သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း အချုပ်အခြာ အာဏာပိုင်ဆိုင်မှု သမ္မတ Biden ဆက်လက်အားပေး


Байден Зеленский
Байден Зеленский

{{Zawgyi/Unicode}}

ရုရှားနိုင်ငံရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို အခိုင်အမာ ဆက်လက် အားပေးကြောင်း ဗုဒ္ဓဟူးနေ့က ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ တွေ့ဆုံရာမှာ အမေရိကန်သမ္မတ Joe Biden ကပြောဆိုလိုက်ပါတယ်။

တချိန်က ဆိုဗီယက်ယူနီယံ လက်အောက်ခံ ယူကရိန်းနိုင်ငံရဲ့ ဥရောပနဲ့ပေါင်းစပ်ပြီး ဒီမိုကရေစီထူထောင်ဖို့ ကြိုးပမ်းမှုတွေကို အမေရိကန်က ကူညီနိုင်မယ့် နည်းလမ်းတွေကိုလည်း ခေါင်းဆောင် ၂ ဦး ဆွေးနွေးမယ့်အကြောင်း သမ္မတ ဘိုင်ဒင်က ပြောပါတယ်။

တွေ့ဆုံမှုအတွင်း လုံခြုံရေး ကိစ္စတွေကို အဓိက ဆွေးနွေးမှာ ဖြစ်ကြောင်းလည်း ယူကရိန်းသမ္မတက ပြောပါတယ်။

အမေရိကန် ကွန်ဂရက်လွှတ်တော် ယူကရိန်းရေးရာ လွှတ်တော်အမတ်များအဖွဲ့ကလည်း အင်္ဂါနေ့က ယူကရိန်းသမ္မတနဲ့ တွေ့ဆုံခဲ့တာပါ။ ယူကရိန်းသမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကလည်း ယူကရိန်းနိုင်ငံရဲ့ လွတ်လပ်ရေး နှစ် ၃၀ ပြည့်အတွက် ချီးကျုးစကားပြောကြားခဲ့သလို၊ ရုရှားနိုင်ငံရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံ အချုပ်အခြာအာဏာကို အားပေးထောက်ခံသွားမှာဖြစ်ကြောင်း ပြောပါတယ်။

ယူကရိန်းပိုင် ခရိုင်းမီးယားဒေသကို ၂၀၁၄ ခုနှစ်က ရုရှားပိုင်အဖြစ် သွတ်သွင်းလိုက်ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ရုရှားလိုလားတဲ့ သူပုန်တွေနဲ့ ယူကရိန်းတပ်ဖွဲ့တွေ တိုက်ခိုက်နေကြတာပါ။

သမ္မတဘိုင်ဒင် အစိုးရကတော့ မစ်ဇိုင်းဒုံးတွေနဲ့ ကာကွယ်ရေးပစ္စည်းတွေ အပါအဝင် လုံခြုံရေးဆိုင်ရာ အကူအညီအဖြစ် နောက်ထပ် ဒေါ်လာသန်း ၆၀ အကူအညီပေးမယ့်အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကွန်ဂရက် လွှတ်တော်ကို အကြောင်းကြားထားကြောင်း အစိုးရအကြီးတန်း တာဝန်ရှိသူတယောက်က ပြောဆိုထားပါတယ်။

.......................................................

ယူကရိန်း အချုပ်အခြာ အာဏာပိုင်ဆိုင်မှု သမ္မတ Biden ဆက်လက်အားပေး
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

{{Unicode}}







XS
SM
MD
LG