သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီအေပၚ တိုးျမႇင့္ဖိအားေပးဖို႔ ကန္လႊတ္ေတာ္ေကာ္မတီ အစိုးရကိုတိုက္တြန္း 


US Congress

ျမန္မာစစ္ေကာင္စီကို လက္နက္မေရာင္းခ်ဖို႔နဲ႔ ေလယာဥ္ဆီ မေရာင္းခ်ဖို႔ အပါအဝင္ အေရးယူ ဒဏ္ခတ္မႈေတြ ခ်မွတ္ႏိုင္ေအာင္ ကုလသမဂၢ လုံျခံဳေရးေကာင္စီ အပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝန္းနဲ႔ လက္တဲြႀကိဳးပမ္းဖို႔ အေမရိကန္ အစိုးရကို ကြန္ဂရက္လႊတ္ေတာ္ ႏိုင္ငံျခားေရး ေကာ္မတီက ေတာင္းဆိုလိုက္ပါတယ္။ 

စစ္ေကာင္စီအေပၚ တိုးျမႇင့္ဖိအားေပးဖို႔ ကန္လႊတ္ေတာ္ေကာ္မတီ အစိုးရကိုတိုက္တြန္း

{{Zawgyi/Unicode}}
ျမန္မာစစ္ေကာင္စီကို လက္နက္မေရာင္းခ်ဖို႔နဲ႔ ေလယာဥ္ဆီ မေရာင္းခ်ဖို႔ အပါအဝင္ အေရးယူ ဒဏ္ခတ္မႈေတြ ခ်မွတ္ႏိုင္ေအာင္ ကုလသမဂၢ လုံျခံဳေရးေကာင္စီ အပါအဝင္ ႏိုင္ငံတကာ အသိုင္းအဝန္းနဲ႔ လက္တဲြႀကိဳးပမ္းဖို႔ အေမရိကန္ အစိုးရကို ကြန္ဂရက္လႊတ္ေတာ္ ႏိုင္ငံျခားေရး ေကာ္မတီက ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ၁ ႏွစ္အတြင္း ဒီမိုကေရစီ လိုလားတဲ့ ျပည္သူေတြအေပၚ ရက္ရက္စက္စက္ ဖိႏွိပ္မႈေတြနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအေပၚ ႐ႈတ္ခ်ေၾကာင္းလည္း အေမရိကန္ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးရာ ေကာ္မတီဥကၠ႒ ဒီမိုကရက္ကိုယ္စားလွယ္ Gregory Meeks က အဂၤါေန႔ ေဆြးေႏြးရာမွာ ေျပာဆိုလိုက္တာပါ။

ျမန္မာႏုိင္ငံမွာ ဒီမုိကေရစီစနစ္ကုိ ေဖၚေဆာင္ဖုိ့ ကတိကဝတ္ေတြျပဳၿပီး ၁ဝ စုႏွစ္တခုၾကာ အသြင္ကူးေျပာင္းေရးေတြ လုပ္ေဆာင္ေနခ်ိန္ ၂ဝ၂၁ ေဖေဖၚဝါရီလ ၁ ရက္ေန့ စစ္တပ္ကအာဏာသိမ္းခဲ့ၿပီး ဒီမုိကေရစီလုိလားသူေတြကုိ အက်ဥ္းၿခဳံး သတ္ျဖတ္မွုေတြအပါအဝင္၊ အၾကမ္းဖက္ တုိက္ခုိက္သတ္ျဖတ္မႈေတြ က်ဴးလြန္ခဲ့ေၾကာင္း နဲ႔ အနည္းဆုံးလူ ၁၄ဝဝ ေက်ာ္အသတ္ခံခဲ့ရၿပီး ၁ဝဝဝဝ ေက်ာ္ကုိလည္း တရားမဝင္ ဖမ္းဆီးခဲ့ေၾကာင္း ႏိုင္ငံျခားေရး ေကာ္မတီရဲ႕ ဆုံးျဖတ္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အၾကမ္းဖက္ တုိက္ခုိက္မွုေတြေၾကာင့္ လူ ၃ သိန္းေလာက္ ျပည္တြင္း အုိးမဲ့အိမ္မဲ့ ျဖစ္ခံရၿပီးတုိင္းရင္းသား လူမ်ိဳးစုေတြအေပၚမွာလည္း ရန္လုိတဲ့အၾကမ္းတုိက္ခုိက္မႈမ်ား ဆက္လက္က်ဴးလြန္ေနတယ္လုိ႔ဆုိပါတယ္။

ဒါေၾကာင့္ အေမရိကန္လႊတ္ေတာ္ကေန ျမန္မာျပည္သူေတြနဲ့အတူ ရပ္တည္ေၾကာင္း ေဖၚျပထားသလုိ၊ ျမန္မာစစ္တပ္အေနနဲ႔ အၾကမ္းဖက္မွုေတြအားလံုးကုိရပ္တန္႔ဖို႔၊ တုိင္းရင္းသားအဖဲြ႔ေတြနဲ႔ အပစ္ရပ္ဖုိ႔၊ ဖမ္းဆီထားသူအားလုံးျပန္လႊတ္ဖုိ႔၊ ေတြ႔ဆုံေဆြးေႏြး အေျဖရွာဖုိ႔ တုိက္တြန္းထားပါတယ္။

ဒါ့အျပင္ အေမရိကန္ သမၼတ နဲ့ အစိုးရဌာနေတြ အေနနဲ႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီ အပါအဝင္ ႏုိင္ငံတကာ အသုိင္းအဝုိင္း နဲ႔ လက္တဲြၿပီး စစ္တပ္နဲ႔ စစ္တပ္နဲ႔ပတ္သက္တဲ့ လူပုဂၢိဳလ္ေတြ၊ ကုမၸဏီေတြ ပိတ္ဆုိ့အေရးယူမွု အသစ္ေတြ ထပ္မံလုပ္ဖုိ႔၊ ႏုိင္ငံတကာ အသုိင္းအဝိုင္းကေန ျမန္မာစစ္တပ္ကုိလက္ႏွက္တင္ပုိ့ေရာင္းခ်ပိတ္ပင္ဖုိ႔နဲ႔ေလယဥ္ ဆီေတြမေရာင္းခ်ဖုိ႔ စတာေတြကုိလုပ္ေဆာင္ဖို့ကုိလည္း တိုက္တြန္းထားပါတယ္။

.........................

တိုက္႐ိုက္ လင့္ခ္

စစ်ကောင်စီအပေါ် တိုးမြှင့်ဖိအားပေးဖို့ ကန်လွှတ်တော်ကော်မတီ အစိုးရကိုတိုက်တွန်း

{{Zawgyi/Unicode}}
မြန်မာစစ်ကောင်စီကို လက်နက်မရောင်းချဖို့နဲ့ လေယာဉ်ဆီ မရောင်းချဖို့ အပါအဝင် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်နိုင်အောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လက်တွဲကြိုးပမ်းဖို့ အမေရိကန် အစိုးရကို ကွန်ဂရက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၁ နှစ်အတွင်း ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ရှုတ်ချကြောင်းလည်း အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ ဒီမိုကရက်ကိုယ်စားလှယ် Gregory Meeks က အင်္ဂါနေ့ ဆွေးနွေးရာမှာ ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်ဖို့ ကတိကဝတ်တွေပြုပြီး ၁ဝ စုနှစ်တခုကြာ အသွင်ကူးပြောင်းရေးတွေ လုပ်ဆောင်နေချိန် ၂ဝ၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းခဲ့ပြီး ဒီမိုကရေစီလိုလားသူတွေကို အကျဉ်းခြုံး သတ်ဖြတ်မှုတွေအပါအဝင်၊ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း နဲ့ အနည်းဆုံးလူ ၁၄ဝဝ ကျော်အသတ်ခံခဲ့ရပြီး ၁ဝဝဝဝ ကျော်ကိုလည်း တရားမဝင် ဖမ်းဆီးခဲ့ကြောင်း နိုင်ငံခြားရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် လူ ၃ သိန်းလောက် ပြည်တွင်း အိုးမဲ့အိမ်မဲ့ ဖြစ်ခံရပြီးတိုင်းရင်းသား လူမျိုးစုတွေအပေါ်မှာလည်း ရန်လိုတဲ့အကြမ်းတိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်နေတယ်လို့ဆိုပါတယ်။

ဒါကြောင့် အမေရိကန်လွှတ်တော်ကနေ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ဖေါ်ပြထားသလို၊ မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုတွေအားလုံးကိုရပ်တန့်ဖို့၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်ရပ်ဖို့၊ ဖမ်းဆီထားသူအားလုံးပြန်လွှတ်ဖို့၊ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အမေရိကန် သမ္မတ နဲ့ အစိုးရဌာနတွေ အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း နဲ့ လက်တွဲပြီး စစ်တပ်နဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ ပိတ်ဆို့အရေးယူမှု အသစ်တွေ ထပ်မံလုပ်ဖို့၊ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ မြန်မာစစ်တပ်ကိုလက်နှက်တင်ပို့ရောင်းချပိတ်ပင်ဖို့နဲ့လေယဉ် ဆီတွေမရောင်းချဖို့ စတာတွေကိုလုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG