သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး ႐ုရွား စစ္ေရးနည္းပညာ ဖိုရမ္တက္ေရာက္


ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး ႐ုရွား စစ္ေရးနည္းပညာ ဖိုရမ္တက္ေရာက္

ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေအးဟာ ႐ုရွားႏိုင္ငံ ေမာ္စကိုက Patriot ပန္းျခံမွာ ျပဳလုပ္တဲ့ ႏိုင္ငံတကာ စစ္တပ္စြမ္းရည္ ၿပိဳင္ပြဲ IAG ဖြင့္ပြဲနဲ႔ ၂၀၂၁ ခု ႏိုင္ငံတကာ စစ္ေရးနည္းပညာ ဖိုရမ္ IMTFA 2021 ကို တက္ေရာက္ ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

Zawgyi / Unicode

Zawgyi

႐ုရွား ဒုတိယ ကာကြယ္ေရးဝန္ႀကီး Alexander Fomin ဟာ ႐ုရွားကိုေရာက္ေနတဲ့ တပ္မေတာ္ၫွိႏႈိင္းကြပ္ကဲေရးမႈး ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး နဲ႔ တနလၤာေန႔ကေတြ႕ဆံုၿပီး ၂ ႏိုင္ငံ စစ္တပ္နဲ႔ စစ္ေရးနည္းပညာဆိုင္ရာ ကိစၥရပ္ေတြ အပါအဝင္ ၂ ႏိုင္ငံ ဆက္ဆံေရး တိုးတက္ခိုင္မာေအာင္ လုပ္ေဆာင္ဖို႔ ေျပာၾကားခဲ့တယ္လို႔ ႐ုရွားအစိုးရအာေဘာ္ Tass သတင္းမွာ ေဖၚျပထားပါတယ္။

ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေအးဟာ ႐ုရွားႏိုင္ငံ ေမာ္စကိုက Patriot ပန္းျခံမွာ ျပဳလုပ္တဲ့ ႏိုင္ငံတကာ စစ္တပ္စြမ္းရည္ ၿပိဳင္ပြဲ IAG ဖြင့္ပြဲနဲ႔ ၂၀၂၁ ခု ႏိုင္ငံတကာ စစ္ေရးနည္းပညာ ဖိုရမ္ IMTFA 2021 ကို တက္ေရာက္ ေနတာျဖစ္ပါတယ္။

ျမန္မာႏိ္ုင္ငံဟာ အာရွ ပစိဖိတ္ေဒသနဲ႔ အေရွ႕ေတာင္အာရွေဒသက ႐ုရွားရဲ႕ မဟာဗ်ဴဟာက် အားထားယံုၾကည္ရတဲ့ မိတ္ဖက္ႏိုင္ငံျဖစ္ေၾကာင္း၊ ျပည္တြင္းႏိုင္ငံေရး အေျခေနေတြ စိုးရိမ္စရာျဖစ္ေနတာက စိတ္မေကာင္းစရာျဖစ္ေနေပမယ့္ ႏိုင္ငံတြင္းတည္ၿငိမ္မႈရေအာင္ ျမန္မာစစ္တပ္က အစြမ္းကုန္ႀကိဳးပမ္းေနတာကို ႐ုရွားက သိပါေၾကာင္းလည္း ဒုကာကြယ္ေရးဝန္ႀကီး Fomin ရဲ႕ ေျပာၾကားခ်က္ကိုလည္း ႐ုရွားသတင္းမွာ ေဖၚျပထားသလို ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေအးကလည္း ႐ုရွားရဲ႕ ပံ့ပိုး ကူညီမႈနဲ႔ ျမန္မာစစ္တပ္ အဆင့္ျမင့္ တိုးတက္လာတာကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ ဆိုပါတယ္။ ဒီေတြ႕ဆံုပြဲဟာ ၂ ႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးဌာ ၂ ခုၾကား ဘက္စံုေပါင္းေဆာင္ရြက္မႈ ခိုင္မာေအာင္ လုပ္ေဆာင္ဖို႔ ကတိထားမႈကို ခိုင္မာေစတယ္လို႔ ေတြ႕ဆံုပြဲအၿပီးမွာ ႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေမာ္စကိုနားက စစ္ေရးေလ့က်င့္တဲ့ Alabino ကြင္းမွာ တနလၤာေန႔ကက်င္းပတဲ့ တင့္ကား စြမ္းရည္ၿပိဳင္ပြဲ (tank Biathlon) မွာ ျမန္မာအဖြဲ႔လည္း ပါဝင္ယွဥ္ၿပိဳင္ခဲ့တာပါ။ ဒီတင့္ကား စြမ္းရည္ၿပိဳင္ပြဲကို ၾသဂုတ္လ ၂၂ ရက္ တနဂၤေႏြေန႔က စတင္ခဲ့တာ ျဖစ္ၿပီး ျမန္မာ အပါအဝင္ ႏိုင္ငံေပါင္း ၁၉ ႏိုင္ငံက ပါဝင္ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ဒီစြမ္းရည္ၿပိဳင္ပြဲဟာ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက တီထြင္ထားတဲ့ ၿပိဳင္ပြဲျဖစ္ၿပီး ႏိုင္ငံစံုက တင့္ကားအဖြဲ႔ေတြ ႏွစ္စဥ္ဝင္ေရာက္ ယွဥ္ၿပိဳင္ၾကတာပါ။

႐ုရွားနဲ႔ ျမန္မာ ႏွစ္ႏိုင္ငံ စစ္ေရး ပူးေပါင္းမႈေတြဟာ ျမန္မာႏိုင္ငံက အာဏာသိမ္း စစ္ေကာင္စီကို တရားဝင္အသိအမွတ္ေအာင္ ပံ့ပိုးေပးေနတဲ့ လုပ္ရပ္ဆိုၿပီး လူ႔အခြင့္အေရးအဖြဲ႕ေတြက ေဝဖန္ေနၾကေပမဲ့ ႏွစ္ႏိုင္ငံအၾကား စစ္ေရးဆက္ဆံမႈေတြ တိုးလာေနတာ ျဖစ္ပါတယ္။

Unicode

ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး Alexander Fomin ဟာ ရုရှားကိုရောက်နေတဲ့ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှုး ဗိုလ်ချုပ်ကြီး မောင်မောင်အေး နဲ့ တနင်္လာနေ့ကတွေ့ဆုံပြီး ၂ နိုင်ငံ စစ်တပ်နဲ့ စစ်ရေးနည်းပညာဆိုင်ရာ ကိစ္စရပ်တွေ အပါအဝင် ၂ နိုင်ငံ ဆက်ဆံရေး တိုးတက်ခိုင်မာအောင် လုပ်ဆောင်ဖို့ ပြောကြားခဲ့တယ်လို့ ရုရှားအစိုးရအာဘော် Tass သတင်းမှာ ဖေါ်ပြထားပါတယ်။
ဗိုလ်ချုပ်ကြီးမောင်မောင်အေးဟာ ရုရှားနိုင်ငံ မော်စကိုက Patriot ပန်းခြံမှာ ပြုလုပ်တဲ့ နိုင်ငံတကာ စစ်တပ်စွမ်းရည် ပြိုင်ပွဲ IAG ဖွင့်ပွဲနဲ့ ၂၀၂၁ ခု နိုင်ငံတကာ စစ်ရေးနည်းပညာ ဖိုရမ် IMTFA 2021 ကို တက်ရောက် နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အာရှ ပစိဖိတ်ဒေသနဲ့ အရှေ့တောင်အာရှဒေသက ရုရှားရဲ့ မဟာဗျူဟာကျ အားထားယုံကြည်ရတဲ့ မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ ပြည်တွင်းနိုင်ငံရေး အခြေနေတွေ စိုးရိမ်စရာဖြစ်နေတာက စိတ်မကောင်းစရာဖြစ်နေပေမယ့် နိုင်ငံတွင်းတည်ငြိမ်မှုရအောင် မြန်မာစစ်တပ်က အစွမ်းကုန်ကြိုးပမ်းနေတာကို ရုရှားက သိပါကြောင်းလည်း ဒုကာကွယ်ရေးဝန်ကြီး Fomin ရဲ့ ပြောကြားချက်ကိုလည်း ရုရှားသတင်းမှာ ဖေါ်ပြထားသလို ဗိုလ်ချုပ်ကြီးမောင်မောင်အေးကလည်း ရုရှားရဲ့ ပံ့ပိုး ကူညီမှုနဲ့ မြန်မာစစ်တပ် အဆင့်မြင့် တိုးတက်လာတာကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီတွေ့ဆုံပွဲဟာ ၂ နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာ ၂ ခုကြား ဘက်စုံပေါင်းဆောင်ရွက်မှု ခိုင်မာအောင် လုပ်ဆောင်ဖို့ ကတိထားမှုကို ခိုင်မာစေတယ်လို့ တွေ့ဆုံပွဲအပြီးမှာ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
မော်စကိုနားက စစ်ရေးလေ့ကျင့်တဲ့ Alabino ကွင်းမှာ တနင်္လာနေ့ကကျင်းပတဲ့ တင့်ကား စွမ်းရည်ပြိုင်ပွဲ (tank Biathlon) မှာ မြန်မာအဖွဲ့လည်း ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ ဒီတင့်ကား စွမ်းရည်ပြိုင်ပွဲကို သြဂုတ်လ ၂၂ ရက် တနင်္ဂနွေနေ့က စတင်ခဲ့တာ ဖြစ်ပြီး မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီစွမ်းရည်ပြိုင်ပွဲဟာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တီထွင်ထားတဲ့ ပြိုင်ပွဲဖြစ်ပြီး နိုင်ငံစုံက တင့်ကားအဖွဲ့တွေ နှစ်စဉ်ဝင်ရောက် ယှဉ်ပြိုင်ကြတာပါ။
ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းမှုတွေဟာ မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီကို တရားဝင်အသိအမှတ်အောင် ပံ့ပိုးပေးနေတဲ့ လုပ်ရပ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြပေမဲ့ နှစ်နိုင်ငံအကြား စစ်ရေးဆက်ဆံမှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG