သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္နဲ႔အေမရိကန္ သမၼတႏွစ္ဦး ၇ လအတြင္း ပထမဆံုး ေဆြးေႏြး


တရုတ္နဲ ့အမေရိကန္နိုင္ငံအလံမ်ား (ဓာတ္ပံု - Reuters)

(Zawgyi/Unicode)

အေမရိကန္သမၼတ Joe Biden နဲ႔ တရုတ္သမၼတ ရွီ က်င့္ဖ်င္တို႔ ႏွစ္ဝက္ေက်ာ္အတြင္း ပထမဆုံး ဖုန္းေျပာၿပီး က်ယ္က်ယ္ျပန္႔ျပန္႔ ေဆြးေႏြး သေဘာတူမႈတခ်ိဳ႕ ရခဲ့ၾကပါတယ္။ကမၻာ့စီးပြါးေရးအင္အားအႀကီးဆုံး ေခါင္းေဆာင္ႏွစ္ဦ ၇ လအတြင္း မေန႔က ျပန္ေဆြးေႏြးၾကရာမွာ ႏွစ္ႏုိင္ငံၾကား ၿပိဳင္ဆုိင္မႈေတြ ထိပ္တုိက္မေတြ႔ေရး၊မိနစ္ ၉၀ ၾကာ ေျပာဆို သေဘာတူခဲ့ၾကပါတယ္။

ႏွစ္ႏုိင္ငံအက်ိဳးစီးပြားနဲ႔ စံတန္ဖိုးေတြ ထပ္တူက်တာေရာ၊ ကြဲလြဲတာပါ အပါအ၀င္ မဟာဗ်ဴဟာကိစၥရပ္ႀကီးေတြကို သမၼတဘုိင္ဒန္နဲ႔ တရုတ္သမၼတရွီတို႔ က်ယ္က်ယ္ျပန္႔ျပန္႔ေဆြးေႏြးခဲ့ၾကတယ္လုိ႔ သမၼတအိမ္ျဖဴေတာ္က ေၾကျငာခ်က္ထုတ္ခဲ့ပါတယ္။

စီးပြါးေရး၊ ဥတုရာသီေျပာင္းလဲေဖာက္ျပန္မႈနဲ႔ ကိုဗစ္ကပ္ေရာဂါဆုိင္ရာ ကိစၥရပ္ေတြကိုလည္း အာရုံစုိက္ေဆြးေႏြးခဲ့ၾကတယ္လို႔ အေမရိကန္ အဆင့္ျမင့္အရာရွိတေယာက္က သတင္းေထာက္ေတြကို ေျပာပါတယ္။

အေမရိကန္အျပင္ အင္ဒိုပစိဖိတ္ေဒသနဲ႔ ကမၻာတ၀န္း ၿငိမ္းခ်မ္းတည္ၿငိမ္ေရးနဲ႔ သာယာ၀ေျပာေရးအတြက္ ႏွစ္ႏုိင္ငံၾကားအၿပိဳင္အဆိုင္ေတြ ပဋိပကၡဘက္မေရာက္ေအာင္ သမၼတဘုိင္ဒန္ အဓိကေဆြးေႏြးခဲ့တယ္လို႔လည္း အိမ္ျဖဴေတာ္ကဆိုပါတယ္။
တရုတ္အစိုးရပိုင္ သတင္းမီဒီယာေတြမွာေတာ့ အေမရိကန္ရဲ ႔တရုတ္ဆုိင္ရာမူ၀ါဒေတြေၾကာင့္ ႏွစ္ႏုိင္ငံဆက္ဆံေရး ျပင္းျပင္းထန္ထန္ ထိခိုက္ခဲ့ရၿပီး ျပန္ေကာင္းေအာင္ ႀကိဳးပမ္းသြားမယ္လို႔ တရုတ္သမၼတက ေျပာခ့ဲေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ႏွစ္ဘက္ဆက္ဆံေရးေတြ ျပန္တိုးတက္ေအာင္ လုပ္ငန္းအဖြဲ႔ ခ်ိတ္ဆက္ေဆာင္ရြက္မႈေတြ တိုးလုပ္သြားဖို႔ ႏွစ္ဘက္သေဘာတူခဲ့တယ္လို႔လည္း တရုတ္သတင္းမွာ ေဖာ္ျပပါတယ္။

ဒီႏွစ္ ေဖေဖာ္၀ါရီလတုန္းက သမၼတဘုိင္ဒန္နဲ႔ တရုတ္သမၼတရွီတို႔ ေနာက္ဆုံး ဖုန္းေျပာခဲ့ၿပီးေနာက္ လူ႔အခြင့္အေရးကိစၥအပါအ၀င္ Covid-19 ေရာဂါပိုးဇစ္ျမစ္ကိစၥ ပြင့္လင္းျမင္သာမႈရွိေရး ကိစၥရပ္ေတြေၾကာင့္ ႏွစ္ႏုိင္ငံဆက္ဆံေရး သိသိသာသာ တိုးတက္မလာခဲ့ပါဘူး။
အဲဒီကာလအတြင္း တရုတ္နဲ႔အေမရိကန္ၾကား ဆက္တုိက္လို ထိပ္တိုက္ေတြ႔ခဲ့သလို တခါတေလ လူသိရွင္ၾကား ျပင္းျပင္းထန္ထန္ ေ၀ဖန္တုိက္ခိုက္ခဲ့ရုံမက အျပန္အလွန္ ဒဏ္ခတ္ပိတ္ဆုိ႔မႈေတြလည္း ခ်မွတ္ခဲ့ၾကတာျဖစ္ပါတယ္။

.......................................................................................

တရုတ်နဲ့အမေရိကန် သမ္မတနှစ်ဦး ၇ လအတွင်း ပထမဆုံး ဆွေးနွေး

(Unicode)

အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ ရှီ ကျင့်ဖျင်တို့ နှစ်ဝက်ကျော်အတွင်း ပထမဆုံး ဖုန်းပြောပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး သဘောတူမှုတချို့ ရခဲ့ကြပါတယ်။ကမ္ဘာ့စီးပွါးရေးအင်အားအကြီးဆုံး ခေါင်းဆောင်နှစ်ဦး ၇ လအတွင်း မနေ့က ပြန်ဆွေးနွေးကြရာမှာ နှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုတွေ ထိပ်တိုက်မတွေ့ရေး၊မိနစ် ၉၀ ကြာ ပြောဆို သဘောတူခဲ့ကြပါတယ်။

နှစ်နိုင်ငံအကျိုးစီးပွားနဲ့ စံတန်ဖိုးတွေ ထပ်တူကျတာရော၊ ကွဲလွဲတာပါ အပါအဝင် မဟာဗျူဟာကိစ္စရပ်ကြီးတွေကို သမ္မတဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီတို့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတအိမ်ဖြူတော်က ကြေငြာချက်ထုတ်ခဲ့ပါတယ်။

စီးပွါးရေး၊ ဥတုရာသီပြောင်းလဲဖောက်ပြန်မှုနဲ့ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ကိစ္စရပ်တွေကိုလည်း အာရုံစိုက်ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် အဆင့်မြင့်အရာရှိတယောက်က သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်အပြင် အင်ဒိုပစိဖိတ်ဒေသနဲ့ ကမ္ဘာတဝန်း ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ သာယာဝပြောရေးအတွက် နှစ်နိုင်ငံကြားအပြိုင်အဆိုင်တွေ ပဋိပက္ခဘက်မရောက်အောင် သမ္မတဘိုင်ဒန် အဓိကဆွေးနွေးခဲ့တယ်လို့လည်း အိမ်ဖြူတော်ကဆိုပါတယ်။
တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေမှာတော့ အမေရိကန်ရဲ့တရုတ်ဆိုင်ရာမူဝါဒတွေကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ရပြီး ပြန်ကောင်းအောင် ကြိုးပမ်းသွားမယ်လို့ တရုတ်သမ္မတက ပြောခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

နှစ်ဘက်ဆက်ဆံရေးတွေ ပြန်တိုးတက်အောင် လုပ်ငန်းအဖွဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ တိုးလုပ်သွားဖို့ နှစ်ဘက်သဘောတူခဲ့တယ်လို့လည်း တရုတ်သတင်းမှာ ဖော်ပြပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလတုန်းက သမ္မတဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီတို့ နောက်ဆုံး ဖုန်းပြောခဲ့ပြီးနောက် လူ့အခွင့်အရေးကိစ္စအပါအဝင် Covid-19 ရောဂါပိုးဇစ်မြစ်ကိစ္စ ပွင့်လင်းမြင်သာမှုရှိရေး ကိစ္စရပ်တွေကြောင့် နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ တိုးတက်မလာခဲ့ပါဘူး။
အဲဒီကာလအတွင်း တရုတ်နဲ့အမေရိကန်ကြား ဆက်တိုက်လို ထိပ်တိုက်တွေ့ခဲ့သလို တခါတလေ လူသိရှင်ကြား ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့ရုံမက အပြန်အလှန် ဒဏ်ခတ်ပိတ်ဆို့မှုတွေလည်း ချမှတ်ခဲ့ကြတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG