သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတ Joe Biden ကုလအထွေထွေညီလာခံမှာ မိန့်ခွန်းပြောမည်


အမရေိကန်သမ္မတ ဂျိုးဘိုင်ဒန်
အမရေိကန်သမ္မတ ဂျိုးဘိုင်ဒန်

(Zawgyi/Unicode)

ကျင်းပနေတဲ့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန်သမ္မတ Joe Biden ဒီကနေ့ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။

သမ္မတဖြစ်လာပြီးချိန်ကတည်းကဆိုရင် ကုလသမဂ္ဂမှာပြောမယ့် ပထမဆုံးမိန့်ခွန်းမှာ နိုင်ငံစုံ ပူးပေါင်းလုပ်ဆောင်တဲ့၊ သံခင်းတမန်ခင်းကို အဓိကထားတဲ့ သူ့ရဲ့ကမ္ဘာ့အမြင်ကို သမ္မတဘိုင်ဒန်က ချပြပြောဆိုလိမ့်မယ်လို့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

တနင်္လာနေ့ကတော့ သမ္မတဘိုင်ဒန်ဟာ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါအရေး၊ ဥတုရာသီပြောင်းလဲမှု၊ ကမ္ဘာပေါ်မှာ သာတူညီမျှမှု လျော့ပါးနေတာနဲ့ အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေး ပိုတင်းမာလာနေတာတွေအပေါ် အမြင်ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

သူ့အဆိုအားဖြင့် အမေရိကန်နဲ့ တရုတ်ကြား စစ်အေးတိုက်ပွဲဖြစ်လာနိုင်ခြေကို ရှောင်ရှားဖို့ အတွင်းရေးမှူးချုပ် Guterres တနင်္ဂနွေနေ့မှာ တိုက်တွန်းခဲ့သလို "လုံးဝ ပျက်ပြားနေတဲ့" နှစ်နိုင်ငံဆက်ဆံရေးကို ပြန်ပြီးပြုပြင်ကြဖို့လည်း အနူးအညွတ်ပန်ကြားခဲ့ပါတယ်။

သမ္မတဘိုင်ဒန်ဟာ ဒီကနေ့မိန့်ခွန်းပြောပြီးတဲ့နောက် အထွေထွေညီလာခံပြင်ပ နယူးယောက်မြို့မှာ သြစတြေးလျဝန်ကြီးချုပ် Scott Morrison နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ ဒါ့အပြင် ပြင်သစ်သမ္မတ Emmanuel Macron ကိုလည်း မကြာခင်မှာ တယ်လီဖုန်းဆက်ပြီး သမ္မတဘိုင်ဒန် စကားပြောဖို့ရှိတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki ကပြောပါတယ်။

သြစတြေးလျ၊ ဗြိတိန်နဲ့ အမေရိကန် သုံးနိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်အရ သြစတြေးလျအတွက် နျူကလီးယားရေငုပ်သင်္ဘောတွေ တည်ဆောက်ပေးဖို့ သဘောတူထားတာကြောင့် ပြင်သစ်နဲ့ သြစတြေးလျကြား ချုပ်ဆိုခဲ့တဲ့ သမားရိုးကျ ရေငုပ်သင်္ဘောတွေ တည်ဆောက်ရေး ဒေါ်လာ ဘီလီယံ ၇၀ နီးပါး သဘောတူညီချက် ပျက်သွားခဲ့တာပါ။

ဒီအပေါ် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတွေကနေ သံအမတ်တွေကို ပြင်သစ်သမ္မတက ပြန်ခေါ်ခဲ့ပါတယ်။
သမ္မတဘိုင်ဒန်က သူ့ရဲ့မိန့်ခွန်းထဲမှာ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့လည်း ထည့်သွင်းပြောဆိုဖို့ရှိပါတယ်။

.................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)

ကငြျးပနတေဲ့ ၇၆ ကွိမျမွောကျ ကုလသမဂ်ဂအထှထှေညေီလာခံမှာ အမရေိကနျသမ်မတ Joe Biden ဒီကနေ့ မိန့ျခှနျးပွောမှာဖွဈပါတယျ။






XS
SM
MD
LG