သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဖဂန္တပ္႐ုပ္သိမ္းမႈ ကန္အထက္လႊတ္ေတာ္ၾကားနာမည္


၀ါရွင္တန္ဒီစီရွိ လႊတ္ေတာ္အဆောင္အဦး (ဓာတ္ပံု- Reuters)

(Zawgyi/Unicode)

အာဖဂန္နစၥတန္ကေန ၿပီးခဲ့တဲ့လက အေမရိကန္တပ္ဖြဲေတြ ႐ုတ္သိမ္းခဲ့တာနဲ႔ ပတ္သက္ၿပီး အေမရိကန္ အထက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီ ၾကားနာပြဲမွာ လႊတ္ေတာ္အမတ္ေတြရဲ႕ ျပင္းထန္တဲ့ ေမးခြန္းေတြကို ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဒီကေန႔ အဂၤါေန႔မွာ ထပ္ၿပီး ရင္ဆိုင္ရဖြယ္ရွိပါတယ္။

တနလၤာေန႔က အြန္လိုင္းကတဆင့္ ငါးနာရီၾကာ က်င္းပခဲ့တဲ့ ေအာက္လႊတ္ေတာ္ ၾကားနာပြဲမွာလည္း ဝန္ႀကီး Blinken က အာဖဂန္ကေန တပ္ေတြ႐ုပ္သိမ္းဖို႔ သမၼတ Joe Biden အစိုးရရဲ႕ ဆုံးျဖတ္ခ်က္ကို အခိုင္အမာ ကာကြယ္ေျပာဆိုခဲ့တာပါ။

တာလီဘန္ေတြ မသိမ္းပိုက္ႏိုင္ေအာင္ တားဆီးကာကြယ္ၿပီး ဆက္တိုက္ဖို႔ဆိုရင္ အေမရိကန္တပ္ အမ်ားအျပား ထပ္ေစလႊတ္ဖို႔လိုမွာ ျဖစ္သလို အခ်ိန္အကန႔္အသတ္မဲ့ စစ္ပြဲထဲမွာ ထိခိုက္ က်ဆုံးမႈေတြနဲ႔ ေရွ႕မတိုးသာတဲ့ အေျခအေနေတြကိုပဲ ရင္ဆိုင္ရမွာျဖစ္တယ္လို႔ ဝန္ႀကီး Blinken က ေျပာခဲ့ပါတယ္။

အေမရိကန္တပ္ေတြ ဆက္ၿပီး ရွိေနတဲ့အတြက္ အာဖဂန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြေရာ အာဖရန္ အစိုးရေရာ ပိုၿပီး ခိုင္ခိုင္မာမာ သူတို႔ဘာသာ ရပ္တည္ႏိုင္မယ္၊ ႀကံ့ႀကံ့ခံႏိုင္လိမ့္မယ္ဆိုတဲ့ သက္ေသ အေထာက္အထားလည္း မရွိပါဘူးလို႔ ဝန္ႀကီး Blinken က ဆိုပါတယ္။

အႏွစ္ ၂၀ ၾကာ ေဒၚလာ ဘီလီယံနဲ႔ခ်ီ ပံ့ပိုးခဲ့တာ၊ စစ္သုံးပစၥည္းေတြနဲ႔ သင္တန္းေတြ ေပးခဲ့ေပမဲ့ မလုံေလာက္ခဲ့တဲ့အေၾကာင္းနဲ႔ ေနာက္ထပ္ တႏွစ္၊ ဒါမွမဟုတ္ ငါးႏွစ္ ၁၀ ႏွစ္ ထပ္ၿပီး ေပးရင္ေကာ ထူးျခားမႈ ရွိႏိုင္ပါ့မလားလို႔ သူက ျပန္ေမးခြန္းထုတ္သြားပါတယ္။ တာလီဘန္ေတြ အာဖဂန္ကို သိမ္းခဲ့ၿပီးတဲ့ေနာက္ အေမရိကန္ ၅၅၀၀ နဲ႔၊ အာဖဂန္ႏိုင္ငံသား အမ်ားစုပါဝင္တဲ့ လူ ၁ သိန္း ၂ေသာင္း ၄ ေထာင္ကို အေမရိကန္တပ္ဖြဲ႕ေတြကယ္ထုတ္ခဲ့ပါတယ္။ မကယ္ႏိုင္ဘဲ က်န္ေနေသးတဲ့ အေမရိကန္ႏိုင္ငံသားအေရအတြက္ ၾသဂုတ္လကုန္အထိဆိုရင္ ၁၀၀ ေလာက္ ရွိေနပါေသးတယ္။

.......................................................................................

တိုက္႐ိုက္ လင့္ခ္


အာဖဂန်တပ်ရုပ်သိမ်းမှု ကန်အထက်လွှတ်တော်ကြားနာမည်

(Unicode)

အာဖဂန်နစ္စတန်ကနေ ပြီးခဲ့တဲ့လက အမေရိကန်တပ်ဖွဲတွေ ရုတ်သိမ်းခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ကြားနာပွဲမှာ လွှတ်တော်အမတ်တွေရဲ့ ပြင်းထန်တဲ့ မေးခွန်းတွေကို နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဒီကနေ့ အင်္ဂါနေ့မှာ ထပ်ပြီး ရင်ဆိုင်ရဖွယ်ရှိပါတယ်။

တနင်္လာနေ့က အွန်လိုင်းကတဆင့် ငါးနာရီကြာ ကျင်းပခဲ့တဲ့ အောက်လွှတ်တော် ကြားနာပွဲမှာလည်း ဝန်ကြီး Blinken က အာဖဂန်ကနေ တပ်တွေရုပ်သိမ်းဖို့ သမ္မတ Joe Biden အစိုးရရဲ့ ဆုံးဖြတ်ချက်ကို အခိုင်အမာ ကာကွယ်ပြောဆိုခဲ့တာပါ။

တာလီဘန်တွေ မသိမ်းပိုက်နိုင်အောင် တားဆီးကာကွယ်ပြီး ဆက်တိုက်ဖို့ဆိုရင် အမေရိကန်တပ် အများအပြား ထပ်စေလွှတ်ဖို့လိုမှာ ဖြစ်သလို အချိန်အကန့်အသတ်မဲ့ စစ်ပွဲထဲမှာ ထိခိုက် ကျဆုံးမှုတွေနဲ့ ရှေ့မတိုးသာတဲ့ အခြေအနေတွေကိုပဲ ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဝန်ကြီး Blinken က ပြောခဲ့ပါတယ်။

အမေရိကန်တပ်တွေ ဆက်ပြီး ရှိနေတဲ့အတွက် အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရော အာဖရန် အစိုးရရော ပိုပြီး ခိုင်ခိုင်မာမာ သူတို့ဘာသာ ရပ်တည်နိုင်မယ်၊ ကြံ့ကြံ့ခံနိုင်လိမ့်မယ်ဆိုတဲ့ သက်သေ အထောက်အထားလည်း မရှိပါဘူးလို့ ဝန်ကြီး Blinken က ဆိုပါတယ်။

အနှစ် ၂၀ ကြာ ဒေါ်လာ ဘီလီယံနဲ့ချီ ပံ့ပိုးခဲ့တာ၊ စစ်သုံးပစ္စည်းတွေနဲ့ သင်တန်းတွေ ပေးခဲ့ပေမဲ့ မလုံလောက်ခဲ့တဲ့အကြောင်းနဲ့ နောက်ထပ် တနှစ်၊ ဒါမှမဟုတ် ငါးနှစ် ၁၀ နှစ် ထပ်ပြီး ပေးရင်ကော ထူးခြားမှု ရှိနိုင်ပါ့မလားလို့ သူက ပြန်မေးခွန်းထုတ်သွားပါတယ်။ တာလီဘန်တွေ အာဖဂန်ကို သိမ်းခဲ့ပြီးတဲ့နောက် အမေရိကန် ၅၅၀၀ နဲ့၊ အာဖဂန်နိုင်ငံသား အများစုပါဝင်တဲ့ လူ ၁ သိန်း ၂သောင်း ၄ ထောင်ကို အမေရိကန်တပ်ဖွဲ့တွေကယ်ထုတ်ခဲ့ပါတယ်။ မကယ်နိုင်ဘဲ ကျန်နေသေးတဲ့ အမေရိကန်နိုင်ငံသားအရေအတွက် သြဂုတ်လကုန်အထိဆိုရင် ၁၀၀ လောက် ရှိနေပါသေးတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG