလာက္မ်ားတဲ့ အသံုးစရိတ္ကို မေထာက္ခံႏုိင္ဘူးဆိုၿပီး ကန္႔ကြက္ေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကန် ဥပဒေကြမ်းနှစ်ခုအတွက် ဒီမိုကရက်အမတ်တွေနဲ့ သမ္မတ ဆွေးနွေး

သမ္မတ Joe Biden ဟာ သောကြာနေ့က ကွန်ဂရက်လွှတ်တော်မှာ ဒီမိုကရက်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သူ့ရဲ့ အဓိကလုပ်ငန်းကြီးတွေဖြစ်တဲ့ နိုင်ငံ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေးတို့ ပါဝင်တဲ့ ဥပဒေမူကြမ်း အတည်ဖြစ်အောင် မဖြစ်မနေ လုပ်သွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

"ဒါကို ကျအောင်လုပ်သွားမှာပါ။ ဘယ်တော့လဲဆိုတာ အရေးမကြီးပါဘူး။ ၆ မိနစ်ပဲဖြစ်ဖြစ်၊ ၆ ရက်ပဲဖြစ်ဖြစ်၊ သီတင်း ၆ ပတ်ပဲဖြစ်ဖြစ်ပါ၊ အောင်မြင်အောင် ကျနော်တို့ လုပ်သွားပါမယ်" လို့ သမ္မတ Biden က ပြောပါတယ်။

ဒီမိုကရက်ပါတီတွင်းမှာ သဘောထားကွဲလွဲပြီး ဥပဒေမူကြမ်းတွေ အတည်ပြုရေးကိစ္စ အဟန့်အတား ဖြစ်လာပြီးတဲ့နောက် သမ္မတ Biden ကိုယ်တိုင် သူ့ပါတီက အမတ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

ရန်ပုံငွေ ဒေါ်လာ ၁ ထရီလီယံ သုံးစွဲဖို့ လျာထားပြီး ပါတီနှစ်ရပ်လုံးက အမတ်တွေ ပါဝင်ရေးဆွဲထားတဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေမူကြမ်း အတည်ပြုဖို့ကိစ္စမှာသာမက ဒီမိုကရက်တစ်ပါတီက ရေးဆွဲထားတဲ့ လူမှုဖူလုံရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ ရန်ပုံငွေ ဒေါ်လာ ၃.၅ ထရီလီယံ ဥပဒေမူကြမ်း အတည်ပြုဖို့ကိစ္စမှာပါ ဒီမိုကရက်အမတ်တွေကြား သဘောထား ကွဲလွဲနေကြပါတယ်။

အခြေခံအဆောက်အုံ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေမူကြမ်းကို အထက်လွှတ်တော်မှာ ပြီးခဲ့တဲ့လက မဲခွဲဆုံးဖြတ်ခဲ့တာမှာ ရီပတ်ဘလစ်ကန်အမတ် ၁၉ ယောက်က ဒီမိုကရက်အမတ် ၅၀ နဲ့အတူ ထောက်ခံမဲပေးခဲ့တဲ့အတွက် အတည်ဖြစ်ထားပြီးသားပါ။

ဒါပေမယ့်လည်း ရန်ပုံငွေပိုများတဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာနဲ့ လူမှုဖူလုံရေးဆိုင်ရာ အသုံးစရိတ်ဥပဒေကို အတည်ပြုဖို့ ကိစ္စမှာတော့ ပါတီနှစ်ရပ်လုံးက အမတ်တွေ ပါဝင်ထောက်ခံတာမျိုး ရမထားသလို ဒီမိုကရက်အမတ်တချို့ကပါ ဒီလောက်များတဲ့ အသုံးစရိတ်ကို မထောက်ခံနိုင်ဘူးဆိုပြီး ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG