သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရယာယီအသုံးစရိတ် အောက်လွှတ်တော်အတည်ပြု


အမရေိကန် ကွန်ဂရက်လွှတ်တော် (ဓာတ်ပုံ- AP)
အမရေိကန် ကွန်ဂရက်လွှတ်တော် (ဓာတ်ပုံ- AP)

(Zawgyi/Unicode)

အမေရိကန်အစိုးရအတွက် ဒီဇင်ဘာလအစောပိုင်းထိ ယာယီအသုံးစရိတ်ချပေးတဲ့ ဥပဒေကြမ်းကို အင်္ဂါနေ့ညက အောက်လွှတ်တော်မှာ မဲခွဲအတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် ဖက်ဒရယ်အစိုးရ ချေးယူနိုင်တဲ့ အကြွေးပမာဏ ကန့်သတ်ချက်ကို ဆိုင်းငံ့လိုက်သလို သဘာဝဘေးရန်ဆိုင်ရာနဲ့ ဒုက္ခသည်တွေအတွက် အကူအညီပေးဖို့ ရန်ပုံငွေတွေကိုလည်း ချပေးခဲ့ပါတယ်။

ဥပဒေကြမ်းကို ထောက်ခံမဲ ၂၂၀၊ ကန့်ကွက်မဲ ၂၁၁ မဲနဲ့ အတည်ပြုခဲ့တာကြောင့် အဓိကပါတီကြီးနှစ်ရပ်က အမတ်တွေ ကိုယ့်ပါတီရပ်တည်ချက်အတိုင်း မဲပေးခဲ့ကြတဲ့သဘောပါပဲ။ လက်ရှိဘဏ္ဍာနှစ်ကုန်ဆုံးတဲ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ အစိုးရအသုံးစရိတ် မရှိတော့ဘူးဆိုရင် အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။

ဥပဒေကြမ်းဟာ အခုဆိုရင် အထက်လွှတ်တော်မှာ ရောက်သွားပြီဖြစ်ပါတယ်။ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Mitch McConnell က သမ္မတ Joe Biden အခွန်တွေ တိုးကောက်၊ ငွေတွေပိုသုံးနေချိန်မှာ အရင်ကအကြွေးတွေကိုပေးဖို့ သူကူညီမှာမဟုတ်ဘူးလို့ ပြောပါတယ်။

ဒီမိုကရက် လူများစုခေါင်းဆောင် အထက်လွှတ်တော်အမတ် Chuck Schumer က ရှင်းရှင်းပြောရရင် ရီပတ်ဘလီကန်တွေဟာ ဆိုင်ထဲဝင်စားပြီး ပိုက်ဆံမပေးဘဲထွက်သွားဖို့ ကြိုးစားနေကြတာပဲလို့ တုံ့ပြန်ပါတယ်။

........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG