သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအတွက် သူလျှိုမှုနဲ့ ဂျာမနီနိုင်ငံမှာ ဗြိတိန်နိုင်ငံသားတဦး ဖမ်းဆီးခံရ


British embassy in Berlin
British embassy in Berlin

ဘာလင်မြို့က ဗြိတိသျှသံရုံးမှာ အလုပ်လုပ်နေရင်း ရုရှားအတွက် သူသျှိုလုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗြိတိန်နိုင်ငံသား တယောက်ကို ဖမ်းဆီးလိုက်ကြောင်း ဂျာမန်အာဏာပိုင်တွေ ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။ နာမည် အပြည့်အစုံ မဖော်ပြပဲ David S လို့သာ ဖော်ပြထားတဲ့ အမျိုးသားဟာ ငွေရဖို့အတွက် အချက်အလက် အထောက်အထားတွေကို အနည်းဆုံး ပြီးခဲ့တဲ့ နိုဝင်ဘာလကစ ရုရှားထံ ပေးပို့နေတယ်လို့ စွပ်စွဲထားတာပါ။ ဖမ်းဆီးခံရသူဟာ သံရုံးဝန်ထမ်းမဟုတ်ဘဲ သံရုံးအတွက် အလုပ်လုပ်ပေးဖို့ ပြင်ပကနေ ငှားရမ်းထားသူ ဖြစ်ပါတယ်။

ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ဗြိတိသျှအစိုးရက အတည်ပြုပေမဲ့ ရဲကစုံစမ်းစစ်ဆေးနေဆဲ အမှုဖြစ်တဲ့အတွက် မှတ်ချက်ပေးဖို့ မသင့်လျော်သေးကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုထားပါတယ်။ ဂျာမန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Christofer Burger ကတော့ အဖြစ်အပျက်ကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ ရုရှားထောက်လှမ်းရေး ဌာနအတွက် အလုပ်လုပ်ပေးမှုနဲ့ ဖမ်းဆီးခံရတယ်ဆိုတဲ့ ဖြစ်ရပ်အပေါ် အလေးအနက်ထားကြောင်းနဲ့ ဂျာမန်မြေပေါ်မှာ သူလျှိုလုပ်တာမျိုးကို လက်ခံနိုင်မှာ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ရုရှားသံရုံးကတော့ အခုကိစ္စနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက်မပေးဘူးလို့လည်း ရုရှားသတင်းဌာန Interfax ကဖော်ပြပါတယ်။ ဖမ်းဆီးခံရသူကို Karlsruhe မြို့က ဖက်ဒရယ်တရားရုံးမှာ ဗုဒ္ဓဟူးနေ့ ရုံးထုတ်ဖို့လည်း စီစဉ်ထားပါတယ်။

-------------------------------------

(Unicode)





XS
SM
MD
LG