သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံကို အေရးေပၚအေျခအေန  ကန္သမၼတ ဆက္သတ္မွတ္ 


[[Zawgyi/Unicode]]


ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအေျခအေနဟာ အေမရိကန္ ျပည္ေထာင္စုရဲ႕ အမ်ဳိးသားလုံျခဳံေရးကို ၿခိမ္းေျခာက္ေနတဲ့အတြက္ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အေရးေပၚအေရးေျခအေန ဆက္လက္ ထားရွိတဲ့အေၾကာင္း အေမရိကန္သမၼတ Joe Biden က ကြန္ဂရက္စ္လႊတ္ေတာ္ကို မေန႔က အေၾကာင္းၾကားစာ ေပးပို႔ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အေျခအေနေတြဟာ အေမရိကန္ အမ်ဳိးသားလုံျခဳံေရးနဲ႔ ႏိုင္ငံျခားေရးမူဝါဒအေပၚ လြန္လြန္ကဲကဲ ဆက္လက္ ၿခိမ္းေျခာက္ေနတယ္လို႔ အေၾကာင္းၾကားစာမွာ ေဖၚျပပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔မွာ ေၾကညာခဲ့တဲ့ ျမန္မာႏိုင္ငံနဲ႔ပတ္သက္တဲ့ အေရးေပၚအေျခအေန သမၼတရဲ႕ အမိန္႔ကို ေနာက္ထပ္ ထပ္တိုးလိုက္တဲ့အေၾကာင္းနဲ႔ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၀ ရက္ထက္ ေက်ာ္ၿပီး သက္ေရာက္မႈ ရွိေစမယ့္အေၾကာင္း သမၼတ Biden ရဲ႕စာမွာ ေဖၚျပပါတယ္။

ဒီမိုကေရစီနည္းက် ေရြးခ်ယ္တင္ေျမွာက္တဲ့အစိုးရကို ဖယ္ရွားၿပီး လူ႔အခြင့္အေရး လႈပ္ရွားသူေတြကို ဖမ္းဆီး ႏွိပ္စက္တာ၊ ဘာသာေရးလြတ္လပ္ခြင့္အပါအဝင္ အေျခခံအခြင့္အေရးေတြ ခ်ဳိးေဖါက္တာေတြကို အမ်ဳိးသားလုံျခဳံေရးအေပၚ ၿခိမ္းေျခာက္မႈအျဖစ္ အေမရိကန္ သမၼတက သတ္မွတ္ၿပီး အေရးေပၚအေျခအေနအျဖစ္ သတ္မွတ္ေလ့ရွိပါတယ္။ ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ သမၼတေဟာင္း Bill Clinton လက္ထက္ ၁၉၉၇ ခုႏွစ္က ပထမဆုံးအႀကိမ္ ေၾကညာခဲ့ၿပီး ေနာက္ပိုင္း သက္ဆိုင္ရာ သမၼေတြလက္ထက္ အနည္းဆုံး ၆ ႀကိမ္ အလားတူ အမိန္႔ေတြ ထုတ္ျပန္ခဲ့ဖူးပါတယ္။ ဒီလို အေရးေပၚအေျခအေန အမိန္႔ေတြကို သက္တမ္းတိုးတိုင္း သမၼတက လႊတ္ေတာ္ကို အေၾကာင္းၾကားစာေပးပို႔ေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

မြန်မာနိုင်ငံကို အရေးပေါ်အခြေအနေ ကန်သမ္မတ ဆက်သတ်မှတ်

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရေးပေါ်အရေးခြေအနေ ဆက်လက် ထားရှိတဲ့အကြောင်း အမေရိကန်သမ္မတ Joe Biden က ကွန်ဂရက်စ်လွှတ်တော်ကို မနေ့က အကြောင်းကြားစာ ပေးပို့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေဟာ အမေရိကန် အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် လွန်လွန်ကဲကဲ ဆက်လက် ခြိမ်းခြောက်နေတယ်လို့ အကြောင်းကြားစာမှာ ဖေါ်ပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကြေညာခဲ့တဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အရေးပေါ်အခြေအနေ သမ္မတရဲ့ အမိန့်ကို နောက်ထပ် ထပ်တိုးလိုက်တဲ့အကြောင်းနဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်ထက် ကျော်ပြီး သက်ရောက်မှု ရှိစေမယ့်အကြောင်း သမ္မတ Biden ရဲ့စာမှာ ဖေါ်ပြပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်တဲ့အစိုးရကို ဖယ်ရှားပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဖမ်းဆီး နှိပ်စက်တာ၊ ဘာသာရေးလွတ်လပ်ခွင့်အပါအဝင် အခြေခံအခွင့်အရေးတွေ ချိုးဖေါက်တာတွေကို အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုအဖြစ် အမေရိကန် သမ္မတက သတ်မှတ်ပြီး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သမ္မတဟောင်း Bill Clinton လက်ထက် ၁၉၉၇ ခုနှစ်က ပထမဆုံးအကြိမ် ကြေညာခဲ့ပြီး နောက်ပိုင်း သက်ဆိုင်ရာ သမ္မတွေလက်ထက် အနည်းဆုံး ၆ ကြိမ် အလားတူ အမိန့်တွေ ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒီလို အရေးပေါ်အခြေအနေ အမိန့်တွေကို သက်တမ်းတိုးတိုင်း သမ္မတက လွှတ်တော်ကို အကြောင်းကြားစာပေးပို့လေ့ရှိပါတယ်။

==========

XS
SM
MD
LG